Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sanjay Dutt
Double iSmart (2024)
Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်)ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ....... ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ .......သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 2GB Quality…WEB DL ...
movie
Double iSmart (2024)
Ghudchadi (2024)
Ghudchadi (2024) “သားအဖနှစ်ယောက် ငါးပါးမှောက်” Genre – Family, Comedy, Romanceနာမည်ကျော်မင်းသားကြီး တစ်လက်ဖြစ်တဲ့ Sanjay Dutt ရဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိထားတဲ့ မိသားစုဟာသအချစ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်ဗျာ။ ဒါအပြင် မင်းသမီးချောကြီး Raveena Tandon တို့အပြင် တခြားမင်းသမီးငယ်ငယ်ချောချောလေး Khushali Kumar ကပါ အားဖြည့်ထားတော့ မိုက်နေရောပေါ့။ဇာတ်လမ်းလေးကတော့ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ခင်ပြီး နွေးထွေးကြတဲ့ အဘွားရယ် အဖေရယ် သားဖြစ်သူရယ်ဆိုပြီး မိသားစုလေး ရှိကြတယ်။ အဘွားဖြစ်သူက ဘုရားတရားလုပ် လူကြီးဖြစ်တဲ့အတွက် ခေတ်မမှီတဲ့လူပေါ့လေ၊ အဖေကတော့ စစ်ပြန်အငြိမ်းစား ကာနယ်ကြီးတစ်ယောက် အပေါင်းအသင်းတွေနဲ့ ဂေါက်လေးဘာလေးရိုက်ပြီး မိခင်အမေအိုကြီးကို စောင့်ရှောက်ပေးနေသူ၊ သားဖြစ်သူကျ သူငယ်ချင်းတစ်ယောက်နဲ့အတူ အတွင်းခံလုပ်ငန်းကြီးကို စွန့်ဦးတီထွင်သူအဖြစ် စတင်လှုပ်ရှားနေကြတာပေါ့။သားဖြစ်သူကိုလည်း အဘွားဖြစ်သူရော အဖေဖြစ်သူကပါ မျက်စိနောက်ပြီး မိန်းမပေးစားချင်နေပေမဲ့လည်း အဆင်မပြေနေဘူးပေါ့လေ။ တစ်ရက်ကျ သားဖြစ်သူက သူငယ်ချင်းမင်္ဂလာဆောင်သွားရင်းနဲ့ သတို့သမီးရဲ့ သူငယ်ချင်းဖြစ်သူလေးကို ကြွေလာပါလေရော။ဒါတင်မကဘူး အဖေဖြစ်သူကလည်း မိန်းမဖြစ်သူ ဆုံးထားတာ နှစ် ၂၀ လောက်ရှိနေတဲ့အချိန် ရုတ်တရက် ငယ်ချစ်ဦးနဲ့ ပြန်ဆုံတွေတဲ့အချိန် ငယ်ကအချစ်အနှစ်တရာဆိုပြီးလုပ်။ ခက်တာက သားအဖနှစ်ယောက်ခင်ဗျာ ...
movie
Ghudchadi (2024)
2024
8.9
K.G.F: Chapter 2(2022) KGF 2
K.G.F: Chapter 2(2022) အညွှန်းKannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။****************************IMDb..8.9WEB-DL1080P5.1CH ကြည်တောက်ရှင်း ရပါပြီ.....KGF 1 မှာရော့ကီဟာ အင်အားကြီးမားလာသလို ရန်သူအပေါင်းရဲ့ အဓိက နှိမ်နှင်းစရာဖြစ်လာတယ်...ဒါ့ကြောင့်ပဲ KGF 2 မှာတော့ရော့ကီနဲ့အပြိုင်ကြမ်းမဲ့ အမိုက်စားဗီလိန် တစ်ယောက်ပါဝင်လာပါတယ်...ဒါ့အပြင် နိုင်ငံရေးအရှုတ်တော်ပုံတွေလည်း ပါဝင်လာတဲ့အခါမှာတော့... File Size : 8.4 GB, 2.9GB ,1.5GB, 560MB Quality : WEB-DL 4K HEVC,1080P5.1Ch(HEVC),720P, 480p Format : mp4 Duration : 2hr & 45mins Genre ...
