Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Scott Adsit
6.5
Last Night (2010)
ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရောwriter အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ Sam Worthington, မင်းသမီးချော Keira Knightleyတို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည်သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည်သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။File size…1.25GB / 587MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie
Last Night (2010)
Megamind vs. the Doom Syndicate (2024)
2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ Megamind ရုပ်ရှင်ရဲ့ sequel အနေနဲ့ထွက်လာတဲ့ရုပ်ရှင်ပါ။ rating ကတော့မကောင်းလှဘူး။ဇာတ်လမ်းအကျဉ်းကတော့မက်ဂါမိုင်းက မက်ထရိုမြို့တော်ကြီးကို တိုက်တန်ရဲ့လက်ကနေ ကယ်တင်ပေးပြီးလိုက်တဲ့နောက်မှာတော့ သူကောင်းဘွဲ့ခံယူပြီး ဗီလိန်ဘ၀ကနေ ဟီးရိုးဘ၀ကိုရောက်ရှိသွားပါတယ်။ မက်ဂါမိုင်းတစ်ယောက် လူဆိုးကနေ သူရဲကောင်းဖြစ်သွားပြီဆိုတဲ့ သတင်းဟာ ထောင်ထဲရောက်နေတဲ့ မက်ဂါမိုင်း လူဆိုးဖြစ်စဉ်က လူဆိုးအဖွဲ့ဟောင်းဖြစ်တဲ့ Doom Syndicate လို့ခေါ်တဲ့ ဂြိုဟ်ဆိုးအဖွဲ့ဆီရောက်သွားပါတယ်။ဒီလိုနဲ့ ဂြိုဟ်ဆိုးအဖွဲ့လည်း သူတို့ရဲ့ဆရာဟောင်း မက်ဂါမိုင်း တစ်ချိန်ကပြောပြဖူးခဲ့တဲ့ မဟာဗျူဟာမြောက် လူဆိုးအစီအစဉ်ကြီးကိုအကောင်အထည်ဖော်ဖို့အတွက် ထောင်ဖောက်ပြီး ဆရာဖြစ်သူဆီတန်းတန်းမတ်မတ် ရောက်ရှိလာတဲ့အချိန်မှာတော့ ဟီးရိုးဘ၀ရောက်သွားပြီဖြစ်တဲ့ မက်ဂါမိုင်းတစ်ယောက် သူ့ရဲ့လူဆိုးအဖွဲ့ဟောင်းကို ဘယ်လိုရင်ဆိုင်ရဦးမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Animation, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Megamind vs. the Doom Syndicate (2024)
Once Upon a Studio (2023)
ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie
Once Upon a Studio (2023)
7.8
Big Hero 6 (2014)
Big Hero 6 (2014) IMDb - 7.8/10______Rotten - 89% Won 1 Oscar. Another 16 wins & 58 nominations Walt Disney Animation ရဲ့ နောက်ထပ် လူကြိုက်များလှတဲ့ animation ဇာတ်ကားလေးပါပဲ။ ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ပေးထားတဲ့ Message တွေကောင်းမွန်လှပပါတယ်။ Baymax ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ ပုံစံတွေကို သဘောကျမိမှာ အမှန်ဖြစ်ပြီး Baymax ရဲ့ လှုပ်ရှားပြုမှုပုံတွေကို ပင်ဂွင်းပေါက်စလေးတွေရဲ့ အပြုအမှုကို ပုံစံတူယူပြီး ဖန်တီးထားတာပါ။ Walt Disney နဲ့အတူ Marvel Entertainment ကပါ ပူးပေါင်းရိုက်ကူးထားတဲ့အတွက် အစောပိုင်းထွက်ခဲ့တဲ့ Walt Disney ဇာတ်ကောင်တွေနဲ့ မတူကွာခြားလို့နေပါတယ်။ IMDB Ratings: 7.8/10 ရရှိထားပြီး ကြည့်ဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ခုပါပဲ။ File size… 3.85 GB / 1.58 GB / 803 MB Quality…BluRay 4k / 1080p / ...
