Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott Hamm Duenas
First Daughter (2004)
ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex
movie
First Daughter (2004)
ReBroken (2023)
ဒီဇာတ်ကားလေးကတော့ Los Angeles မှာကျင်းပတဲ့ Playhouse West Film Festival မှာဆုနှစ်ခုဆွတ်ခူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Rotten tomatoes မှာလည်း Audience score 90%အထိရရှိထားတဲ့ budget အရမ်းမများတဲ့ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လိုက်ကြီး Will က ကွယ်လွန်သွားတဲ့လူတစ်ယောက်ကို လွမ်းဆွတ်နေရသူတစ်ဦးပါ။ သူဟာအကြောင်းကြောင်းကြောင့် တရားရုံးအမိန့်အရ ပူဆွေးနေသူတို့ဖို့ အုပ်စုဖွဲ့ကုထုံးတစ်ခုကို မတက်မဖြစ်တက်ရောက်နေရသူပါ။ ထိုကုထုံးမှာသူ လျှို့ဝှက်ဆန်းကြယ်တဲ့သူစိမ်းနှစ်ယောက်နဲ့ဆုံတွေ့ပြီးနောက် သူ့အတွက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတော့တယ်။ထိုပြောင်းလဲမှုတွေဟာ ကောင်းသောပြောင်းလဲမှုတွေလား ဆိုးသောပြောင်းလဲမှုတွေလားဆိုတာတော့ သူကိုယ်တိုင်တောင်နားမလည်နိုင်ခဲ့ဘူး။ ဆန်းကြယ်တဲ့သူစိမ်းတွေရဲ့လမ်းညွှန်မှုအောက် Will တစ်ယောက်သူရှာနေတာကို ပြန်တွေ့နိုင်မှာလားဆိုတာကို ဇာတ်ကွက်အလှည့်အပြောင်းလေးတွေနဲ့ကြည့်ရှုခံစားရမယ့် psychological thriller ဇာတ်ကားလေးဖြစ်ပါတယ်။ Psychological thriller တို့ထုံးစံအတိုင််း လည်ထွက်သွားမယ့် plot twist လေးတွေနဲ့ပါ။ File size…(1 GB)/(431 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zayar ...
movie
ReBroken (2023)