Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Saoirse Ronan
7.8
Atonement (2007)
AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie
Atonement (2007)
2007
6.0
Stockholm, Pennsylvania (2015)
ရိုးရိုးရှင်းရှင်းလေးကိုမှ ရှုပ်ရှုပ်ထွေးထွေးလေးဖြစ်အောင်ရိုက်ကူးထားတဲ့ Psycho ကားတွေ ကြည့်ချင်ရင်တော့ပရိသတ်ကြီးတို့အတွက် ၂၀၁၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ StockholmPennsylvania ဖြစ်ပြီး IMDb Rating 6 အထိရရှိထားပါတယ်။ကလေးဘ၀မှာ ကိုယ့်ကိုလူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးအဲ့ဒီလူနဲ့ပဲ ၁၇ နှစ်ကြာအောင်နေရမယ်ဆိုရင်ပရိသတ်ကြီးတို့ရောနေနိုင်ပါ့မလား။ဒီကားထဲက လေယာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီလိုအဖြစ်အပျက်ကိုတကယ်ကြုံခဲ့ရပြီး ၁၇ နှစ်ကြာပြီး နောက်မှာပြန်ပေးသမားကိုဖမ်းမိသွားကာသူလဲမိဘတွေရှိရာ အိမ်ကိုပြန်ရောက်လာပါတော့တယ်။ဒါပေမယ့်သူပြန်ပေးဆွဲခံရပြီး ပြန်ပေးသမားနဲ့အတူနေလာခဲ့ရတဲ့နှစ်ကာလတွေက ကြာမြင့်လွန်းတဲ့အတွက်ဦးနှောက်အဆေးခံထားရပြီး အပြင်လောကကြီးနဲ့ထိတွေ့ရတဲ့အခါမှာကြောင်တောင်တောင်ဖြစ်နေပါတော့တယ်။ဒါပေမယ့်သူ့မိဘတွေက တတ်နိုင်သလောက်သူ့အပေါ်မှာဂရုစိုက်ပေးပြီးတော်တော်ကြီးကိုဂရုစိုက်လွန်သွားတဲ့အခါမှာတော့ သူတကယ်တမ်းပျောက်ဆုံးသွားခဲ့ရတဲ့ အကြောင်းအရင်းကပြန်ပေးဆွဲခံရလို့လား တခြားအကြောင်းအရာတွေရောရှိနေဦးမလားဆိုတာတွေကိုကြည့်ရှုရမဲ့ Psycho ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Stockholm, Pennsylvania (2015)
6.5
Byzantium (2012)
Byzantium ဇာတ်ကားဟာ ၂၀၁၂ က ထွက်ရှိခဲ့တဲ့Fantasy Drama ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒီကားဟာ ၂၀၁၄ အိုင်ရစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံး မင်းသမီးဆုတို့ကို ရရှိနိုင်ခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဒီကားမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတာကတော့Clara နဲ့ Elanor လို့ခေါ်ကြတဲ့ မိန်းကလေး ၂ ယောက်ဖြစ်ပါတယ်။ သူတို့က ဟိုး ၁၈၀၀ ကျော်ကာလကတည်းကနေအခုထိ အသက်ရှင်ကျန်ရစ်နေခဲ့တဲ့ သွေးစုတ်ဖုတ်ကောင်၂ ယောက်ဖြစ်ပါတယ်။ သူတို့တွေ အခုထိ အသက်ရှင်ကျန်နေတဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိမလဲ။အမြဲတစေ နေရာပြောင်းပြေးနေရတဲ့ သူတို့ဘဝရဲ့နောက်ကြောင်းက ဘာတွေရှိမလဲ။အနာဂတ်မှာ ဘာတွေ ဖြစ်ကြမလဲ။သူတို့ရဲ့ ရှုပ်ထွေးတဲ့ဘဝထဲကို အချစ်ဆိုတဲ့အရာလေးကဝင်လာတဲ့အခါမှာ ဘာဖြစ်ကြမလဲ စတာတွေကို ဒီဇာတ်ကားမှာသည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... File size…2.4 GB/ 965 MB Quality… Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy ...
movie
Byzantium (2012)
7.3
Little Women (1994)
အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie
Little Women (1994)
5.8
Foe (2023)
Foe (2023)Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ၂ယောက်ရဲ့ Acting စကေးနဲ့တင် ဒီကားက ...
