Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sathish
5.5
Tutak Tutak Tutiya aka Devi(L) (2016)
Tutak Tutak Tutiya (2016) "ရွာသူမတစ္ဆေ"ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် မဆလာ comedy/horror ရုပ်ရှင်အဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မွန်ဘိုင်းကို နယ်ကနေတက်လာတဲ့ လူတွေအားလုံးမှာ အိပ်မက်ကိုယ်စီရှိကြပေမယ့် ခရစ်ရှ်နားမှာတော့ ခေတ်ဆန်တဲ့ မိန်းကလေးနဲ့ လက်ထပ်ရမယ်ဆိုတဲ့ အိပ်မက်တစ်ခုပဲ ရှိပါတယ်အင်္ဂလိပ်စာ ဂရမ်မာမှန်မှန် ပြောတတ်တဲ့ ခေတ်ဆန်တဲ့ မိန်းကလေးတွေကိုမှ ရွေးလိုက်ပေမယ့် သူ့ကိုဘယ်သူမှ ပြန်မကြိုက်ကြတာမို့ လူပျိုဂုဏ်ကို ဆက်ထိန်းထားနေရင်းမှမွေးရပ်မြေရွာက အဘွားဆုံးခါနီးလို့ ရွာပြန်ရပြီး လမ်းမှာ နွားကျောင်းနေတဲ့ ရွာသူမနဲ့ ကတောက်ကဆဖြစ်လိုက်ပါသေးတယ်ဖြစ်ချင်တော့ အဘွားမဆုံးခင် နွားကျောင်းသူမရဲ့ လက်ကိုမှ ဆွဲကိုင်သွားတဲ့အတွက် ခရစ်ရှ်နားမိဘတွေက အဲဒီကောင်မလေးနဲ့ အတင်းအကျပ်ပေးစားလိုက်ရာမှာ horror ဇာတ်လမ်းတစ်ပုဒ် ဘယ်သို့ ဘယ်ပုံဖြစ်လာမှာလဲ ဆိုတာကတော့ ...ဟုတ်သော်ရှိ မဟုတ်သော်ရှိ ခဏတာတော့ ရယ်မောလို့ရမယ့် ဇာတ်ကားလေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.18GB / 1.1GB Quality…WEB DL 1080p / 720p Format… mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard ...
movie
Tutak Tutak Tutiya aka Devi(L) (2016)
8.0
Vithaikkaaran (2024)
Vithaikkaran (2024)IMDb 8.1/10 ရရှိထားပြီး ဘောလ်ဝုဒ်ရုပ်ရှင်ပရိသတ်ကြီးတို့ သဘောကျစေမဲ့ကားလေးတစ်ကားကို တင်ဆက်ပေးပါရစေ။ဒီဇာတ်ကားကတော့ မင်းသား Sathish ရဲ့ တွေ့နေကျ ဟာသကားတွေကနေ ကွဲထွက်ပြီးပါဝင်ထားတဲ့ အက်ရှင်ကားတစ်ကားဖြစ်လို့ သူ့အတွက်တော့ သရုပ်ဆောင်လမ်းကြောင်းရဲ့ အချိုးအကွေ့တစ်ခုလို့လည်း ဆိုရမှာပါ။ငယ်စဉ်ကတည်းက မျက်လှည့်ပညာကိုကြိုက်ပြီး ' လိမ်တာမမှားဘူး လိမ်ခံရတာကမှ မှားတာ' ဆိုတဲ့စကားကို လက်ကိုင်ထားတဲ့ မျက်လှည့်ပညာရှင်ဖြစ်ပြီး အကြောင်းကြောင်းကြောင့် အိန္ဒိယထိပ်တန်းမှောင်ခိုဂိုဏ်းခေါင်းဆောင် သုံးယောက်နဲ့ ဇယားရှုပ်မိသွားတဲ့မင်းသား။ဒီဂိုဏ်းခေါင်းဆောင်သုံးယောက်ကို သတင်းလိုက်နေတဲ့ ဂျာနယ်လစ်မင်းသမီး။ မတော်တဆအတိတ်မေ့သွားတဲ့ မင်းသားနဲ့ မင်းသမီးတို့တွေ့ပြီး အရှုပ်တော်ပုံကြားထဲ သတိမထားမိလိုက်ခင်မှာပဲ ဝင်မိသွားပြီး ပစ်မှတ်တစ်ခုဖြစ်သွားတဲ့အခါ ဒီအရှုပ်တွေကို ဘယ်လိုရှင်းမလဲ။ ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို မပျင်းတမ်းကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။( အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ် ) File size…1.8GB / 830MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM BOLLYWOOD TEAM
movie
Vithaikkaaran (2024)
2024
6.5
Conjuring Kannappan (2023)
Conjuring Kannappan (2023) "အိပ်မက် ခေါ်သံ" ============================== IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ် တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ ...