movie
K.G.F: Chapter 2(2022) KGF 2
4K HEVC
4.4
Saheb, Biwi Aur Gangster 3 (2018)
Saheb Biwi Aur Gangster 3 (2018) (သခင့်မိန်းမနှင့် လူမိုက်ကြီး ၃)ဒီဇာတ်ကားလေးကတော့ တော်ဝင်မိသားစုနဲ့ နိုင်ငံရေးအကြား အရှုပ်တော်ပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီးဆန်ဂျေးဒသ်နဲ့ ဂျင်မီရေှရဂီလ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အာဒိသယားပရတာဗ်ဆင်းဆိုတဲ့ တော်ဝင်မင်းသားလေးဟာ စွဲချက်တွေများစွာကြောင့် ထောင်နန်းစံနေရတဲ့အချိန် သူ့မိန်းမဟာလည်း သူ့ကို မလိုတမာနည်းနဲ့ ထောင်သက်ရှည်အောင် ကြိုးစားကြံစည်နေတယ်။တစ်ဖက်မှာလည်းချစ်ရသူနဲ့ဝေးကွာနေရတဲ့ မင်းသား အူဒေးပရတာဗ်ဆင်းဟာလည်း ကမ်းကုန်အောင် မိုက်နေခဲ့တယ်။အာဒိသယားထောင်ကလွတ်လာတဲ့အခါမှာမိန်းမဖြစ်သူဟာ အာဏာရမ္မက်ကြောင့် ယောက်ျားဖြစ်သူကို သတ်ဖို့ကြိုးစားလာတဲ့အခါမှာတော့...။တော်ဝင်မျိုးရိုးတွေရဲ့အရှုပ်တော်ပုံ အာဏာလုဇာတ်တော်ကြီးကို ကြည့်လို့ရပါပြီနော်။ File size…1.8GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Saheb, Biwi Aur Gangster 3 (2018)
2018
4.2
Son of Sardaar (2012)
Son of Sardaar (2012)မင်းသားကြီး အဂျေးသရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောဒီရုံကားက 2010 ကထွက်ရှိထားတဲ့ တမီလ်စကားပြော "Maryada Ramanna" ကို remake ပြန်လည်ရိုက်ကူးထားတာပါ တိုက်ဂါး မင်းသားကြီး Salman Khan လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်မွေးရပ်မြေ အိန္ဒိယကို မြေကွက်ရောင်းဖို့ပြန်လာတဲ့ အဂျေး ..ဒီမွေးရပ်မြေမှာကသူတို့မိသားစုနဲ့ ကမ္ဘာ့ရန်သူတွေဖြစ်တဲ့ စန်ဒူးမိသားစုရှိတယ်ပေါ့ဗျာ မျိုးဆက်သာတုန်းမယ် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ တွေ့တာနဲ့အချင်းချင်းသတ်နေကြတဲ့ ဒီ၂ဖက်မိသားစု ဒီရန်ပွဲမှာ သူ့အဖေကနစ်နာသူအဖြစ်နဲ့ အသတ်ခံလိုက်ရတယ် ဒီ ရန်ငြိုးကို ဦးလေးဖြစ်သူက အဂျေးတို့ကိုပြန်ဆပ်ခိုင်းပြီး ရန်ကြွေးကိုမဆပ်ရသေးဘဲ မင်္ဂလာမဆောင်ရဘူးဆိုပြီး ရာဇသံပေးလို့ အဂျေးရဲ့မိခင်ဖြစ်သူက သားတွေခေါ်ပြီးထွက်ပြေးလာခဲ့ရာက အခုဒီမွေးရပ်မြေကို အဂျေးတစ်ယောက် မြေပြန်ရောင်းဖို့ဇာတ်လမ်းစလာခဲ့တာပေါ့ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲရွာမှာ စောင့်ဆိုင်းနေတဲ့ သူတို့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးရဲ့သမီးကိုမှ မြင်မြင်ချင်းချစ်မိသွားတဲ့ အဂျေးတစ်ယောက် ဘယ်လိုဇာတ်လမ်းနဲ့နှစ်ပါးသွားကြမလဲ တစ်ဖက်ကကလဲ့စား တစ်ဖက်ကချစ်ခြင်းမေတ္တာနဲ့ ဘယ်လမ်းကိုရွေးမယ်ဆိုတာကိုတော့...(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပြီး Khaing Swe Swe Theint မှ ဘာသာပြန်ဆိုပေးထားပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Son of Sardaar (2012)
2012
7.9
Leo (2023)
Leo (2023) "လီယို" IMDB-7.9/10King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့ Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့ WEB DLကြည်ရှင်းဗားရှင်အနေနဲ့ ထွက်ရှိလာပြီမို့ Quality Updateလေးကို တင်ဆက်ပေးလိုက်ပါတယ်...LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj's Cinematic Universeအဖြစ်နဲ့ Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့ ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းအညွှန်းမြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။ ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲ သောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။ သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာ သေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက် သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကို အိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင် ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( ...
