Channel Myanmar

Sarah Steele

Song One (2014) 5.8
Song One (2014)  သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 26m Genre ...
movie

Song One (2014)

You Hurt My Feelings (2023) 7
You Hurt My Feelings (2023) You Hurt My Feelings (2023)~ IMDb - 7/10, Rotten Tomatoes - 95% ~တစ်ခါတလေမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် သုံးလိုက်တဲ့မုသားတွေက အဲဒီလူတွေကို နာကျင်စေတတ်ပါတယ်။ ဒီကားကတော့ ယုံကြည်မှု၊ မုသားတွေနဲ့ ချစ်ရတဲ့သူတွေကို ပြောတတ်တဲ့အကြောင်းအရာတွေအကြောင်းရိုက်ထားတာပါ။ဘက်နဲ့ ဒန်တို့ လင်မယားမှာ အယ်လီရော့ဆိုတဲ့ သားတစ်ယောက်ရှိပြီး သူတို့ စုံတွဲက နှစ်တွေကြာတဲ့ထိ အချစ်မပြယ်ဘဲနေခဲ့ကြပါတယ်။ ဘက်က စာရေးဆရာမဖြစ်ပြီး ဒန်ကတော့ ကုထုံးဆရာ၀န်ပါ။ ဘက်မှာ ဆာရာဆိုတဲ့ ညီမတစ်ယောက်လည်းရှိပါတယ်။ သူက အိမ်တွင်းအလှဆင်တဲ့သူပါ။ ဘက်ရဲ့ အရင်စာအုပ်တစ်အုပ်က နာမည်ကြီးခဲ့ပြီး လက်ရှိနောက်တစ်အုပ်ထုတ်ဖို့လုပ်တဲ့အချိန်မှာ အေးဂျင့်က သဘောမကျပါဘူး။ ဒန်ကတော့ သဘောကျတယ်ပဲပြောပါတယ်။ ဘက်က ဒန်ပြောတာကို ယုံပါတယ်။ဒန်ကလည်း သူ့အလုပ်မှာအဆင်မပြေတာတွေကြုံရပြီး ဆာရာတို့လင်မယားကလည်း ကိုယ်စီ အလုပ်မှာ စိတ်မောစရာတွေရှိနေကြပါတယ်။ ဆာရာရဲ့ခင်ပွန်းမက်က ပြဇာတ်သရုပ်ဆောင်ဖြစ်ပြီး အလုပ်ပြုတ်သွားပါတယ်။ကံဆိုးတာက တစ်ရက်မှာ ဒန်နဲ့ ...
movie

You Hurt My Feelings (2023)

2023
Last Kind Words (2012) 4.8
Last Kind Words (2012) Last Kind Words (2012) ================= Horror, mysteryစိတ်ဝင်စားစရာ အပြည့်နဲ့ Horror ကားဟောင်းလေးဖြစ်ပါတယ်။ အီလိုင်ဆိုတဲ့ ကောင်လေးတို့ မိသားစုဟာ ကန်တက်ကီနယ်မြေက မြို့ငယ်လေးကိုပြောင်းလာ ခဲ့ပါတယ်။ သူတို့ပြောင်းလာတဲ့အိမ်က အမေရိကန်ပြည်တွင်းစစ်ပွဲကြီးဖြစ်ခဲ့ပြီး လူမည်းကျွန်များစွာကို ကြိုးပေးခဲ့တဲ့ခြံကြီးပါ။ အီလိုင်က အထီးကျန်တိုင်းတော ထဲကို သွားလေ့ရှိတယ်။ သူ့နားမှာလည်း အမန်ဒါဆိုတဲ့ မိန်းကလေးတစ်ယောက်က အမြဲရှိနေတဲ့အတွက် အမန်ဒါနဲ့ခင်သွားပါတယ်။တကယ်တော့ အမန်ဒါက လွန်ခဲ့တဲ့နှစ်(၅၀)လောက်က သူတို့ခြံထဲမှာပဲ ကြိုးပေး ခံခဲ့ရတဲ့ ကောင်မလေးဖြစ်ပြီး အီလိုင်ရဲ့အဖေနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ မကျွတ် လွတ်သေးတဲ့ အမန်ဒါနဲ့ သူ့ရဲ့လူ့ဘဝက ဇာတ်လမ်းကို အီလိုင်သိသွားတဲ့အခါ ဘ တွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.3 GB) / (550 MB) / (344 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thiha Yan Naing Encoder..........SWM
movie