movie
Conjuring Kannappan (2023)
2023
8.1
Kaththi (2014)
Kaththi (2014) "ဓား" ================IMDb 8.1/10 ဗီဂျေးရဲ့ ကားဟောင်း၊ ကားကောင်း ခပ်မိုက်မိုက် နှစ်ကိုယ်ခွဲရုပ်ရှင်လေးတစ်ခုကို ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းသွား တော်တော်လေးမိုက်တာကြောင့် remake ဆရာကြီး အက်ရှေးကူးမားကတောင် ပြန်ပြီး remake လုပ်မယ်လို့ သတင်းတွေထွက်ဖူးခဲ့တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဇာတ်လိုက်ဖြစ်သူ ကာသီဟာ ထောင်ကို ၁၈ ကြိမ်ဖောက်ဖူးတဲ့၊ ရဲတွေကတောင် ထောင်ဖောက်တဲ့သူတွေကို ဖမ်းဖို့အတွက် တဖန်ပြန်ပြီး အကူအညီတောင်းရတဲ့ ထောင်မင်းသားတစ်ယောက်ပါ။တစ်ခါမှာတော့ အဲဒီလိုပဲ ထောင်ဖောက်ပြေးရင်း သူ့ရှေ့မှာ ပစ်ခတ်မှုတစ်ခုဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့သူက သူနဲ့ ရုပ်တထေရာတည်းတူနေတဲ့ ဗီရာဆိုတဲ့သူဖြစ်နေတာကြောင့် အဲဒီ ဗီရာအယောင်ဆောင်ပြီး ရဲတွေမမိအောင်ရှောင်နေရင်း ထောင်မင်းသားဘဝကနေ နင်းပြားတွေရဲ့သူရဲကောင်း ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။အက်ရှေးကူးမားကတောင် remake လုပ်ဖို့ ကြိုးစားဖူးတဲ့ထိ တော်တော်မိုက်တဲ့ရုပ်ရှင်လေးဖြစ်လို့ စီအမ်ပရိသတ်တွေအတွက် CM Bollywood Team ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Kaththi (2014)
2014
7.5
Thudikkum Karangal (2023)
Thudikkum Karangal 2023 IMDb-7.5/10အမှောင်ထုကြီးစိုးနေတဲ့လောကမှာ လူကောင်းတစ်ယောက်လုပ်ရတာလည်း မလွယ်လှပါဘူး။ အထူးသဖြင့် အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုတွေ မူးယစ်မှောင်ခိုမှုတွေ ထမင်းစားရေသောက်လိုလုပ်နေကြတဲ့ နိုင်ငံရေးလောကရဲ့အမှောင်ခြမ်းအကြောင်းကို ဖော်ကောင်လုပ်မယ့်လူဆိုရင်တော့ ဝါးမြိုချင်တဲ့ဒုစရိုက်ကောင်တွေနဲ့ သေချာပေါက်ရင်ဆိုင်ရပါလိမ့်မယ်။ဗီတရီဟာ အမှန်တရားကိုမြတ်နိုးပြီး လူတွေကို ကယ်တင်ချင်တဲ့ YouTuber တစ်ယောက်ပါ။ ဒါပေမဲ့ အမှန်ချည်းပြောတဲ့လူကို လူမုန်းကြသလိုပဲ အကျင့်ပျက်ခြစားမှုတွေ ဒုစရိုက်သမားတွေအကြောင်းကို YouTubeကနေ ဗီဒီယိုတင်တင်နေတဲ့ ဗီတရီဟာလည်း လူတွေမကြာခဏ ဆွမ်းကြီးလောင်းတာခံရပါတယ်။ မိဘတွေကတော့ဗီတရီကို အခြေတကျအလုပ်တစ်ခုနဲ့ အိမ်ထောင်ရက်သားကျလို့ အတည်တကျဖြစ်စေချင်ပေမဲ့ ဥပဒေနောက်လိုက်နေတဲ့ဗီတရီကတော့ နိုင်ငံကိုကယ်တင်မယ့် အမှန်တရားဘက်တော်သားဖြစ်ချင်စိတ်ကသာ များနေတာပေါ့။တစ်နေ့မှာတော့ မြို့တက်ရင်း သားကိုလာရှာတဲ့အဘိုးကြီးကို ကူညီပေးချင်လို့ သားပျောက်ရှာဗီဒီယိုကို ရိုက်ပြီးတင်ပေးလိုက်ရာကနေ လူပျောက်တာထက်ပိုတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရဲ့သမီးပါ ပါနေတဲ့ လူသတ်မှုကွင်းဆက်ထဲ ရောက်မှန်းမသိ ရောက်သွားတဲ့အခါမှာတော့...