Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Saul Rubinek
5.4
White Coats (2004)
ဒီဇာတ်ကားက ဆေးရုံတိုင်းမှာဖြစ်တတ်တဲ့ အလွဲတွေကိုအမေရိကန်က စိန့်အဲလ်ဘတ်ဆိုတဲ့ ဆေးရုံမှာဖြစ်နေသလိုပုံဖော်ရိုက်ကူးထားတဲ့ comedyဇာတ်ကားပဲ ဖြစ်ပါတယ်။အမေရိကန်တစ်နိုင်ငံလုံးမှာ အညံ့ဆုံးဆေးရုံလို့ပြောရမယ့်စိန့်အဲလ်ဘတ်ဆေးရုံကို တတိယနှစ်အလုပ်သင်ဆရာဝန်တစ်သိုက်ရောက်လာပြီးမှ ကြုံတွေ့ရတဲ့ အလွဲအချော်တွေ၊ပေါက်ကရတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။စာမေးပွဲအချကြမ်းတဲ့ ဆရာဝန်ကြီး၊ ဆေးရုံသုံးစက်တွေရောင်းစားပြီး အောက်ဆိုက်ရှာဖို့ပဲ အမြဲတွေးနေတတ်တဲ့ဆေးရုံအုပ်ကြီး၊ ဘယ်သူမှလူမထင်တဲ့ နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးတို့ လက်အောက်မှာ မအူမလည်နဲ့ တလွဲတွေပဲလုပ်တတ်တဲ့သူ၊ မြင်သမျှ မိန်းကလေးတိုင်းကို နှာဘူးထဖို့ပဲတွေးနေတဲ့သူ၊ တတ်ယောင်ကားလုပ်တတ်သူ၊ ရိုးမလိုလိုနဲ့ကုတ်ကမြင်းဖြစ်နေသူ၊ ကျောင်းစရိတ်ကို နိုက်ကလပ်မှာရှာရတဲ့သူ၊ နှလုံးခွဲစိတ်ဆရာဝန်ဖြစ်ချင်တဲ့သူ စသဖြင့်စရိုက်ပေါင်းစုံနဲ့ အလုပ်သင်တွေရဲ့ အမှားတွေ၊ ပေါက်ကရလုပ်ရပ်တွေကြား ဆေးရုံကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်မသွားအောင် ထိန်းရပုံကို ဟာသနှောပြီးကြည့်ရမှာပါ။ဆေးလောကအလွဲတွေကို သဘောကျသူတွေ ကြည့်သင့်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 1.8 GB / 914 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Comedy / Dark Comedy Subtitle…. Myanmar Subtitle ...
movie
White Coats (2004)
7.9
True Romance (1993)
True Romance (1993)~ IMDb - 7.9/10, Rotten Tomatoes - 93% ~True Romance ဆိုတာက Boomers တို့ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင် ဒရာမာ အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ မင်းသား Christian Slater နဲ့ Beyond Rangoon လိုကားနဲ့ မြန်မာပရိသတ်တွေ သိကြလောက်မယ့် မင်းသမီး Patricia Arquette တို့ ပါဝင်ထားတာဖြစ်ပြီး ယနေ့ခေတ်ရဲ့ ဝါရင့်ဂန္ထဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Val Kilmer, Brad Pitt, Samuel L. Jackson, Gary Oldman နဲ့ Christopher Walken တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားပေးပါတယ်။ ၁၉၈၆ ထွက် Tom Cruise ရဲ့ ပထမဆုံး ...
