Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Samantha Isler
5.7
Dig Two Graves (2014)
လောကကြီးထဲက ထွက်ခွာသွားခဲ့ရတဲ့ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင်ပရိသတ်ကြီးတို့ရော ပြန်ခေါ်ကြမှာလား။ဒါပေမယ့် လှည့်ကွက်တစ်ခုတော့ရှိနေပါတယ်။အဲ့ဒါကတော့ ကိုယ်ပြန်ခေါ်ချင်တဲ့သူနေရာမှာအသက်ရှင်နေတဲ့ တခြားတစ်ယောက်နဲ့အစားထိုးပေးရမှာပါပဲ။ဒီလိုမျိုးမှော်ပညာတွေ အောက်လမ်းပညာတွေကိုထည့်သွင်းရိုက်ကူးထားတဲ့ 2014 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Dig Two Graves ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။IMDb Rating 5.7 ရရှိထားပြီး Horror ကိုပေါ့ပေါ့ပါးပါးကြည့်ရှုချင်သူတွေအတွက်အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာ ဂျိတ်နဲ့ရှောင်ဆိုတဲ့ မောင်နှမနှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီး ကလေးတွေဆိုတော့စူးစူးစမ်းစမ်းပေါက်ပေါက်ရှာရှာလုပ်တတ်ကြသူတွေဖြစ်ပါတယ်။အခုလည်း ချောက်ကမ်းပါးတစ်ခုကနေရေထဲ အတူတူခုန်ဆင်းဖို့လုပ်နေကြပေမဲ့တကယ်တမ်းခုန်ချသွားတဲ့အခါမှာတော့ ရှောင်တစ်ယောက်ပဲခုန်ချခဲ့ပြီး ကြောက်တတ်တဲ့ဂျိတ်ကတော့ကျန်နေခဲ့ပါတော့တယ်။ဒါပေမယ့် ရှောင်ကရေထဲခုန်ဆင်းသွားပြီးပြန်ပေါ်မလာတဲ့အခါမှာတော့သူချစ်ရတဲ့အစ်ကိုကို ဆုံးရှုံးလိုက်ရပြီဆိုတာကိုဂျိတ်သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ရှောင်ဆုံးပါးပြီးကတည်းက ဂျိတ်တစ်ယောက်မအိပ်နိုင်မစားနိုင်တမှိုင်မှိုင်ဖြစ်နေခဲ့ပါတော့တယ်။သိပ်မကြာခင်မှာတော့သူတစ်ယောက်တည်း ကျောင်းကနေအိမ်ကိုပြန်တဲ့လမ်းမှာ လူသုံးယောက်နဲ့တွေ့ခဲ့ပြီး အဲ့ဒီလူတွေထဲကခေါင်းဆောင်က အထက်မှာ ပြောထားခဲ့တဲ့အတိုင်းသူ့အစ်ကိုကိုပြန်ခေါ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာမရိုးသားမှုတွေရှိနေပြီး ဂျိတ်ရဲ့အဖိုးဖြစ်တဲ့ရဲမှူးရဲ့မကောင်းခဲ့တဲ့ အတိတ်တွေကလည်းတစ်ထောင့်တစ်နေရာမှာပါဝင်နေတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေကိုမြင်တွေ့ရမလဲဆိုတာတွေကိုသည်းထိပ်ရင်ဖို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 507MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Horror , Drama , Mysery Subtitle….Myanmar Subtitle (Hard ...
movie
Dig Two Graves (2014)
Captain Fantastic (2016)
ဘန်နဲ့ သူ့ရဲ့အမျိုးသမီး လက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။ တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေ လက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားလိုစိတ်ပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ ...
movie
Captain Fantastic (2016)
7.4
Molly’s Game (2017)
Molly's Game (2017) IMDb - 7.4/10_____Rotten - 81% Molly's Game ဟာ နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့်တွေ စီးပွားရေးပညာရှင်တွေ အားကစားသမားတွေ ပါဝင်ကစားခဲ့တဲ့ပိုကာဝိုင်းတွေကို အသက် ၂၆နှစ်အရွယ်နဲ့ဦးစီးလုပ်ဆောင်ခဲ့သူ Molly Bloomအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်…ပိုကာဝိုင်းတွေကို ကော်မရှင်ခယူပြီး တရားမဝင်ဦးစီးခဲ့တဲ့အတွက် အစိုးရ ရဲ့တရားစွဲဆိုမှုအပေါ် အရည်အချင်းပြည့်လှတဲ့ရှေ့နေတစ်ဦးနဲ့ပေါင်းကာ တရားရင်ဆိုင်ကြပုံကို ရှုစားကြရမှာပါ…ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်…မော်လီဟာ ငယ်ရွယ်စဉ်ဘဝတုန်းကတော့ အိုလန်ပစ်ပွဲတွေမှာ စကိတ်ပြိုင်ပွဲတွေဝင်နိုင်ဖို့ရည်သန်ပြီး စကိတ်အားကစားကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သူတစ်ဦးပါ…အသက် ၁၃နှစ်အရွယ်မတိုင်ခင်ကတည်းက ပြည်နယ်ရဲ့ထိပ်တန်းလက်ရွေးစင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်…တစ်နေ့မှာတော့ သူ့ရဲ့ဝါသနာပါရာအားကစားကို ရပ်တန့်ပစ်ရတော့မယ့် အခြေအနေဆိုက်လာပါတယ်…ကျောရိုးမကြီးမှာပြင်းပြင်းထန်ထန် အရိုးကွေးညွတ်မှုဖြစ်လာတဲ့အတွက်…မော်လီ့ကို ဘယ်တော့မှ စကိတ်မစီးဖို့ ဆရာဝန်က မှာလိုက်ပါပြီ…ဒါကြောင့် အထက်တန်းအောင်မြင်ပြီးနောက် မော်လီဟာ ဥပဒေကျောင်းဆက်မတက်သေးဘဲ နယူးယော့ခ်ကို ပြောင်းလာပါတယ်…ဘားတစ်ခုမှာစားပွဲထိုးဝင်လုပ်ရင်း…သူ့Careerတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် အလုပ်ရှင်တစ်ဦးနဲ့တွေ့ပါတော့တယ်…ပိုကာဝိုင်းမှာ စာရေးမ အနေနဲ့ လုပ်ဖို့ပါ…ဒီလိုနဲ့ မော်လီဟာ နောက်ပိုင်းမှာ ဘယ်လိုတွေများ ပိုကာဝိုင်းတွေကို ဆက်လက်ဦးစီးပြီး…ဝင်ငွေသန်းနဲ့ချီရအောင်ဆောင်ရွက်နိုင်ခဲ့သလဲ…လောကဓံအလှည့်အပြောင်းကို ဘယ်လိုများခံနိုင်ရည်ပြင်းပြင်းနဲ့ ရင်ဆိုင်ခဲ့တယ်ဆိုတာ ဆက်လက်ရှုစားကြပါ (ဘာသာပြန်ပေးထားသူကတော့ ကျောင်းအုပ်ဆရာမကြီး မဝင်ဒီပါ) Molly's ...
movie
Molly’s Game (2017)
2017