အရင်တုန်းက သူတင်နေကြတွေထက် အဆပေါင်းများစွာနက်ရှိုင်းတဲ့ ဒီအမှုကြောင့် နဂိုကမှ ရန်စတွေမနည်းလှတဲ့ ဗီတရီတစ်ယောက် ဘယ်လိုအန္တရာယ်တွေကြုံလာရမလဲ။ အမှန်တရားဘက်တော်သားပီပီ ဒီအမှုကို သူဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie
Thudikkum Karangal (2023)
2023
7.3
Soorpanagai{Nene Naa} (2023)
Nene Naa (2023) IMDb - 7.3/10 ဒီဇာတ်ကားမှာတော့ အခြားစုံထောက်ကားတွေနဲ့ မတူဘဲ ရှေးဟောင်းသုတေသနဌာနနဲ့ ရဲတွေပေါင်းပြီးတော့ အမှုလိုက်ကြတဲ့ ကားလေးဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့ နိုင်ငံခြားသားတစ်ယောက်ဟာ တောထဲကို လေ့လာရေးလာရင်းနဲ့ မြေကြီးထဲကို ဆွဲနှစ်ခံလိုက်ရပါတယ်။ အဲဒီလိုဖြစ်တဲ့နေရာမှာ သွေးကွက်တွေကို တွေ့လိုက်ရတဲ့ ရိန်းဂျားရာဂျီက ရဲတွေကို အကြောင်းကြားလိုက်တဲ့အခါမှာ ဒီအမှုကို လိုက်ဖို့အတွက် ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ မြေကြီးကို စစ်ဆေးပေးဖို့အတွက် ရှေးဟောင်းသုတေသနဌာနကို အကူအညီတောင်းတဲ့အခါမှာတော့ ဒီဗီရာတစ်ယောက် ရဲတွေကို ကူညီပေးဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ ဒီဗီရာတစ်ယောက် မြေကြီးကို စစ်ဆေးဖို့အတွက် မြေကို တူးခိုင်းလိုက်တဲ့အခါမှာတော့ လွန်ခဲ့တဲ့ လေးရက်လောက်ကမှ သေဆုံးသွားခဲ့ရတဲ့ နိုင်ငံခြားသားက အရိုးခြောက်ဖြစ်နေခဲ့ပါပြီ။ ဘာလို့ ဒီလိုအရိုးခြောက်ဖြစ်သွားရတာလဲ …..ဒီအကြောင်းကို စစ်ဆေးရင်း အတိတ်ကအကြောင်းတွေနဲ့ ဆက်စပ်ပြီး ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Aditi~Cherry~Moon~Alex~ToMo တို့ပဲဖြစ်ပါတယ်) File size…2.6GB / 1.25GB Quality…1080p WEB DL /720p Format…mp4 Duration…2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Soorpanagai{Nene Naa} (2023)
2023
6.0
Oh My Ghost (2022)
Oh My Ghost (2022) IMDb 6.1အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက... ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ်မျက်မှောက်ခေတ်မှာတော့...ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့....ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင်File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin
movie
Oh My Ghost (2022)
2022
8.5
Kanam (2022)
