Channel Myanmar

Sasha Pieterse

The Image of You (2024)
The Image of You (2024)  ၂၀၂၄ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ လျှို့ဝှက်သည်းဖိုအပြင် ရိုမန်တစ်ဆန်တဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ identical twins ညီအစ်မဖြစ်တဲ့ အန်နာနဲ့ဇိုဝီကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတူပြီး သံယောဇဥ်လည်းရှိကြသော်လည်းမတူညီတဲ့ စရိုက်သွင်ပြင်လက္ခဏာတွေရှိတဲ့အန်နာနဲ့ ဇိုဝီ တို့ အမြွှာညီမရဲ့ အတိတ်ကအကြောင်းတွေကဘယ်လိုဖြစ်မလဲဆိုတာအပြင် ဒီဇာတ်ကားမှာဆိုရင်တော့ မင်းသမီး Sasha Pieterseရဲ့ မတူညီတဲ့ ဇာတ်ကောင်၂ခုကို ငြိမ့်ငြိမ့်လေးနဲ့ကွဲနေအောင်သရုပ်ဆောင်သွားပုံကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။တစ်ကားလုံးဇာတ်ရှိန်မပျက်ရ‌‌၊မပျင်းရအောင် ခေါ်ဆောင်သွားနိုင်စွမ်းရှိတဲ့ ဒီကားလေးကို Channel Myanmar ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။ File size…(1.7 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint
movie

The Image of You (2024)

Good Luck Chuck (2007)
Good Luck Chuck (2007)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆု‌တွေလည်းရရှိထားပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်‌ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေး‌ဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ‌ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီး‌တွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ...ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆို‌တော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေး‌တွေကလည်းချစ်ဖို့ကောင်းပါတယ်။ ...
movie

Good Luck Chuck (2007)

G.B.F. (2013) 5.9
G.B.F. (2013) G.B.F (2013) IMDb-5.9/10 ~Rotten tomatoes-80% 2013 တုန်းကထွက်ရှိခဲ့တဲ့ LGBTQA+++ လူငယ်ဆယ်ကျော်သက်အထက်တန်းကျောင်း ဟာသဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တန်နာကရုပ်ပြစာအုပ်ဂိတယောက်ဖြစ်ပြီး သူတက်နေတဲ့North Gateway အထက်တန်းကျောင်းမှာသူသိတဲ့ ဂေးဆိုလို့ သူနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဘရန့်နှစ်ယောက်ပဲရှိပါတယ်။သူတို့နှစ်ယောက်က ဂေးနေကြောင်းကို ဖွင့်ချမပြရသေးပဲအချိန်တခုကိုစောင့်နေကြတာပါ။ဒီအချိန်မှာပဲ ဂျီဘီအက်ဖ် (Gay Best Friend) ဆိုတဲ့ဂေးတယောက်ကို အခင်ဆုံးသူငယ်ချင်းအဖြစ်ထားတဲ့ကိစ္စကရေပန်းစားလာနေခဲ့ပြီး ဂေးမရှိသလောက်ကိုဖြစ်နေတဲ့North Gateway ကျောင်းမှာ နာမည်ကြီး တဲ့အုပ်စုကြီးသုံးခုရဲ့ခေါင်းဆောင်သုံးယောက်ဆီကိုပါ ရောက်လာပါတော့တယ်။ဘရန့်ကတော့ သူကဂေးနေကြောင်းပွင့်ချလိုက်ပြီးကျောင်းကပွဲမှာသူတို့နဲ့အတူတက်ဖို့အတွက်ခေါင်းဆောင်မလေး သုံးယောက်ကဝိုင်းလုတာကိုခံဖို့ စီစဉ်ထားတာပါ။ဒါပေမဲ့ မထင်မှတ်ပဲ ဂိုင်ဒါဆိုတဲ့ ဂေးတွေအချင်းချင်းဆက်သွယ်ဖို့သုံးတဲ့အက်ပ်ကနေတဆင့် တန်နာက ဂေးဆိုတာကို သိသွားကြပြီး ကျောင်းကပွဲမှာကွင်းဖြစ်ဖို့အတွက် အုပ်စု သုံးခုရဲ့ ခေါင်းဆောင်သုံးယောက်လုံးကတန်နာကို ဂျီဘီအက်ဖ်အနေနဲ့ အတင်းထားလိုက်ပါတော့တယ်။ဒီလိုနဲ့ တန်နာနဲ့ ဘရန့်တို့ သူငယ်ချင်းနှစ်ယောက်ကြားမှာတင်းမာသွားခဲ့ကြပြီး ကျောင်းကပွဲညကိုမရောက်ခင်ဘယ်လိုတွေဖြစ်ကြမလည်း ဘယ်သူတွေရောကျောင်းကပွဲရဲ့ ကင်းနဲ့ ကွင်းဖြစ်သွားမလည်းဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။လိင်ပိုင်းဆိုင်ရာအသုံးအနှုံးနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့်ကလေးသူငယ်တွေတော့မကြည့်ရှုသင့်ပါဘူးဗျ။ File size…  1.90 GB /  938 ...
movie

G.B.F. (2013)

2013
The Adventures of Sharkboy and Lavagirl (2005)
The Adventures of Sharkboy and Lavagirl (2005) The Adventures of Sharkboy and Lavagirl (2005)ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို ...
movie

The Adventures of Sharkboy and Lavagirl (2005)

2005
Ivy + Bean: The Ghost That Had to Go (2022) 5.7
Ivy + Bean: The Ghost That Had to Go (2022) Ivy + Bean (2022) နက်ဖလစ်က ကလေးတွေကို ပြဖို့ တားဂတ်ထားပြီး ထုတ်ထားတဲ့ရုပ်ရှင်ပါ။ ၆နှစ်ကလေးတွေကစပြီး အရွယ်မရွေးကြည့်လို့ရပါတယ်။ ၄ ၅နှစ်လည်း ရတော့ရတယ် ဆိုပါတယ။ ဇာတ်ကလည်း Ivyနဲ့ Beanဆိုတဲ့ ကလေး၂ကောင် ကျောင်းမှာ တိုင်ပတ်ကြတဲ့အကြောင်းပါ။ စာသင်ခန်းထဲက ကလေးတွေရဲ့ အခြေအနေနဲ့ စူးစမ်းချင်စိတ် သိချင်စိတ်အပြည့်နဲ့ လက်ကမျဉ်းထကြတဲ့ ကလေးတွေ ဘာတွေကြုံလာနိုင်လဲ ပြထားတဲ့ ပညာပေးရုပ်ရှင်လေးပါ ။ ivy နဲ့ beanနဲ့ရဲ့ ဖရန့်ရှစ်ကို ကလေးတွေကြည့်မိပြီး အတုယူနိုင်အောင်လည်း ပြပေးထားပုံပါပဲ။ ကလေးတွေကြည့်ဖို့ ရိုက်ထားတဲ့ကားပေမဲ့ ခေတ်နဲ့အညီ ကလေးတွေရဲ့ လွတ်လပ်ခွင့်ကို ပိုအသားပေး ရိုက်ကူးထားပါတယ်။File Size__(600MB) Quality__720p IMDb Rating__5.7/10 Format__mp4 Duration__01:00:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt
movie

Ivy + Bean: The Ghost That Had to Go (2022)