Channel Myanmar

Sarah Clarke

Thirteen (2003)
Thirteen (2003) IMDb rating- 6.8/10 Award - 14wins & 49nominations ဒီကားလေးကတော့ နာမည်အတိုင်းပဲ ၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက်အကြောင်းကိုရိုက်ထားတဲ့ ဒရာမာကားလေးပါ။ မြီးကောင်ပေါက်အရွယ်တွေက သစ်ရွက်လှုပ်ရင်တောင် စိတ်လှုပ်ရှားတတ်တဲ့အရွယ်တွေဖြစ်ပြီး မိုက်ရူးရဲဆန်တတ်ကြတဲ့အရွယ်ပါ။ထရေစီက အစတုန်းတော့ စာတော်ပြီးလိမ္မာတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူနဲ့အတူနေတာပါ။ ကျောင်းမှာ အီဗီဇိုမိုရာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ပေါင်းမိပြီး နောက်မှာတော့ အလစ်သုတ်တာ ခိုးတာ ဆေးသုံးတာနဲ့ လိင်ကိစ္စတွေကိုပါ အစုံလုပ်လာခဲ့ပါတယ်။ ဒီကားလေးက လက်တွေ့ဆန်ပြီး တချို့ဇာတ်၀င်ခန်းတွေက တော်တော်disturbing ဖြစ်ပါတယ်။သရုပ်ဆောင်နှစ်ယောက်ကလည်း အဲဒီအချိန်မှာ ၁၄နှစ်သာရှိကြပါသေးတယ်။ ပြီးတော့ အီဗီအဖြစ်သရုပ်ဆောင်တဲ့ Nikki Reedက ဒီကားဇာတ်ညွှန်းကို co-writerအဖြစ် ပါ၀င်ရေးသားထားပြီး သူ့ဘ၀တစ်စိတ်တစ်ပိုင်းကိုထည့်ရေးသားထားတာပါတဲ့။ ဆုတွေလည်းအများကြီးရထားတဲ့အပြင် အော်စကာဆုတစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ထားပါသေးတယ်။ (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေနဲ့ကိုယ်လုံးတီးဇာတ်၀င်ခန်းအချို့ကြောင့် Rated-Rအမျိုးအစားဖြစ်ပါတယ်။)File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama,   Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe ...
movie

Thirteen (2003)

Women in Trouble (2009) 5.8
Women in Trouble (2009) Women in Trouble ဇာတ်ကားလေးကတော့ 2009 ခုနှစ်မှာ Director,Writer: Sebastian Gutierrez ရိုက်ကူးထားတဲ့ Comedy,Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့ နာမည်ကြီးမင်းသမီး ၆ ယောက်အထိ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပုံမှန်ဇာတ်ကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်အိမ်ထူးဆန်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။IMDb Rating ကလည်း 5.8 ရရှိထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အမျိုးမျိုးသော မိန်းကလေးတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာအမျိုးမျိုး နဲ့ ဘဝနေထိုင်မှု့ပုံစံတွေကိုဟာသဆန်စွာ အချိတ်အဆက်မိစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Porn Star,A flight Attendant မှအစ အနှိပ်သည်မိန်းကလေးတွေအထိပါမကျန် သူတို့ရဲ့ဘဝတွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့အပြင် ပေးချင်တဲ့ messageကိုပါ တစ်ပါတည်းပေးသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(950 MB) and (300 MB) Quality…BR-Rip 1080p Format…mp4 Duration….01:35:22 Subtitle….Myanmar Subtitle (Hardsub) Translated by CM Team Encoded by Naing Aung Latt
movie

Women in Trouble (2009)

2009