Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott Glenn
7.2
Secretariat (2010)
တစ်ချိန်က ပြိုင်မြင်းလောကရဲ့ အမြန်ဆုံးမြင်းဖြစ်ခဲ့တဲ့စက်ကပ်ထရီးရက် 25 နှစ်ကြာစံချိန်ကိုချိုးဖျက်ပြီးတော့triple crownကိုဆွတ်ခူးနိုင်ခဲ့တဲ့ ပြိုင်မြင်းကြီး ဘစ်ရက်ဒ်အကြောင်း ရိုက်ကူးထားတဲ့ biography sport dramaကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။မြင်းပြိုင်ပွဲ ခေတ်စားတဲ့နိုင်ငံတွေမှာတော့ Secretriatကိုမသိသူမရှိကြပေမဲ့ ဒီမှာလည်း ပြိုင်မြင်းအကြောင်း စိတ်ဝင်စားသူတွေရှိရင်တော့ ကြည့်ဖူးထားသင့်တဲ့ရုပ်ရှင်လေးပါပဲ။ဒန်ဗာမှာ အိမ်ရှင်မလုပ်နေတဲ့ ပန်နီချနရီတစ်ယောက် အမေဆုံးသွားတဲ့အကြောင်း ကြားလိုက်ရချိန်မှာတော့ ရုတ်တရက် သူ့ရဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာပါတယ်။ အဲဒီမှာပဲ အဖေလည်းသတိမေ့ရောဂါအခြေအနေဆိုးနေပြီ မိသားစုလုပ်ငန်းဖြစ်တဲ့မြင်းမွေးခြံလုပ်ငန်းကြီးကလည်း အုပ်ထိန်းသူမရှိတော့ ဖရိုဖရဲပေါ့။ဒီလို အမျိုးသားတွေကြီးစိုးတဲ့ ပြိုင်မြင်းလောကထဲကို မိဘအမွေမို့ထိန်းဖို့ ဖြစ်လာတဲ့ လူသစ်အမျိုးသမီးပန်နီချနရီ၊ လူတွေရဲ့ အထင်သေးမှု လှောင်ပြောင်မှုတွေကြားက သူယုံကြည်ရတဲ့ မြင်းမွေးခြံကလူတွေနဲ့ သူရွေးချယ်ထားတဲ့ သူ့ကိုသိပ်ချစ်တဲ့ မြင်းနီကြီး Secretriatနဲ့အတူ ယောက်ျားကအစ အစ်ကိုအဆုံး တစ်လောကလုံးနဲ့ ဘယ်လိုဆန့်ကျင်ရင်း triple crownဆုကို ဘယ်လိုယူပြမလဲဆိုတာရှုစားကြရအောင်ပါ။ File size…2.22GB / 1.1GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 3m Genre ….. ...
movie
Secretariat (2010)
6.7
Buffalo Soldiers (2001)
ဒီဇာတ်ကားကတော့ Joker ရုပ်ရှင်ရဲ့ Joker ကြီးအဖြစ်လူသိများကြတဲ့ ကျွန်တော်တို့ရဲ့ အော်စကာဆုရမင်းသားကြီးJoaquin Phoenix က အဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဒီဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအနောက်ဂျာမဏီက အမေရိကန်စစ်စခန်းတစ်ခုကို ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ စခန်းအတွင်းမှာ အကျင့်ပျက်စစ်သားတွေနဲ့ မှောင်ခိုမှုတွေ၊ မူးယစ်ဆေးအရောင်းအဝယ်တွေနဲ့ပျက်စီးနေကြတယ်။ ဇာတ်လိုက်မင်းသား အက်ဝု က စခန်းတွင်းရှိသမျှပစ္စည်းအကုန် စခန်းမှူးမသိအောင်မှောင်ခိုထုတ်ရောင်းနေပြီးဘိန်းချက်ဆေးရောင်းကအစ အကုန်လုပ်တဲ့သူပါ။ တစ်နေ့မှာတော့စည်းကမ်းတင်းကြပ်တဲ့ အထက်အရာရှိတစ်ယောက် ရောက်လာတဲ့အခါမှာတော့ .....ဒီဇာတ်ကားမှာတော့ အက်ဝုတို့ ဘော်ဒါတစ်သိုက် စခန်းထဲမှာဘယ်လိုတွေမွှေကြမလဲ၊ ဘယ်လိုတွေသောင်းကြမ်းကြမလဲဆိုတာComedy အမျိုးအစားဇာတ်ကားဖြစ်တာနဲ့အညီ ခွက်ခွက်လှန်ရယ်ရင်းကြည့်ရှုကြရမှာပါ။ File size…1.61GB / 717MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie
Buffalo Soldiers (2001)
8.4
Apocalypse Now (1979)
Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie
Apocalypse Now (1979)
1979
4K HEVC
6.7
The Hill (2023)
The Hill (2023)~ IMDb - 6.7/10, RT - 44%, Meta - 48% ~Professional Baseball Player Rickey Hill ရဲ့ ဘဝအကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။တက္ကဆက်ပြည်ရဲ့ မြို့ငယ်လေးမှာ မွေးခဲ့တဲ့ ရစ်ကီဟေးလ်ဆိုတဲ့ ကလေးဟာ မွေးရာပါ ခြေထောက်တွေ မသန်မစွမ်းဖြစ်နေပြီး အသက်ကိုးနှစ်အရွယ်ထိ လမ်းလျှောက်ဖို့တင်ကို Brace တွေတပ်ပြီး နေခဲ့ရပါတယ်။ ရစ်ကီရဲ့အဖေက သင်းအုပ်ဆရာဖြစ်ပြီး သူ့အလုပ်ကို မိသားစုထက်အရင် အလေးပေးရှေ့တန်းတင်ခဲ့သူပါ။ ရစ်ကီရဲ့ မထင်မှတ်စရာ သူ့အိပ်မက်က တစ်နေ့မှာ ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောကစားသမား ဖြစ်လာပြီး Major League ပွဲမှာ ကစားရဖို့ပါတဲ့။ ရစ်ကီရဲ့အဖေ ဂျိမ်းစ်က သူ့သားရဲ့အခြေအနေကြောင့်ရော သူလို သင်းအုပ်ဆရာဖြစ်စေချင်တာကြောင့်ပါ ရစ်ကီကို ဘေ့စ်ဘောကစားခွင့်မပြုခဲ့ပါဘူး။ ရစ်ကီရဲ့ အစ်ကိုနဲ့အစ်မကတော့ ...
movie
The Hill (2023)
2023
6.3
The River (1984)
The River (1984)ဒီကားလေးကတော့ ၁၉၈၄ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Old but Gold စာရင်း၀င်ကားလေးပါပဲ။ မင်းသားကြီး Mel Gibson ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး Oscar ဆုလေးဆုအတွက် ဆန်ခါတင်၀င်ခဲ့ရုံတင်မက Golden Globes နှစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တန်နက်ဆီမြို့က ချိုင့်ဝှမ်းလေးမှာ ရုန်းကန်ရတဲ့လယ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။ မြစ်ရေ၀င်လို့ လယ်မြေတွေပျက်စီးရတဲ့အပြင် ဘဏ်အကြွေးတွေရဲ့ဖိအား မြစ်ရေကိုအပိုင်စီးဖို့ ဆည်ဆောက်ချင်တဲ့လောဘသားအရင်းရှင်နဲ့ ဒုက္ခပေါင်းများစွာကြားမှာ ဗျာများရအောင် လှုပ်ရှားရုန်းကန်နေရတဲ့လယ်သမားမိသားစုအကြောင်းလေးပဲဖြစ်ပါတယ်။မိသားစုပိုင်လယ်ကွက်လေးကို ဘဏ်အကြွေးကြောင့် ဆုံးရှုံးမသွားအောင် ရုန်းနေရတဲ့လယ်သမားတစ်ဦးရဲ့ဘ၀ သူ့ကိုထောက်ပံ့ပေးနေတဲ့သစ္စာရှိတဲ့ ဇနီးသည်နဲ့ ဒုက္ခတွေကြားထဲက ချစ်စရာချစ်ခြင်းမေတ္တာအကြောင်းတွေကိုလည်း ခံစားနိုင်မှာပါ။ အားလုံးပဲကြည့်ရှူခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 900MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 4Min Genre ...