movie
True Romance (1993)
1993
Getting Even with Dad (1994)
Getting Even with Dad (1994) IMDb - 4.9/10Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးက ဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက် အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက် အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။ အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက် ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့ အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Family Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Getting Even with Dad (1994)
1994
War (2007)
ဂတုံးမင်းသားဂျေဆင်နဲ့ ဂျက်လီတို့ အပြိုင်ကြဲထားတဲ့ အက်ရှင်ဇာတ်ကြမ်းကား အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျေဆင်ကတော့ ထုံးစံအတိုင်း အထာများတဲ့ဘဲပုံစံနဲ့ မြင်ရမှာဖြစ်သလို ဂျက်လီကိုတော့ သွေးအေးအေးနဲ့ တည်ငြိမ်ပြီး မိုက်တဲ့ ကာရိုက်တာ အဖြစ်ရှုစားရမှာပါF.B.I အေးဂျင့် John နဲ့ သူငယ်ချင်းလည်းဖြစ် ပါတနာလည်းဖြစ်တဲ့ အေးဂျင့် Tom Lone တို့က ယုံတမ်းစကားအရ Rogue (နတ်ဆိုး)လို့ နာမည်ကြီးတဲ့ လက်မရွံ့ လူသတ်သမားတစ်ယောက်ကို သုတ်သင်လိုက်နိုင်ပေမယ့်....နောက်နေ့ကျ Tom အပါအဝင် ဇနီးနဲ့ သမီးလေးကိုပါ အမည်မသိလူတစ်ယောက်က Rogue အတွက် လက်စားချေသလို လုပ်ကြံသွားတယ်နောက်သုံးနှစ်ကြာမှာ ယခင် ရာကူဇာ လက်အောက်ခံ နတ်ဆိုးက မသေပဲ ပြန်ပေါ်လာခဲ့ပြီး တရုတ်မြေအောက်ဂိုဏ်းအတွက် ပြောင်းလဲလုပ်ကိုင်နေကာ တရုတ်ဂိုဏ်းနဲ့ ရာကူဇာတို့ကို တစ်လှည့်စီ အကွက်ရွှေ့နေတယ်သူငယ်ချင်းအတွက် လက်စားချေမယ်လို့ တွေးထားတဲ့ John တစ်ယောက် နတ်ဆိုးကို လက်စားချေခွင့်ရနိုင်မှာလား အရာရာတကွက်ကြိုမြင်နေတဲ့ နတ်ဆိုးကပဲ ...
movie
War (2007)
6.0
Undercover Blues (1993)
Genre – Comedy, Crime IMDB – 6.10၉၀ ကာလတွေတုန်းက ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် အက်ရှင်ဟာသဇာတ်မြူးလေး ဖြစ်ပါတယ်။မင်းသားကြီး Dennis Quaid နဲ့ မင်းသမီးကြီး Kathleen Turner တို့ဦးဆောင်ထားပြီး ခုချိန်ထိ ဇာတ်ကားကောင်းတွေမှာရိုက်ကူးနေဆဲဖြစ်တဲ့ မင်းသမီးကြီး Fiona Shaw ဟာဆိုဗီလိန်နေရာက ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစိုးရလျှို့ဝှက်အေဂျင်စီလက်အောက်က အေးဂျင့်တွေ တစ်ဖြစ်လဲဘလူးလင်မယားဟာ သမီးလေးမွေးထားလို့အစိုးရဆီကနေ ခွင့်ယူပြီး နယူးအော်လင်းမှာသာသာယာယာ အားလပ်ရက်ကို လူမသိသူမသိ ဖြတ်သန်းနေပါတယ်။ အဲဒီမှာ တစ်ရက်ကျတော့ မွေတေဆိုတဲ့ ခါးပိုက်နှိုက် ဓားပြတစ်ယောက်ကမစ္စတာဘလူးကို လာလုလို့ ပြန်တိုက်ခိုက်လိုက်ရာကနေရဲတွေအနေနဲ့လည်း မျက်စိဆံပင်မွှေးစူးပြီးသာမန်လူမဟုတ်လောက်ဘူးထင်ကာ လိုက်ပြီးအနံ့ခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာလည်း လူဆိုးမကြီး နိုဗာချက်ဆိုတာကအစိုးရဆီကနေ စီ၂၂ ဆိုတဲ့ နူကလီးယားဒုံးကျည်တွေကိုခိုးယူဖို့ ကြိုးစားတဲ့အခါမှာတော့ဘလူးမိသားစု တိုင်းပြည်အတွက် တစ်ဖန်ပြန်စွန့်စားခန်းထွက်ဖို့အချိန်ကျလာပါတော့တယ်။ PG အဆင့်ဇာတ်ကားဆိုတော့ မိသားစုနဲ့အတူတူ၉၀ ခေတ်ကာလတွေကို အပန်းဖြေ ကြည့်ရှုနိုင်မယ့်ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size… 1.3 GB ...
