Channel Myanmar

Samantha Hanratty

Atlas (2024)
Atlas (2024) ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ ...
movie

Atlas (2024)

4K HEVC
The Lost Medallion: The Adventures of Billy Stone (2013)
The Lost Medallion: The Adventures of Billy Stone (2013) The Lost Medallion : The Adventures of Billy Stone [2013] ( IMDb 4.8/10, RT 52%)ဒန်နီရယ်တစ်ယောက် ဘောလုံးပွဲကြည့်ဖို့ သွားရင်း မစ္စဆယ်လီ့အိမ်က မိဘမဲ့တွေအတွက် ပစ္စည်းပစ္စယတွေ လမ်းကြုံသွားပို့ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့နေ့ဟာ ကလေးတွေအတွက် ပုံပြင်ပြောပေးနေကျ အမျိုးသမီး နာမကျန်းနေတာကြောင့် ပုံပြောတာဝန်ဟာ ဒန်နီရယ့်အပေါ် ဆိုင်းမဆင့်ဗုံမဆင့် ကျရောက်လာပါတော့တယ်... ဒီလိုနဲ့ ဒန်နီရယ်ဟာလည်း ဘောလုံးပွဲကို ကြည့်ချင်သော်ငြား မိဘမဲ့ကလေးတွေရဲ့ စိတ်ဆန္ဒကို တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးလိုတာကြောင့် ပုံပြင်ပြောပေးဖို့ ရွေးချယ်လိုက်ပါတော့တယ်... ဒန်နီရယ်ဟာ ပုံပြောနေကျသူ မဟုတ်တာမို့ မိဘမဲ့ကလေးတွေဖြစ်ကြတဲ့ ဆွမ်းသွမ်းတဲ့ ဟူကို၊ ဘုရားသခင်ကို မေးခွန်းထုတ်နေတဲ့ အယ်လီ နဲ့ ဉာဏ်ကောင်းပါလျက် လူတောမတိုး နှုတ်ဆိတ်နေတဲ့ ဘီလီတို့ကို အခြေတည်ပြီး အက်ရှင်အပြည့်နဲ့ စွန့်စားခန်းတွေပါတဲ့ မှော်ဝင်လည်ဘယက် ရှာပုံတော်ကြီးအကြောင်း ပြောပြပါတော့တယ်... ဒန်နီရယ်ပြောပြတဲ့ ပုံပြင်အကြောင်းနဲ့ ဒီထဲက သင်ခန်းစာတွေကို ပရီတ်သတ်တို့ ကိုယ်တိုင် ရှုစားလိုက်ကြပါဦးနော်အညွှန်း ...
movie

The Lost Medallion: The Adventures of Billy Stone (2013)

2013
Boogeyman 2 (2007) 5.0
Boogeyman 2 (2007) Boogeyman 2 (2007) ================11နှစ်သား ဟင်နရီနဲ့ 8နှစ်သမီး လော်ရာတို့ မောင်နှမနှစ်ယောက် တစ်ညမှာ သူတို့မိဘတွေ ရက်ရက်စက်စက်အသတ်ခံလိုက်ရတာကိုမျက်မြင်ကြုံတွေ့ ခဲ့ရတယ်။ ရဲတွေက တရားခံကို တစ်ခါမှမဖမ်းမိခဲ့ဘူး။ ဟင်နရီနဲ့လော်ရာက သူတို့မိဘတွေကိုသတ်တဲ့တရားခံက ဘိုဂီမန်းလို့ခေါ်တဲ့ သရဲတစ္ဆေလို့ ယုံကြည် စွဲလမ်းပြီး စိတ်ရောဂါရသွားကြတယ်။ ငယ်ငယ်ကတည်းက ဘိုဂီမန်းကို ကြောက်တဲ့ ဟင်နရီကတော့ သူ့ကြောက်ရွံ့မှုကပိုဆိုးလို့ စိတ်ကျန်းမာရေး ဆေးခန်းမှာ နေပြီးကုသလိုက်ရတယ်။လော်ရာ 18နှစ်ပြည့်တော့ ရောဂါပျောက်ကင်းပြီး အများကြီးသက်သာသွား ပုံရတဲ့ အစ်ကိုဖြစ်သူ ဟင်နရီက အလုပ်အင်တာဗျူးအတွက် ဆန်ဖရန်စ္စကိုကို သွားမယ်ဖြစ်ကြောင်းပြောပြီး သူ့ညီမကို သူနေတဲ့ စိတ်ကျန်းမာရေးဆေးခန်းမှာ ဒေါက်တာရိုင်နဲ့ ကျန်တဲ့phobiaစိတ်ရောဂါသည်သူငယ်ချင်းတွေနဲ့ နှစ်ရက်အပ် ထားခဲ့ပါတယ်။ ပထမနေ့ညမှာပဲ လော်ရာတို့အဖွဲ့ထဲကတစ်ယောက် ကိုယ်တစ် ပိုင်းပြတ် သေသွားတယ်။ နောက်နေ့ညမှာ ကျန်တဲ့လူနာသူငယ်ချင်းတစ်ယောက် ထပ်သေပြီး ဆေးခန်းကကျန်တဲ့လူတွေအကုန် အဆောက်အအုံမှာ ပိတ်မိသွား ကြတယ်။ တစ်ညတာပိတ်မိသွားပေမဲ့ အဲဒီဆေးရုံထဲပိတ်မိသွားတဲ့ညအတွင်း ဘယ်လောက်စိတ်ခြောက်ခြားစရာကိစ္စတွေနဲ့ ကြုံရမလဲဆိုတာတော့ ဒီဇာတ်လမ်း မှာ စိတ်လှုပ်ရှားခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလို့ရပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.72 GB) / (632 MB) Quality............WEB-RIP 1080p ...
movie

Boogeyman 2 (2007)

2007