movie
Foe (2023)
2023
4K HEVC
7.3
The Way Back (2010)
ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie
The Way Back (2010)
6.3
Mary Queen of Scots (2018)
Mary Queen of Scots (2018)~ IMDb - 6.3/10, Rotten Tomatoes - 62% ~1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး ...
movie
Mary Queen of Scots (2018)
2018
6.0
Violet & Daisy (2011)
Violet နဲ့ Daisyဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ဟာ ကြေးစားလူသတ်သမားတွေဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ဟာ လူတစ်ယောက်ကို ရှင်းပစ်ဖို့ကြုံပါတယ်။အဲ့လူရဲ့အိမ်ကိုသွားပြီးနောက်််မှာတော့ သူတို့ရှင်းရမယ့်သူကကြင်နာတတ်တဲ့ကင်ဆာရောဂါသည်တစ်ဦးဖြစ််နေတာ တွေ့လိုက်ရပါတော့တယ်။ သူတို့ကိစ္စမပြီးပြတ်သေးခင်မှာတင် အဲ့လူကိုသတ်ပစ်ဖို့ တခြားအဖွဲ့ကပါရောက်လာတဲ့အခါမှာတော့ အခက်ကြုံရပါတော့တယ်။ ဒီရုပ်ရှင်ကားဟာ သေနတ်တွေ လူသတ်တာတွေအပြင် သူငယ်ချင်း၊မိသားစုကြားက သံယောဇဥ်တွေ သေခြင်းတရားအကြောင်းတွေကိုလက်ရာမြောက်စွာ ပုံဖော်ထားတာမို့ ကြည့်နေကျ ကြေးစားလူသတ်သမားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားတဲ့ အနှစ်သာရရှိတဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ကြပါဦးလို့တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 431MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ..... Action , Crime , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie
Violet & Daisy (2011)
6.8
Hanna (2011)
Hanna ဆိုတဲ့ ဇာတ်ကားလေးကို director Joe Wrightက 2011 မှာရိုက်ကူးခဲ့ပါတယ် ဇာတ်ကားထဲမှာဆိုရင် Hanna ဆိုတဲ့ကောင်မလေးက ပြီးပြည့်စုံတဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်ဖို့အတွက် သူ့အဖေ Eric ဆီကနေလျှို့ဝှက်စွာ ပျိုးထောင်ခံခဲ့ရတယ် နောက်တော့ သူ့အဖေက သူမကိုဥရောပတစ်လျှောက် မစ်ရှင်စေလွှတ်လိုက်တဲ့အချိန်မှာ သူ့အဖေရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်း Marissa လို့ခေါ်သူရဲ့ နောက်ယောင်ခံခြင်းကို ခံရပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ Hanna က သူ့ရဲ့ဖြစ်တည်မှုကို ဘယ်လိုတွေမေးခွန်းထုတ်လာမလဲဆိုတာ ဇာတ်ကားလေးကိုဆက်ကြည့်ပေးပါဦးနော်... ( ဇာတ်ညွှန်းနဲ့ ဘာသာပြန်သူကတော့ Duckkie ပဲဖြစ်ပါတယ် ) File size…1.76GB / 739MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie
movie
Hanna (2011)
6.4
How I Live Now(2013)
မွေးကတည်းက အမေဖြစ်သူဆုံးသွားပြီး အဖေဖြစ်သူကလည်းဂရုမစိုက်တာကြောင့် အမေ့ရဲ့အမျိုးဖြစ်တဲ့ ဗြိတိန်ကအဒေါ်တွေဆီမှာ နွေရာသီပိတ်ရက်အတွင်း လာနေတဲ့အမေရိကန်လူမျိုး ဒေစီ...ငယ်စဉ်ကတည်းက သူနားကလူတိုင်း သူ့ကြောင့်ဒုက္ခရောက်ရတယ်ဆိုတဲ့ စိတ်အစွဲနဲ့ ဒေစီက အဒေါ်တို့မိသားစုနဲ့လည်းကင်းကင်းရှင်းရှင်းပဲနေပါတယ်.. တစ်နေ့မှာ အဒေါ်ဖြစ်သူက ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီးဂျနီဗာမြို့ကို ခရီးထွက်ရမှာမို့လို့ သူငယ်ချင်းဖြစ်သူကို ကိုယ်စားစောင့်ရှောက်ပေးဖို့ အပ်ခဲ့ပါတယ်။ အဒေါ့်သူငယ်ချင်းဖြစ်သူမရောက်ခင်မှာ ဗုံးပေါက်ကွဲပြီး စစ်စဖြစ်ပါတော့တယ်..စစ်အတွင်းမှာ ဒေစီတို့ မောင်နှမလေးယောက် ဘယ်လိုတွေဖြစ်မလဲ၊ဒေစီ တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကိုဇာတ်ကားလေးထဲမှာပဲ ကြည့်ရှူလိုက်ကြရအောင်ပါနော်..ဒီကားထဲမှာ စစ်ဖြစ်တာတွေ ပါတယ်ဆိုပေမယ့် လုံးဝပျင်းစရာမကောင်းဘဲ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးဖြစ်လို့မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်.. File size…2.38GB / 1.04GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni
movie
How I Live Now(2013)
5.8
The Host (2013)
CM Fan တွေ အတွက် ဒီတစ်ခါမှာတော့ချစ်စရာကောာင်းတဲ့ မျက်နှာလေးနဲ့မင်းသမီးချောလေး Saoirse Ronan ရဲ့သိပ္ပံအက်ရှင် ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဂြိုဟ်သားတွေက ကမ္ဘာကိုကျူးကျော်တဲ့ဇာတ်ကားမျိုးကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီကားမှာတော့ တခြားကားတွေလိုလက်နက်တွေနဲ့လာကျူးကျော်ကြတာမဟုတ်ဘဲ ဂြိုဟ်သားတွေကလူ့ခန္ဓာကိုယ်တွေကို အပိုင်စီးပြီးလူတွေလိုပဲဆက်ပြီးနေထိုင်ကြတာပါ။ဂြိုဟ်သားတွေဟာ ခန္ဓာကိုယ်ကို အပိုင်စီးရုံမကပဲလူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ကိုပါအပိုင်သိမ်းဖျက်ဆီးတာပါတွန်းလှန်နိုင်ဖို့ဆိုတာလဲ လုံး၀ မလွယ်ကူပါဘူးခုခံတဲ့လူတွေကိုလဲ သတ်ပစ်ကြပါတယ်။အဲဒီခုခံသူတွေထဲမှာ မယ်လနီဆိုတဲ့ကောင်မလေးလည်း ပါတာပေါ့။သူ့ခန္ဓာကိုယ်ကို ဂြိုဟ်သားတစ်ယောက်ကအပိုင်စီးလိုက်တဲ့အခါမှာ... File size… 1.59 GB / 664 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 5m Genre ..... Action , Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
The Host (2013)
2013
6.5
Ammonite (2020)
Ammonite (2020) ============= IMDb Rating 6.5/10၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ...
movie
Ammonite (2020)
2020
6.6
See How They Run (2022)
ဒီရုပ်ရှင်ကတော့ လူသတ်သမားကိုဖော်ရတဲ့ ပဟေဠိအမျိုးအစားပါပဲ။ ဒါပေမဲ့ ဟာသနဲ့ရောစပ်ထားတာမို့ တစ်မျိုးဆန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ထုံးစံအတိုင်းပါပဲ အဆောက်အဦတစ်ခုထဲမှာ လူတွေ စုနေတဲ့အချိန် လူတစ်ယောက်အသတ်ခံရမယ်၊ သံသယဖြစ်စရာလူတွေရှိမယ်၊ ဝါရင့်စုံထောက်တစ်ယောက်ပါမယ်၊ နောက်ဆုံးမှာမထင်ရဆုံးတစ်ယောက်က တရားခံဖြစ်နေမယ် ဒါမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ အဓိကနေရာကလန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုပါပဲ။ အဲဒီမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ ပြဇာတ်ကိုကပြနေပါတယ်။ လူသတ်ပဟေဠိပြဇာတ်အမျိုးအစားဖြစ်ပြီး အရမ်းအောင်မြင်နေတာကြောင့် အခါ ၁၀၀ လောက် ပြန်ကပြနေရပါတယ်။အဲဒီပြဇာတ်ရုံကိုပဲ ဒီပြဇာတ်ကို ရုပ်ရှင်ရိုက်ချင်လို့ ရောက်လာတဲ့ အမေရိကန် ဒါရိုက်တာနဲ့ပရိုဂျူဆာတစ်ယောက်ရောက်လာပါတယ်။ အဲဒီမှာ ပြဇာတ် စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသား စသည်ဖြင့် လူမျိုးစုံလည်းရှိနေတဲ့အချိန်မှာ အဲဒီအထဲက လူတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အဲဒီအမှုကိုတော့ စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာ တို့က လာပြီးစုံစမ်းကြတဲ့အခါ ဘာတလွဲတွေဖြစ် ဘာအတည်ပေါက်တွေဖြစ်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ...ဗြိတိန်လေသံနဲ့ ဗြိတိန်ဟာသတွေပါတော့ တမျိုးလည်းခံစားလို့ကောင်းမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ။ )File Size__(GB) ...