Oke Oka Jeevitham 2022 8.4/10 IMDbဟုတ်ကဲ့ဒီတစ်ခါတော့ အိန္ဒိယသိပ္ပံဇာတ်ကားလေးတစ်ခုလာပါပြီနော်ကျွန်တော်တို့သာအချိန်ခရီးသွားနိုင်မယ်ဆိုရင် အတိတ်ကအမှားတွေကိုပြန်ပြင်ဖို့ လူတိုင်းအတိတ်ကိုပြန်သွားချင်မှာပါပဲ..ဒါကတော့အချိန်ခရီးသွားမယ့်ဇာတ်လမ်းလေးပေါ့နော်တစ်နေ့သိပ္ပံပညာရှင် ပေါလ်နဲ့မိုက်ကယ်တို့နှစ်ယောက် အချိန်ယန္တရားစက်ကိုစမ်းသပ်တီထွင်ခဲ့ရာမှာ စမ်းသပ်မှုမအောင်မြင်ဖြစ်ပြီး မိုက်ကယ်ဆုံးသွားခဲ့ရပါတယ်အာဒီ၊ ချေတူးနဲ့စီနူးတို့က ဘဝမှာအခက်အခဲကိုယ်စီနဲ့ရုန်းကန်နေရတဲ့ ငယ်ပေါင်းသူငယ်ချင်းသုံးယောက်ပေါ့...အာဒီက ဂီတပညာရှင်တစ်ယောက်ဖြစ်ချင်ပေမယ့် စတိတ်စင်ကိုကြောက်တတ်တယ်..ချေတူးကအချစ်ရေးကိစ္စအဆင်မပြေနေတဲ့သူစရီနူးကတော့ ငယ်စဥ်ကစာကောင်းကောင်းမလုပ်ခဲ့ရလို့နောင်တရနေတဲ့သူပေါ့တစ်နေ့စီနူးက အာဒီ ချေတူးတို့နဲ့အတူ ပေါလ်ကိုအိမ်လိုက်ပြရာမှ အာဒီကပေါလ်ရဲ့သေတ္တာတစ်လုံးကိုသတိပြုမိသွားပါတယ်.. သေတ္တာပေါ်ကရက်စွဲကလဲ သူ့အမေမဆုံးခင်ကရက်စွဲနဲ့ဆိုတော့ အံ့သြသွားခဲ့ရပါတယ်ဒီလိုနဲ့ပေါလ်ရဲ့အချိန်ယန္တရားစက်ကြီးနဲ့ သူတို့အားလုံးရဲ့ကိုယ်စီပြဿနာတွေကို အတိတ်ကိုသွားပြီးပြောင်းလဲကြတဲ့အခါဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ မျှော်တလင့်လင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…2.8GB / 1.24GB Quality…1080p True WEB DL HQ / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HM & Taylor & BpL
movie
Kanam (2022)
2022
4.7
Annaatthe (2021)
Annaatthe 2021===============Drama/Actionအချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ထင်တဲ့အယူအဆကိုယနေ့တိုင်လက်ခံထားတဲ့သူတွေရှိသလို၊လက်မခံထားတဲ့သူတွေဆိုတာလည်းရှိသပေါ့လေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ရှုထောင့်အထွေထွေနဲ့ရှုစားကြရာမှာအနီးစပ်ဆုံးမှန်သွားတယ်ဆိုတဲ့ဟာတွေကိုတစ်အုပ်စုခွဲပြီးမှတ်ရတာပေါ့။တမီးလ်ကားတွေကိုအရင်ကမြန်မာပေါကားတွေလောက်ပဲထင်ခဲ့ ဘောလိဝုဒ်ကိုမမီပါဘူးလို့ထင်ခဲ့မိပေမဲ့တကယ့်တမီးလ်ကားကောင်းတွေကိုကြည့်မိပြီးသွားတဲ့အခါ တမီးလ်ကားတွေကြည့်ရတာလည်းကျွန်တော်သဘောကျတတ်လာတယ်ဗျ။ တမီးလ်ကုလားကားဆိုတဲ့အတိုင်း သီချင်းလေးတွေပါကန်ရင်လေပေါ်လွင့်ထွက်သွားတာတွေက ယုတ္တိမတန်တာကလွဲရင် ကြည့်လို့လည်းကောင်းသလိုဇာတ်လမ်းဇာတ်ကွက်ကောင်းတာကိုတော့ တကယ်မချီးကျူးဘဲမနေနိုင်လောက်အောင်ပါဘဲ။ဒီကားလေးဟာလည်း ဇာတ်လမ်းအစကနေအဆုံးထိတောက်လျှောက်ဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တည်းကဆုံးပါးသွားတဲ့အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း