Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott Mechlowicz
Mean Creek (2004)
IMDb - 7.0 Rt - 89%ဂျော့က စာလေ့လာသင်ယူမှုပြဿနာရှိပြီး အိမ်ကလည်းအလိုလိုက်ခံထားရတဲ့ ခပ်ဆိုးဆိုးကောင်လေးပါ။ တနေ့ကျောင်းမှာ သူဗီဒီယိုရိုက်နေတုန်း ကြားဖြတ်ဝင်လာတဲ့ ဆမ်ကို စိတ်မထိန်းနိုင်ပဲ ဆွမ်းကြီးလောင်းလိုက်မိပါတယ်။ ဆမ်ကတော့ မာတင် လူသာကင်းတို့၊ ဂန္ဒီတို့လို သည်းခံတတ်တဲ့လူအေးဖြစ်လို့ ပြဿနာကခဏလေးနဲ့ပြီးသွားခဲ့ပါတယ်၊ ဒါပေမဲ့ ဆမ်ရဲ့အကိုဖြစ်သူ ရော့ကီနဲ့ သူ့သူငယ်ချင်း မာတီနဲ့ ကလိုက်ဒ်တို့ကတော့ ဖက်တီးဂျော့ကို ပညာပေးဖို့ စီစဉ်လိုက်ကြပါတယ်။ ဒီအစီအစဉ်ကတော့ မြစ်ထဲမှာ လှေစီးထွက်ရင်း Truth or Dare ဆော့ပြီး ဂျော့ကို ကိုယ်လုံးတီးနဲ့မြစ်ထဲပစ်ချဖို့ပါ။ဒီလိုနဲ့အကုန်စီစဉ်ပြီး ဂျော့နဲ့အတူ မြစ်ထဲလှေစီးထွက်ကြရင်း 24 နာရီအတွင်းမှာ ဘယ်လိုတွေပြောင်းလဲသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Mean Creek (2004)
5.9
Waiting for Forever (2010)
Waiting for Forever- "အချစ်နောက်တစ်ကောက်ကောက်"...ကျွန်တော်တို့ ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကိုယ်ချစ်တဲ့သူနောက် လိုက်ခဲ့ဖူးမှာပါ....။ဘဝမှာလည်း စိတ်ကူးကြည့်မိကြဖူးမှာပါ...၊ချစ်သူနဲ့သိပ်ဝေးလွန်းလို့ မတွေ့နိုင်မယ့်နေ့ရက်တွေနဲ့ နိုးထတိုင်းချစ်သူနဲ့တွေ့ရမယ့် နေ့ရက်ဆိုရင်....ဘာကိုရွေးချယ်ကြမလဲအမြဲတမ်း တွေ့ဖြစ်ရင်၊ တွေ့နိုင်ရင်၊ တွေ့ရရင် ဆိုပြီး ရွေးချယ်မိကြမှာပဲမလား.။ဒီဇာတ်လမ်းကတော့ ဒီလိုခံစားချက်မျိုးနဲ့ ကိုယ်ချစ်ရသူနောက်တစ်ကောက်ကောက်လိုက်နေခဲ့မိတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ....။ဘယ်ကတည်းက ချစ်သူအနားမှာ အမြဲ တဝဲလည်လည်နေခဲ့သလဲဆိုတာကတော့.....။ဘာပဲဖြစ်ဖြစ် တစ်နေ့မှာတော့ ဒီကောင်လေးဟာ သူ့ချစ်သူကိုဖွင့်ပြောဖို့ ကြိုးစားခဲ့ပါပြီ....ချစ်ရသူကို ဘယ်လိုရင်ဖွင့်ပြမလဲဆိုတာ... ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.65GB / 836MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 35m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Waiting for Forever (2010)
6.6
Eden (2012)
Eden (2012)ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။ မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။ ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။ အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။ ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။ ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။ ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။ ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။ အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။ ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။ ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။ ခင်ဗျားဆီက ...
