Channel Myanmar

Sam Huntington

Dylan Dog: Dead of Night (2010) 5.6
Dylan Dog: Dead of Night (2010) Dylan Dog (2010)ဒီဇာတ်လမ်းကတော့ Italian Supernatural horror တစ်ကားဖြစ်ပြီး လူသားလောကနဲ့ ဇွန်ဘီ၊ ဗန်ပိုင်းယား၊ သမန်းဝံပုလွေတွေ စုနေတဲ့ သေလူအမျိုးအစားလောကကြားက အမှုတွေကို လိုက်စုံစမ်းစစ်ဆေးပေးရတဲ့ စုံထောက် Dylan Dog ရဲ့ လျှိဝှက်ဆန်းကြယ်အမှုတွေအကြောင်းကို သဲထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့အမှုဖြေရှင်းသူ လက်တွဲဖော်ဖြစ်တဲ့ သူ့သူငယ်ချင်း Marcus က ဇွန်ဘီအကိုက်ခံရပြီး  ဇွန်ဘီတစ်ကောင်ဖြစ်သွားတဲ့အချိန်မှာတော့ သူ့ရဲ့အမှုနောက်ကွယ်က လျှိဝှက်ဆန်းကြယ်တဲ့ မကောင်းဆိုးဝါးကို လိုက်ဖမ်းပြီးအဖြေရှာဖို ကြိုးစားပါတော့တယ်။အခုမှ ဇွန်ဘီအသစ်လေးစဖြစ်တဲ့  သူ့သူငယ်ချင်း Marcus နဲ့ အခွီတွေကို dark humor နှောပြီးကြည့်ရမဲ့အပြင် သေလူလောကကြားက စွန့်စားခန်းတွေကို Psychological depth နဲ့ ကောင်းကောင်းကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:47:00 Genre_Horror, Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ...
movie

Dylan Dog: Dead of Night (2010)

Kill Command (2016) 5.8
Kill Command (2016)  ၂၀၁၆ ကထွက်ရှိထားတဲ့ဗြိတိန်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်Kill Command ကတော့ မရိန်းစစ်သားတွေနဲ့ AIစက်ရုပ်တွေကြမ်းကြမ်းတမ်းတမ်းချကြမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ Mission: Impossible ရုပ်ရှင်တွေထဲကမင်းသမီးချော Vanessa Kirby က အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ Cyborg မလေး Mills အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။နည်းပညာအရမ်းတိုးတက်နေတဲ့ခေတ်ကာလ တစ်ခုကိုအခြေခံထားပြီး Harbinger Corporation အတွက်အလုပ်လုပ်တဲ့ Cyborg မလေး Millsဟာ လူသူကင်းမဲ့တဲ့ကျွန်းတစ်ခုမှာတည်ရှိတဲ့ Harbinger I လေ့ကျင့်ရေးကွင်းမှာတိုက်ခိုက်ရေး AI စနစ်တစ်ခုက တစ်စုံတစ်ခုလွှဲမှားနေမှန်းရိပ်စားမိနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Mills ဟာ ကပ္ပတိန် Bukes ခေါင်းဆောင်တဲ့Reaper I မရိန်းအဖွဲ့အတူ Harbinger I ကို သွားရောက်ရဖို့ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် Bukes နဲ့အဖွဲ့က သာမန်စစ်ရေးလေ့ကျင့်မှုတစ်ခုလို့ပဲထင်ပြီး ခပ်ပေါ့ပေါ့ပဲလာခဲ့ကြပေမယ့်တပ်ဖွဲ့ဝင်တချို့သေဆုံးသွားပြီးတဲ့နောက်မှာမှ ကျွန်းပေါ်ကစနစ်ချွတ်ယွင်းနေတဲ့ AI တိုက်ခိုက်ရေးစနစ်နဲ့ အသေအကြေရင်ဆိုင်တိုက်ခိုက်ရမှာကိုသိရှိလာခဲ့ရပါတယ်။Mills နဲ့ကပ္ပတိန်  Bukes တို့အဖွဲ့ဟာ နည်းပညာအဆင့်မြင့်ပြီးသူတို့ကိုသားကောင်တွေလိုသဘောထားအမဲလိုက်မယ့်ခေတ်လွန်စက်ရုပ်ကြီးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB ...
movie

Kill Command (2016)

Sully (2016)
Sully (2016)  ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie

Sully (2016)