တစ်ဦးတည်းသောညီမလေးကိုအချစ်တွေတိုးလို့ချစ်ခဲ့ရတဲ့ရွာသူကြီးအစ်ကိုကြီးတစ်ဦး၊ အစ်ကိုကြီးစကားဆိုတစ်သွေမတိမ်းနားထောင်တဲ့ညီမလေးအနေနဲ့အစ်ကိုကြီးအိမ်ထောင်ဖက်အသစ်ရှာပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံဖို့စဉ်းစားရင်း၊ဘယ်လိုကနေဘယ်လို မြို့ပေါ်ကလူဆိုးဂိုဏ်းတစ်ခုနဲ့ပါရင်ဆိုင်သွားရမယ်၊ဘယ်နေရာမှဘယ်လိုဇာတ်လမ်းဇာတ်ကွက်လှည့်သွားမလဲဆိုတာကိုတော်တော်ကြည့်ကောင်းမယ့်ကားလေးကတော့ Annaatthe 2021 ပဲဖြစ်ပါတယ် File size…1.59Gb / 4GB Quality…720p WEBDL Format…Mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by San Thu Aung & Sai ThuRein Lynn
movie
Annaatthe (2021)
2021
6.0
Sulthan (2021)
Sulthan (2021)အိန္ဒိယတောင်ပိုင်းရုပ်ရှင်ချစ်သူတွေအတွက် တစ်နေ့ကထွက်လာတဲ့ မင်းသား Karthi(ကာရ်သီ) နဲ့ မင်းသမီးချော Rashmika Mandanna(ရာ့ရှ်မီကာမန်ဒနား)တိုရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗစ်ကရမ် (ခေါ်) ဆူလ်သန်ဟာ ချန်နိုင်းမြိုက ဒိတ်ဒိတ်ကြဲလူမိုက်ကြီး စည်သူပသီရဲ့သားပါ။ လူမိုက်ပေမယ့် မှန်ကန်တဲ့လူမိုက်ကြီး စည်သူပသီဟာ ချန်နိုင်းဝန်းကျင်တစ်ဝိုက်မှာ နာမည်ကောင်းနဲ့ ကျော်ကြားပြီး ဘေးပတ်ဝန်းကျင်နယ်တွေမှာ ပြဿနာပေါ်လာတိုင်း ဖြေရှင်းပေးနေကျပေါ့။ အုပ်ထိန်းသူမိခင် မရှိတော့တဲ့နောက်ပိုင်း လူယုံ လက်ရုံးတပည့်တွေလက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆူလ်သန့်ကို စည်သူပသီကရော ၊ တပည့်တွေအားလုံးကပါ သိပ်ချစ်ကြတယ်။အရွယ်ရောက်သည်အထိ ပညာတွေသင်ရင်း မွန်ဘိုင်းမြိုမှာနေရတဲ့ ဆူလ်သန့်အတွက် လူဆိုးလူမိုက်အလုပ်တွေကို မလုပ်ရသလို သူကိုယ်တိုင်လည်း လူမိုက်အလုပ်ကို မနှစ်မြိုသူပါ။ဒီလိုနဲ့ ဖခင်ကြီး ဆုံးပါးသွားပြီးတဲ့နောက်ပိုင်းမတော့ ဖခင်ကြီးမသေခင်က ပေးခဲ့တဲ့ကတိအတိုင်း ရွာတစ်ရွာကိုနှောက်ယှက်ပြီး အဲ့ဒီရွာကို ဒုက္ခပေးနေတဲ့ လူမိုက်ကြီးတစ်ယောက်နဲ့ ဆူလ်သန်တစ်ယောက် ရင်ဆိုင်ရဖို ဖြစ်လာပါတယ်။တောင်းပိုင်းရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အကအလှတွေ ဝေဝေဆာဆာ ၊ အက်ရှင်ခန်းတွေ ဖောဖောသီသီနဲ့ ၂နာရီကျော်ကြာတဲ့ ပြသချိန်အတွင်း ပျင်းရိမသွားရလေအောင် ဟာသလေးတွေ အူမြူးစရာလေးတွေပါ ထည့်ထားတော့ အိန္ဒိယရုပ်ရှင်ချစ်သူတွေအတွက် ကြည့်ပျော်မှာပါ။ File size…(3 GB) and (1.9 GB) Quality….Web-DL Rip 1080p 5.1CH and 720p Format…mp4 Duration….02:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Sulthan (2021)
7.0
Teddy(2021)
