Channel Myanmar

Sam Trammell

White Rabbit (2013) 5.9
White Rabbit (2013)  Drama/Thriller ရုပ်ရှင်ကားဟောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဟာလင်က ထူးခြားတဲ့ကလေးတစ်ယောက်ပါ။ ဘယ်လိုထူးခြားလဲဆိုတော့ တခြားသာမန်ကလေးတွေနဲ့မတူဘဲ ပိုငြိမ်ပြီး ထူးခြားတာပေါ့။ ဟာလင် ကလေးပေါက်စအရွယ်ကတည်းက အထိန်းအကျောင်းမတတ်တဲ့ ဖိုဝါဒီအဖေကြီးကြောင့် ဟာလင်က စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်။အလယ်တန်းရောက်လာတော့လည်း ကျောင်းမှာအနိုင်ကျင့်တာတွေခံရတယ်။ ဟာလင်မှာ စတီဗီလို့ခေါ်တဲ့သူငယ်ချင်းလေး‌တစ်ယောက်တော့ရှိတယ်။ တစ်ရက်မှာ ဟာလင်ဟာ သူငယ်ငယ်တုန်းက အဖေဖြစ်သူနဲ့ တောထဲအမဲလိုက်ထွက်ရင်း သတ်ခဲ့ဖူးတဲ့ယုန်လေးတစ်ကောင်ကို မျက်စိထဲ ပြန်ပြန်မြင်‌လာရပြီးနောက်မှာတော့ ဟာလင်ရဲ့စိတ်အခြေအနေတွေဟာ သူ့ကို ဆိုးရွားတဲ့အကျိုးဆက်တွေဆီကို တွန်းပို့ကြပါတော့တယ်။ File size…(1.9 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

White Rabbit (2013)

The Details (2011) 6.1
The Details (2011) The Details (2011) ==================ဒီဇာတ်လမ်းကတော့ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Tobey Maguire နဲ့ Elizabeth Banks တို့ရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဟာသဇာတ်လမ်းဖြစ်ပါတယ်။အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ Jeff နဲ့ Nealy တို့ရဲ့ ​နောက်ဖေးခြံဥယျာဥ်မှာ တောကြောင်တွေ လာသောင်းကျန်းလို့ ထောင်ချောက်ဆင်ရာကနေ Jeff တစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခု ဆင့်ပွားပေါ်ပေါက်လာတော့တယ်။ အစပိုင်းမှာတော့ ဘာမှမဟုတ်တဲ့အသေးအမွှား​လေးတွေဆိုပေမဲ့ အဲဒီအသေးအမွှားလေးတွေကနေ အိမ်ထောင်ရေးပြဿနာ၊ ဖောက်ပြန်မှုနဲ့ လူသတ်မှုတွေအထိ ဘယ်လိုတောင်ကြီးမားလာမလဲဆိုတာကို The Details မှာ dark humor များစွာဖြင့် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(990MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

The Details (2011)

The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
Organ Trail (2023) 5.1
Organ Trail (2023)  Drama/Thriller/Western IMDb – 5.3/10 ဒီဇာတ်လမ်းရဲ့ ပိုစတာကိုမြင်လိုက်တာနဲ့ သွေးသံတရဲရဲနဲ့ ကြောက်ဖို့ကောင်းတဲ့ခံစားချက်ဝင်မိမှာပါ ဒါပေမဲ့ ဒီဇာတ်ကားက သာမန် horror movie တွေလိုမျိုးမဟုတ်ဘဲနဲ့ ပရိတ်သတ်ကြီးကို ဇာတ်လမ်းအစကနေ အဆုံးအထိ ဇာတ်ရှိန်တဖြည်းဖြည်းတက်သွားပြီး စိတ်ဝင်စားအောင် ဖမ်းစားသွားနိုင်တဲ့ thriller ဆန်ဆန် ဇာတ်ကားကောင်းတစ်ခုပါ။အကြမ်းဖက်မှုတွေ လက်တုံ့ပြန်မှုတွေကို အနောက်ပိုင်းစတိုင် horror ဆန်ဆန်ရိုက်ကူးထားပြီးတော့ ဒီဇာတ်လမ်းကိုတော့ ၁၈၀၀ ပြည့်နှစ်တွေတုန်းက အော်ရီဂွန်ချိုင့်ဝှမ်းနဲ့ မစ်ဆူရီမြစ်ကို ဆက်သွယ်ပေးတဲ့ လှည်းလမ်းကြောင်းဖြစ်တဲ့ Orgeon Trail ကိုအခြေတည်ပြီး ဒါရိုက်တာက နာမည်ပေးခဲ့တာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... အက်ဘီ‌ဂေးလ်တို့မိသားစုလေးယောက် မုန်တိုင်းဒဏ်ကိုဖြတ်ကျော်ပြီး Orgeon Trail ကိုဖြတ်သွားတော့မယ်အချိန်မှာ သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။အဲဒါကတော့ အက်ဘီဂေးလ်ရဲ့အဖေက သူ့အစ်ကိုနဲ့ အမဲလိုက်ထွက်နေရင်း ဒဏ်ရာရအမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ခဲ့တာပါ။သူ့အဖေတို့ ဒဏ်ရာရာအမျိုးသမီးကို ကယ်ဆယ်ပေးပြီး သူတို့ယာယီစခန်းအထိ ခေါ်လာခဲ့တဲ့အချိန်မှာတော့ အက်ဘီဂေးလ်တို့ဆီကို ဘယ်လိုဒုက္ခမျိုးတွေယူဆောင်လာမှာလဲ...အက်ဘီဂေးလ်တို့ ...
movie

