Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sam Harris
8.2
Dial M for Murder (1954)
နာမည်ကြီး film director ကြီး Sir Alfred Hitchcock ရဲ့ လက်ရာကောင်းတွေထဲ တစ်ခုဖြစ်တဲ့ 1954ခုနှစ်ထွက် crime/thriller ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Grace Kelly ပါဝင်ပြီး Ray Milland, John Williams, Robert Cummings တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်း အကျဥ်းကတော့ Tony Wendice တစ်ယောက် သူ့မိန်းမ Margot Wendiceက အမေရိကန် စာရေးဆရာ တစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိသွားပြီး မိန်းမကို သတ်ဖို့အတွက် ကောလိပ်အတူတက်ခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို ဆက်သွယ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ဒါပေမဲ့ သူ အကွက်ချ စီစဥ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ Tony Wendice နဲ့ သူ့မိန်းမ Margot ဟာ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်က မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရင် ...
movie
Dial M for Murder (1954)
7.8
East of Eden (1955)
East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie
East of Eden (1955)
1955
7.6
Breakfast at Tiffany’s (1961)
Breakfast at Tiffany's (1961)~ IMDb - 7.6/10, Rotten Tomatoes - 88% ~ဒီကားလေးကတော့ ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် အထူးတလည်ရှင်းပြစရာ လိုမယ်တောင်မထင်ပါဘူး။ ရွှန်းလဲ့တဲ့မျက်ဝန်းပိုင်ရှင် ကမ္ဘာကျော် ဖက်ရှင်အိုင်ကွန် မင်းသမီး အော်ဒရီဟပ်ဘန်းပါဝင်တဲ့ အောင်မြင်မှုများစွာကိုသိမ်းပိုက်ပြီး ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့၊ များနေဆဲဖြစ်တဲ့ အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb - 7.6/10 || Rotten Tomatoes - 88% အသီးသီးရရှိထားပြီး Breakfast at Tiffany's ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဟော်လီဂိုလိုက်လီးဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ လွတ်လပ်မှုကိုအလွန်မြတ်နိုးသူဖြစ်ပြီး သူအရမ်းချစ်ရတဲ့ စစ်တပ်ထဲက အစ်ကိုဖြစ်သူဖရဒ် ပြန်ထွက်လာတဲ့အခါမှာ သူနဲ့အတူ နောင်ရေးအေးအေးနေရအောင် ကြံဆပြီး ရရာအခွင့်အရေးတိုင်းကို စူးစမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာချောမောသူဖြစ်တဲ့အပြင် သူ့ရဲ့သွက်လက်ချက်ချာမှုကြောင့် လူမှုဆက်ဆံရေးကျင်လည်သူလည်းဖြစ်ပါတယ်။သူနေထိုင်တဲ့တိုက်ခန်းအောက်ထပ်ကိုရွှေ့ပြောင်းလာသူကတော့ ပေါလ်ဗာဂျက်ခ်ဆိုတဲ့ သာမန်လူတန်းစားယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ သော့မရှိတာကြောင့် ဟော်လီ့ရဲ့အခန်းတံခါးကိုသွားခေါက်ရာကနေစပြီး ...
movie
Breakfast at Tiffany’s (1961)
1961
7.6
Gilda (1946)
Gilda (1946)~ IMDb - 7.6/10, Rotten Tomatoes - 90% ~အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ...
