Channel Myanmar

Sammy T. Dobson

Lore (2024) 5.0
Lore (2024)  ဒီဇာတ်ကားလေးက သူငယ်ချင်းလေး ယောက် ခရီးတစ်ခုကိုသွားတာကနေ အစပျိုးထားပါတယ် သူတို့ဟာ တောင် တက်ခရီးစဥ်အတွက် တောထဲကနေရာ တစ်ခုကိုသွားနေကြတာပါ သူတို့သူငယ် ချင်းလေးယောက်က နွေရာသီရောက် တိုင်း ခရီးသွားနေကြပေါ့ ဒါမဲ့သူတို့ စခန်းချတဲ့နေရာကိုရောက်တော့ ထူးဆန်းတဲ့လူကြီးကလွဲပြီး ဘယ်သူမှမရှိပါဘူး သူကတော့လမ်းပြလိုပုံစံပေါ့သူတို့အဲ့ညမှာပဲအဲ့မှာနားကြရတော့ အဘိုးကြီးက ကြောက်မက်ဖွယ်ကောင်းတဲ့ပုံပြင်ပြောတဲ့ရိုးရာကိုပြောပြပါတယ် အဲ့တော့သူငယ်ချင်းလေးယောက်လုံးက သူတို့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံပြင်တစ်ခုစီကိုပြောပြမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးက တခြားHorrorကား တွေနဲ့မတူတာက ဇာတ်လမ်းတွေ အများကြီးပါတာကြောင့် ကြည့်မပျင်းပါဘူးအချိန်လည်းမရှိတာကြောင့်ဇာတ်လမ်းတစ်ခုချင်းစီတိုင်းကိုအတိုချုပ် ရိုက်ပြထားတာဆိုတော့ပျင်းဖို့လုံးဝကောင်းမနေပါဘူး ဒါမဲ့ဒီကားကဇာတ်လမ်းလေးခုနဲ့ပြီးမသွားပါဘူးအဲ့အဘိုးကြီးကသူတို့ကိုဘာလို့ အဲ့လိုပုံပြင်တွေပြောခိုင်းရတာလဲ သူကရောဘာလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူပေးကြပါဦး File size…(1.6 GB)/(690 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:32:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe
movie

Lore (2024)

I, Daniel Blake (2016)
I, Daniel Blake (2016) ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီးဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနကအလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့်ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကိုလျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲအွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေးကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ?အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကိုမင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။ File size…  ...
movie

I, Daniel Blake (2016)

2016
Joe Maddison’s War (2010) 6.9
Joe Maddison’s War (2010) Joe Madison's War (2010)  ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ...
movie

Joe Maddison’s War (2010)

2010