Organ Trail (2023)

Big George Foreman (2023) 6.5
Big George Foreman (2023) Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie

Big George Foreman (2023)

2023
Autumn in New York(2000) 6.7
Autumn in New York(2000) Autumn in New York(2000)*************************နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်းဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာအစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီးအသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကိုသူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားကအချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Autumn in New York(2000)

Aliens vs Predator: Requiem (2007) 4.6
Aliens vs Predator: Requiem (2007) ဒီဇာတ်ကားလေးမှာ ဂြိုလ်သားတွေနဲ့ သူတို့ကိုလိုက်လံသုတ်သင်နေတဲ့ ဂြိုလ်သားရဲ့ကြားမှာ ဓားစာခံဖြစ်သွားတဲ့ ဂန်နီဆန်မြို့လေးအကြောင်းကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထူးဆန်းတဲ့ အာကာသယာဉ်တစ်ခု ဂန်နီဆန်မြို့လေးရဲ့ တောအုပ်ထဲကို ပျက်ကျပြီးတဲ့နောက်မှာ မြို့သားတွေရဲ့ ကံကြမ္မာဟာ စိတ်မကောင်းစွာပဲ အဆိုးဆံုးပြောင်းလဲသွားပါတော့တယ်။ ဂြိုလ်သားတွေရဲ့ သိမ်းပိုက်မှုနဲ့တိုက်ပွဲကြားမှာ အသက်ရှင်ဖို့ မြို့သားတွေက ဘယ်လိုသက်စွန့်ဆံဖျား ရုန်းကန်ကာကွယ်သလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့စောင့်ကြည့်ရမှာပါ။ဒါ့အပြင် နိုင်ငံရေးအလှည့်အကွက်တွေကိုလဲ ပီပြင်စွာဖော်ပြထားတာကြောင့် ဒီဇာတ်ကားကောင်းလေးကို ခံစားကြည့်ရှုလိုက်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Su Myat မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.to/category/special-package/predator/  ကြည့်ပါ။File size…(1.6 GB)/(830 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:41:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat
movie

Aliens vs Predator: Requiem (2007)

1080p HEVC
The Tiger Rising (2022) 5.0
The Tiger Rising (2022) The Tiger Rising (2022)==================2022 ခုနှစ်ထွက် The Tiger Rising ဆိုတဲ့ ဒီဇာတ်ကားလေးဟာ 2001 ခုနှစ်ကထွက်ခဲ့တဲ့ ကလေးတွေအတွက်စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ drama ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ မိသားစုရဲ့ အရေးပါပုံတွေ သူငယ်ချင်းဆက်ဆံရေးတွေကို အသားပေး ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ ရော့ဘ်ဆိုတဲ့ ကောင် လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိတဆိုးဖြစ်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါ ရော့ဘ်ဟာ အရမ်း လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်ပြီး အဖေဖြစ်သူနဲ့ နေရာသစ်က မိုတယ်တစ်ခုမှာ ခေတ္တပြောင်း ရွှေ့နေထိုင်ပြီး ဖခင်နဲ့အတူ ဘ၀ကို ရုန်းကန်နေရရှာတာပေါ့။ အမေ မရှိတော့ကတည်းက ရော့ဘ်ရဲ့ မိသားစုဘ၀ဟာ ပျော်ရွှင်စရာတွေ ဆိတ်သုဉ်းလို့ တစ်ခုမှ အဆင်ပြေတာမရှိခဲ့ပါဘူး ကျောင်းမှာလည်း အနှိမ်ခံကလေးတစ်ယောက်ဖြစ်ပေမယ့် ပန်းချီနဲ့ ပန်းပုပညာမှာ ပါရမီပါတဲ့ကလေးတစ်ယောက်ဖြစ် ပါတယ်။ ဒီလိုနဲ့ ရော့ဘ်တစ်ယောက်ဟာ ကျောင်းကို အသစ်ပြောင်းလာတဲ့ ‌ဒေါသအိုးမလေး စစ္စတင်းနဲ့ သူငယ်ချင်းဖြစ်သွားကြပါတယ်။ရော့ဘ်တို့နေတဲ့ မိုတယ်နားက တောအုပ်လေးထဲမှာ လှောင်အိမ်ထဲထည့်ခံထားရတဲ့ ကျားကြီးတစ် ကောင်ရှိပြီး ရော့ဘ်နဲ့ စစ္စတင်းတို့ဟာ အဲဒီကို ...
movie

