Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sandra Oh
5.6
Mulan II : The Final War (2004)
Mulan II (2004) Genre – Animation, Comedy, Adventureဒီ ဒုတိယကားလေးမှာတော့ ချစ်သူ နှစ်ဦး ဖြစ်ကြတဲ့ Mulan နဲ့ ဗိုလ်ချုပ် Shang တို့ ပျော်ပျော်ပါးပါး လက်ထပ်မင်္ဂလာပွဲလေး ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ဒါပေမဲ့ နှစ်ယောက်သား ပျော်ပွဲလေး မဆင်နွဲရသေးခင်မှာတင် အင်ပါယာကြီးက သူတို့ကို မင်းသမီး ၃ ပါးကို ကိုယ်ရံတော်လုပ်ရမယ့် လျှို့ဝှက်တာဝန်တစ်ခု ဆောင်ရွက်ခိုင်းလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ Mushu တစ်ကောင်လည်း အကယ်၍သာ Mulan က Li မျိုးနွယ်နဲ့ လက်ထပ်လိုက်မယ်ဆို သူ့ရဲ့အစောင့်အရှောက် မိသားစုတာဝန်လေး ပျောက်ပျက်သွားမှာစိုးတဲ့အတွက် အတွဲကြားကို ခလောက်ဆန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာ မင်းသမီးလေးတွေက မချစ်မနှစ်သက်တဲ့လူတွေနဲ့ လက်ဆက်ရမှာကို Mulan အနေနဲ့လည်း ကိုယ်တွေ့ကြုံဖူးတဲ့အတွက် သဘောမတူရာကနေ အင်ပါယာအမိန့် ဖီဆန်ရမလားဆိုပြီး Shang နဲ့လည်း မေးခွန်းထုတ်စရာတွေ ဖြစ် ပြဿနာတက်တဲ့အချိန်မှာပဲ ...
movie
Mulan II : The Final War (2004)
2004
7.2
The Tiger’s Apprentice (2024)
The Tiger's Apprentice (2024)~ IMDb - 7.2/10, Rotten Tomatoes - 59% ~EEAaO နဲ့ အော်စကာရခဲ့တဲ့ မလေးရှားလူမျိုး တရုတ်မင်းသမီး Michelle Yeoh, ချားလိစ်အိန်ဂျယ်နဲ့ လူသိကြတဲ့ တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Lucy Liu, အခုနောက်ပိုင်းတော်တော်နေရာရလာတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်သရုပ်ဆောင် Sandra Oh, မလေးရှားလူမျိုး အမေရိကန်သရုပ်ဆောင် Henry Golding, တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Brandon Soo Hoo တို့လို နာမည်ကျော် အာရှသွေးနှော အမေရိကန်သရုပ်ဆောင်တွေ စုပြုံပြီး အသံသရုပ်ဆောင်ပေးထားတဲ့ အမေရိကန်ရောက် တရုတ်ဇာတ်လမ်းနဲ့ အမေရိကန် ကာတွန်းရုပ်ရှင်ပါ။ ၂၀၀၃မှာ ထွက်ခဲ့တဲ့ Laurence Yep ရဲ့ နာမည်တူဝတ္တုကိုပဲ အခြေခံထားပြီး Monster Hunt ကိုရိုက်ခဲ့တဲ့ ဟောင်ကောင် အန်နီမိတ်တာ ...