movie
Leo (2023)
2023
4K HEVC
8.4
Sanju (2018)
ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူးAK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ...နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း ...
movie
Sanju (2018)
2018
4K HEVC
7.5
Jawan (2023)
Jawan (2023) "စစ်သည်တော်"IMDb-7.5/10ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့ King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။ဥပဒေ...။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့် ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့်ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်...၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ ...
movie
Jawan (2023)
2023
4K HEVC
Zanjeer (2013)
တောင်ပိုင်းမင်းသား ရမ်ချရန် Ram Charan နဲ့ ဘောလိဝုဒ်မင်းသမီးချော ပရီရန်ကာချော်ပရာ Priyanka Chopra တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက တောင်ပိုင်းဆန်တဲ့ အက်ရှင်ရဲဇာတ်ကားပါ။ ဇာတ်လမ်းကတော့... ACP Vijay Khanna ဆိုတာ မတရားမှုတွေကို လက်ပိုက်ကြည့်မနေဘဲ ကိုယ်တိုင်ဝင်ပါဖြေရှင်းတတ်ပြီး လက်သံပြောင်လွန်းလို့ ရဲဌာနတွေကနေ ခဏခဏပြောင်းရွှေ့ခံနေရတဲ့ရဲအရာရှိတစ်ဦးပါ...ဒီတစ်ခါ... သူပြောင်းရွှေ့ခံလိုက်ရတဲ့နေရာမှာ ဆီမှောင်ခိုလုပ်ငန်းက အမြစ်တွယ်ကြီးထွားနေပြီး မကောင်းမှုအားလုံးရဲ့မြစ်ဖျားခံရာဆိုတာနဲ့ ဒီမကောင်းမှုတွေမှာ ရဲဌာနက လူကြီးတွေပါပါဝင်နေတာကို သူသိလိုက်တဲ့အခါမှာတော့... ACP Vijay Khanna တစ်ယောက် အမှန်တရားအတွက် ဘာကိုမှ မငဲ့ကွက်ဘဲ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ........။ File size…(3.9 GB)/(1.4 GB) Quality…WEBHD 1080p HEVC/720p Format…mkv/mp4 Duration….02:09:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Zanjeer (2013)
1080p HEVC
6.7
Om Shanti Om (2007)
ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora
movie
Om Shanti Om (2007)
2007
5.1
Shamshera (2022)
Shamshera (2022) Action, Adventure, Drama IMDb 7.5/10 (48K)နောက်ဆုံးကား Sanju (2018) နဲ့ငြိမ်နေပြီး ကိုဗစ်ကာလကတည်းက ဘာကားမှမထွက်ထားတဲ့ မင်းသားချောလေး ရန်ဘီးကပူးရဲ့ Shamshera ဆိုတဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်..ဇာတ်ကားကတော့ ဗြိတိသျှခေတ် ကိုလိုနီတွေ အိန္ဒိယနိုင်ငံကို သိမ်းပိုက်ထားစဉ်ကာလကို အခြေပြုထားတယ်အဲ့ဒီတုန်းက တောအုပ်ကြီးထဲမှာ မင်းလုပ်ကျက်စားနေကြတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ရှိတယ်..သူတို့အဖွဲ့ခေါင်းဆောင်ကို ရှမ်ရှေရားလို့ခေါ်တယ်...အဲ့ဒီခေတ်အခါက အထက်အရာရှိတွေကို ကပ်ဖားလျက်ဖားလုပ်နေကြတဲ့ အထက်တန်းလွှာတွေက ဇာတ်နိမ့်တွေကို တအားနှိမ်တဲ့ခေတ်ဆိုပါတော့... ရှမ်ရှေရားတို့အဖွဲ့ဟာ အဲ့ဒီအထက်တန်းလွှာတွေဆီကနေ လုယက်ပြီး မရှိဆင်းရဲသားတွေကို ပြန်လှူတယ်...ဓါးပြတော့ တိုက်တယ် ဒါပေမဲ့ ဓမ္မတော့ရှိတယ်လို့ ပြောရမှာပေါ့...