movie
Big Hero 6 (2014)
2014
4K HEVC
6.4
Accepted (2006)
2006 ခုနှစ်ကထွက်ရှိခဲ့ပီး IMDb rating 6.4 ရရှိထားတဲ့ကျောင်းသားကားလေးကိုခံစားကြည့်ကြရအောင်ပါ။ကောလိပ်ကျောင်းတွေဟာ အထက်တန်းကျောင်းသားဘဝ ကနေအမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝတွေဆီရောက်အောင်သွားကြရာမှာမဖြစ်မနေဖြတ်ကျော်ကြရတဲ့အရာပါ။ ဒါတွေကြောင့်ပဲ ကောလိပ်ဝင်ခွင့်တွေဟာ နိုင်ငံတော်တော်များများမှာတော့လူငယ်တွေအတွက်အိပ်မက်ဆိုးလိုဖြစ်နေတာပါပဲ။society က သတ်မှတ်ထားတဲ့စံညွှန်းတွေကလည်းကောလိပ်ကျောင်းကောင်းကောင်းတက်ရောက်ရေးဖိအားတွေပေးကြပါတယ်။ဒီဇာတ်ကားထဲမှာလည်း ကျောင်းဝင်ခွင့်တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့လူငယ်လေးတွေ ဟာ ကြံမိကြံရာကြံကြရင်းသတ်မှတ်ချက်ဘောင်တွေကို ချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။လူငယ်တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့်ပေးလိုက်ရင်အံ့အားသင့်စရာတွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ပညာရေးစနစ်ကြီးရဲ့အလွဲတွေကိုထောက်ပြထားပြီးမူဝါဒတွေကိုလည်းသရော်ထားပါသေးတယ်။ဒါ့အပြင် နောက်ခံသီချင်းလေးတွေကလည်း အမိုက်စားလေးတွေဖြစ်တဲ့အတွက်အဲ့ဒီခုနှစ်ဝန်းကျင်က ကျောင်းတက်ကြသူတွေဆို အတိတ်ကိုပြန်လွမ်းမိသွားနိုင်သလို Gossip girls တို့ Age of Adaline တို့ထဲကမင်းသမီးချော Blake Lively ရဲ့ နုနုနယ်နယ်တက်ကြွတဲ့အလှကိုလည်းခံစားနိုင်ပါတယ်။ဒါကြောင့် ကြည့်သင့်တဲ့ကားလေးဖြစ်လို့ ခံစားကြည့်ကြပါဦး။ File size… 2.1 GB / 840 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
Accepted (2006)
2006
7.0
We’re the Millers (2013)
2013 ခုနှစ်က ထွက်ရှိထားပြီး IMDB 7/10 ရရှိထားတဲ့ Crime/Comedy ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ် ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ် ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခို အလုပ်ကို လက်ခံလိုက်ရပါတော့တယ် ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ် အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ် ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ် ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာ ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟား ရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ် File size… 1.9 GB / 884 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ..... Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie
We’re the Millers (2013)
2013
5.8
Without a Paddle (2004)