movie
The River (1984)
1984
8.0
The Bourne Ultimatum (2007)
The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie
The Bourne Ultimatum (2007)
4K HEVC
6.6
The Bourne Legacy (2012)
The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie
The Bourne Legacy (2012)
4K HEVC
7.5
The Hunt for Red October (1990)
The Hunt for Red October (1990)~ IMDb - 7.5/10, Rotten Tomatoes - 88% ~ဒီရုပ်ရှင်က စာရေးဆရာ Tom Clancy ရဲ့ ဇာတ်ကောင် Jack Ryan တစ်ယောက် စာမျက်နှာထက်ကနေ ပိတ်ကားပေါ်ကို စတင်ရောက်ရှိခဲ့တဲ့ရုပ်ရှင်ဆို မမှားပါဘူး။ Prime ရဲ့ Jack Ryan shows တွေလိုပဲ ရုပ်ရှင်ဘက်မှာ Jack Ryan Franchise ဆိုပြီး ဇာတ်ကား၅ကား ထွက်ခဲ့ဖူးပါတယ်။ CM မှာ 2014 ခုနှစ်ထွက် Jack Ryan ဇာတ်ကားကို တင်ပြီးပြီဖြစ်ပြီး အခုတင်ဆက်ပေးမှာကတော့ ဒီ Franchise ထဲက ပထမဆုံးကားပါ။ဒီဇာတ်ကားက ၁၉၉၀မှာထွက်ရှိခဲ့တာဖြစ်ပြီး Jack Ryan's Theme ဖြစ်တဲ့ Political Spying ပုံစံကို ...
movie
The Hunt for Red October (1990)
1990
6.7
Absolute Power (1997)
အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသားေနရာကေန ပါဝင်သရုပ်ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ကလင့်အိစ်ဝုဒ်သရုပ်ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။File size…(2.02GBGB) / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre... Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Absolute Power (1997)
7.2
The Virgin Suicides(1999)
The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ...
movie
The Virgin Suicides(1999)
7.0
Greenland(2020)
Greenland(2020)အညွှန်း***********************IMDb...7.0ကလာခ့်လို့အမည်ပေးထားတဲ့ ကြယ်တံခွန်ကြီးတစ်ခုဟာ ကမ္ဘာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်...နေ့ခင်းဘက်မှာတောင်မြင်နေရတဲ့ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီး လူတွေအမျိုးမျိုးထင်နေကြတယ်...သိပ္ပံပညာရှင်အများစုဟာ ဒီကြယ်တံခွန်ကြီးနဲ့ပတ်သက်ပြီးလေ့လာတဲ့နေရာမှာ ကမ္ဘာဆီအနီးကပ်ဆုံးအနေအထားထိရောက်ရှိနိုင်ပြီး နေအပူချိန်ကြောင့် ပြိုကွဲသွားနိုင်ပါတယ်...အကျိုးဆက်အနေနဲ့ လမ်းကြောင်းပြောင်းတာမျိုးဖြစ်နိုင်သလိုကမ္ဘာဆီကျသွားရင် သမုဒ္ဒရာထဲကျသွားတာမျိုးနဲ့ လေထုထဲမှာလောင်ကျွမ်းသွားတာမျိုးပဲဖြစ်မှာမို့စိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်...