Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sara Fajira
Para Betina Pengikut Iblis (2023)
Para Betina Pengikut Iblis (2023) အသက်လုပွဲသမီးဖြစ်သူဆူမီကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး နှိပ်စက်တတ်လို့ ဆူမီတစ်ယောက်အိမ်ကထွက်ပြေးချင်နေခဲ့တယ်ဒါပေမဲ့နေမကောင်းတဲ့ဖခင်ကိုလည်းမထားခဲ့နိုင် ရွာကထွက်သွားဖို့ကလည်း ပိုက်ဆံမရှိနေတဲ့ဆူမီတစ်ယောက် ဆုပ်လည်းစူး စားလည်းရူးအခြေအနေပေါ့ အဖေဖြစ်သူကြောင့် ဆယ်ကျော်သက်ဆိုတဲ့ငယ်ရွယ်မှုကို အလုပ်တွေ နှိပ်စက်မှုဒဏ်တွေနဲ့ပဲဖြတ်သန်းနေခဲ့ရပြီး ဖခင်အပေါ် တစ်နေ့တစ်ခြားအမုန်းတရားတွေတိုးပွားလာခဲ့တယ်ဒီလိုမုန်းတီးမှုကြောင့်ပဲ နတ်ဆိုးကိုလှုပ်နှိုးမိခဲ့တာပေါ့ နိုးထလာတဲ့နတ်ဆိုးက ဆူမီ့အမေကိုလည်းရှာပေးမယ် အဖေ့ဒဏ်ကနေလွတ်ပြီး ပျော်ရွှင်ရတဲ့ ဆယ်ကျော်သက်ဘဝကိုပြန်ပေးမယ် သူနဲ့သူငယ်ချင်းလုပ်ပါဆိုပြီး မက်လုံးပေးလာမိတဲ့အခါ ထွက်ပေါက်ပိတ်နေခဲ့တဲ့ဆူမီတစ်ယောက် ဒီနတ်ဆိုးကိုလက်ခံလိုက်မိရာက ဘယ်လိုဆိုးဝါးမှုတွေ ဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာဖြစ်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB / 490MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie
Para Betina Pengikut Iblis (2023)
2023
7
Mystic Singer (2024)
Sinden Gaib 2024 ကပ်ပါလာသူတစ်ဦးImdb 7.5 အင်ဒိုကားတွေကြောက်ဖို့ကောင်းပြီဆို တော်ရုံကားက လိုက်မမီကြဘူးဆိုတာ ဒီကားကြည့်ရင်းသိနိုင်ပါတယ် ဒီကားကဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့ အပြင်မှာတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့အသိက ပိုပြီးတော့ ချောက်ချားစေမှာပါအာယူတို့အဖွဲ့က သဘာဝလွန်တွေကို လိုက်လံရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့သားတွေပါ ဒီတစ်ခါသူတို့ရိုက်ကူးတဲ့နေရာက ဝါတူကန်ဒန်ဆိုတဲ့ကျွန်းလေးပေါ့ အဲဒီမှာအဖွဲ့သားထဲကတစ်ယောက်က ပစ္စည်းတစ်ခုကိုယူလိုက်မိတယ် ယူပြီးပြီးချင်းပဲ ဇာတ်ဆောင်ဖြစ်တဲ့အာယူက ဂျာဗန်သီချင်းနဲ့ အကကိုစကပါတော့တယ်ဒီဇာတ်လမ်းရဲ့အဓိက ဆွဲဆောင်သူက ဒီအကပါပဲ ကျောချမ်းစရာကောင်းလောက်အောင် လက်တစ်ဆစ်ချိုးအကတွေ ကွေးကောက်နေအောင်ကတဲ့ ကြက်သီးထစရာကကွက်တွေက ကြည့်ရှုသူတွေကိုပါ အသည်းယားလာစေမှာပါ ဒီလိုရုတ်တရက် မျက်ဖြူကြီးလန်ပြီး ထကတော့ အပူးခံရပြီဆိုတာအဖွဲ့သားတွေက သိကြပါတယ် ရိုက်ကူးရေးကိုရပ် အိမ်ကိုချက်ချင်းပြန်လာကြပြီး အာယူသတိပြန်ရလာတော့ ကိုယ့်မွေးရပ်မြေကိုပြန်လာကြတာပေါ့ဒါပေမဲ့မပြီးဆုံးခဲ့တာကတော့ ကပ်ပါလာသူတစ်ယောက်ပါ အာယူ့အိမ်ထဲမှာ အရိပ်အယောင်တွေတွေ့ပေမဲ့ တကယ်လက်တွေ့ကြုံလာတဲ့နေ့က ကျောင်းစည်းဝေးပွဲတစ်ခုမှာပေါ့ ဒီကြောက်စရာအကကိုထကရင်း အစုလိုက်အပြုံလိုက်သရဲပူးကပ်ခံရပြီး အုတ်အော်သောင်းတင်းတွေဖြစ်လာချိန်မှာတော့ ။။သူတို့ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုထိတ်လန့်စရာတွေက ရှေ့ဆက်သူတို့ကိုစောင့်မျှော်နေမယ်ဆိုတာကိုတော့။။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.32GB / 549MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 36m Subtitle….Myanmar ...