movie
The Tiger’s Apprentice (2024)
2024
4K HEVC
6.5
Blindness (2008)
IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာတော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာတော့.... File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Blindness (2008)
7.0
Rabbit Hole (2010)
အခုတစ်ခါမှာတော့ Rabbit Hole ဆိုတဲ့ Drama အမျိုးအစာဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးမှာ မင်းသမီး Nicole Kidman နဲ့ The Spectacular Now ထဲကမင်းသား Miles Teller တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ဘက်ကာနဲ့ဟောင်ဝီတို့ဟာ ဒန်နီဆိုတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒန်နီလေးဟာ သူ့ရဲ့ခွေးလေးနောက်ကိုလိုက်ရင်း ကားတိုက်ခံလိုက်ရပြီး ဆုံးသွားပါတယ် အဲဒီအချိန်ကစပြီး ဘက်ကာတို့ဘဝဟာ ပျော်ရွှင်မှုမရှိ ပြောင်းလဲသွားပါတော့တယ်ဟောင်ဝီက ပူဆွေးဝမ်းနည်းမှုတွေကိုအချင်းချင်းဝေမျှတဲ့အဖွဲ့မှာ အဖွဲ့ဝင်ထားပါတယ် ဘက်ကာကတော့ အဲ့ဖွဲ့ကိုသဘောမကျလှတာကြောင့် သိပ်မလိုက်ပါဘူး ဟောင်ဝီက သူ့သားရဲ့အရင်ကဗီဒီယိုလေးတွေပြန်ကြည့်ရင်း အတိတ်မှာပဲပျော်မွေ့နေပါတယ် ဘက်ကာကတော့ အဲ့အတိတ်က ပူဆွေးမှုတွေကနေရုန်းထွက်နိုင်ဖို့ကြိုးစားနေတာပါတစ်နေ့ သူ့သားကိုကားနဲ့တိုက်ခဲ့တဲ့ကောင်လေး ဂျေဆန်နဲ့စကားပြောမိကြရာကနေ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ဘက်ကာက သူ့သားကို ကားနဲ့တိုက်မိခဲ့တဲ့ ဂျေဆန်ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.78 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Rabbit Hole (2010)
6.8
Quiz Lady (2023)
Quiz Lady ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ထွက် ဟာသ ဇာတ်မြူးကားလေးတစ်ကားဖြစ်ပါတယ်. ဒီဇာတ်ကားမှာက တကယ့် လူသိများမင်းသားမင်းသမီးတွေဖြစ်တဲ့ Grey Anatomy က Sandra Oh,Crazy Rich Asians ထဲက Awkwafina, သက်ကြီးပိုင်း ဆရာကြီးတွေဖြစ်တဲ့Will Ferrel, Holland Taylor တို့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်..ဇာတ်ကားလေးက ဟာသကားဆိုပေမဲ့ ကလိထိုးရယ်ခိုင်းတာမျိူး မဟုတ်ပဲသူတိ့ကို ကြည့်ရင် တစိမ့်စိမ့်သဘောကျလာလို့ ရယ်မောပျော်ရွှင်နေရမဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေး ပြောပြရမယ်ဆိုရင်တော့ မင်းသမီးအန်းဟာငယ်ငယ်လေးကတည်းက TV က လာတဲ့ Quiz အစီအစဥ်တစ်ခုကို နေ့စဥ့်မပြတ်ကြည့်ပြီး ကြီးပြင်းလာတဲ့ အသက် ၃၀ကျော်အရွယ် အူတူတူကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့အမေကတော့ သူမကို အကြွေးတွေနဲ့ထားခဲ့ပြီးသူနေထိုင်ရာ လူအိုရုံကနေပါ ပြေးသွားခဲ့ပါတယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့သူအစ်မနဲ့ ပြန်ဆုံစည်းပြီး အမေဖြစ်သူရဲ့ အမွေဆိုးကို ရင်ဆိုင်ဖြေရှင်းရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးတစ်လျှောက်လုံးမှာ မြင်တွေ့ရမှာကတော့ မင်းသမီးရဲ့ Character development, ...
movie
Quiz Lady (2023)
6.7
Under the Tuscan Sun (2003)
ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီးဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလိုကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာသေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင်လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်းသူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံကအိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်းသူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင်တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံတွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီးရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Under the Tuscan Sun (2003)
6.7
Defendor (2009)
Defendor (2009)~ IMDb - 6.7/10, Rotten Tomatoes - 75% ~နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး...အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ရယ်လည်းရယ်ရ သနားစရာလည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson ...