The Tiger Rising (2022)

2022
3 Days with Dad (2019) N/A
3 Days with Dad (2019) အက်ဒီမေးလ်တစ်ယောက် သူ့အဖေရဲ့ နောက်ဆုံးအချိန်လေးကို သူကိုယ်တိုင်ပြုစုပေးချင်တာကြောင့် သူ့အိမ်ရှိရာ နယ်မြိုကလေးကိုပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ဘာသာရေးကိုအယုံအကြည်မရှိတဲ့ တစ်ကိုယ်တည်းသမားအက်ဒီအတွက် သူ့ရဲ့အမျိုးစုံလှတဲ့မိသားစုတွေကြားထဲမှာ ရောက်ရာနေရာမှာပဲ ဇာတ်လိုက်ကရပါတော့တယ်။ သားတစ်ယောက်ကိုဖြစ်ထွန်းစေချင်တဲ့အဖေနဲ့ ဘာမှကိုရည်မှန်းချက်မထားပဲ ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းချင်တဲ့ အက်ဒီတို့ ဘဝရဲ့နောက်ဆုံးအချိန်တွေကိုဘယ်လိုကုန်ဆုံးသွားခဲ့ရတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက်သူ့ရဲ့အိမ်အပြန်လမ်းမှာ သူ့ဘဝကိုလုံးဝပြောင်းလဲပေးနိုင်တဲ့အကြောင်းအရာတစ်ခုနဲ့ လဲတွေ့ဆုံခဲ့ရပါတော့တယ်။File size…(1.3 GB) and (670 MB) Quality…1080p WEB-DL.5.1 H264 FGT Format…mp4 Duration…1h 34min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm
movie

3 Days with Dad (2019)

2017
Nancy Drew and the Hidden Staircase(2019) 5.7
Nancy Drew and the Hidden Staircase(2019) Nancy Drew and the Hidden Staircase(2019) Nancy Drew လို့ဆိုလိုက်တာနဲ့ သွက်လက်ချက်ချာပြီး သတ္တိရှိတဲ့ ကလေးစုံထောက်မလေးကို ပြေးမြင်မိကြမှာပါ။ သူမအကြောင်းရေးသားထားခဲ့တဲ့ ဝတ္တုတွေဟာလဲ အထူးကျော်ကြားအောင်မြင်ခဲ့သလို ဇာတ်လမ်းပြန်လည်ရိုက်ကူးခဲ့ရာမှာလဲ အောင်မြင်ခဲ့ပြန်ပါတယ်။အခုလဲ အားလုံးရဲ့ အချစ်တော် Nancy Drew ကို ခေတ်အမြင် ခေတ်အသွင်နဲ့ ကြည့်ရှုခံစားနိုင်ဖို့ရာ လောလောလတ်လတ်ထွက်ရှိလာတဲ့ Nancy Drew and The Hidden Staircase (2019)ကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Imdb Rating 5.8/10 နဲ့ Rotten Tomatoes 70%တော်ရရှိထားတဲ့ ဟောဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကိုလဲ တင်ပြလိုပါသေးတယ်။ မိခင်ဖြစ်သူကွယ်လွန်သွားတဲ့နောက်မှာ နန်စီဒရူးနဲ့ သူမဖခင်ဖြစ်သူတို့ ရေးဗားဟိုက်စ် ဆိုတဲ့ မြို့လေးကိုရွေ့ပြောင်းလာပါတယ်။ အဲဒီမြို့လေးမှာဖြစ်နေတာကတော့ Twin Elms ဆိုတဲ့အိမ်မှာ သရဲအကြီးအကျယ်ခြောက်တာပါပဲ။ အရာရာမှာစပ်စပ်စုစုနဲ့ ထက်မြက်တဲ့ နန်စီဒရူးအဖို့တော့ ရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ အဆိုပါ သရဲခြောက်တဲ့ပြဿနာကို နန်စီဒရူးတစ်ယောက် မနေနိုင်မထိုင်နိုင်ဝင်ပါရင်း ဘာတွေဆက်ဖြစ်မလဲ? သူဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ပေါ့ပေါ့ပါးပါးစုံထောက်ကားလေးတွေကိုကြည့်ရှုသူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့် Nancy Drew ...
movie

Nancy Drew and the Hidden Staircase(2019)

2019