movie
Mystic Singer (2024)
2024
6.6
Bayi Ajaib(2023)
Bayi Ajaib(2023)**************ကိုဆင်တစ်ယောက် မြစ်ထဲမှာ ရွေကျင်ရင်း ရွှေတုံးကြီးကြီးရပြီးနောက် သူဌေးဖြစ်သွားပါတယ်။ ငွေကြေးပြည့်စုံပြီဆိုတော့ ဇနီးဖြစ်သူလာရာနဲ့ ရွာမှာပဲအခြေချကာ ရွာကောင်းကျိုးပဲ သယ်ပိုးဖို့ကြံပါတော့တယ်။ ဇနီးသည်လေးကလည်း ကိုယ်လေးလက်ဝန် နေ့စေ့လစေ့မီးဖွားခါနီးကြီးပါ။ တစ်နေ့ ဇနီးသည်ဟာ မီးနေသည်ပြပြီးပြန်အလာ လမ်းမှာ ခွေးလိုက်ဆွဲတာနဲ့ ပြေးရင်းပြေးရင်း တောနက်ထဲရောက်မှန်းမသိရောက်သွားပါတယ်။ ရောက်သွားတဲ့နေရာမှာ လူတစ်ယောက်ရဲ့ အုတ်ဂူရှိနေပြီး အချိန်က လကြတ်ည။ လကြတ်ညမှာ ကလေးတွေနဲ့မိန်းမတွေ အပြင်မထွက်ရပါဘူး၊ နတ်ဆိုးဖမ်းစားတတ်လို့ပါ။ အခုတော့ ကိုယ်ဝန်ဆောင်တစ်ယောက် လကြတ်ည အုတ်ဂူတစ်ခုဘေးမှာ....။ ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလိုရိုက်ကွင်းရိုက်ကွက်၊သရုပ်ဆောင်မှုတွေလည်း ခပ်ပေါ့ပေါ့မဟုတ်တဲ့အတွက် Horror ကြိုက်သူများမြည်းစမ်းကြည့်သင့်ပါကြောင်း...File Size :(1.6GB) and (652MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Bayi Ajaib(2023)
6.7
Lara Ati (2022)
Lara Ati (2023)ကျွန်တော်တို့မှာ ပြန်တွေးလိုက်တိုင်း ရင်ထဲကိုနွေးသွားစေတဲ့ မပိုင်ဆိုင်ခဲ့ကြရတဲ့ငယ်ချစ်ဦးဆိုတာ ရှိကြတယ်နော် ငယ်ချစ်ဦးနဲ့ပဲ ပြန်ဆုံတွေ့ကြပြီး သူတို့တွေကကျွန်တော်တို့နဲ့အကြောင်းပါကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ အဲဒါအပြင် ကျွန်တော်တို့တွေ အိမ်ကလုပ်ခိုင်းလို့ အဖေကြောင့် အမေကြောင့် ဘာကြောင့်ညာကြောင့်အမျိုးမျိုးကြောင့် ကိုယ်တိုင်မလုပ်ချင်တဲ့အလုပ်တွေ မတက်ချင်တဲ့ကျောင်းတွေကိုတက်ရတဲ့အချိန်တွေရှိကြပါတယ် အဲလိုသူများကြောင့်လုပ်ရတဲ့အချိန်တွေကနေရုန်းထွက်ပြီး ကိုယ်ဝါသနာပါရာနောက်ကို ကောက်ကောက်ပါအောင်လိုက်ဖို့ဆိုတာက လက်တွေ့မှာတော့ မလွယ်ကူဘူးဗျ ဇာတ်လမ်းအကျဉ်းလေးကတော့ ရည်းစားဟောင်းတွေက ဘာကြောင့်မှန်းမသိပဲနဲ့ ဖြတ်သွားပြီး မိဘတွေကြောင့်ဘဏ်တစ်ခုမှာလစာကောင်းကောင်းနဲ့ အလုပ်လုပ်နေတဲ့ဂျိုကိုဆိုတဲ့ကောင်လေးက သူ့ရဲ့ကောင်မလေးဖာရက်က တခြားတစ်ယောက်နဲ့စေ့စပ်သွားလို့ အသည်းကွဲသွားတဲ့အချိန်မှာ ဂျိုကိုရဲ့ငယ်သူငယ်ချင်းအာယူနဲ့ ပြန်တွေ့ကြတဲ့အချိန်မှာ အသည်းခွဲသွားတဲ့ဖာရက်နဲ့ပဲပြန်အဆင်ပြေကြမလား ငယ်သူငယ်ချင်းဖြစ်တဲ့အာယူနဲ့ပဲရည်ငံသွားကြမလားဆိုတာကို ဒီအင်ဒိုနီးရှားRomance ဇာတ်ကားလေးမှာ ဂျိုကိုတစ်ယောက်မိဘလောင်းရိပ်အောက်ကနေရုန်းထွက်ပုံတွေ ဝါသနာပါရာအလုပ်ကိုရွေးသွားပုံတွေကို ဇာတ်ကားတစ်ခုလုံးပြုံးပြုံးကြီးနဲ့ ကြည်နူးစရာကောင်းကောင်းလေးကြည့်ရမယ်ဆိုတာတစ်ခုတော့ အာမခံပါတယ်ဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Soe Htun Htun Aung ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.5GB | 816MB | 400MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Lara Ati (2022)
2022