movie
Defendor (2009)
2009
6.3
The Princess Diaries (2001)
မင်းသမီးချော Anne Hathaway ရဲ့ ငယ်ရွယ်စဉ်က အလှတွေကို တစ်ဝကြီးမြင်ရမယ့် တောင်းဆိုမှုများတဲ့ ကားဟောင်းကောင်းလေးတစ်ကား လာပါပြီ။၂၀၀၁ ခုနှစ်က ထွက်ရှိထားပြီး ငယ်ငယ်က Hollywood မူဗီတွေရဲ့ vibe ကို အပြည့်အဝပေးစွမ်းတဲ့ ကားလေးပါ။မီယာဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုက လူမသိသူမသိနေရာလေး တစ်ခုမှာ အမေတစ်ခု သမီးတစ်ခု နေထိုင်ရင်း ဘဝကို အသက်ဆက်နေသူပါ။ ရှာမှရှားတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးနဲ့အတူ ကျောင်းသွားရင်း ကျောင်းရဲ့ ဘူလီခံ စတိုင်လ်မကျု ရုပ်ဆိုးမလေးပေါ့၊ဒါပေမဲ့ တစ်နေ့ သူဟာ ဂျနိုဗီယန် နိုင်ငံရဲ့ နန်းတက်မင်းသမီးတစ်ပါးပါဆိုပြီး အဘွားဖြစ်သူ ဘုရင်မကြီး ရောက်လာတဲ့ သတင်းနဲ့အတူ သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။ဒီတော့ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းချင်တဲ့ မီယာနဲ့ မြေးဖြစ်သူကို တော်ဝင်မျိုးနွယ်စုထဲ ဇွတ်တွေ သွပ်သွင်းချင်တဲ့ ဘွားဘွားတို့ ဘယ်လို အတိုက်အခံတွေဖြစ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦး File size…(2.03GB/(1.03MB)/(686MB) Quality….Webrip 1080p / ...
movie
The Princess Diaries (2001)
5.1
Umma (2022)
Umma (2022) ====================== Killing Eve ဇာတ်လမ်းတွဲနဲ့လူသိများတဲ့ ကိုရီးယားမင်းသမီး Sandra Oh ဦးဆောင်ပါဝင်ထားတဲ့ Horror ကားကောင်းလေး ဖြစ်ပါတယ်။ Asian အငွေ့အသက်တွေပါတဲ့ Horror Genre အမျိုးအစားဖြစ်တာကြောင့် ကြောက်ဖို့ မကောင်းမှာတော့ မပူရပါဘူး။ဇာတ်လမ်းပုံစံကတော့ မိခင်ရဲ့ညှင်းပန်းနှိပ်စက်မှုကြောင့် ကိုရီးယားကနေ US ကိုထွက်ပြေးပြီး အခြေချနေထိုင်လာခဲ့တဲ့ အမန်ဒါဟာ ခရစ်ဆိုတဲ့ သမီးလေးတစ်ယောက် အရွယ်ရောက်လာတဲ့အထိပါပဲ။ သားအမိနှစ်ယောက် ပျားမွေးမြူရေးလုပ်ကိုင်ရင်း ဖုန်းမရှိ..အီးမေးလ်မရှိ အင်တာနက်မရှိဘဲ ပတ်ဝန်းကျင်နဲ့အဆက်သွယ်ဖြတ်ကာ ဇာတ်မြှုပ်နေထိုင်ခဲ့ကြပါတယ်။ ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာဖန်လာတော့ အမန်ဒါရဲ့ ဦးလေးဖြစ်သူဟာ ကိုရီးယားကနေ အိမ်ရှေ့တံခါးဝဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။ သူနဲ့အတူ သေဆုံးသွားတဲ့ အမန်ုဒါအမေရဲ့ အရိုးပြာနဲ့အကြွင်းအကျန်ပစ္စည်းတွေ ပါလာခဲ့ပါတယ်။ သမီးကိုနောက်ဆုံးစွဲလန်းစိတ်နဲ့သေသွားခဲ့တဲ့ အမန်ဒါရဲ့ မိခင် ဝိဉာဉ်ဟာ ခရစ်နဲ့အမန်ဒါတို့ နှစ်ယောက်ဘဝထဲ ဂြိုလ်ဆိုးတွေဝင်လာခဲ့တဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ဒီ Umma ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်Genre.....Drama,Horror, Mystery Quality….WEB-DL 1080p and 720p and 480p File size… 1.47GB and 728MB ...