The Last Stop in Yuma County (2023) 7.1
The Last Stop in Yuma County (2023)  The Last Stop in Yuma County ဇာတ်ကားဟာ၂၀၂၃ ခုနှစ်ထွက် Crime Thriller ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်....ဒီကားက ဖတ်ကြည့်လိုက်ရင် ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ လုံးဝကြိုမသိနိုင်ပဲရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Thriller ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။အမြည်းပြောပြရမယ်ဆိုရင် အမေရိကန် အယ်ရီဇိုးနားကနယ်ဘက်လေးတစ်ခုက ဓာတ်ဆီဆိုင်နဲ့စားသောက်ဆိုင်အတွဲအစပ်လေး နေရာမှာပဲ ဇာတ်လမ်းရဲ့ 95% က ဖြစ်ခဲ့တာပါ။ ဆီဆိုင်မှာ ဆီကားရောက်မလို့ ဆီကုန်နေတဲ့အချိန်မှာလမ်းခရီးမှာ ဆီပြတ်ပြီးရောက်လာတဲ့ ခရီသည်တွေစားသောက်ဆိုင်လေးမှာ သောင်တင်နေကြပါတယ်။တစ်ချိန်ထဲမှာပဲ သူတို့ဆီကို မနက်ကမှ ဘဏ်ဓားပြတိုက်ပြီးပြေးလာတဲ့ လူ ၂ ယောက်လည်း လာသောင်တင်ပါတော့တယ်။ဒီစားသောက်ဆိုင်လေးထဲမှာ လူတွေ ဘယ်လိုဇာတ်လမ်းတွေဖြစ်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ရုပ်ရှင်တစ်ကားလုံးရင်တဖိုဖို ကြည့်ရှုနေရမှာ ဖြစ်ပါတယ်။ကိုယ်အားပေးတဲ့ဇာတ်ကောင်က သေမလား ရှင်မလားဘာဖြစ်မလဲဆိုတာ ရုပ်ရှင်ကို ဆုံးအောင်သာကြည့်လိုက်ဖို့ပြောပြချင်ပါတယ်.... File size…1.63GB/ 551MB Quality… WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ...
movie

The Last Stop in Yuma County (2023)

Fanboys (2009)
Fanboys (2009)  ရုပ်ရှင်နာမည်အတိုင်းပဲ ဒီရုပ်ရှင်ဟာ ဖန်ဘွိုင်း (ပရိတ်သတ်) တအုပ် အကြောင်းရိုက်ထားတာပါ။ ဘာပရိတ်သတ်တွေလဲဆိုတော့ စတားဝါးစ် အမာခံပရိတ်သတ်တွေပါ။အချိန်ကာလအားဖြင့် Star Wars Episode 1 : Phantom Menace 1999 မထွက်ခင် ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ မူလတန်းလောက်ကတည်းက စတားဝါးစ်ကို အရူးအမူးအားပေးလာကြတဲ့ စတားဝါးစ်ဂျပိုး လူငယ်တစုဟာ ဟောလိုး၀င်းပါတီတခုမှာပြန်ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း သူငယ်ချင်းအုပ်စုထဲက လိုင်းနက်စ်ဟာ ကင်ဆာရောဂါဖြစ်နေပြီး စတားဝါးစ်ရုပ်ရှင်သစ် ရုံတင်မယ့်ရက်ကို မမီနိုင်တော့တာကို သိရှိလိုက်ကြရပါတယ်။ ဒီလိုနဲ့ စတားဝါးစ်ဂျပိုး သူငယ်ချင်းတစုဟာ လိုင်းနက်စ်ကို မသေခင်မှာ Episode 1 ကိုပြလိုက်နိုင်ဖို့အတွက် ရုပ်ရှင်ဖလင်ကိုသိမ်းဆည်းထားတဲ့ စတားဝါးစ်တည်ထောင်သူဖခင်ကြီး ဂျော့ခ်ျလူးကပ်စ်ရဲ့ခြံထဲကိုခိုး၀င်ဖို့ မိုင်ထောင်ချီဝေးတဲ့ခရီးကို ဗန်ကားအစုတ်လေးတစီးနဲ့ စတင်စွန့်စားခန်းထွက်ကြ‌ပါတော့တယ်။စတားဝါးစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တကားလုံးမှာ စတားဝါးစ် ကိုးကားမှုတွေ ထို‌ခေတ်အခါက ရုပ်ရှင် ဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အလျှံပယ်ထည့်သွင်းသုံးစွဲထားတာဖြစ်လို့ စတားဝါးစ်ကြည့်ဖူးထားရင်တော့ ဒီရုပ်ရှင်ကိုကြည့်ရတာ ပိုအရသာရှိပါလိမ့်မယ်။(ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုသတိပြုပေးပါ) File ...
movie

Fanboys (2009)

Superman Returns(2006) 6.1
Superman Returns(2006) Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.90GB / 784.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 34m Genre ..... Aciton , Adventure ,  Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie

Superman Returns(2006)