ဒီလိုနဲ့ရှမ်ရှေးရှားတို့အဖွဲ့ဗြိတိသျှအစိုးရနဲ့အပေးအယူလုပ်ပြီး လွတ်လပ်ရေးကို အရယူနိုင်မယ့်အချိန်မှာတော့..............ဒီဇာတ်ကားမှာ ညှင်းပန်းနှိပ်စက်ခံလူတစ်စုက အင်အားကြီးမားလွန်းတဲ့ အင်ပါယာကြီးတစ်ခုလုံးကို တွန်းလှန်ပုံနဲ့ ခေါင်းဆောင်ကောင်းတို့ရဲ့ မြင့်မြတ်တဲ့စိတ်ထားကို မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…10GB / 3.2GB / 1.85GB Quality…4k HEVC SDR WEBDL AAC5.1CH / 1080p WEBDL AAC5.1Ch /720p Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated byTAYLOR
movie
Shamshera (2022)
2022
4K HEVC Web-DL
7.4
Samrat Prithviraj (2022)
Samrat Prithviraj 2022==================Samrat Prithviraj 2022IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကားကြည်တောက်ရှင်းထွက်ရှိလာပါပြီ... ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံရဲ့ကျော်ကြားတဲ့စစ်သူကြီးSamrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့ဒီရာဇဝင်ကားသစ်ဟာဆိုရင်..ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာအခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်ကပရစ်ထဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ် အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamratဘယ်လိုဘယ်ပုံဖြေရှင်းရမလဲဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ် File size…7.64GB / 2.58GB / 1.2GB Quality…4k HEVC AMZ WBE DL / 1080p TRUE WBE DL AAC5.1CH / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Honeyey & Guu Guu Reviewed by : Yunni
movie
Samrat Prithviraj (2022)
2022
4K HEVC Web-DL
8.1
Toolsidas Junior (2022)
Toolsidas Junior (2022) အညွှန်း ဒီတစ်ခါမှာတော့ အိန္ဒိယကားကောင်းတွေကိုပဲ စောင့်မျှော်ကြည့်ရှုတတ်တဲ့သူတွေအဖို့ အားကစားနဲ့ပတ်သက်တဲ့ ကားကောင်းလေးထပ်မံ ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားကတော့ ဘိလိယက်အားကစားကိုအခြေခံတဲ့ စနူကာကစားသမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ကြီးဇာတ်ကားဖြစ်တဲ့ "Dangal" တို့လို မိဘကတိုက်တွန်းလို့ မဖြစ်မနေ စလုပ်ရတာမျိုးမဟုတ်ဘဲ သားအဖကြားမှာရှိတဲ့ မေတ္တာကြောင့် ကိုယ်တိုင်ကိုက လိုလိုချင်ချင်နဲ့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပုံစံကို တွေ့မြင်ရမှာဖြစ်လို့ သားအဖကြားကအချစ်အပြင် ဆရာနဲ့တပည့်ကြားက ၅၂၈ မေတ္တာကိုပါ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ထိထိမိမိ ခံစားရမှာဖြစ်ပါတယ်။ "ငါ့သားအတွက်ပဲ ငါပြိုင်ပွဲဝင်နေတာ" လို့ကြွေးကြော်တတ်တဲ့ စနူကာကစားသမားတစ်ယောက်ဖြစ်သူ "တူလ်ဆီးဒက်စ်"၊ သူကြွေးကြော်သလိုပဲ သူပြိုင်သမျှပွဲတွေဆို မလွတ်တမ်းလိုက်စောင့်ကြည့်တတ်တဲ့ သူ့ရဲ့သားငယ်လေး "မီဒီ" ...၁၉၉၄ ခုနှစ် ပြိုင်ပွဲစဉ်မှာတော့ ကတိပေးထားသလို သူ့အဖေက ဆုဖလားကို မရယူနိုင်တဲ့အကြောင်းရင်းဟာ ပြိုင်ဖက်ဖြစ်သူက ၅ နှစ်ဆက်တိုက်ချန်ပီယံဖြစ်နေတဲ့ "ဂျင်မီ တန်ဒန်" ရဲ့စနက်ဆိုတာကို မီဒီလေးသိသွားတဲ့အခါ ...သူကိုယ်တိုင် အဖေဖြစ်သူအတွက် ဆုဖလားယူပေးချင်စိတ်တွေဖြစ်ပေါ်လာပြီး "တူလ်ဆီးဒက်စ် ...