movie
Eden (2012)
2012
6.6
[18+] Euro Trip (2004)
IMDb Rating (6.6) ရရှိတဲ့အထိ အားပေးမှုရရှိထားတဲ့ လူငယ်ဟာသဇာတ်ကားလေးပါ။..Comedy ဇာတ်ကားတွေက Rating မြင့်ရရှိဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ လူကြိုက်များခဲ့ပါတယ်..တကယ်လည်း ရယ်ရတဲ့ဇာတ်ကားဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလိုစိတ်နဲ့ ရိုးသားပွင့်လင်းမှုတွေကို ဝေဝေဆာဆာနှစ်ခြိုက်ရမှာပါ။သရုပ်ဆောင်တွေပီပြင်ကြတာမို့ လူငယ်ဘဝကိုတောင် ပြန်အမှတ်ရသွားနိုင်ပါတယ်။သင့်ရဲ့စိတ်ညစ်ညူးပျင်းရိနေတဲ့အချိန်တွေကို ကုစားဖို့ ဒီလို အချစ်ဟာသဇာတ်ကားလေးတွေက ကူညီနိုင်တာမို့လုံးဝကြည့်သင့်ပါတယ်။(Unrated Version နဲ့ တင်ဆက်ထားတာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။)မိုးစက်-ရမ်းသမ်းဘာသာပြန်မှ တင်ဆက်ထားတာပါ။ File size…(2 GB) and (1 GB) Quality….Unrated Web-DL Rip 1080p and 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by မိုးစက်
movie
[18+] Euro Trip (2004)
1080p Untouched
7.3
Peaceful Warrior(2006)
Peaceful Warrior(2006) IMdB 7.3 နေ့စဉ်ရုန်းကန်နေရတဲ့ ကျွန်တော်တို့ အဖို့ ဒီလောကကြီးထဲမှာ အကြိမ်ပေါင်းများစွာ လဲပြိုကျဖူးတယ်... အဖတ်ဆည်မရအောင်ယိုယွင်းနေတဲ့ စိတ်ဓာတွေနဲ့ အတူ အရာအားလုံးဟာ အကျဉ်းတန်ပြီး ရှင်သန်ခြင်းဟာ အဓိပ္ပါယ်မဲ့သလိုတောင်ဖြစ်ဖူးတဲ့သူတွေအများကြီးပါ.... ကျွန်တော်တို့အားလုံး လဲပြိုခဲ့ဖူးကြတယ်..အကြိမ်အရေအတွက် အနည်းနဲ့အများပဲကွာတယ်... ဒီနေရာမှာ မေးစရာရှိတာက ခင်ဗျားတို့ ကျွန်တော်တို့ ရည်မှန်းချက်ကိုတည့်မတ်စွာပြန်လည်ရရှိဖို့ အကြိမ်ရေဘယ်လောက်များကြိုးစားခဲ့ဖူးကြသလဲ..... Dan Millman ဟာဆိုရင် talent ရှိတဲ့ ကျွမ်းဘားအားကစားသမားတစ်ယောက်ဖြစ်ပြီး အုံလံပစ်ပြိုင်ပွဲဝင်ဖို့ ကြိုးစားနေတဲ့ စိတ်ဓာတ်ပျင်းထန်တဲ့ လူငယ်လေးတစ်ယောက်ပေါ့... တစ်ခြားသူတွေထက်ကြိုးစားသလို ပါရမီလည်းပါလေတော့ သူ့အတွက် အိုလံပစ်နဲ့ ဆုတံဆိပ်တွေဟာ လက်တစ်ကမ်းအလိုမှာရှိနေတယ်... သို့ပေမယ့် သူကံမကောင်းခဲ့ဘူး.....သူဟာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သူ့ခြေထောက်တစ်ဖက်စတီးချောင်းထည့်လိုက်ရတဲ့အထိဖြစ်သွားတယ်..... ဆရာဝန်တွေကော နည်းပြကပါ ဘယ်တော့မှအားကစားပြန်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လက်လျှော့ခံလိုက်ရတဲ့ Danဟာ အပေါ်က ကျွန်တော်ပြောခဲ့သလိုပဲ အသက်ရှင်သန်ရခြင်းဟာ အဓိပ္ပါယ်မဲ့တဲ့ဘ၀ရာက်သွားတယ်... သို့ပေမယ်.... သူဟာ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့.... ဒီကားက ရည်ရွယ်ချက်အရမ်းကောင်းသလို အသက်အပိုင်းအခြားမရွေး ကြည့်သင့်တဲ့စွန်ဓာတ်ခွန်အားပေး ဇာတ်ကားတစ်ကားပါ... ဒီကားထဲက စိတ်ဓာကျနေတဲ့သူတစ်ယောက်နဲ့ အားပေးဖော်တွေ ပန်ဝန်းကျင်က အသံတွေကို အားလုံးကိုကြည့်ပြီး ခင်ဗျားလည်း တစ်ခုခုရနိုင်ကောင်းပါရဲ့.... ကိုင်း ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲဖြစ်ပါတယ်... File Size : (980 MB) ...
movie
Peaceful Warrior(2006)
2006
6.4
Mad Genius (2018)
နည်းပညာတိုးတက်လာတာနဲ့အတူ Hacker တွေလည်းအရမ်းများလာပါတယ်။Social Media Account တွေ၊ Website တွေ၊ ပုဂ္ဂိုလိကအဖွဲ့အစည်းတွေ၊ အစိုးရ အဖွဲ့အစည်းတွေ Hack ခံနေရတာတွေကြားနေရမှာပါ။ဒါပေမယ့် ဒီဇာတ်ကားထဲက ဇာတ်ကောင်ကတော့ လူသားမျိုးနွယ်စုတစ်စုလုံးကို အပြောင်းအလဲကြီးပြောင်းလဲစေမယ့် အရာကို Hack ဖို့ကြိုးစားတာပါ။လူတွေရဲ့ဦးနှောက်တွေကို Hack ဖို့ကြိုးစားတာပါ။Computer Software တွေလို လူသားတွေရဲ့ဦးနှောက်က မကောင်းတဲ့အပိုင်းတွေကို ဖျက်စီးပြီး ကောင်းတဲ့အပိုင်းတွေထည့်သွင်းဖို့ပါတဲ့။သူက စမ်းသပ်ချက်တစ်ခုမှာ ကိုယ့်ကိုကိုယ်စမ်းကြည့်ရင်း သူ့ရဲ့စိတ်ကူးယဉ်ပုံရိပ်တစ်ခုကို အမြဲမြင်တွေ့နေရတဲ့သူပါ။ဒီကားလေးမှာ Computer အခေါ်တွေနဲ့ ရူပဗေဒ အခေါ်တွေနဲ့ သဘောသဘာဝတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် အဲဒီ နယ်ပယ်နှစ်ခုလုံးကိုရင်းနှီးသူတွေ စိတ်ဝင်စားသူတွေအကြိုက်တွေ့စေမှာပါ။IMDB Rating ကတော့ 5.9 ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : ...
movie
Mad Genius (2018)
2018