movie
See How They Run (2022)
The French Dispatch (2021)
The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပနေပြီဆိုရင် Director Wes Andersonရဲ့လက်ရာတွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကားတွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်တွေ့ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်နေရသလို ခံစားချက်မျိုး ရစေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ နောက်ထပ် ရုပ်ရှင်မဟုတ်သောရုပ်ရှင်၊ ပြဇာတ် မဟုတ်သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းကတော့ Andersonရဲ့ ဝတ္ထုတိုတွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်းလောကကို နှစ်ခြိုက်မှုအပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Castတွေကလည်း ပြေးကြည့်စရာမလိုအောင်ကို ဒိတ်ဒိတ်ကြဲဖြစ်တဲ့၊ သူ့လက်စွဲတွေ ဖြစ်တဲ့ - ...
movie
The French Dispatch (2021)
2021
6.7
The Lovely Bones (2009)
The Lovely Bones 2009 --------------------------- စာရေးဆရာမ Alice Sebold ရဲ့ ရောင်းအားအကောင်းဆုံး ဝတ္ထုဖြစ်တဲ့ ဒီဇာတ်လမ်းလေးကို ဆုရဒါရိုက်တာတစ်ဦးဖြစ်တဲ့ Andrew McKeoughက ၂၀၀၉ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်. ဒီဇာတ်လမ်းအပေါ်သူတို့ရဲ့ အားစိုက်မှုကြောင့် အော်စကာဆုမှာလဲ ဇကာတင်အနေနဲ့ ပါခဲ့ပြီး ဆုပေါင်း၁၀ဆုနဲ့စကာတင် ၄၆ဆုထိ ရခဲ့တဲ့ ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်.....ဇာတ်လမ်းအကျဉ်း ----------------- သူမ နာမည်က ဆယ်လ်မွန်ပါ(ငါးနာမည်လေးတစ်ခုပေါ့) ဆယ်လ်မွန်က ၁၄နှစ်ရွယ်ရွှေအိုရောင်ဆံပင်လေး မျက်လုံးပြာပြးလေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါပဲ. သူမရဲ့နှလုံးသားဟာလဲ မိသားစုကပေးတဲ့ချစ်ခြင်းတွေ သူမက မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းတွေနဲ့ နွေးထွေးနေခဲ့တာပါ.ဒီလို ဘဝကို ကြင်နာမှုတွေ မေတ္တာတွေနဲ့ အေးချမ်းစွာ ဖြတ်သန်းနေခဲ့တဲ့ ဆယ်လ်မွန်လေးဟာ အသက်၁၄နှစ်အရွယ်မှာ လူသတ်ခံခဲ့ရပါတယ်. သတ်တဲ့လူကလဲ သိပ်ကို စိတ္တဇတဲ့လူတစ်ယောက်ပေါ့ဗျာ. ဒီလောက်ဖြူစင်တဲ့ကလေးမလေးဟာ ဆန္ဒမပါပဲ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရပြီး သေဆုံးသွားပြီး နောက်မှာတော့ သူ့ရဲ့ဝိညာဉ်က........... သရုပ်ဆောင်အနေနဲ့လဲ ဆယ်လ်မွန်လေးရဲ့ အဖေနေရာမှာ မင်းသားကြီးMark Wahlberg နဲ့ အမေနေရာမှာ Rachel Weiszဆိုတော့ ရင်ထဲကိုရောက်စေမယ့် Dramaဇာတ်လမ်းတပုဒ်မလို့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်... Translated by :: Mr.AndersonEncoded and Reviewed by : YKFile Size : 1.9Gb and1.04GBQuality : 1080op Blu-Ray 5.1Ch ...
movie
The Lovely Bones (2009)
2009
8.1
The Grand Budapest Hotel (2014)
The Grand Budapest Hotel (2014)IMDb - 8.1/10_____Rotten - 91%Won 4 Oscars. Another 130 wins & 225 nominations. ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1. Best Achievement in Costume Design 2. Best Achievement in Makeup and Hair styling 3. Best Achievement in Music Written for Motion Pictures, Original Score 4. Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ...
movie
The Grand Budapest Hotel (2014)
2014
7.8
Loving Vincent (2017)
[Unicode]သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်..ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ...ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။" လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ...ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ...