movie
Toolsidas Junior (2022)
2022
6.6
Mission Kashmir (2000)
IMDb Rating (6.6)ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်...အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့...ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်...မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ်ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း....ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား...နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ....ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie
Mission Kashmir (2000)
6.0
Bhuj: The Pride of India(2021)
Bhuj: The Pride of India(2021) အညွှန်း***********************************ဖြစ်ရပ်မှန်အခြေခံတဲ့ အိန္ဒိယစစ်ကားတစ်ကား... ဒီရုပ်ရှင်ဟာ ၁၉၇၁ ခုနှစ်မှာဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကိုအခြေခံရိုက်ကူးထားတာ ဖြစ်ပြီး Ajay Devgn , Sanjay Dutt , Sonakshi Sinha က ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း (တာဝန်ခံ)အရာရှိ ဗီဂျေးကာရ်နစ်ခ်ရဲ့လက်အောက်မှာရှိတဲ့ ဘူဂျ်လေတပ်စခန်းဟာပါကစ္စတန်လေတပ်ရဲ့ဗုံးကြဲခြင်းကို ခံလိုက်ရလို့ လေယာဉ်ပြေးလမ်းတွေပျက်စီး ကုန်တယ်....ဒါ့အပြင် တင့်ကားလက်နက်အပြည့်အစုံ ၊အင်အားအလုံးအရင်းနဲ့ နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာမယ့် ပါကစ္စတန်ကြည်းတပ်ကိုအိန္ဒိယနယ်ခြားစောင့်တပ်တွေက မထိန်းနိုင်တော့ပါဘူး။အဲ့ဒီနေရာကို တစ်ခြားတပ်ရင်းတွေကနေ ရဟတ်ယာဉ်နဲ့စစ်ကူပို့ပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း တစ်ဖက်မှာ ပါကစ္စတန်ရေတပ်က အမြောက်ကြီးတွေနဲ့တောက်လျှောက်ပစ်ခတ်နေတာကြောင့် ရဟတ်ယာဉ်တွေ ဝေဟင်မှာ မပျံရဲတော့ပါဘူး။တကယ့်ခံစစ်စည်းကျိုးပေါက်ရင်တခြားနေရာတွေပါအလွယ်တကူပေးလိုက်ရမှာမို့ ဒီနေရာကိုမဖြစ်မနေ ပါကစ္စတန်တွေမသိမ်းနိုင်အောင် အသဲအသန်ကြိုးစားရမဲ့အနေအထားဖြစ်ပါတယ်..စစ်ရေးအရ အရေးနိမ့်ကျမှုများစွာရှိလို့ အိန္ဒိယတပ်မတော်ဟာ နောက်ဆုံးနည်းတစ်နည်းနဲ့စစ်ပွဲကိုပြန်လည်စိုးမိုးဖို့ကြိုးစားပါတော့တယ်....သူတို့တွေဘယ်လိုကြိုးစားကြလဲ...သူတို့စီစဉ်ထားသလိုဖြစ်လာပါ့မလား..ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် အိန္ဒိယ ၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြောင်း ဖြစ်ပါတယ်။ရိုက်ချက်တွေတော်တော်ကြီး အဆင့်အတန်းမြင့်မားတဲ့ရုပ်ရှင်ဖြစ်လို့ ဇာတ်လမ်းအစအဆုံးကို ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါတော့...။ File ...