movie
Gilda (1946)
1946
8.4
The Great Dictator (1940)
The Great Dictator (1940)Comedy/War IMDb -8.4, Rotten Tomatoes 93%ချာလီချက်ပလင်ဆိုရင် အသံတိတ်ရုပ်ရှင်တွေကိုပဲ အများစုပြေးမြင်ကြမယ်ဆိုပေမယ့်ဒါ အသံတိတ်ဇာတ်လမ်းမဟုတ် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းကို ချာလီချက်ပလင်ကိုယ်တိုင်ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ထားပြီး သူထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေထဲမှာအကောင်းဆုံးလို့တောင် ချီးကျူးပြောဆိုခံခဲ့ရပါတယ်။ ဘာကြောင့်ဆို ဟစ်တလာ၊ နာဇီနဲ့ဖက်ဆစ်စနစ်တို့ကို ပညာသားပါပါ သရော်ထားပြီး ဂျူးမုန်းတီးရေးဝါဒီတွေကိုရှုတ်ချထားလို့ပါ။ဒီဇာတ်လမ်းမှာ သာမန်အညတရ ဆံသဆရာ စစ်မှုထမ်းဟောင်းတစ်ယောက်အဖြစ်နဲ့ဟင်ကယ်လို့ အမည်ရတဲ့ ကမ္ဘာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ စစ်အာဏာရှင်အဖြစ်ချာလီကိုယ်တိုင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ အားလုံးနဲ့ မစိမ်းတော့တဲ့အာဏာရှင်လက်အောက် ကျရောက်နေတဲ့ နိုင်ငံသားတို့ရဲ့ ကျီးလန့်စာစား၊ ဘာဆိုဘာမှပြောပိုင်ခွင့်မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀တွေကို မြင်ရလိမ့်မယ်။ စက်ရုပ်လိုပုံစံရိုက်သွင်းခံထားရတဲ့ စစ်သားတွေရဲ့ ရပ်ကွက်တွေထဲ နိုင်ထက်စီးနင်းမှုတွေကိုမြင်ရလိမ့်မယ်။ အာဏာရှင်တို့ရဲ့ " ဘယ်သူသေသေ ငတေမာရင် ပြီးရော " ဆိုတဲ့ကိုယ့်ဖို့ကိုယ်သာကြည့်တဲ့ စရိုက်ဆိုးတွေကို မြင်ရပါလိမ့်မယ်။ဒီဇာတ်လမ်းရဲ့ အထူးခြားဆုံးနဲ့ နာမည်အကြီးခဲ့ဆုံးအပိုင်းကတော့ သူ့ရဲ့ ...
movie
The Great Dictator (1940)
1940
8.2
Some Like It Hot (1959)
Some Like It Hot (1959) IMDb - 8.2/10_____Rotten - 95% Won 1 Oscar. Another 14 wins & 15 nominations. တစ်ချို့ကတော့ လန်းလန်းလေးကြိုက်တယ် တစ်ချို့ကတော့ရိုးရိုးလေးကြိုက်တယ်တဲ့။ ရိုးရိုးလေးရော လန်းလန်းလေးတွေရောရတဲ့မာရီလင်မွန်ရိုးရဲ့ Some Like It Hot ကတော့ အချစ်ဟာသဇာတ်မြူးလေးပါ...IMDB Rating(8.2) ထိရရှိထားပြီး Rotten Tomatoes မှာလဲ 95% ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ။ ရွှေကမ္ဘာလုံးဆုသုံးဆု၊ အကယ်ဒမီတစ်ဆု၊ အခြားဆုသုံးဆုရရှိထားပါတယ်။ဇာတ်လမ်းကတော့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ လူသတ်မှုမှာမျက်မြင်သက်သေဖြစ်သွားတဲ့ Joe နဲ့ Jerry တို့ ချီကာဂိုကနေ မိန်းကလေးတီးဝိုင်းတစ်ခုမှာ မိန်းမဟန်ဆောင်ပြီးထွက်ပြေးရင်း အတိတ်ဆိုးတွေကနေထွက်ပြေးလာတဲ့ Suger နဲ့တွေ့တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမယ်...Suger ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ Joe ကရော Suger ရဲ့အချစ်ကိုဘယ်လိုရအောင်ကြိုးစားတယ်ဆိုတာကို ဟာသဆန်ဆန်တင်ဆက်ပြသပေးထားပါတယ်။ Jerry တစ်ယောက်ကတော့ သူငယ်ချင်း ...
movie
Some Like It Hot (1959)
1959