Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sarah Burns
5.6
Unfrosted (2024)
မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie
Unfrosted (2024)
7
I Love You, Man (2009)
I Love You, Man (2009)~ IMDb - 7/10, Rotten Tomatoes - 83% ~ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် "သားကြီး" တွေပေါ့ဗျာ။ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ...
movie
I Love You, Man (2009)
2009
7.0
Enough Said (2013)
Genre – Comedy, Romance, Drama IMDB – 7.0/10အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်းထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုကဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲလက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်းကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထားတာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီသမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ်သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက်ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်ကအဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်းကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်းစာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ်ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ်အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမဆိုသူက ကိုယ်နှိပ်ပေးနေကြ ...
movie
Enough Said (2013)
6.5
Life As We Know It(2010)
ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေနဲ့ ဟာသဆန်ဆန် မတည့်အတူနေ ဇာတ်လမ်းမျိုးကို စိတ်ဝင်စားပါသလား... ဒီလိုဆိုရင်တော့...Josh Duhamel နဲ့ Katherine Heigi တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Greg Berlanti ရိုက်ကူးတင်ဆက်ထားတဲ့ "Life as we know it" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ အဲရစ်မက်ဆာနဲ့ ဟောလီဘာရမ်ဆန် တို့နှစ်ဦးဟာ အချစ်ဆုံးသူငယ်ချင်းစုံတွဲရဲ့ မိတ်ဆက်ပေးမှုကြောင့် blind date လုပ်ခဲ့ကြပေမယ့် အချင်းချင်းမုန်းတီးစွာနဲ့ လမ်းခွဲခဲ့ကြပါတယ်။သူငယ်ချင်း နှစ်ဦး ကားမတော်တဆမှုနဲ့ ရုတ်တရက်ဆုံးပါးသွားတဲ့အခါ သူတို့နှစ်ဦးရဲ့ ဘဝဟာလဲ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရ ပါတော့တယ်။ ကျန်ရစ်သူ တစ်နှစ်အရွယ်သမီးလေး ဆိုဖီကို သူငယ်ချင်းစုံတွဲရဲ့ စံအိမ်ကြီးမှာထိန်းကျောင်းရင်း အတူနေထိုင်ဖို့ ဖြစ်လာရာက မက်ဆာနဲ့ ဟောလီတို့နှစ်ယောက် သံယောဇဥ်ကြိုးတွေ နှောင်ဖွဲ့သွားကြမှာလား...မိသားစုတွေ တကွဲတပြားဖြစ်ကြဦးမလားဆိုတာကိုတော့...ရသပေါင်းစုံပါဝင်တဲ့ ရုပ်ရှင်လေးကြည့်ရင်း အပန်းဖြေကြပါစို့။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကို Thae Suu မှ တင်ဆက်ထားပါတယ် ...
movie
Life As We Know It(2010)
6
Werewolves Within (2021)
Werewolves Within (2021)[Subtitle Error Fixed]~ IMDb - 6/10, Rotten Tomatoes - 86% ~ " လူတိုင်းက လ လိုပဲ။ လူတိုင်းမှာ ဘယ်သူမှ မမြင်ရတဲ့ အမှောင်ဘက်ခြမ်းတစ်ခုရှိတယ်။ " - Mark Twain၂၀၂၁ ထွက် Horror, Comedy ဇာတ်ကားလေးပါ။ Werewolves Within ဆိုတော့ Cherokee အင်ဒီးယန်းလူမျိုးစုရဲ့ စကားပုံလေးလိုပေါ့။ ကျွန်တော်တို့ စိတ်အတွင်းမှာ ဝံပုလွေနှစ်ကောင်ရှိတယ်။ တစ်ကောင်က ကောင်းတယ်။ တစ်ကောင်ကဆိုးတယ်။ ခင်ဗျားအစာကျွေးတဲ့ ကောင်က နိုင်သွားလိမ့်မယ်တဲ့။ ဒီဇာတ်ကားမှာ ဇာတ်ကောင်တွေရဲ့ ဝံပုလွေတွေ ထွက်လာပြီး အချင်းချင်း ကိုက်ဖြတ်ကြတာကို တွေ့ရပါလိမ့်မယ်။သဘောကောင်းလွန်းလို့ ရည်းစားဖြတ်ခံလိုက်ရတဲ့ ရိန်းဂျား ဖင်း တစ်ယောက် နယ်မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ နယ်မြို့လေးတွေရဲ့ ထုံးစံအတိုင်း ဒေသခံတွေက တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ကြတာပေါ့။ ...
movie
Werewolves Within (2021)
2021
7.3
Desperados (2020)
ဒီတစ်ခါတော့ Netflix ကနေ ဇူလိုင်လ (၃)ရက်နေ့ ပူပူနွေးနွေး ထုတ်လွှင့်ပြသထားတဲ့ ဇာတ်လမ်းတစ်ခုကို တင်ဆက်ပေးပါရစေ။ Desperados ဆိုတဲ့ ဇာတ်လမ်းလေးပါ။ နမူနာ ထွက်လာကတည်းက အတော်ခွီရမယ့်ကား ဆိုတာ တော်တော်များများ သိထားကြမှာပါ။ တကယ် ပြတော့လည်း အဲဒီအတိုင်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အပျိုကြီးမမတစ်ယောက် ယောကျာ်းလိုချင်ရာကနေ စတဲ့ဇာတ်လမ်းပါပဲ။ ဘဝကို ပေါ့ပေါ့ပါးပါး နဲ့ တလွဲတွေ ဖြတ်သန်းနေတဲ့ အပျိုကြီး မမတစ်ယောက်။ အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အပျိုကြီး မမတစ်ယောက်။ အလုပ်အကိုင်လည်း အဆင်မပြေ၊ အချစ်ရေးလည်း အဆင်မပြေ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တော့ စိတ်ဓာတ်တွေ အကြီအကျယ် ကျနေခဲ့ရတာပါ။ ဒီအချိန်မှာပဲ သူ့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတော့တယ်။ ဒီအမျိုးသားရှေ့မှာတော့ ဒီအမျိုးသားကို လက်မလွှတ်ရဖို့အရေး သူက အိန္ဒြေကြီးတဲ့ အမျိုးသမီးအနေနဲ့ ဟန်ဆောင်ပါတော့တယ်။ ဒါပေမယ့် သူတို့ ရည်းစားဖြစ်ပြီး တစ်နေ့မှာတော့ သူ့ရည်းစားက ၅ ရက်လောက် ပျောက်သွားခဲ့ပါတယ်။ အပျိုကြီးက ပေါက်ကွဲပြီး ရည်းစားဆီကို ဆဲရေးထားတဲ့ အီးမေးလ်တစ်စောင် ပို့လိုက်ပြီးတဲ့အချိန်မှာပဲ ရည်းစားဆီက ဖုန်းဝင်လာပါတော့တယ်။ သူ့ရည်းစားက မက္ကဆီကိုမှာ မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့ သိရတဲ့အချိန်မှာ မက္ကဆီကို ကို လိုက်ပြီး လက်ပတော့ထဲက အီးမေးလ်ကို ဖျက်ဖို့ ကြိုးစားရပါတော့တယ်။ ဟာသကားတစ်ကား အနေနဲ့ တော်တော်လေး ကောင်းတဲ့အပြင် အချစ်ကို ...
movie
Desperados (2020)
2020