Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sam Scarber
5.8
Over the Top (1987)
Over the Top (1987)အားလုံးရဲ့အချစ်တော် ရမ်ဘိုမင်းသားကြီး စတားလုန်းစ်ရဲ့ဂန္ထဝင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ Arm-Wrestling အားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်တွေ့ကြတဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့ ရင်ထဲထိစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။~ ဇာတ်လမ်းအကျဥ်း ~လင်ကွန်းဟော့ခ်က ယောက္ခမဖြစ်သူရဲ့စနက်ကြောင့် ကွာရှင်းခဲ့ရပြီး ဇနီးနဲ့သားလေးကိုထားခဲ့ရတာပါ။ နှစ်တွေကြာပြီးနောက်မှာ မိုက်ကယ့်အမေ နှလုံးရောဂါသည်က သူကြာကြာမနေရတော့ဘူးဆိုတာသိတဲ့အတွက် မိုက်ကယ့်အဖေကိုပြန်ခေါ်ခဲ့ပြီး မိုက်ကယ်သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုခိုင်းခဲ့ပါတယ်။ မိုက်ကယ်ကတော့ သူ့အဖေထွက်သွားရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် စစတွေ့ချင်းမှာ သူ့အဖေကို မကြည်ဖြူခဲ့ပါဘူး။ကုန်ကားပေါ်က အိမ်အပြန်သုံးရက်ခရီးမှာ လူလည်လေးမိုက်ကယ်ရဲ့ အဖေကိုဆရာလုပ် သြဝါဒချွေတဲ့အခန်းတွေနဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်ရင်း ရင်းနှီးသွားကြပုံကို ကြည်ကြည်နူးနူးကြည့်ရှုခံစားကြရမှာပါ။ ဒီခရီးအပြီးမှာဘာတွေဆက်ဖြစ်လာမလဲ... မိုက်ကယ့်အဘိုးက ဘယ်လိုတွေဖျက်ဦးမလဲ... ဆိုတာကို မင်းသားကြီးစတားလုန်းစ်ရဲ့ Arm-Wrestling စကေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.85GB, 850MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - ...
movie
Over the Top (1987)
1987
6.1
Eraser (1996)
Eraser (1996)Eraser Reborn ဆိုပြီး 2022 မှာ ပြန်ရိုက်တာကိုတွေ့ရတော့ မူလ အာနိုးကားကြီးကို သွားသတိရတာနဲ့ ဒီဇာတ်ကားကို တင်ဆက်ဖြစ်တာပါ။ Total Recall ကိုတော့ နောက်ရိုက်တဲ့ကားပဲ တင်ဆက်ဖြစ်ပေမဲ့ Eraser ကတော့ အဲဒီခေတ်ကတည်းက မိုက်တာမလို့ ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ငယ်ဘဝ ဗီဒီယိုရုံမှာကြည့်ခဲ့ရတဲ့ဇာတ်ကားတွေဖြစ်လို့ ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ။ သေနတ်ကြီးနှစ်လက် တဖက်တချက်ကိုင်ပြီး ကွင်းပြင်မှာ ထီးထီးကြီး ရပ်ပစ်တဲ့ မြင်ကွင်းတွေလေ။ ကလေးဘဝကဆိုတော့ သိပ်မိုက်ပေါ့။ ဆော့ကစားကြပြီဆိုရင် မင်းသားလုပ်ချင်တဲ့သူ သိပ်များတာကိုးဗျ။ မင်းသားဆို ဘယ်လောက်ပစ်ပစ် မသေဘူးဆိုတဲ့ စည်းကမ်းချက်ကို လူတိုင်းလိုက်နာခဲ့တုန်းကပေါ့။မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား Eraser ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမရှိပါဘူး။ နိုင်ငံတော်အဆင့် ကန်ထရိုက်သမားတွေက လက်နက်သုတေသနမှာ စွမ်းအားမြင့်လက်နက်ဖြစ်တဲ့ လျှပ်စစ်သံလိုက် မြန်နှုန်းမြင့် အလင်းတန်း ချေမှုန်းရေးရိုင်ဖယ်တွေကို တီထွင်နိုင်ပြီးနောက် မူလစာချုပ်ရှင် ...
movie
Eraser (1996)
1996
7.3
The Karate Kid (1984)
'' တပည့်ဆိုးဆိုတာ မရှိဘူး၊ ဆရာဆိုးပဲ ရှိတယ်'' '' တိုက်ခိုက်တာကိုဘာလို့လေ့ကျင့်ရတာလဲ၊ တိုက်ခိုက်ဖို့မလိုအောင်ပေါ့''ဂျက်ကီချန်းရဲ့ Karate Kid ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ အဲဒီရုပ်ရှင်ရဲ့ မူရင်းဗားရှင်း ဂန္ဓဝင်ရုပ်ရှင်ကားကြီးကို ပြန်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်မှာ ကရာတေးဆရာကြီး မီယာဂီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Pat Morita ဟာ အကောင်းဆုံးဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ fight scene တွေထက် မှတ်သားစရာ စကားတွေ သင်ခန်းစာယူစရာ အကြောင်းအရာတွေက ပိုပြီး စိတ်ဝင်စားဖို့တောင်ကောင်းပါသေးတယ်။ Action,Drama,Family ရုပ်ရှင်တွေထဲမှာတော့ ကြည့်ကိုကြည့်သင့်တဲ့ ကားပါပဲ။ File size…(2.2 GB)/(1.1 GB)/(500 Mb) Quality….Bluray rip 1080p / 720p / 480p Format…mp4 Duration….02:06:00 Genre...Drama, Action, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
The Karate Kid (1984)