ဒါတွေကြောင့်ပဲ လူတွေဟာ အရေးပေါ်ကာကွယ်မှုမျိုးတွေမလုပ်သလို ဒီကြယ်တံခွန်ကြီးကို လှလိုက်တာဆိုပြီးငေးမောနေတာတွေတောင်ရှိပါတယ်...သို့သော် သိပ္ပံပညာရှင်များရဲ့တွက်ကိန်းဟာမှားယွင်းလာတဲ့အခါမှာတော့.....ဒီကားဟာမင်းသားကြီး Gerard Butler အဓိကသရုပ်ဆောင်ထားတဲ့ကားပါ ..ဇာတ်လမ်းစပြီး ၁၅မိနစ်လောက်ထဲက စကြမ်းပါတယ်..'ရိုက်ချက်တွေ တော်တော်ကြီးမိုက်သလို သဘာဝဘေးဒဏ်ကြောင့် အသတ်ဘေးလုနေရတဲ့ ဒုက္ခသည်တွေကြားထဲကိုကိုယ်ပါရောက်နေသလိုခံစားရပါတယ်...ပြီးတော့အရေးကြုံရင် ထွက်ပေါ်လာတတ်တဲ့လူ့စိတ်တွေကိုလည်းပြထားသလိုဇာတ်လမ်းကလည်းမိုက်တဲ့အတွက် ဒီလို ဘေးဒဏ်ကားတွေကြိုက်တဲ့သူများအဖို့ နင်းကန်ကြည့်သင့်ပါတယ်.... File Size :(2.27GB)(1.09GB) and (422MB) Quality : WEB-DL 720p Format…mp4 Duration…01:59:00 Genre : Action,Thrller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie
Greenland(2020)
7.2
Freedom Writers (2007)
စီအမ် ပရိတ်သတ်ကြီးအတွက်ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားကလည်း တကယ့်ဖြစ်ရပ်မှန် အပေါ်ဇာတ်အိမ်ဖွဲ့ပြီးရိုက်ထားတဲ့ ကားပါ ပြီးရင်ပညာရေးလောကသားတွေ အနေနဲ့ လုံးဝကြည့်ဖူးသင့်တဲ့ဇာတ်ကား ကောင်းတစ်ကားပါပဲ အကျဉ်းပြောရရင်ကယ်လီဖိုးနီးယားပြည်နယ် Long Beach မှာMrs. Gruwellတို့ ဇနီးမောင်နှံကပျော်ပျော်နေကြတဲ့ မောင်နှံ ၂ ဦးပါအဲ့ဒီမှာ Mrs Gruwell ကလူငယ်ထိန်းသိမ်းရေးကျောင်းက ကလေးတွေနဲ့အပြင်ကျောင်းသားတွေနဲ့ ပူးပေါင်းသင်ကြားရေးပရိုဂရမ်ကို အကောင်အထည်ဖော်နေတဲ့ဝီလ်ဆင် ကျောင်းကို ဆရာမ သွားလျှောက်ပါတယ်အဲ့ဒီ့မှာ ဖြစ်နေကျအတိုင်းပေါ့ဗျာစီနီယာ ဆရာ/မတွေက အထင်သေးတာပေါ့ခုမှ ဆရာမ စလုပ်ရမယ့်သူ ပုလဲဆွဲကြိုးတွေက ဆွဲထားသေးတယ် ဒါပေမယ့် ပုံမှန်ပဲ ဆက်ဆံပါတယ်သူတို့က လူငယ်ပြုပြင်ရေးကျောင်းက ကလေးတွေရှိနေတဲ့အတန်းကို အလေးမထားဘဲ လျစ်လျူရှုနေတာကိုအဲ့ဒီ့ကတည်းက စတွေ့ရမှာပါ ဒီကောင်တွေက ပြသနာကောင်တွေ သူတို့ရောက်လာလို့ ငါတို့ကျောင်း အဆင့်ကျသွားတာ သူတို့ ကျောင်းမလာလည်း နားအေးတာပဲဆိုတဲ့ဆရာမျိုးတွေပါ ဒါပေမယ့် Gruwellကတော့ဒီပူးပေါင်းသင်ကြားရေးပရိုဂရမ်ကြောင့်ပဲဝီလ်ဆင်ကျောင်းကို လျှောက်ခဲ့တာလို့ ပြောခဲ့ပါတယ်အဲ့ဒီ့မှာ ပြောတဲ့စကားလေးကို အရမ်းသဘောကျတယ်ဗျ" ကျမ က အရင်တုန်းက ရှေ့နေတစ်ယောက်ဖြစ်ချင်တာဥပဒေပညာကို စိတ်ဝင်စားတယ် ကလေးသူငယ်တွေအတွက် ကျမ တိုးတက်အောင်လုပ်ပေးမယ် ကာကွယ် ...