movie
Loving Vincent (2017)
2017
8.0
Little Women (2019)
unicodeဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီးအရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန်စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီးရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လိုလူဘဝတွေအကြောင်းကိုအေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။Saoirse Ronan, Emma Watson, Florence Pugh,Eliza Scanlen, Laura Dern, Timothee ...
movie
Little Women (2019)
5.8
The Seagull (2018)
တောအိမ်ရှင်သခင်မမှာ အသက် ၅၀ ကျော်အရွယ်နာမည်ကြီးပြဇာတ်သရုပ်ဆောင်မင်းသမီးကြီးတစ်ဦးဖြစ်ပြီးသက်ကြီးရွယ်အို လူပျိုကြီးအစ်ကိုတစ်ဦးနှင့်ဆယ်ကျော်သက်အရွယ်လူငယ် သားတစ်ဦးရှိပြီးသူမသည် မော်စကိုတွင်အနေများ၍ တစ်နှစ်လျှင်တစ်ကြိမ်ခန့်သာနွေရာသီကာလများ၌ လယ်တောအိမ်သို့လာလေ့ရှိသူပေါ့အစ်ကိုဖြစ်သူနှင့် သားဖြစ်သူသာလယ်တောအိမ်ကြီးတွင် အလုပ်သမားများနှင့်နေထိုင်ပါတယ်..သားဖြစ်သူတွင် လယ်တောအိမ်ကြီးရှိသည့်ကျေးရွာမှ ချောမောလှပသည့်မိန်းကလေးချစ်သူတစ်ဦးရှိကာ ပြဇာတ်အနုပညာကို စိတ်ဝင်စား၍စာရေးဆရာဖြစ်ချင်သူတစ်ဦးတစ်ယောက်ပါမိခင်ဖြစ်သူသရုပ်ဆောင်မင်းသမီးကြီးကတော့မော်စကို မြို့ပေါ်မှနာမည်ကြီးစာရေးဆရာ သက်လတ်ပိုင်းတစ်ဦးနှင့်ချစ်သူဖြစ်နေကြပြီးနွေရာသီလယ်တောအိမ်သို့ လာရောက်သည့်ခရီးတွင်သူမထက်ငယ်ရွယ်သည့် ချစ်သူဖြစ်သူနာမည်ကြီးစာရေးဆရာကိုပါ ခေါ်ဆောင်လာခဲ့တာကနေအမေ၏ချစ်သူနှင့် သား၏ချစ်သူတို့ တွေ့ဆုံမိကြသောအခါ....လူ့သဘာဝ၊ လူ့စရိုက်နှင့် လောဘ၊ ဒေါသ၊ မောဟတို့ လောင်မြိုက်မှုများကိုတစ်ကန့်စီမီးမောင်းထိုးပြထားသော အချစ်ဒရာမာဇာတ်ကားဖြစ်လို့စိတ်ဝင်တစားနဲ့ကြည့်ရမှာပါ...File Size : ( 845 MB) & ( 231 MB)Quality : Web-DL 720pRunning Time :1hr 38 minFormat : Mp4Genre : Comedy , Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded ...
movie
The Seagull (2018)
2018
6.5
On Chesil Beach (2017)
ယခုတစ်ခေါက်တင်ဆက်မယ့်ဇာတ်လမ်းလေးကတော့ IMDb 6.4နဲ့ Rotten Tomatoes 67%ရရှိထားတဲ့ Dramaဇာတ်လမ်းလေးဘဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ သမိုင်းကျောင်းသားလေးနဲ့ ဂီတကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို အခြေခံထားပါသည်။ ချစ်သူဘဝကအဖြစ်အပျက်လေးတွေနဲ့ လက်ထပ်ပြီး ကမ်းခြေကိုဟန်းနီးမွန်းထွက်လာတဲ့အချိန်တို့ကို ယှဉ်တွဲပြသထားပါတယ်။ ဟန်းနီးမွန်းမှာတော့ ငယ်စဉ်က စိတ်ဒဏ်ရာရခဲ့တဲ့ ကောင်မလေးရဲ့ ခံစားချက်တွေက ကောင်လေးအပေါ် ဘယ်လိုသက်ရောက်မလဲ သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြသလဲဆိုတာကတော့.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zaya Phyoe ဖြစ်ပါတယ်) File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 50min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by Zaya Phyoe Encoded by Thanhtike Zaw
movie
On Chesil Beach (2017)
2017
1
2
Next