movie
Bhuj: The Pride of India(2021)
6.0
Torbaaz(2020)
Torbaaz(2020)အညွှန်း********************(1080p5.1ch သမားတွေ ရပါပြီ...)မင်းသားကြီး Sanjay Dutt ရဲ့ Action, Drama, Sport ကားသစ်လာပါပြီဗျား....အဖဂန်နစ္စတန်က သိကြတဲ့အတိုင်း ရုရှားက ဗျင်းလိုက် အမေရိကန်က ဗျင်းလိုက်နဲ့ စစ်ကြောင့်ပြိုလဲပျက်စီးနေတဲ့နိုင်ငံတစ်ခု...အဖဂန်နစ္စတန်က လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ နည်းမျိုးစုံနဲ့ တွန်းလှန်နေဆဲပါပဲ...အဲ့ဒီလို တွန်းလှန်တဲ့နေရာမှာ သူတို့တွေဟာ ကလေးသူငယ်တွေကို အစွန်းရောက်ဘာသာရေးအယူအဆတွေသွပ်သွင်းပြီးအသေခံဗုံးခွဲတိုက်ခိုက်ခိုင်းပါတယ်...ဒီကလေးတွေကြောင့် စစ်သည်အများစုအသက်ဆုံးရှုံးကြရသလို အပြစ်မဲ့တဲ့ပြည်သူလူထုတွေလည်း ကျဆုံးကုန်ကြပါတယ်..စစ်ဘေးကြောင့် ဒုက္ခသည်စခန်းတွေမှိုလိုပေါက်လာပြီး ဒီစခန်းမှာရှိတဲ့သူတွေကို တတ်နိုင်သလောက်ကူညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေလည်းရှိလာပါတယ်......အဲဒီလိုကူညီတဲ့အဖွဲ့ထဲမှာ စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ နစားရ်ခန်းရဲ့အမျိုးသမီးလည်းအပါအဝင်ဖြစ်ပါတယ်...ကံဆိုးစွာပဲ အသေခံဗုံးခွဲခဲ့တဲ့ကလေးတစ်ယောက်ကြောင့် သူ့မိန်းမနဲ့ကလေးအသက်ဆုံးရှုံးသွားရတယ်...နစားရ်ခန်းတစ်ယောက် ဆောက်တည်ရာမရ စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့လေရဲ့...အဲ့ဒီနောက် သူ့ကို အဖဂန်နစ္စတန်က ဒုက္ခသည်ကလေးတွေကို ကူညီဖို့ ဖိတ်ခေါ်ခြင်းခံရတယ်..အရင်က ကလေးတစ်ယောက်ဆို အပြစ်ကင်းတဲ့ချစ်စရာကလေးငယ်လို့ မြင်ခဲ့ပေမဲ့ ဇနီးနဲ့ကလေး အသေခံဗုံးခွဲတဲ့ကလေးကြောင့်အသက်ဆုံးရှုံးပြီးနောက်မှာ ကလေးငယ်တိုင်းကို လက်နက်ကိုင် အကြမ်းဖက်သမားအဖြစ်မြင်နေတဲ့သူ့အတွက်တကယ့်ကို စိတ်ပျက်စရာကြီးပါပဲ...အာဖဂန်နစ္စတန်ရောက်ပြီး ဘယ်လိုတွေထပ်ကြုံရမလဲဆိုတာတွေကိုတော့.....ဒီကားကမင်းသားကြီး Sanjay Dutt က အဓိကပါဝင်ထားပါတယ်...ရိုက်ကူးထားတာတွေတော်တေ်ာကြီးကိုမိုက်သလိုဇာတ်လမ်းလည်းတော်တော်ကောင်းပါတယ်...ခံစားကြည့်ကြပါဉီး....ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ်။File Size :(2.57GB)(1.21GB) and (466 ...
movie
Torbaaz(2020)
1.1
Sadak 2(2020)
Sadak 2(2020)လူ့လောကကို စိတ်ကုန်နေတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ရယ်၊ မသမာသူတွေ လက်ထဲက ပြေးထွက်လာတဲ့ ချစ်သူစုံတွဲရယ်နဲ့ဇာတ်လမ်းဖွင့်ထားတာတွေ့ရပါလိမ့်မယ်...။အစောပိုင်းမှာ အဲ့ဒီ ဒရိုက်ဘာကြီးဆီကို ညဉ့်နက်ချိန်မှာ မိန်းကလေးတစ်ယောက်က သူသွားလိုတဲ့ နေရာကိုလိုက်ပို့ပေးရမည်ဖြစ်ကြောင်းပြောပြီး အရင်ကတည်းက ကြိုတင်မှာထားကြောင်း ပြောပါတယ်။တက္ကစီဒရိုက်ဘာကလည်း ငြင်းမရတော့တဲ့အဆုံးမှာ သူသွားလိုရာကို လိုက်ပို့ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ကောင်မလေးဟာ တစ်ခုခုက ထွက်ပြေးလာပုံပေါ်နေတာမို့ တက္ကစီဒရိုက်ဘာကတော့ ရိပ်စားမိပါတယ်။ဒါ့အပြင် ဗဟိုအကျဉ်းထောင်ကို သွားပြီး သူ့ချစ်သူကို ခေါ်ရဦးမည်တဲ့။ ကိုယ်တိုင်က အားလုံးကိုစိတ်ပျက်နေရတဲ့ကြားထဲအန္တရယ်အငွေ့အသက်တွေပြည့်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကားပေါ်တင်လာပြီးတဲ့အချိန်ကစပြီးဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး....ဒီကားနဲ့ပတ်သက်ပြီး IMDb Ratingကိုပြောချင်ပါသေးတယ်။ Ratingကို အနည်းဆုံးပဲမြင်ရမှာပါ။ဒါဟာ ဇာတ်ကားကို ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ မထွက်ခင်ကတည်းကဒီလိုပေးကြမယ်လို့ ကြံစည်ထားကြတာပါ။ ဆူရှန့်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘောလိဝုဒ်ရဲ့ တချို့ဇာတ်ကားတွေကိုIMDb Rating နဲ့ သတ်မှတ်လို့မရတော့တဲ့ အခြေအနေပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Koe နဲ့ Myint Thu တို့ပဲဖြစ်ပါတယ်....File Size : (1.03 GB) ...