Last Kind Words (2012)

2012
The To Do List (2013) 5.8
The To Do List (2013) ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းကလောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီးအဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက်ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီးကြွေသွားမိသွားပါတော့တယ်။ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်ကရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီးသူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့်ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြားဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော်   File size…  1.75 GB /  874 MB Quality… Blu-Ray 1080p / ...
movie

The To Do List (2013)

Viena and the Fantomes(2020) 5.0
Viena and the Fantomes(2020) Viena and the Fantomes(2020)ဒီဇာတ်လမ်းကတော့ ၁၉၈၀ခုနှစ်များအကျော်က The Fantomes ဆိုတဲ့လမ်းပေါ်မှာနေလမ်းပေါ်မှာအိပ် နယ်လှည့်ဖျော်ဖြေပွဲတွေသွားပြီး Punkဂီတအသစ်ပုံစံတစ်ခုကို ပရိတ်သတ်တွေကိုချပြကာအောင်မြင်မှုရဖို့ကြိုးစားနေတဲ့ Bandတစ်ခုရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်...ဗီယာနာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီအဖွဲ့ရဲ့ပရိတ်သတ်ဖြစ်တဲ့အတွက် သူတို့နဲ့နီးနီးကပ်ကပ်နေနိုင်ဖို့အဖွဲ့ရဲ့ဖျော်ဖြေပွဲတွေမှာ လက်တိုလက်တောင်းလုပ်ပေးရတဲ့အလုပ်သမားနေရာကို မရရတဲ့နည်းနဲ့ဝင်ခဲ့ပါတယ် ...အဲ့ဒီလို ဝင်လိုက်ပြီးနောက် သူမ ဘဝအလှည့်အပြောင်းတွေစကြုံတွေ့တော့ပါပဲ...ဘယ်လိုသူမကြုံတွေ့ရမလဲ....ဘဝဟာ သူမ ထင်ထားတာထက်ခက်ခဲနေမလား....... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက MarTizasပါ...File Size : (980 MB) and (380 MB) Quality : WEB-DL720p Format…mp4 Duration…01:36:00 Genre : Music , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie

Viena and the Fantomes(2020)

Permission(2017) 5.3
Permission(2017) Permission(2017) (ဒီကားက ၁၈+ ဆန်ဆန်ပညာပေးကားမို့ အရွယ်ရောက်သူများသာကြည့်စေလိုပါသည်) ဝီလျံနဲ့အန်နာတို့စုံတွဲဟာ ဆယ်စုနှစ်များစွာတွဲလာခဲ့ကြတယ် ချစ်သူစုံတွဲဖြစ်ပါတယ်။ ပျော်ရွှင်စွာအတူတကွနေလာခဲ့ကြပြီး အန်နာရဲ့အသက်၃၀ပြည့်မွေးနေ့မှာမထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မွေးနေ့မှာဝီလျံရဲ့ သူငယ်ချင်းက အရက်မူးမူးနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးဝေဖန်အကြံပြုခဲ့ပါတယ်။ သမရိုးကျ သစ္စာရှိရှိချစ်ကြိုက်ပြီး အချိန်တန်လက်ထပ်ကြတာဟာငြီးငွေ့ဖွယ်ဖြစ်ကြောင်း အတွေ့အကြုံအသစ်အဆန်းရှာဖွေသင့်ကြောင့း် အခြားသူများနဲ့အတူတူအိပ်ဖို့အထိပါအကြံပေးခဲ့ပါတယ်။ သူကမူးမူးနဲ့စနောက်ခဲ့တာဖြစ်ပေမယ့် သူပေးတဲ့အကြံကို ဝီလျံနဲ့အန်နာတို့ကလက်ခံပြီး အချစ်အတွေ့အကြုံသစ်တွေကိုရှာဖွေခဲ့ရာမှ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဆက်လက်ခိုင်မြဲမလား ဘယ်လိုအခြေအနေတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလိင်တူချစ်သူစုံတွဲရဲ့ဇာတ်ထုပ်ကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စားစရာပါ။Sex & Nudity တွေ အတော်များများပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း အကြံပြုပါရစေ... File Size : (850 MB) and (300 MB) Quality : WEB-DL 720p, Format…mp4 Duration…01:36:00 Genre :  Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae 
movie

Permission(2017)

2017