movie
Umma (2022)
2022
7.0
Turning Red (2022)
Turning Red (2022)ဘဝမှာ အရှက်တတ်ဆုံး အကြောက်တတ်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ အပျို/လူပျိုဖော်ဝင်စ ၁၃/၁၄ အရွယ်ကို ညွှန်ပြရမှာပါပဲ။အဲဒီလိုပဲ လူကြီးအဖြစ်ချင်ဆုံးအရွယ်ဆိုရင်လည်း ၁၃/၁၄ ဝန်းကျင်အရွယ်လေးတွေပဲ ဖြစ်မှာပါ။ဒီကားလေးမှာတော့ လီမေလင်းဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် ....တရုတ်မိသားစုကပေါက်ဖွားလာတော့ တရုတ်ရိုးရာတွေအားလုံးကို နားလည်ထားပြီး ကိုယ်တိုင်လည်း ဘုံကျောင်းကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်နေသူပါ။ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကလေးပီပီပဲ မြတ်နိုးတန်ဖိုးထားရတဲ့ အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေ ရှိလာပါတော့တယ်။အဲ့ဒီအချိန် ရှေးရိုးဆန်တဲ့မိခင်ဖြစ်သူနဲ့ ကောင်မလေးရဲ့ ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ ဘယ်လို အတိုက်အခံဖြစ်ကြမှာလဲဆိုတာတွေလီမေလင်းလေးရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town အဖွဲ့က concert ကျင်းပမှာဆိုတော့သူ့ခမျာ သွားရဖို့အရေး ကြိုးပမ်းအားထုတ်ရင်းနဲ့ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူစင်စစ်ကနေပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တော့ ဘာတွေ ဆက်လက်ကြုံတွေ့ရမလဲဆိုတာတွေ ရှုစားရမှာပါ။ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ပထမဆုံးဓမ္မတာလာတဲ့အချိန်တွေကိုယ့်ကိုယ် လူကြီးလို့ သတ်မှတ်ချိန်မှာ မိဘတွေက ကလေးလို သတ်မှတ်နေသေးလို့ ကတောက်ကဆဖြစ်ရတာလေးတွေဆယ်ကျော်သက်သားသမီးတွေနဲ့ မိဘတွေကြား ...
movie
Turning Red (2022)
2022
4K HEVC Web-DL
7.2
Hard Candy(2005)
Hard Candy(2005) အညွှန်း***********************IMDb...7.2အောင်မြင်မှုတွေနဲ့ ကောင်းမွန်တဲ့ဝေဖန်ချက်တွေအများကြီးရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားကို ကြည့်ဖူးသူတိုင်းကတော့ဒီကားဟာဇာတ်ကားကောင်းတစ်ကားဆိုတာကို ငြင်းနိုင်ဖွယ်ရာ မရှိပါဘူး။၂၀၀၅ခုနှစ်ကထွက်ခဲ့တဲ့ဒီကားကို အခုထိမကြည့်ရသေးရင်တော့ထပ်ပြီးနောက်မကျသွားခင် အခုပဲDownloadဆွဲပြီး ကြည့်ရှုသင့်တယ်လို့ပဲပြောလိုက်ပါရစေ။ ဇာတ်လမ်းကတော့ Crime Thrillerအမျိုးအစားပါ။ တိုကျိုမှာဖြစ်ခဲ့တဲ့မှုခင်းတစ်ခုကိုအခြေခံပြီး ဒီကားဖြစ်မြောက်လာခဲ့တာပါ။ ဇာတ်လမ်းကတော့ ဟေလီဆိုတဲ့ စာတွေအရမ်းဖတ်ပြီးသီချင်းတွေလည်းကြိုက်တဲ့ ၁၄နှစ်အရွယ်ကောင်မလေးဟာသူ့အဖေအရွယ်လောက်ရှိတဲ့ ၃၂အရွယ်ဓာတ်ပုံဆရာ ဂျက်ဖ်နဲ့အွန်လိုင်းမှာစကားပြောကြရင်းနဲ့ အပြင်မှာဆုံကြဖို့ချိန်းဖြစ်သွားပါတယ်။အသက်မပြည့်သေးတဲ့ မြီးကောင်ပေါက်မလေးနဲ့ လာချိန်းတွေ့ကတည်းကိုကမူသိပ်မမှန်ဘူးဆိုပေမယ့်လည်း ဟေလီကတော့ အကြောက်အလန့်မရှိပဲ သူကြိုက်တဲ့bandပွဲကသီချင်းကိုနားထောင်ချင်လွန်းလို့ဆိုပြီး အခုမှစတွေ့တဲ့ဂျက်ဖ်အိမ်ကိုလိုက်သွားပါတယ်။သားကောင်လေးတစ်ကောင်တော့ မုဆိုးရဲ့ကျော့ကွင်းထဲကျရောက်သွားလေမလားဆိုပေမယ့်ဘယ်သူကတကယ့်သားကောင်ဖြစ်ပြီး ဘယ်လိုဇာတ်လမ်းလှည့်ကွက်တွေရှိနေလဲဆိုတာကိုယ်တိုင်ပဲကြည့်ရှုပြီး အကဲဖြတ်လိုက်ပါဦး။(ဒီလိုအမဲလိုက်သူနဲ့သားကောင်အခြေအနေကြောင့်ပိုစတာမှာ Little Red Riding Hoodပုံပြင်က မနီလေးနဲ့ဆင်အောင်အနီရောင်ခေါင်းစွပ်လေးထည့်သွင်းထားခြင်းပါ)။ ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်တွေကလည်း တစ်ချိန်ကချစ်စရာမင်းသမီးချောလေး(Ellen Page)အခုတော့ဘဲကြီး Elliott Pageဖြစ်သွားသူလေးနဲ့ အခုသရဲကားတွေနင်းကန်ရိုက်နေတဲ့မင်းသားPatrick Wilsonပါ။ ဇာတ်ကောင်နှစ်ယောက်တည်းဆိုပေမယ့် ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေ၊ဇာတ်လမ်းကျောရိုးနဲ့ Coloring effectsတွေကြောင့် စွဲဆောင်နိုင်တဲ့ဇာတ်ကားတစ်ကားဖြစ်နေပါတယ်။Hard Candyလို့ နာမည်ပေးထားတဲ့အတိုင်း အပြစ်ကင်းစင်မှုတွေနဲ့ ပြင်းရှရှကြမ်းတမ်းမှုတွေပေါင်းစပ်ထားတဲ့ ဒီကားကို ကိုယ်တိုင်ကြည့်ရှုအကဲဖြတ်ကြည့်လိုက်ပါဦး။ File Size :(2GB)(972MB) and (369MB) Quality : Blu-Ray 1080p5.1ch, ...
movie
Hard Candy(2005)
7.8
Raya and the Last Dragon (2021)
Raya and the Last Dragon (2021)========================IMDb Rating - 7.8ဟိုးရှေးရှေးတုန်းကပေါ့ဗျာ .....ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင်ကျင့်ကြတဲ့အခါမှတော့ ...... နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း၅ ပိုင်း ကွဲသွားခဲ့ပါတယ်။နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ...
movie
Raya and the Last Dragon (2021)
2021
4K HEVC
5.4
The Land Before Time XIII: The Wisdom of Friends
THE LAND BEFORE TIME XIII ======================== Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေး တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စ ပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေ အကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ...