Teddy(2021)အညွှန်း******************IMDb...7.0ရှီဗာဆိုတဲ့ လူဟာ ဉာဏ်အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ။သူ့ရဲ့ ဉာဏ်ရည်နဲ့ လူအတော်အများကို ကူညီပေးပြီး စာပေတော်တော်များများ နှံ့စပ်သူ တစ်ယောက်ပါ။တနေ့မှာတော့ သူ ရထားပေါ်မှာ မိန်းကလေးတစ်ယောက်ကို လူဆိုးတစ်စုက ရမ်းကားရာကနေ ကယ်တင်ကူညီပေးရင်း သူ့မှာ ထူးဆန်းတဲ့ ဝက်ဝံရုပ်လေးတစ်ရုပ် ရခဲ့ပါတယ်။အဲ့ဒီဝက်ဝံရုပ်လေးဟာ စကားပြောလမ်းလျှောက်တတ်ပြီး သူ့ဆီကို အကူအညီတောင်းခံခဲ့ပါတယ်။ဝက်ဝံရုပ်လေးမှာ ရင်နင့်ဖွယ်ရာ ဇာတ်လမ်းလေးတစ်ခုရှိပြီး တစ်ဆက်တည်း အန္တရယ်များလွန်းတဲ့ပြဿနာကြီးတစ်ခုလည်းရှိနေတာကို သိလိုက်ရချိန်မှာတော့....သူတို့ ၂ယောက်အတူ ဘယ်လို ဖြေရှင်းရမလဲ၊ ဝက်ဝံရုပ်လေးရဲ့ ပြဿနာက ဘာလဲ.....ဇာတ်လမ်းလေးက သဘာဝလွန်ဖြစ်ရပ်ကို အခြေခံထားပေမဲ့ ပေါမနေဘဲတော်တော်ကြည့်လို့ကောင်းတဲ့ အိန္ဒိယ ကားတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Myint Thu & Nyi Koe တို့ပဲဖြစ်ပါတယ်... File Size : (2.5 GB) and (1.03GB) Quality :WEB-DL.1080P.HEVC,720P Format…mp4 Duration…02:16:00 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by ...
movie
Teddy(2021)
HEVC 1080p 5.1
7.1
Solo (2017)
Solo 2017-------------------------Solo (2017) ဟာ IMDb 7.1/10 ရထားတဲ့ Anthology Type Netflix Movie ဖြစ်ပါတယ်ဒီဇာတ်ကားမှာ ဇာတ်လမ်းတို လေးခုပါဝင်ပြီးတော့ဇာတ်လမ်းတစ်ခုချင်းစီမှာ အရှင်သီဝရဲ့ personality တစ်ခုချင်းစီရဲ့ ပုံရိပ်ကို ထင်ဟပ်ပြသထားတာပဲဖြစ်ပါတယ်Water Air Fire Earth ဆိုတဲ့ element လေးခုကိုပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်ချစ်ရသူဇနီးသည်ရဲ့ အမှတ်တရတွေကို တစ်သက်လုံးထမ်းပိုးရင်း နေထိုင်သွားတဲ့ ရှေခါဘာသာမတူတဲ့ချစ်သူနဲ့ ခက်ခက်ခဲခဲ ကြိုးစားပေါင်းဖက်ခဲ့ရပြီးမှ ဟန်းနီးမွန်းကာလမှာမှ သေကွဲကွဲရတဲ့ ဒေါက်တာထရစ်လော့အဖေကို သတ်ခဲ့တဲ့လူကို ပြန်လိုက်ရှာရင်း လက်စားချေဖို့ကြိုးစားခဲ့တဲ့ ဂိုဏ်းစတား ရှီဗာအရမ်းချစ်ရတဲ့ကောင်မလေးကို မဆုံးရှုံးချင်လို့ စိတ်လိုက်မာန်ပါပြုမူမိတဲ့ ဗိုလ်လေးရူဒရာလူငယ်လေးယောက်ရဲ့ အချစ်နဲ့ဘဝမှာ အနိမ့်အမြင့်အတက်အကျ နာကျင်မှုနဲ့ ဒေါသ ရောပြွမ်းမှုတို့ကိုကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးခုလုံးမှာ Dulquer Salmann တစ်ယောက်တည်းကပဲအဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာBejoy Nambiar က ရိုက်ကူးတင်ဆက်ထားပါတယ် Translated by : Jerrica Encoded by ...
