Channel Myanmar

Samuel Torres

Love in the Limelight (2022) 6.5
Love in the Limelight (2022)  ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love in the Limelight ရုပ်ရှင်ဟာအမေရိကန်ရုပ်ရှင်မင်းသားနဲ့ဒါရိုက်တာ Wille Anmesနဲ့ဇနီးသည် Winnie Hung တို့ရဲ့အချစ်ဇာတ်လမ်းဖြစ်ရပ်မှန်ကိုအခြေခံပြီး ဇာတ်ကောင်တွေ၊ နာမည်တွေပြောင်းလဲရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကို Wille Anmes ကိုယ်တိုင်ပါဝင်တွဲဖက်ရေးသားထားပြီး Alexa PenaVega နဲ့ CarlosPenaVega တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************တစ်ချိန်က ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ အဆိုတော်နစ်မန်းဒက်ဇ်ဟာနာမည်ကျချိန်မှာ ရည်းစားကလည်းပစ်၊ အဆိုတော်လောကမှာလည်းပြန်လက်တွဲခေါ်ချင်သူမရှိတော့ပါဘူး။ နစ်ခ်ကိုယ်တိုင်ကလည်းသီချင်းတွေဆိုဖို့၊ သီချင်းတွေရေးဖို့တောင် စိတ်အာရုံစုစည်းမရဖြစ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ Salt Lake Cityကိုသွားရောက်ဖျော်ဖြေဖို့ဖြစ်လာခဲ့ပြီး သူနဲ့ ၁၅ နှစ်ကြာအောင်အပြန်အလှန်စာတွေပို့နေခဲ့ကြတဲ့သူငယ်ချင်းမလေးနဲ့ အပြင်မှာတကယ်တွေ့ရဖို့ဖြစ်လာခဲ့ပါတယ်။ ဆမ်းမားကတော့နစ်ခ်ဆီကို ပရိသတ်စာတစ်စောင်ရေးရာကနေ နစ်ခ်နဲ့ ၁၅ နှစ်ကြာအောင် လေလှိုင်းထဲကသူငယ်ချင်းဖြစ်ခဲ့သူလေးပါ။ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့လောကဓံအတက်အကျအားလုံးကိုနှစ်ပေါင်းများစွာအတူမျှဝေခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာအပြင်မှာတကယ်တွေ့ရချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်တွေကအရောင်ပြောင်းလဲလာခဲ့ပါတော့တယ်။ File size…1.91GB / 770 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Romance Subtitle….Myanmar Subtitle ...
movie

Love in the Limelight (2022)