movie
Undercover Blues (1993)
7.3
Wall Street (1987 )
IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie
Wall Street (1987 )
6.2
Dick (1999)
IMDb Rating (6.2) / Rotten Tomatoes (72%)ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara ...
movie
Dick (1999)
7.6
BlackBerry (2023)
BlackBerry (2023)ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | ...
movie
BlackBerry (2023)
2023
6.8
Clock(2023)
Clock(2023)***********ရုပ်ရှင်နာမည် Clockဆိုတဲ့အတိုင်း ကျွန်တော်တို့လူသားခန္ဓာကိုယ်မှာ သူ့အချိန်နဲ့သူဖြစ်ပျက်နေတဲ့ ဇီဝနာရီတွေရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာတော့ အမျိုးသားတွေထက်ကိုယ်ဝန်ဆောင်ချိန်ဆိုတဲ့ နာရီတစ်ခုပိုများပါတယ်။ ဒီဇာတ်ကားဟာ ကိုယ်ဝန်ဆောင်ရမှာကို ထိတ်လန့်တတ်တဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ အိမ်ထောင်သက် ၁၀နှစ်ကြာလာပြီး အသက် ၃၈နှစ်ရှိလာတာတောင် ကလေးယူဖို့မရဲသေး၊ ယူချင်စိတ်မရှိသေးဖြစ်နေသူပါ။ သူ့ရဲ ဇီဝနာရီဟာ တစ်နည်းနည်းနဲ့ချို့ယွင်းနေရသူပေါ့။ ပစ္စည်းတွေဟာ ပျက်ရင်ပြင်ရတဲ့အတိုင်း ဒီအမျိုးသမီးကလည်း သူ့ရဲ့ ကလေးမယူချင်တဲ့စိတ်၊သူ့ရဲ ဇီဝနာရီကိုပြုပြင်ဖို့ကြိုးစားတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို horror ကားမို့ ထိတ်လန့်ဖွယ်အခန်းများပါဝင်ပါတယ်.. File Size :(3.5GB)(1.3GB) and (391MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:31:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Clock(2023)
6.8
The Family Man (2000)
The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..?ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ...
movie
The Family Man (2000)
2000
7
Julia 2008
ဂျူလီယာဟာ အပျော်အပါးမက်သူဖြစ်ပြီး တစ်ကိုယ်တည်းသမား ယောက်ျားတကာနဲ့ မူးရူးပျော်ပါးနေသူဖြစ်တယ်။ ဒါကြောင့်ပဲ သူ့ရဲ့အလုပ်ကို သူဆုံးရှုံးခဲ့ပြီး ၀င်ငွေမရှိတဲ့သူဘ၀ကို ရောက်သွားတယ်။ တစ်နေ့ အယ်လီနာဆိုတဲ့ မိန်းမတစ်ယောက်နဲ့ဆုံခဲ့တယ်။ အယ်လီနာဟာ သားဖြစ်သူကို သူ့အဖိုးဆီကနေ ပြန်ခေါ်ယူဖို့ ကြိုးစားနေသူဖြစ်ပြီး ဒီလိုလုပ်ဖို့အတွက် ဂျူလီယာကို ငွေပေးမယ်ပြောပြီး အကူအညီတောင်းခဲ့တယ်။ ငွေမက်သူ ဂျူလီယာဟာ ကူညီမယ်ပြောပြီး ကြားထဲကနေ ကလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့အကြံအောင်မြင်ပြီး ကလေးနဲ့အတူ Mexico ရှောင်တိမ်းထွက်ပြေးလာခဲ့တယ်။ ဒေါ်လာ ၂သန်းနဲ့ ကလေးကို ပြန်ရွေးခိုင်းဖို့ ကြံစည်နေစဉ်မှာ Mexico မှာရှိတဲ့ ပြန်ပေးဆွဲသမားတွေဟာ ဂျူလီယာရဲ့လက်ထဲက ကလေးကို ထပ်ပြီး ပြန်ပေးဆွဲသွားချိန်မှာတော့ ............ဂျူလီယာတစ်ယောက် ဘယ်လိုအကြပ်ရိုက်မလဲဆိုတာ စိတ်၀င်စားဖွယ်တွေ့ရမှာပါFile Size : 1 Gb Quality :WEB-DL 360p Format…mp4 Duration…02:24:00 Genre : Drama, Crime, Thriller Subtitle : Myanmar ...