ဇာတ်လမ်းအကြောင်းမပြောခင် ဇာတ်လမ်းနဲ့ သက်ဆိုင်တဲ့ဒီဘီကူးပါးရဲ့ အပြင်က ဖြစ်ရပ်မှန်လေး ဝေမျှပေးချင်လို့ပါ။ ဒီဘီကူးပါးဆိုတဲ့လူဟာ ၁၉၇၁ ခုနှစ်တုန်းက ငွေတွေကို ခိုးခဲ့ပြီးလေထီးနဲ့ ခုန်ချသွားခဲ့တာ အစအနပျောက်သွားတာ အက်ဖ်ဘီအိုင်တောင် ရှာမတွေ့ခဲ့တဲ့ ဆန်းကြယ် ဖြစ်ရပ်တစ်ခုပါ သေသလားရှင်သလား ဘယ်သူမှ မသိကြပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဒီ ဒီဘီကူးပါးအကြောင်းကို ရူးသွပ်ကြပြီး သူခုန်ချတဲ့နေရာကို လိုက်ရှာချင်ကြတဲ့ ငယ်သူငယ်ချင်း ၄ ယောက်ရှိခဲ့ကြတယ်။ အသက်တွေကြီးလာတဲ့အခါ ကိုယ်စီကိုယ်စီ အလုပ်များနေတဲ့အချိန် သူငယ်ချင်းတစ်ယောက်က မတော်မဆဖြစ်ပြီး ဆုံးပါးသွားတော့ ကျန်တဲ့ ၃ယောက် ပြန်ဆုံဖို့ ဖြစ်လာပါတော့တယ်။ ဒီ ၃ ယောက်ကတော့ဘဝကိုငြီးငွေ့နေပြီး ကောင်မလေးနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဂျယ်ရီ၊ဆရာဝန်လုပ်နေပေမဲ့ အရမ်းကြောက်တတ် ရှက်တတ် ဆော်မရှိတဲ့ဒန်နိုရယ် ဘဝကို ပရမ်းပတာ ဖြစ်နေသလို သောင်းကျန်းနေတဲ့တွန်မီရယ် ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ အသုဘကိုလာရင်းငယ်ဘဝက သစ်ပင်အိမ်လေးထဲ ဝင်ကြည့်ကြရာကနေ ငယ်စဉ်ကစိတ်ကူးယဉ်ခဲ့တဲ့ ဒီဘီကူးပါးနဲ့ ပိုက်ဆံတွေဆိုတာ ...
movie
Without a Paddle (2004)
7.4
The Terminal (2004)
ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ ...
movie
The Terminal (2004)
2004
4K HEVC
5.6
Be Cool (2005)
ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ "မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့" ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) ...
movie
Be Cool (2005)
6.5
The Informant! (2009)
The Informant! (2009) အာချာဒယ်နီယယ်မဒ်လန်း (ADM) ဆိုတဲ့ ကုမ္ပဏီကြီးဟာ နာမည်ကြီး လိုင်စင်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ စီးပွားရေးလောကရဲ့ တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်ထားနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေဟာ အပြင်ပန်းမှာတော့ ဦးမော့နိုင်နေပေမဲ့ အတွင်းမှာတော့ မသမာမှုတွေနဲ့ ရှုပ်ထွေးပွေလီပြီး သပွတ်အူလိုက်နေပေါ့။ဒီလိုမသာမာတဲ့နည်းလမ်းနဲ့ စျေးကွက်ကို လုပ်ချင်သလိုလုပ်နေကြတာကို FBI ကရိပ်စားမိနေတော့ အမှုပတ်မှာစိုးတဲ့ မာ့ခ်ဝှဒ်အေကဟာ ဒီလုပ်ရပ်တွေကိုဖော်ဖို့ FBI နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မာ့ခ်ဝှဒ်အေကဟာ သတင်းပေးအဖြစ် ကုမ္ပဏီရဲ့လုပ်ရပ်တွေကိုဖော်ရင်းက မသာမာမှုတွေဟာ တစ်စပြီးတစ်စပေါ်လာခဲ့ပါတယ်။အစကတည်းက မသမာခဲ့တဲ့ မာ့ခ်ဝှဒ်အေကဟာ သူ့လုပ်ရပ်တွေပါ ပေါ်လာတဲ့အခါ ရှေ့ဆက်တိုးဖို့အလွန်စိုးရိမ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်လာတဲ့အခါ သူဘယ်လိုရုန်းထွက်မလဲ၊ ဒီမသမာမှုတွေကိုရော အမြစ်လှန်ဖော်ထုတ်သွားနိုင်မှာလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Thar Htet ပါ။) File Size : 1.8GB, 660MB, 330MB Quality ...