movie
Sadak 2(2020)
5.7
Panipat(2019)
Panipat(2019)(unicode)မာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ် အခွန်ပေးဆောင်ကြရပါတယ်..ဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေး ဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ....ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်...အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယ တစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်....ဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး ကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု ရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ နဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို တိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ.... လက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး အာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..တိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား....ဆိုတာကိုတော့..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်... (zawgyi)မာရာသတိုင်းမှာရှိတဲ့ တိုင်းသူပြည်သားတွေ ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး သူတို့တိုင်းပြည်ရဲ့လက်အောင်မှာ တိုင်းပြည်ငယ်တော်တော်များများရှိကြတယ်..သူတို့တိုင်းပြည်ကိုလည်း နှစ်စဉ် အခွန်ပေးဆောင်ကြရပါတယ်..ဒါပေမယ့်တစ်နေ့မှာတော့ တိုင်းပြည်ငယ်တစ်ခုကအခွန်မပေး ဆောင်တဲ့အပြင် ရာဇသံလာပေးတဲ့စစ်သူကြီးတစ်ဦးကိုပါ သတ်ဖြတ်ပစ်လိုက်တယ်..အဲ့ဒီမှာ ဇာတ်လမ်းကစတော့တာပဲ....ဒီတိုင်းပြည်ငယ်ဟာ အာခံရတဲ့အကြောင်းရင်းလည်းရှိပါတယ်...အဲ့ဒါက အာဖဂန်နစ္စတန်ဧကမရာဇ်မင်းတစ်ဦးနဲ့ပူးပေါင်းပြီး အင့်အားတောင့်တင်းလာတဲ့အပြင် အိန္ဒိယ တစ်ပြည်လုံးကိုသိမ်းပိုက်ဖို့အထိတောင် ရည်ရွယ်ထားပါတယ်....ဒီဇာတ်လမ်းဟာပြသချိန်သုံးနာရီနီးပါး ကြာမြင့်ပေမယ့် အစအဆုံးထိ ဇာတ်လမ်းဇာတ်ကွက်တိုင်းက ဆွဲဆောင်မှု ရှိပါတယ်..ဆာဒါးရှိဗ်ဟာ အာဖဂန်တပ်နဲ့စစ်ခင်းဖို့အတွက် သူ့လက်အောက်ခံတိုင်းပြည်တွေ နဲ့ပူးပေါင်းဖို့ ကြိုးစားအားထုတ်ပုံတွေ..စစ်နည်းဗျူဟာတွေ တွေ့မြင်ရသလို တိုက်ပွဲတွေ အက်ရှင်ခန်းတွေကိုလည်း များစွာကြည့်ရမှာပါ.... လက်အောက်ခံတိုင်းပြည်တွေကရော ဆာဒါးရှိဗ်မျှော်လင့်ထားသလို သူနဲ့အတူပူးပေါင်းပြီး အာဖဂန်တွေကို တိုက်ထုတ်ကြမှာလား..တိုက်တဲ့စစ်ပွဲတွေရော အောင်မြင်ပါ့မလား....ဆိုတာကိုတော့..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwe ...