movie
Freedom Writers (2007)
2007
7.5
The Player(1992)
The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie
The Player(1992)
7.7
Training Day(2001)
Training Day(2001) IMDb....7.7,,,,Rotten....77% ကျွန်တော်တို့ရုပ်ရှင်ကားတော်တော်များများကြည့်ကြတယ်..တစ်ချို့ကားတွေကြတော့ သရုပ်ဆောင်ကြောင့်ကို တမင်ကြည့်ကြတာ... သူတို့ပါရင် အဲ့ဒီကားက တနည်းမဟုတ်တစ်နည်းကောင်းကိုကောင်းနေတတ်တာ....ဇာတ်လမ်းညံနေရင်တောင် သူတို့အရှိန်အဝါကြောင့် ကြည့်ကောင်းနေတတ်တာမျိုး....ဇာတ်လမ်းကောင်းနေရင်တော့ ပြောဖွယ်ရာမလိုတော့ပေ...ဒီလို သရုပ်ဆောင်ကြီးတွေထဲမှာ ဒန်ဇယ်ဝါရှင်တန်ဟာ ထိပ်ဆုံးစာရင်းထဲမှာရှိနေမယ်ထင်ပါတယ်....သူပါဝင်သရုပ်ဆောင်ထားတဲ့The Equalizer ,Philadelphia ,Courage Under Fire ,Man on Fire စသည်ဖြင့် နာမည်ကြီးကားများစွာကို သိရှိကြမယ်ထင်ပါတယ်....ဒီ Training Day(2001) ဇာတ်ကားထဲမှာတော့ ဒန်ဇယ်ကြီးက မြင်တွေ့နေကျပုံမျိုးမဟုတ်တဲ့ စရိုက်နဲ့ သရုပ်ဆောင်ထားတယ်...ဒီဇာတ်ရုပ်က ပီပြင်လွန်းလို့ အော်စကာဆုတောင်ရရှိသွားပါတယ်....ဒီဇာတ်ကားဟာ ဆုပေါင်း (၁၆)ဆုရရှိခဲ့သလို အခြားဆုပေါင်း(၂၃)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်...ဒန်ဇယ်ကားဆိုတာနဲ့ ဇာတ်ညွှန်းတွေထွေထွေထူးထူးမပြောတော့ဘူး......သူက အကျင့်ပျက်ရဲတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်...တစ်ခုတော့ သတိပေးပါရစေ...ခင်ဗျားတို့ဇာတ်ကားကြည့်နေတုန်း အနားမှာ ကောက်ပေါက်လို့ရမယ့် ဟာမျိုးတွေ တုတ်တွေမထားပါနဲ့ ..ဘာလို့ဆိုဇာတ်ကားကြည့်နေရင် သူသရုပ်ဆောင်တာပီပြင်လွန်းတော့ နင်းကန်စိတ်တွေတိုပြီး TV ကြီးကို ပစ်ပေါက်မိမယ်စိုးလို့ပါ.... File Size : (950 MB) and (358 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard ...
