Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sarah Drew
6.9
Radio (2003)
ဘောလုံးအသင်းကို မိန်းမနဲ့ကလေးထက် ပိုပြီးတော့ ဦးစားပေးတဲ့ နည်းပြဟာရိုးဂျုံး၊ တစ်ရက်မှာ နည်းပြဂျုံးရဲ့ အသင်းသားတွေက ဉာဏ်ရည်မမှီတဲ့ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ရာကစလို့ သူ့ကို ကူညီပေးခဲ့ပါတယ်။ စစချင်းတွေ့တဲ့အချိန်မှာ ကောင်လေးဟာ စကားတောင် မပြောရဲဘဲ ကြောက်နေတဲ့အတွက် ရေဒီယိုတွေကိုချစ်တဲ့သူ့ကို ရေဒီယိုဆိုပြီးနာမည်ပေးရာကနေ အမည်တွင်ခဲ့ပါတော့တယ်။ရေဒီယိုလေးကို ကြည့်ပြီး ကူညီပေးချင်တဲ့ နည်းပြဂျုံးဟာ ရေဒီယိုကို ဘေးကနေ အဖော်လုပ်ပေးရင်း သူ့ကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ရင်းနဲ့ လူပေါင်းဆံ့လာပါတော့တယ်။ ဒီလိုနဲ့ နည်းပြဂျုံးနဲ့ ရေဒီယိုတို့ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်သွားကြမလဲ ..... ရေဒီယိုလေးဟာရော နည်းပြဂျုံးရဲ့ အကူအညီကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Football, Biography, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Radio (2003)
7.4
Branching Out (2024)
Branching Out (2024) =================Branching out ရုပ်ရှင်ကားလေးဟာဆိုရင် IMDb 7.4 ရရှိထားတဲ့ family type အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဆင်ဂယ်အမေတစ်ယောက်ဖြစ်တဲ့ အမ်မလီရာဟာ သမီး လေးကို ဘယ်လိုပျိုးထောင်မယ် သမီးလေးရဲ့ ကျောင်းပ ရောဂျက်အတွက် ဖခင်အရင်းကို ဘယ်လိုရှာပုံတော်ဖွင့်မ လဲဆိုတာကို ကြည့်ရမှာပါ။ဒီဇာတ်ကားလေးမှာ အချစ်၊ ယုံကြည်မှုနဲ့ မိသားစုရဲ့ တကယ့် အဓိပ္ပာယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည်နူးစရာကောင်း ပြီးတော့ မိသားစုနဲ့အတူကြည့်ဖို့သင့်တော်တဲ့ ဇာတ်ကားကောင်း လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ချစ်သူတို့ လက်မ လွှတ်ပဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ရ ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KK ဖြစ်ပါတယ်)File Size..........(1.62 GB) / (897 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 52Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family, Romance Translator.......KK Encoder..........SWM
movie
Branching Out (2024)
2024
5.8
Birthright: Outlaw (2023)
ဇာတ်လမ်းနာမည်က "ရာဇဝတ်သားအမွေခံ"...။ဆိုလိုချင်တာက တစ်ခါရာဇဝတ်သားဖြစ်ဖူးရင်၊ ရာဇဝတ်မျိုးရိုးပါရင်အမြဲပဲ ရာဇဝတ်သားဖြစ်နေမှာ...အတိတ်ကို မေ့ထားလို့သာရမယ် ဖျောက်ဖျက်ငြင်းပယ်မရတဲ့အမွေအနှစ်ကြီးပေါ့....။ဒီလိုအဓိပ္ပာယ်လေးနဲ့ ဇာတ်အိမ်တည်ထားတဲ့ Western Dramaလေးပါ...။ဇာတ်လမ်းအကျဥ်းကတော့ သင်းအုပ်ဆရာဖခင်တစ်ယောက်၊ အိမ်ရှင်မဇနီးသည်နဲ့သမီးလေးတို့ မိသားစုသုံးယောက်သား အမေရိကန်အနောက်တိုင်းဘဝအတိုင်းအေးအေးချမ်းချမ်းနေကြတယ်ပေါ့...။တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး သမီးဖြစ်သူကို လူတစ်စုကပြန်ပေးဆွဲဖမ်းခေါ်သွားပါတယ်...။ကြံရမရတဲ့ သင်းအုပ်ဆရာနဲ့ ဇနီးသည်ဟာ ဒီအမှုကို တိုင်တန်းရင်းနဲ့မှအဖုံးဖုံးအဖိဖိ ထားခဲ့တဲ့ အတိတ်တွေက ပြန်ပေါ်လာပါတယ်...။ဒီရာဇဝတ်အမွေခံအတိတ်ကိုရော အသစ်ပြန်စလို့ရနိုင်မလား...၊သူတို့ရင်ဆိုင်ရမယ့် လျှို့ဝှက်ဂိုဏ်းကဘာဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.39GB / 654MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 41m Genre ….. Drama , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Birthright: Outlaw (2023)