movie
The Land Before Time XIII: The Wisdom of Friends
2007
7.0
Over the Moon (2020)
Over the Moon (2020)=================IMDb Rating - 7.0/10#Unicodeတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ဒီဇာတ်ကားလေးကတော့ အဲ့ဒီ ပုံပြင်လေးပေါ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဖေးဖေးတို့မိသားစုကတော့ အေးအေးချမ်းချမ်းနဲ့ လမုန့်ရောင်းပြီး အသက်မွေးနေတဲ့ မိသားစုလေးဖြစ်ပါတယ်။ ဖေးဖေးအမေက သူ့ကိုလနတ်သမီးချန်အယ်အကြောင်း အမြဲပြောပြလေ့ရှိပြီး ဖေးဖေးကလည်း ယုံကြည်သူပါ။ ဖေးဖေးရဲ့အမေ သေဆုံးပြီးတဲ့နောက်မှာ ဖေးဖေးတစ်ယောက် သူမအမေကိုလက်မလွှတ်နိုင်ဘဲ သတိရနေခဲ့ပါတယ်။ ဖေးဖေးရဲ့အဖေ နောက်အိမ်ထောင်ပြုဖို့ အကြောင်းဖန်လာခဲ့ချိန်မှာ ချန်အယ်နဲ့ အချစ်စစ်ပုံပြင်ကို ယုံကြည်နေတဲ့ ဖေးဖေးတစ်ယောက် ဆောက်တည်ရာမရဘဲ သူ့အဖေကို အပြစ်တင်နေခဲ့ပြီး ချန်အယ်က စစ်မှန်ကြောင်း သက်သေပြဖို့ သူ့အဖေနောက်အိမ်ထောင်ကိုတားဆီးနိုင်ဖို့ လကမ္ဘာဆီသွားပြီး ချန်အယ်ကို ရှာဖို့ ကြိုးပမ်းပုံကို တင်ဆက်ထားတဲ့ animation ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်ပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) #Zawgyiတရုတ်လူမျိုးတွေရဲ့ လနတ်သမီးလေး ချန်အယ်ရဲ့ ကြေကွဲဖွယ်ပုံပြင်လေးကို လူတော်တော်များများသိကြမှာပါ။ ...
movie
Over the Moon (2020)
2020
6.3
Bean (1997)
ကဲ ဒီတစ်ခါတော့ ပရိသတ်ကြီးအတော်များများ သဘောကျ ချစ်ခင်ကြတဲ့ မင်းသားကြီး ရိုဝင် အက်ကင်ဆန် ရဲ့ အထိမ်းအမှတ်ဇာတ်ကောင် Mr.Bean ရဲ့ ပေါက်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်။ ၁၉၉၇ မှာထွက်ခဲ့တဲ့ ဒီကားကို အတော်များများ ကြည့်ဖူးကြမှာ မှန်ပေမယ့် ရုပ်သံအရည်အသွေးကောင်းကောင်း မြန်မာစာတန်းထိုးနဲ့ မရှိသေးတဲ့ အတွက် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဘဝမှာ မမျှော်လင့်ပဲ ဘယ်လိုအခက်အခဲတွေ ကြုံတတ်တယ်...မိသားစုဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာရယ်...တာဝန်ယူတတ်တဲ့စိတ်ဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်အဓိက ကျတယ်ဆိုတာတွေကို ဟာသတွေအများကြီးနဲ့ ချပြထားတာဖြစ်ပါတယ်ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ Mr.Bean တစ်ယောက် မထင်မှတ်ပဲ အမေရိကန်နိုင်ငံသို့ လုပ်ငန်းကိစ္စဖြင့် စေလွှတ်ခံရပြီး သူ့ရဲ့ထုံးစံအတိုင်း အလွဲတွေ ပေါက်ကရတွေ လုပ်မိပုံကို ရိုက်ကူးပြသထားပါတယ်။ ဒေါ်လာသန်းချီ တန်တဲ့ ပန်းချီကားကို ဘယ်သို့ဘယ်ပုံ ဖျက်ဆီးမိလဲဆိုတာ ရယ် Mr.Beanအနေနဲ့ သူ့အမှားတွေကို ပြန်လည်ချေဖျက်ပြပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှ သလို လူတစ်ယောက်မှာ မိသားစုနဲ့ တာဝန်ယူစိတ်ဟာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ သင်ခန်းစာကိုပါ ကောင်းကောင်းကြီးပေးစွမ်းနိုင်ခဲ့တဲ့ ...
movie
Bean (1997)
1997