movie
Panipat(2019)
6.1
Prassthanam (2019)
(Unicode)ဘောလီဝုဒ်ဖန်တွေအတွက် မင်းသားကြီးဆန်ဂျေဒတ်၏ ၂၀၁၉ ထွက် ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်နိုင်ငံရေး၊ အက်ရှင်၊ ဒရာမာကားကောင်းတစ်ကားဖြစ်လို့ ဘောလီဝုဒ်ဖန်တွေ အကြိုက်တွေ့မှာပါဇာတ်လမ်းကတော့ ရွေးကောက်ပွဲ ၄ နှစ်ဆက်အနိုင်ရထားတဲ့ လွှတ်တော်အမတ်ကြီး ဘဲလ်ဒေ့ဗ် ပရာတပ်ဆင့်မှာ အာယွရှ်နဲ့ ဗီဗန်းဆိုပြီး သားနှစ်ယောက်ရှိပါတယ်အဲ့ဒိသားနှစ်ယောက်ထဲမှာ အာယွရှ်ဟာဆိုရင် သူ့ရန်သူတွေဆီက ဒီလိုစကားနာထိုးတာကို အမြဲခံရလေ့ရှိပါတယ်"မင်းက ငါ့တို့လွှတ်တော်အမတ်ကြီးရဲ့သားလား သူ့မိန်းမရဲ့သားလား" တဲ့ဟုတ်ပါတယ် အာယွရှ်ဟာ မယားပါသားပါဒါပေမဲ့ ဘဲလ်ဒေ့ဗ်ရဲ့ နိုင်ငံရေးအမွေအားလုံးကိုတော့ လက်ခံနိုင်စွမ်းရှိသူဟာ သူပါပဲဒါကိုကောင်းကောင်းကြီးသိတဲ့ ဘဲလ်ဒေ့ဗ်ဟာလည်း သူ့ကိုပဲ နိုင်ငံရေးအမွေပေးအဲ့ဒိနောက်မှာတော့ သားအရင်းဖြစ်သူဗီဗန်း၏ မကျေနပ်မှုတွေကြောင့် အာယွရှ်နဲ့ ဗီဗန်းထိပ်တိုက်တွေ့ဖို့ဖန်လာသောအခါ ------ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (950 MB) and (480 MB) Quality : AMZN ...
movie
Prassthanam (2019)
2019
3.5
Kalank (2019)
2019ခုနှစ်မှာ Endgame နဲ့ အပြိုင် ရုံတင်ပြီးဝေဖန်မှု အမျိုးမျိုး ကြုံခဲ့ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကြီး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ မင်းသားမင်းသမီးတွေကိုတော့အထူးတလည် မိတ်ဆက်စရာ မလိုဘူး ထင်ပါတယ်။ဇာတ်ကောင် တစ်ခုချင်းစီကို မိတ်ဆက်ပေးရမယ် ဆိုရင်ဇဖာရ်(ဗာရွန်)ကတော့ ပန်းပဲဆရာ တစ်ယောက်ဖြစ်ပြီးပြည်တန်ဆာတွေနဲ့ ရင်းနှီးနေတဲ့ နာမည်ဆိုးရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်တစ်ယောက်၊မိဘစွန့်ပစ်ခံ(တရားမဝင်မွေးဖွားသူ) အဖြစ် မြင်တွေ့ရမှာပါ။အလီယာကိုတော့ နာကျင်မှုတွေနဲ့ ခံစားနေရတဲ့ရု(ပ်) အဖြစ် မြင်ရမှာပါ။အစ်မတော်ရဲ့ နောက်ဆုံးဆန္ဒကို ဘဝနဲ့ ရင်းပြီးဖြည့်ဆည်းပေးလိုက်ရသူပါ။ဆန်းဂျေးကိုတော့ ရု(ပ်)ရဲ့ ယောက္ခမ နေရာမှာမြင်ရမှာပါ။အာဒိသယကိုတော့ ဆန်ဂျေးရဲ့သား သတင်းစာတိုက်ပိုင်ရှင် ဒေ့ဗ်အဖြစ် မြင်တွေ့ရမှာပါ။ဒေ့ဗ်ဟာ မင်းသမီးကြီး Sonakshi (ဆာ့သ်ယာ)ရဲ့ခင်ပွန်းပါ။တစ်ဖက်မှာ အိန္ဒိယသွေးစည်းရေးကို ကြိုးပမ်းနေပြီးတစ်ဖက်မှာ ဇနီးဆန္ဒကို ဖြည့်ဆည်းနေကြသူတွေပါ။ဟီး တော်တော် နားလည်ရခက်တဲ့ ဆက်ဆံရေးတွေဗျ။ဒီလိုနဲ့ အလီယာမှာ ဆန္ဒတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကလည်း ဇာတ်လမ်းကို အထွတ်အထိပ်ထိဆွဲခေါ်သွားမယ့် ဆန္ဒတစ်ခုပါ။သူတို့တွေရဲ့ အရှုပ်တော်ပုံကြီးကိုမျက်ဝါးထင်ထင် မြင်တွေ့ခံစား ကြည့်ကြပါဦးဗျာ။ဝေဖန်မှုတွေ ...
movie
Kalank (2019)
2019
1
2
Next