movie
Julia 2008
6.3
The Song of Names (2019)
movie
The Song of Names (2019)
2019
7.3
The Ballad of Buster Scruggs (2018)
ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကြားမှာ ဇာပုဝါလိုအလွှာပါးပါးလေးပဲခြားတယ်ဆိုတာသင်ယုံကြည်ပါသလားOld school Cowboys ကားတွေကိုနှစ်သက်ပါသလားဂန္တဝင်သီချင်းတွေကိုနားဆင်ရတာရော ကြိုက်ပါသလားဒါဆိုရင်တော့ Old West မှာ Red Indians တို့ရဲ့နယ်မြေကိုကျူးကျော်ချိန်ကာလတစ်လျှောက်Americans တွေရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားကဘဝဇာတ်ခုံအဖုံဖုံနဲ့အတူ ကပ်ရောဂါဆိုးတွေ ထိုခေတ်ထိုအခါလူတွေရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုဇာတ်လမ်းတို ၆ခုအနေနဲ့ စုစည်းတင်ပြထားတဲ့ ဒီဇာတ်ကားက သင့်အတွက်ပါပဲIMDB 7.3/10 ရရှိထားပြီး Oscar Nomination သုံးခုတောင်ဝင်ထားတာမို့ မြည်းစမ်းကြည့်သင့်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူ ပါ) File Size : (950 MB) and (430 MB) Quality : NF WEB-DL 720p Running Time : 2hr 13min Format : Mp4 Genre : Comedy, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DD5.1.x264-CM Translated by May ...
movie
The Ballad of Buster Scruggs (2018)
2018
8.2
Unforgiven (1992)
Unforgiven (1992) IMDb - 8.2/10_____Rotten - 96% Won 4 Oscars. Another 46 wins & 46 nominations ဒီကားကို ဒါရိုက်တာ Clint Eastwood ရဲ့လက်ရာဖြစ်ပြီးတော့ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာပါ.. Top Rated Movies #134 စာရင်းဝင်ခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု ၊အကောင်းဆုံးဒါရိုက်တာဆု ၊အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အကောင်းဆုံး တည်းဖြတ်ဆု စတဲ့ အော်စကာ(၄)ဆုရခဲ့ပါတယ်.. ၁၈၈၀ခုနှစ်လောက်က ကောင်းဘွိုင်လူတန်းစားတွေရဲ့ လူနေမှုစရိုက်ကတော့ အတော်ဆန်းတယ်.. ကိစ္စတိုင်းနီးပါးကိုသေနတ်နဲ့ခလုတ်လေးဆွဲပြီးဖြေရှင်းလေ့ရှိကြတယ်... ဒီလိုအချိန်မှာ Bill ဆိုတဲ့လူတစ်ယောက်ကတော့ တခြားသူတွေထက်ချမ်းသာသလို အင်အားလည်းကြီးတယ်.. သူက ပြည့်တန်ဆာတွေနဲ့ ဆိုင်ဖွင့်ပြီး ငွေရှာတဲ့အပြင် သေနတ်အားကိုးနဲ့ အနိုင်ကျင့်မှုတွေလည်းရှိတယ်... တစ်နေ့တော့ ပြည့်တန်ဆာတစ်ယောက်ရဲ့မျက်နှာကို ဧည့်သည်က