Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sansei Shiomi
7.9
Love Letter (1995)
Love Letter ( 1995 )Directed by Shunji Iwaiရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက ...
movie
Love Letter (1995)
6.6
Between Calmness and Passion (2001)
Reisei to jônetsu no aida (2001) Between Calmness and Passion~ IMDb - 6.6/10, MyDramaList - 7.3/10 ~ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ဟောင်ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် ...
movie
Between Calmness and Passion (2001)
2001
7.1
April Story (1998)
April Story (1998)~ IMDb - 7.1/10, Rotten Tomatoes - 81% ~Directed by "Shunji Iwai"ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ ...
movie
April Story (1998)
1998
6.7
Show Me the Way to the Station (2019)
Show Me The Way To The Station (2019)အခုဇာတ်ကားလေးကတော့ လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရားကို ပုံဖော် ရိုက်ကူးထားတဲ့ ဂျပန်ကားလေးပဲဖြစ်ပါတယ်။ Ijuin Shizu ၏ ဆုရဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်ကားက Hasu အမည်ရှိ အဘိုးအိုနှင့် ခင်မင်ရင်းနှီးမှုကို ဖော်ဆောင်ပေးသည့် Sayaka အမည်ရှိ မိန်းကလေးငယ်တစ်ဦး၏ မေတ္တာကို ကို အခြေခံရိုက်ပြထားတာပဲဖြစ်ပါတယ်။ လူနဲ့တိရိစ္ဆာန်လေးတွေရဲ့ချစ်ခြင်းမေတ္တာကိုလည်းဖော်ပြထားတဲ့အတွက် အရမ်းကိုကြည့်လို့ကောင်းသလို လွမ်းမောဖွယ်ရာလည်းကောင်းပါတယ်။အခုကြည့်မယ့်ပရိတ်သက်ကြီးကခွေးလေးတွေကိုချစ်တတ်တဲ့သူဆိုရင်တော ဒီဇာတ်ကားနဲ့ ပတ်သက်လို့ စိတ်ကိုဖမ်းစားနိုင်မှာ အသေအချာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin yati Ko ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | 848MB | 460MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kyal ...
movie
Show Me the Way to the Station (2019)
6.9
First Love (2019)
လက်ဝှေ့သမားလေး လီယိုတစ်ယောက်ဟာ အပွဲပွဲအနိုင်တိုက်နိုင်ခဲ့သမျှတစ်ပွဲမှာတော့ မူးလဲသွားလို့ဆေးခန်းသွားပြခဲ့ရာက ဦးနှောက်အကျိတ်တည်တာကိုသိခဲ့ရတယ်ယူရီ (သို့) မိုနီကာဆိုတဲ့မိန်းကလေးဟာယာကူဇာဆီမှာအကြွေးတင်နေတဲ့အဖေကြောင့်ကြွေးနဲ့သိမ်းခံထားရပြီး ပြည့်တန်ဆာလုပ်ပြီးကြွေးဆပ်ပေးနေရတယ်ဆေးကလည်းစွဲနေတော့ သူ့ဘဝဟာလှုပ်လေမြုပ်လေဆေးရှိန်ပျောက်ရင်အမြဲနှိပ်စက်တတ်တဲ့သူ့အဖေကိုသာမြင်ယောင်ပြီးကြောက်လန့်နေရပါတယ်ဂျပန်နဲ့တရုတ်လူဆိုးဂိုဏ်းတွေမတည့်တာကို အသုံးချပြီးဘိန်းအရောင်းအဝယ်တစ်ခုကို ဖြတ်ခုတ်ဖို့ ကြံစည်နေတဲ့ကာစဲဟာ ရဲဝန်ထမ်းတစ်ယောက်ကိုလည်း စည်းရုံးထားတယ်မိုနီကာကိုအသုံးချပြီး ဆေးတွေလက်ဝယ်ရအောင်စီစဥ်နေတဲ့အချိန်လောကကြီးကိုစိတ်ကုန်ပြီး သေဖို့ကြောက်လန့်နေတဲ့ လီယိုနဲ့မိုနီကာဆုံမိပြီးကာစဲတစ်ယောက် စီစဥ်ထားသလိုမဖြစ်ဘဲလူတွေတစ်ယောက်ပြီးတစ်ယောက် သတ်မိပြီးလူဆိုးဂိုဏ်းနှစ်ခုကြား ကြားညပ်ပြီး ကမောက်ကမတွေဖြစ်ကုန်ပါတယ်ပြေးပြေးလွှားလွှားနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ချင်သူတွေလက်မလွှတ်သင့်တဲ့IMDb 7.0 နဲ့ရပ်တည်နေတဲ့ဂျပန်ကားကောင်းလေးဖြစ်ပါတယ် File Size : ( 1 GB , 277 MB) Quality : WEB-Rip 720p Running Time : 1 hr 48 min Format : Mp4 Genre : Comedy , Crime , ...
movie
First Love (2019)
5.2
Outrage Coda (2017)
ဒီဇာတ်ကားလေးကတော့ ဂျပန်ရာကူဇာဂိုဏ်းတွေကြားကအကွဲအပြဲတွေကိုရိုက်ူးပြထားတဲ့ ဇာတ်ကားလေးပါ။ဆန်နိုရာကူဇာဂိုဏ်းနဲ့ ဟာနာဘူရှီရာကူဇာဂိုဏ်းတို့ကြား စစ်ပွဲတွေဖြစ်ပွားပြီး ၅နှစ်အကြာမှာပဲ ယခင်ရာကူဇာလူမိုက်ကြီးဖြစ်တဲ့ အိုတိုမိုဟာ ဂျပန်မှာရောကိုရီးယားမှာပါသြဇာရှိတဲ့ မစ္စတာချန်ဆီမှာ ခိုလုံအလုပ်လုပ်နေခဲ့ပါတယ်။ဖြစ်ချင်တော့ သူရှိတဲ့ဂျုယ်ဂျူကျွန်းကို ဟာနာဘူရှီဂိုဏ်းကလူတစ်ယောက်လာသောင်းကျန်းရာကစပြီး မစ္စတာချန်တို့ချက်ကလူတစ်ယောက်ဆုံးရှုံးသွားပါတယ်။အဲဒီပြဿနာကစပြီး နဂိုကမှ အတွင်းပိုင်းမှာ အကွဲအပြဲဖြစ်ချင်နေတဲ့ ဟာနာဘူရှီဂိုဏ်းဟာ မစ္စတာချန်နဲဲ့ပြဿနာကိုအရင်းပြပြီး အချင်းချင်းချောက်ချကြတော့တာပါပဲ။ရာကူဇာတွေကြား စီးပွားရေးလက်ဝါးအုပ်မှုတွေ၊ ရာကူဇာတွေဘယ်လိုသြဇာကြီးတယ် စီးပွားရေးဘယ်လိုလုပ်တယ်ဆိုတာတွေကိုတွေ့ရမယ့်အပြင် အချင်းချင်းဂိုဏ်းတွေကြား ပြဿနာတွေကိုလည်းတွေ့ရမှာပါ။အိုမိုတိုကတော့ တကယ်လက်စားချေနိုင်မလား။လူမိုက်ဟောင်းကြီး ဘယ်လိုအဆုံးသတ်မလဲ။ဇာတ်သိမ်းပိုင်းလေးကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264 DTS-REGRET Translated by Thura Zarni Aung Encoded by Thanhtike ...
movie
Outrage Coda (2017)
2017