movie
Solo (2017)
2017
4.3
Bhoomi (2021)
Bhoomi (2021)ဘူမီနာသန် ဟာ NASA ရဲ့ပထမဆုံး တမီးလ်လူမျိုး အာကာသယာဥ်မှူးဖြစ်ပြီး အင်္ဂါဂြိုလ်ပေါ်ကိုပထမဆုံးဆင်းသက်မယ့်စစ်ဆင်ရေးကို ဦးဆောင်သူဖြစ်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်ကို ဆင်းသက်ရုံတင်မကဘဲ အင်္ဂါဂြိုလ်ရဲ့ပတ်ဝန်းကျင်ကို လူသားတွေနေထိုင်နိုင်အောင် စိုက်ပျိုးရေးကိုသုံးပြီး ပြောင်းလဲဖို့အစီအစဥ်ရှိသူဖြစ်ပါတယ်။ ဘူမီဟာ အဲ့စစ်ဆင်ရေးမစခင် ခွင့်တစ်လရလိုက်တဲ့အခါ မိမိရဲ့မွေးရပ်ဇာတိရွာကလေးကို အလည်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရွာကိုရောက်တဲ့အခါဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့ပြန်တွေ့ခဲ့ပြီး ရွာဟာအများကြီးတိုးတက်ပြောင်းလဲတာတာကိုတွေ့ခဲ့ရပေမယ့် တစ်နေ့မှာပျက်စီးဆုတ်ယုတ်မှုတွေကိုလည်းတွေ့လိုက်ရပါတယ်။ဘူမီရဲ့ဦးလေးနဲ့တခြားလယ်သမားတွေရဲ့လယ်ယာစိုက်ခင်းတွေဟာ ပျက်စီးယိုယွင်းနေပြီး မြေအောက်ရေတွေကို ကုမ္ပဏီလုပ်ငန်းတွေကသုံးစွဲနေတာမို့ ရေရှားပါးမှုတွေဖြစ်လာပါတယ်။ လယ်သမားတွေဟာအာဏာပိုင်တွေကို အကူအညီတောင်းကြပေမယ့် လျစ်လျူရှုခံ၊ ဖိနှိပ်ခံနေကြရတာကို ဘူမီတွေ့လိုက်ရတဲ့အခါ လယ်သမားတွေရဲ့အခက်အခဲတွေပြေလည်ဖို့ကြိုးစားပါတော့တယ်။ ဘူမီဟာ သူ့ရဲ့ကြိုးစားမှုတွေကိုမလိုလားတဲ့ အာဏာပိုင်တွေကိုရင်ဆိုင်လာရကာ ဆုံးရှုံးမှုတွေကြုံတွေ့ရပြီး သူ့ရွာမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဟာ ထင်ထားတာထက် ကြီးမားနက်နဲနေတာကိုသိလိုက်ရပါတယ်။ သူ့ရွာနဲ့သူ့နိုင်ငံရဲ့ရှေ့ရေးအတွက် ဘူမီဟာ အိပ်မက်တွေကိုစတေးပြီး ကုမ္ပဏီလုပ်ငန်းထုတ်ကုန်တွေကို လယ်သမားတွေရဲ့သဘာဝစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အစားထိုးဖို့ကြိုးစားပါတော့တယ်။ ဒီကားဟာ စိုက်ပျိုးရေးနိုင်ငံတွေမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို ပေါ်လွင်အောင်သရုပ်ဖော်ထားပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသင့်ကြောင်း ဇွဲမလျှော့ဘဲ ကြိုးစားရင် ဘာမဆိုဖြစ်လာနိုင်ကြောင်း မက်ဆေ့ကောင်းကောင်းပေးထားတဲ့ အိန္ဒိယဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size… 1.2GB Quality….WEB-DL 720p Format…mp4 Duration….2hr 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... Pyi.T.Nyein Encoder ..... August