Guiding Emily (2023)
Guiding Emily ဆိုတဲ့စာအုပ်လေးကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb 7.8 အထိရရှိထားတဲ့အပြင် ကြည့်ရှုနှုန်းတွေဆက်တိုက်တက်နေတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ် ခွေးလေးတွေက လူတွေရဲ့အကောင်းဆုံးအဖော်အဖြစ်သတ်မှတ်ခံထားရတာပါ ကူညီပေးတတ်ပြီးနာခံတတ်တဲ့ခွေးလေးတွေကို လူတွေကအိမ်မွေးတိရိစ္ဆာန်အဖြစ်အပြင် မျက်မမြင်နဲ့မသန်စွမ်းတွေကို ကူညီပေးဖို့အတွက်လည်းမွေးတတ်ကြပါသေးတယ် ဒီဇာတ်လမ်းလေးကတော့ ဂါ့သ်ဆိုတဲ့ခွေးလေးရဲ့အိပ်မက်ဖြစ်တဲ့ မျက်မမြင်လမ်းပြခွေးဖြစ်လာပုံနဲ့ သူချစ်ရတဲ့သူနဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အမ်မလီရဲ့ဘဝဟာအရာရာပြည့်စုံနေခဲ့ပြီး သူကပျော်ပျော်ပါးပါးအလုပ်လုပ်ရင်း စွန့်စားရတာကိုလည်းကြိုက်တဲ့သူတစ်ယောက်ပါ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့်အမ်မလီဟာ မျက်စိကွယ်သွားခဲ့ရပြီး သူ့ဘဝကြီးကလည်းဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို စိတ်ဓာတ်တွေလည်းအောက်ဆုံးထိထိုးကျသွားရပါတော့တယ် ဒါပေမဲ့ ချစ်ရတဲ့သူတွေကဘေးမှာရှိနေပေးပြီး အားပေးကြတာကြောင့်အမ်မလီတစ်ယောက် ကြိုးစားရုန်းကန်ရင်း သူ့ရဲ့ဘဝလေးကိုဘယ်လိုဖြတ်သန်းမလဲ ဂါ့သ်ကရော သူချစ်ရတဲ့ကောင်မလေးအမ်မလီနဲ့ဘယ်လိုဆုံတွေ့ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.8 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Drama, romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Guiding Emily (2023)
8.1
Front of the Class (2008)
Front of the Class (2008)"Hichki" ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။ အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်က လူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။ သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာ မိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။ အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။ ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊ သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။ သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ...
movie
Front of the Class (2008)
2008
6.9
Reindeer Games Homecoming (2022)
Reindeer Games Homecoming (2022)ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် လစ်ဟာနေတဲ့ကွက်လပ်ကိုဖြည့်ဖို့အတွက် သူ့အဖေချစ်တဲ့ ကစားပွဲတွေကို အားကြိုးမာန်တက် ဆက်ဆော့ပြီး မြို့အတွက် ရန်ပုံငွေရှာပေးနေတဲ့ ကောင်မလေးမက်ခ်ဟာ တစ်နေ့မှာတော့ ကိုယ်ဝန်သည်အစ်မကို ကူညီပေးဖို့မြို့ကိုပြန်ရောက်လာတဲ့ သူ့အထက်တန်းကျောင်းတုန်းက ခရက်ရှ်လည်းဖြစ်၊ ငယ်သူငယ်ချင်းဟောင်းလည်းဖြစ်တဲ့ စူပါစတားနဲ့ပြန်ဆုံတွေ့ပြီး ခရစ္စမတ်မှာ ရန်ပုံငွေရှာတဲ့ပွဲအတွက် အတူတူဆော့ရင်းနဲ့ အတိတ်ကအနာဟောင်းကို ပြန်ဆွမိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ။မက်ခ်ဟာ ဆရာဝန်ဖြစ်ဖို့ရည်မှန်းချက်နဲ့ ငယ်ငယ်ကတည်းက အရမ်းကြိုးစားခဲ့ပြီး ဉာဏ်လည်းအရမ်းကောင်းပေမယ့် ဘာလို့ ဆရာဝန်အလုပ်မလုပ်ဘဲ အထက်တန်းကျောင်းမှာ ဆရာမဝင်လုပ်နေရတဲ့အကြောင်းအရင်းကရော ဘာကြောင့်ဖြစ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးခရစ္စမတ်ကားလေးကြည့်ပြီး ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 747MB | 359MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August
movie
Reindeer Games Homecoming (2022)
2022