Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Samanta Gualtieri
5.8
The Little Hours (2017)
The Little Hours (2017)IMDb - 5.8ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးက အလယ်ခေတ်ပိုင်းက အီတလီစာရေးဆရာ Giovanni ရဲ့The Decameron ဆိုတဲ့ စာအုပ်၊ ၁၀ရက်လို့ အဓိပ္ပာယ်ရပြီးပြောရရင် “ဆယ်ရက်ဆယ်ညပုံပြင်များ”ပေါ့၊ ဒီထဲကနေမှ တတိယနေ့က ဇာတ်လမ်းကိုအခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ဆိုတော့ အလယ်ခေတ်ပိုင်း ၁၃၄၇ ခုနှစ်ပိုင်းကို ဇာတ်အိမ်တည်ထားပါတယ်။အဲလက်ဇန်းဒါး၊ ဖာနန်ဒါ၊ ဂျင်နာဗာ ဆိုတဲ့ စစ္စတာလေး သုံးယောက်ဟာသူတို့ကိုယ်ပိုင်စိတ်ကူး၊ရည်ရွယ်ချက်တွေကိုယ်စီနဲ့ဘုရားကျောင်းတစ်ခုမှာ နေနေကြတယ်။တစ်နေ့တော့ ခရီးသွားရင်း ဖာသာတွမ်မာစ်ဆိုဟာမက်ဆက်စ်တို ဆိုတဲ့ လူငယ်လေးနဲ့ တွေ့ဆုံတယ်။မက်ဆက်စ်တိုဆိုတာက အရှင်ဘရူနိုရဲ့ရဲတိုက်မှာ အမှုထမ်းနေစဉ်အရှင့်ရဲ့မိန်းမနဲ့ဖောက်ပြန်တာမိသွားလို့ ထွက်ပြေးလာခဲ့ရသူပါ။သနားတတ်တဲ့ဖာသာက မက်ဆက််စ်တိုကို ဘုရားကျောင်းကိုခေါ်သွားပေးမယ်၊ ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်၊မက်ဆက်စ်တိုဟာ ဆွံ့အနားမကြား တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ ဆွံ့အနားမကြားအဖြစ် မက်ဆက်စ်တိုတစ်ယောက်ဘုရားကျောင်းမှာ စစ္စတာလေးတွေနဲ့ ဘာတွေဆက်ကြုံတွေ့ရမလဲပေါ့။ယောကျ်ားမိန်းမအကြား သဘာဝတရား၊ လိင်ကိစ္စတွေကန့်သတ်ထားတဲ့နယ်ပယ်တစ်ခုမှာ ဖြစ်တတ်တဲ့သဘာဝတွေ၊ပျင်းရိဖွယ်ဘဝကနေ လွတ်မြောက်ဖို့ လူငယ်သဘောသဘာဝလက်တည့်စမ်းမှုလေးတွေကို ဟာသရောပြီးသဘာဝဆန်ဆန်ရိုက်ကူးထားပါတယ်။စစ္စတာလေးတွေရဲ့ လုပ်ရပ်လေးတွေကို ရယ်ရင်း အံ့ဩရင်းရသစုံခံစားရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။စစ္စတာလေး သုံးယောက်အဖြစ် ...
movie
The Little Hours (2017)
2017