movie
Bhoomi (2021)
2021
8.1
Sathya (2017)
IMDb Rating (6.5) ရရှိထားတဲ့ တမီးလ်ဇာတ်ကားလေးပါ။ဆတ္တယာ(Sathya) ဟာ သြစတေးလျက အဆင့်မြင့်ကုမ္ပဏီတစ်ခုမှာ အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ အချစ်ရေးရာကိစ္စဆိုလို့ ဘာမှကိုစိတ်မဝင်စားတတ်တဲ့သူပါ။တစ်နေ့မှာတော့ အိန္ဒိယနိုင်ငံချင်နိုင်းမှာရှိနေတဲ့ သူ့ရည်းစားဟောင်းဖြစ်တဲ့ (Swetha) ဆွီသာ့ဆီကနေ အကူအညီတောင်းတဲ့ ဖုန်းအသံမက်ဆေ့တစ်ခုရပါတယ်။လွန်ခဲ့နှစ်လလောက်က ဆွီသာရဲ့ ငါးနှစ်အရွယ်သမီးလေးကို လူစိမ်းနှစ်ယောက်က ဖမ်းဆီးခေါ်သွားခဲ့တယ်လို့ ဆွီသာကပြောဆိုုပြီး သူ့သမီးလေးကို ပြန်ပြီးရှာပေးဖို့အတွက် အကူအညီတောင်းတာပါပဲ။ချန်နိုင်းမှာရှိနေတဲ့ ရဲတွေက ဒီအမှုကို ရေရေရာရာစုံစမ်းစစ်ဆေးတာမလုပ်ခဲ့ကြပဲ အမှုကိုပိတ်ပစ်လိုက်ကြပြီးတဲ့နောက် ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက်ဆိုတာ တကယ်မရှိတဲ့အကြောင်းနဲ့ဆွီသာ့အနေနဲ့ ထင်ယောင်ထင်မှာဖြစ်နေတာသာဖြစ်ပြီး စိတ်ရောဂါကုဆရာဝန်ဆီကို သွားတွေ့သင့်ကြောင်းကိုပဲ ရဲတွေက တုန့်ပြန်ကြပါတယ်။ဆွီသာရဲ့ အမျိုးသားဖြစ်သူနဲ့ အိမ်နီးချင်းတွေကိုယ်တိုင်ကလည်း ဆွီသာဟာ ကလေးမရနိုင်တဲ့သူဖြစ်တဲ့အကြောင်းနဲ့ ဒီလိုဖြစ်ပျက်နေတာဟာ ဆွီသာရဲ့စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်တဲ့အကြောင်း ဆတ္တယာကို ရှင်းပြကြပါတယ်။နောက်ပိုင်းမှာတော့ ဆတ္တယာ ကိုယ်တိုင်ကလည်း ဆွီသာ့ စကားတွေကို မယုံမကြည်ဖြစ်လာပြီးတဲ့နောက် ဆွီသာဟာ အထပ်မြင့်တိုက်တစ်ခုနေခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတော့တယ်။ဒါပေမယ့်… အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ချန်နိုင်းမြို့ရဲတပ်ဖွဲ့မှူး နဲ့ ရဲတပ်ဖွဲ့ဝင်တွေ…. ဆွီသာ့ရဲ့ အမျိုးသား နဲ့ ဆေးစွဲနေတဲ့ ...
movie
Sathya (2017)
2017