ဓားနဲ့မွှမ်းသွားတယ်... ပြည့်တန်ဆာတွေအတွက်တော့အတော်နာကျဉ်းစရာကောင်းပေမယ့် Bill ကတော့ မြင်းတွေကို လျော်ကြေးအဖြစ်ယူပြီး ဓားနဲ့မွှမ်းတဲ့လူတွေကိုခွင့်လွှတ်ပေးလိုက်တယ်.... ဒီကိစ္စကို ပြည့်တန်ဆာတွေက လုံးဝမကျေနပ်ဘူး... ပြည်တန်ဆာတွေရဲ့ နာကျဉ်းချက်က ဘယ်လောင်တောင်ကြီးလဲဆိုတော့ တစ်သက်လုံးရှာသမျှငွေတွေကိုစုပေါင်းပြီး ဓားနဲ့မွှမ်းတဲ့သူတွေကို သတ်ပေးဖို့ ကြေးစားလူသတ်သမား ငှါးရမ်းပါတော့တယ်.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tinnilar Lwin ဖြစ်ပါတယ်... File Size : (956 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Drama, Western Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Unforgiven (1992)
1992
5.9
Gridlocked(2015)
Gridlocked (2015 ) ဇာတ်လမ်းဟာဆိုရင်5.9/10 rating သာရှိပေမယ့်ကြည့်ကောင်းတဲ့ အက်ရှင်အမျိုးအစားထဲမှာပါပါတယ်... ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ မင်းသား ဘရောက်ဒီဝေါ်ကာဟာတခြားသရုပ်ဆောင်တွေနဲ့ တော်တော်ကွဲပြားနေတဲ့ စရိုက်ပေါင်းများစွာရှိပါတယ်.. အထူးသဖြင့် မောက်မာပြီး ကြမ်းကြမ်းတမ်းတမ်းရှိတဲ့စရိုက်ပေါ့ဒီလိုစရိုက်မျိုးရှိတဲ့မင်းသားအဖို့ အမှုတွေခဏ ခဏရင်ဆိုင်ရ ဒဏ်တွေခဏ ခဏ ပေးခံရတယ်...ဒီလိုခပ်ဆိုးဆိုးသရုပ်ဆောင်မင်းသားတစ်ယောက်ကို စောင့်ကြည့်ဖို့အတွက ်အထူးတပ်ဖွဲ့ခေါင်းဆောင် ဟန်းဒရစ်လက်ထဲအပ်ခဲ့ပါတယ်.... ရဲလက်အပ်ပြီး စောင့်ကြည့်ဖို့ကို သဘောတူခဲ့တဲ့မင်းသားဟာ ရဲလေ့ကျင့်ရေးသင်တန်းကို သွားခဲ့ပါတယ်...သူတို့ရောက်သွားတဲ့အချိန်မှာ သွေးပျက်လောက်စရာဖြစ်ရပ်နဲ့ကြုံလိုက်ရတယ်..အဲ့ဒါက လေ့ကျင့်ရေးကျောင်းကြီးကို အကြမ်းဖက်တိုက်ခိုက်တာပါပဲ...အထူးတပ်ဖွဲ့ခေါင်းဆောင် ဟန်းဒရစ်တစ်ယောက် အကြမ်းဖက်အဖွဲ့ကိုဘယ်လိုဦးဆောင်ရင်ဆိုင်မလဲ..ရဲသင်တန်းကျောင်းကိုမှ ဘာဖြစ်လို့လာတိုက်ခိုက်တာလဲ.....အမိုက်စားဖိုက်တင်ခန်းတွေ၊ဖောက်ခွဲမှုတွေ၊ဇာတ်အိမ်ကောင်းကောငး်လေးမှကြည့်ချင်တဲ့သူတွေအတွက်ကြည့်သင့်ပါတယ်လိုပြောပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Band of brothers စီးရီးမှာ ဘာသာပြန်ရင်းနာမည်ရခဲ့သူ ကိုမြန်မာကြီး(ခေါ်) ကိုအောင်အောင်ဦးပဲဖြစ်ပါတယ်....File Size : (8000 MB) and (313 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Aung Aung Oo Encoded by Phyo Pyae
movie
Gridlocked(2015)
2015