Channel Myanmar

Sarianne Cormier

Frontiers (2023) 5.6
Frontiers (2023)  ကိုယ်ချစ်ရတဲ့လူတွေ လောကကြီးထဲကထွက်ခွာသွားရရင်သူတို့မရှိတော့တာကိုစိတ်ထဲကသိနေပေမဲ့ မသိစိတ်ထဲမှာသူတို့ကိုဆက်ရှိနေစေချင်သေးတဲ့ အခါမှာတော့ ထင်ယောင်ထင်မှားတွေဆိုတာဖြစ်လာတတ်ပါတယ်။အခုတင်ဆက်ပေးမဲ့ IMDb Rating 5.6 ရရှိထားတဲ့Frontiers ဆိုတဲ့ဇာတ်ကားလေးမှာလည်းအဲ့လိုအစွဲအလမ်းကြီးမှုတွေကို ဒရာမာ သည်းထိပ်ရင်ဖိုလေးတွေနဲ့ပေါင်းစပ်ပြီးရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီရန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က စိုက်ပျိုးမွေးမြူရေးခြံကြီးတစ်ခုမှာ သမီးလေးနဲ့အတူ နေထိုင်နေသူဖြစ်ပါတယ်။ဒါပေမယ့် သိပ်မကြာခင်ကပဲ သူမရဲ့အဖေဆုံးပါးသွားတာကြောင့်စိတ်ဒဏ်ရာတွေကို ခံစားနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။အိမ်မှာ တစ်ခါတစ်လေ တကယ်မရှိတဲ့အရာတွေကိုမြင်နေတွေ့နေကြားနေရပြီး အဖေဖြစ်သူပြန်လာတယ်လို့ထင်နေတဲ့အတွက် သူ့ညီမတွေက သူ့ကိုအကူအညီပေးဖို့အတွက် သူတို့ကိုပစ်ပြီးဖလော်ရီဒါကို ထွက်သွားတဲ့အမေဖြစ်သူကို လှမ်းခေါ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ အမေဖြစ်သူရောက်လာပြီး သေတမ်းစာကိစ္စတွေဘာတွေစီစဉ်ပြီးသူတို့နဲ့ ရက်ပိုင်းလောက် အတူတူနေပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီကြားထဲမှာ အမေရိကန်ထောင်ကနေလွတ်မြောက်လာတဲ့ ထောင်သားနှစ်ယောက်ကသူတို့နေထိုင်ရာ ကနေဒါနယ်စပ်ကို ဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေလဲကြားနေရတဲ့အခါမှာ ဒီရန်းတစ်ယောက်ကြုံတွေ့နေရတာတွေက သူ့စိတ်ကူးတွေလား တကယ့်အဖြစ်အပျက်တွေလားဆိုတာကို ကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.19GB / 532MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Frontiers (2023)

Humanist Vampire Seeking Consenting Suicidal Person (2023) 7.2
Humanist Vampire Seeking Consenting Suicidal Person (2023) Humanist Vampire Seeking Consenting Suicidal Person (2023)~ IMDb - 7.2/10, Rotten Tomatoes - 82% ~"ရိုးရှင်းခြင်း၌ အလှတရားရှိ၏" တဲ့။အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို‌ လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ဒီကားရဲ့ ...
movie

Humanist Vampire Seeking Consenting Suicidal Person (2023)

2023
The Twentieth Century 2019 6.9
The Twentieth Century 2019 ဝေါတာဖီဒင်းနဲ့ သူချစ်သူ ဂန္ဓဝင်ဂီတပညာရှင် အန်နာခရိုလေတို့ဟာ အတော်ချစ်ကြတဲ့ စုံတွဲတွေပါ။ တစ်ရက်မှာတော့ ဝေါတာရဲ့အဖေက သူတို့ရဲ့ ဂီတလုပ်ဖော်ကိုင်ဖက်တွေဆီကနေ ငွေသန်းချီဘက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ရှိသမျှအကြွေးတွေက ဝေါတာ့အပေါ် အကုန်ပုံကျသွားတဲ့ သဘောပါပဲ။ ကံကဆိုးချင်တော့ နောက်နေ့မှာပဲ သူတို့နေတဲ့ အိမ်က အိမ်ရှင်ပြန်ရောက်လာပြီဖြစ်တဲ့အတွက် အိမ်ကနေ ဆင်းပေးရမယ် ဖြစ်လာပါတယ်။ အိမ်ရှင်ကလည်း တခြားသူမဟုတ်ပါဘူး။ အန်နာရဲ့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ ဒီလို အခြေအနေဆိုးတွေ ဖြစ်လာတဲ့အခါ ဝေါတာက အိမ်တစ်လုံး အမြန်ရဖို့ စုံစမ်းတာကနေ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးကို ဒေါ်လာနှစ်သိန်းတည်းနဲ့ အချောင်ရဖို့ အကွက်တွေ့လာပါတယ်။ ဒီအတွက် သူတို့စုံတွဲနှစ်ယောက် အမျိုးမျိုး အဖုံဖုံ လှည့်ပတ်ချေးကြရင်းကနေ အိမ်ကို ဝယ်ဖြစ်သွားပါတော့တယ်။ အဲဒီလိုဝယ်ပြီးကာမှပဲ ဒီအိမ်ကြီးက ငွေမျိုနေတဲ့ကျွင်းကြီး ဖြစ်မှန်းမသိ ဖြစ်လာတာကို ဟာသဆန်ဆန် ရိုက်ကူးပြထားတဲ့ ဒရာမာဇာတ်လမ်းလေးအဖြစ် ကြည့်ရှူရမှာ ဖြစ်ပါတယ်။ File Size   ...
movie

The Twentieth Century 2019