movie
The Informant! (2009)
2009
5.7
Arthur (2011)
Arthur (2011)ယခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ရိုမန့်ဟာသ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Arthur ဆိုတဲ့ ဇာတ်ကားလေးပါ။ ဟာသဇာတ်ကားကြိုက်သူတွေအတွက် ဟာသကောင်းလေးတွေနဲ့ တွေးရင်း ရယ်မောနိုင်စေမှာ ဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ အာသာဘာ့ခ် ဆိုတဲ့ လူတစ်ယောက်။ ချမ်းသာသည့် အလျှောက် သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတာဝန်မှ မယူဘဲ ထင်ရာစိုင်းနေခဲ့ပါတယ်။ ပြဿနာတွေရှာလိုက် အရက်တွေသောက်လိုက်၊ ပိုက်ဆံတွေဖြုန်းလိုက်၊ မိန်မတွေ ရှုပ်လိုက်နဲ့ နေလာလို့ အမေဖြစ်သူဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆူဆန်ဂျွန်ဆန် ဆိုတဲ့ မိန်းကလေးနဲ့ ပေးစားဖို့ စီစဥ်ပါတော့တယ်။ အကယ်၍ သူပေးစားတဲ့သူနဲ့ မယူရင် အမွေပြတ်စွန့်လွှတ်မယ်ပြောလို့ အာသာ ဟာ ရွေးချယ်စရာမရှိတော့တာနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ နေအိုမီ ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးနဲ့တွေ့ဆုံဖြစ်ရာကနေ အာသာရဲ့ ဘဝ ပြောင်းလဲဖို့ အစပျိုးလာပါတော့တယ်။ အာသာ တစ်ယောက် ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ဟာသမြောက်စွာ ...
movie
Arthur (2011)
2011
7.2
St. Vincent (2014)
St Vincent(2014) _________________ IMDb Rating - 7.2/10ကျွန်တော်တို့ ကြားဖူးကြတဲ့ Saint ဆိုတဲ့ သူတော်စင်တွေဟာ တကယ်တော့ ကျွန်တော်တို့လို လူသားစင်စစ်တွေပါပဲလူသားတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ ဘာမှမကွဲပြားကြပါဘူးဒါပေမယ့် သူတို့ကို ဘယ်အရာတွေက သူတော်စင်ဆိုပြီး ဖြစ်သွားစေတာလဲသာမန်လူတစ်ယောက်ထက် ဘယ်အရာတွေက ထူးခြားသွားစေနိုင်တာလဲ ဆိုတာကိုတော့ ဒီ ဇာတ်ကားလေး ကို ကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဗျာမင်းသားကတော့ GhostBusters,The Grand Budapest Hotel,Lost In Translation အစရှိသဖြင့် ဇာတ်ကားကောင်းများစွာနဲ့ နာမည်ကြီးပြီး Marvel ရဲ့ လာမယ့် Ant Man and the Wasp 3 မှာပါ ပါမယ်လို့ Confirmedထားတဲ့ မင်းသားကြီး Bill Murrayပဲ ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းဆိုပြီး ရေးပေးချင်ပေမယ့် ဘာကိုမှ များများစားစား ညွှန်းစရာမလိုဘဲ ကြည့်ကောင်းတဲ့ ဇာတ်လမ်းလေးမလို့ အချိန်ကုန်ရကျိုးနပ်ပါတယ်လို့ ပဲ ပြောချင်ပါတယ်(ဘာသာပြန်ပြီး ...
movie
St. Vincent (2014)
7.0
The Italian Job (2003)
IMDb Rating (7) / Rotten Tomatoes (73%)Shooter မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham ၊ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Professional သူခိုးတွေရဲ့ စနစ်ကျနမှုတွေကို မြင်တွေ့ရမှာဖြစ်ပြီးလူ့စိတ်ရဲ့အလင်းအမှောင်နဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ရှုမြင်ခံစားရမှာပါ...လှည့်ကွက်အများအပြားနဲ့ဇာတ်ကားမို့လို့ ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးချင်ပါဘူး...။မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတဲ့အကြောင်းပဲ မိတ်ဆက်ပေးချင်ပါတယ်....။Action, Crime, Thriller အမျိုးအစားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီးသတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။ File size…(2.2 GB) / (1.4 GB) / (600 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Italian Job (2003)