movie
Training Day(2001)
2001
6.6
Courage Under Fire(1996)
Courage Under Fire(1996) IMDB.....6.6,,,,,,,Rotten......85 Patrick Sheane Duncan က ဇာတ်ညွှန်းရေးသားပေးခဲ့သည့် Courage Under Fire ဇာတ်ကားကို Director Eward Zwick က ရိုက်ကူးထားပြီး Fox 2000 Picture ၏ ပွဲဦးထွက်ရုပ်ရှင်ကားလည်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄၆ သန်း အကုန်အကျခံရိုက်ကူးထားသည့် Courage Under fire သည် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့သည့်ဇာတ်လမ်းလည်းဖြစ်သည်။ ဇာတ်လမ်းအား အီရတ်တို့ကူဝိတ်ကိုကျူးကျော်ထားစဉ်တွင် အီရတ်တပ်များအား အမေရိကန်တပ်များက ဝင်ရောက်မောင်းထုတ်ပေးခဲ့သည့် ပင်လယ်ကွေ့စစ်ပွဲအပေါ် အခြေခံထားသည်။ ဇာတ်လမ်းအကျဉ်းမှာ ဒုတိယဗိုလ်မှူးကြီး နသန်နီရယ် ဆာလင်း (Denzel Washington) သည် အမေရိကန်အမှတ်(၂)တင့်ကားတပ်ရင်း၏ တပ်ရင်းမှူးဖြစ်ပြီး အယ်ဘက်သရာမြို့တွင်တိုက်ခိုက်ခဲ့သည့် ညတိုက်ပွဲတခုတွင် မိမိတပ်အား တပ်ချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်းဖြစ်စဉ်အား ဖုံးကွယ်ထားခဲ့ပြီး စစ်ပွဲအပြီးတွင် ဒုမှူးကြီးဆာလင်းအာ း သူရဲကောင်းစွမ်းရည်ဘွဲ့အပ်နှင်းပြီး ...
movie
Courage Under Fire(1996)
1996
8.6
The Silence of the Lambs (1991)
The Silence of the Lambs (1991) IMDb - 8.6/10_____Rotten - 96% Won 5 Oscars. Another 63 wins & 51 nominations The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ...
movie
The Silence of the Lambs (1991)
1991
7.6
The Hunt for Red October(1990)
IMDb...7.6,,,,,,Rotten....86 ပုံမှန်ထက်မီတာ၂၀ပိုရှည်ပြီးကြီးမားတဲ့ ရေငုတ်သင်္ဘောကိုရုရှားတို့တည်ဆောက်ပြီးစီးသွားခြင်းအားဗြိတိသျှတို့ထောက်လှမ်းမိသွားတယ်.....အဖျက်စွမ်းအားကြီးမားတဲ့ နျူးကလိယားဗုံးတွေသယ်ဆောင်နိုင်သလို ခြေရာခံဖို့ခက်ခဲလှတဲ့အဲ့ဒီရေငုတ်သင်္ဘောဟာ အမေရိကန်ရေငုတ်သင်္ဘောတွေလှည့်လည်နေတဲ့နေရာမှာ သွားလာနေတယ်....ဒီရေငုတ်သင်္ဘောဟာ ဘာကြောင့်ဒီပတ်ဝန်းကျင်ကိုရောက်လာတာလဲ ဘာလက်နက်တွေပါလဲ သို့လော သို့လော မေးခွန်းတွေဟာ အမေရိကန်တို့အဖို့ အတော်ခေါင်းစားနေပါတယ် CIA ကကျွမ်းကျင်ပညာရှင်ကလည်း အဆိုပါ သင်္ဘောကိုဦးစီးတဲ့ Captain ဟာ ထူးချွန်တဲ့ခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်နေကြောင်းကိုအတည်ပြုပါတယ်.......စစ်ကားနဲ့နိုင်ငံရေးဘက်ကိုအနည်းငယ်စိတ်ဝင်စားရုံနဲ့မီလီစက္ကန့်လေးတောင်ကျော်မကြည့်ချင်လောက်အောင်ကာင်းတဲ့ ဇာတ်ကားကြီးပါ..ဒီလိုမျိုးတွေစိတ်မ၀င်စားဘူးဆိုရင်တော့ဒေါင်းရကျိုးနပ်မှာမဟုတ်ပါဘူး.....နာမည်ကြီးမင်းသားကြီး တွေဖြစ်တဲ့ Sean Connery ,Alec Baldwin,Scott Glenn ပါဝင်သရုပ်ဆောင်ထားပါတယ်...... File Size…(900MB) and (368MB) Quality…BluRay 720p Format…mp4 Duration…02:15:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie
1990