Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sam Douglas
7.5
Perfume: The Story of a Murderer (2006)
Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ ...
movie
Perfume: The Story of a Murderer (2006)
7.0
Highlander (1986)
Highlander (1986) ================ IMDb Rating - 7.0/10Highlander 1986 ဇာတ်ကားကတော့ စိတ်ကူးယဥ် Fantasy ကားပါ။ စကော့နလန်ဓားသမားတစ်ယောက်ဟာ သူ့ကိုယ်သူ မသေမျိုးဖြစ်နေမှန်းသိလာခဲ့ပါတယ်။ သူတို့လိုမသေမျိုးတွေဟာ နောက်ဆုံးတစ်ယောက်ပဲ ရှင်ကျန်ရစ်တဲ့အထိ တိုက်ခိုက်ရတာမျိုး ပါ။ လူတွေက မသေချင်ကြပါဘူး။ ဒါပေမယ့် ကော်နာမက်ခလောက်စ် တစ်ဖြစ်လဲ နက်ရှ်ကတော့ အသက်ရှင်နေရတာကို ငြီးငွေ့လို့နေပါ တယ်။ သူချစ်ရတဲ့ အမျိုးသမီးတွေဟာ သေမျိုးဖြစ်နေတော့ တစ် ယောက်တည်း ရှင်ကျန်ရစ်ခဲ့ရတာမျိုးပါပဲ။ ချစ်ခြင်း ၊ တိုက်ခိုက်ခြင်း၊ ရှင်သန်ရခြင်းတွေနဲ့တွဲဖက်ရိုက်ထားတာပါ။ ဒါရိုက်တာ Russell Mulcahy က ရိုက်ကူးထားတာဖြစ်ပြီး ဆုအတွက် နှစ်ကြိမ်တောင် တင်သွင်းခံရပါတယ်။ IMDB rating 7.0 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.0 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Fantasy Translator.......Thy Santa Encoder..........SWM
movie
Highlander (1986)
1986
6.2
Cleanskin (2012)
Clean skinဆိုတာ ယူကေမှာ အကြမ်းဖက်မှုရာဇဝတ်မှုတွေအတွက်အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရခြင်းမရှိတဲ့သူ အပြစ်ကင်းစင်သူတွေကိုသုံးတတ်တဲ့အသုံးပါကျွန်တော်ကတော့ သိုးဖြူလေးတွေလို့ သုံးချင်တယ်ဒီဇာတ်လမ်းကတော့ လန်ဒန်မှာအသေခံဗုံးဖောက်ခွဲခံရမှုတွေဖြစ်လာတဲ့အခါ ဒီကိစ္စအတွက် ဇာတ်လိုက်မင်းသားကတရားမဝင်လိုက်လံစုံစမ်းရတဲ့ ဇာတ်ကားမျိုးပါပဲ ဒါပေမဲ့သာမန်ဇာတ်လမ်းတွေနဲ့ကွဲထွက်နေတာကတော့ ဂျိမ်းစ်ဘွန်းကားတွေလို မင်းသားကအမြဲမှန် ကျင့်ဝတ်တွေနဲ့ညီတဲ့ နိုင်ငံကြီးသားဇာတ်လမ်းမျိုးတွေမဟုတ်ပဲ ဒီကားမှာတော့နှစ်ဖက်လုံးဟာအနိုင်ရဖို့အတွက်ဆို လမ်းမှာပိတ်နေတဲ့သူတွေကို ငဲ့ကွက်ညှာတာနေတာမျိုးမရှိပဲ အကြမ်းပတမ်းချနေကြတဲ့ကားမျိုးပါတိုက်ကွက်တွေဆိုရင်လည်း မင်းသားကကျည်မထိဗုံးမထိဖြစ်နေတာမျိုးမဟုတ်ပဲ လက်တွေ့နဲ့အတော်နီးစပ်တဲ့တိုက်ခန်းခိုက်ခန်းတွေပါ . .အက်ရှင်ဇာတ်ကားဆိုပေမဲ့ သမားရိုးကျလူကြိုက်များမဲ့ဇာတ်လမ်းမျိုးမဟုတ်ပဲ စစ်ပွဲတွေရဲ့အနိဌာရုံတွေလူတွေရဲ့ယုံကြည်မှုတွေ ဘယ်သူမှားလဲဘယ်သူမှန်လဲကိုဝေဝါးမေးခွန်းထုတ်နေရမဲ့ အရာတွေပါတဲ့ဇာတ်အိမ်မျိုးပဲဖြစ်ပါတယ်ဒီဇာတ်ကားကို Lord of the Rings, Games of Thrones စတဲ့ဇာတ်လမ်းတွေရော တခြားနာမည်ကြီးဇာတ်ကားများစွာမှာပါသရုပ်ဆောင်ဖူးတဲ့ မင်းသားကြီး Sean Bean ကသရုပ်ဆောင်ထားပါတယ် File size…1.92GB / 823MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Cleanskin (2012)
7.1
The Boys in the Boat (2023)
The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie
The Boys in the Boat (2023)
2023
4K HEVC
7.1
Mission: Impossible (1996)
Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie
Mission: Impossible (1996)
1996
4K HEVC
6.4
Operation Fortune: Ruse de Guerre (2023)
ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။File size…(1.86GB)/(100.6MB)/(502 Mb) Quality….Webrip ...
movie
Operation Fortune: Ruse de Guerre (2023)
8
TÁR (2022)
Tar (2022)ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | ...
movie
TÁR (2022)
7.6
The Fifth Element(1997)
The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie
The Fifth Element(1997)
8.1
Texas Chainsaw Massacre (2022)
တက္ကဆက်ရဲ့ လွှစက်ကြီးနဲ့ လူအရေခွံမျက်နှာဖုံးနဲ့ လူသတ်သမားဟာဟော်ရာရုပ်ရှင်ကြိုက်သူတိုင်းရဲ့ အသည်းစွဲပါပဲ။ အတော်များများရဲ့အိပ်မက်ထဲကိုလည်းအလည်လာဖူးမှာပါ။ စုစုပေါင်း ရှစ်ကား ထွက်ရှိဖူးပြီး ဒါကတော့ ၉ ကားမြောက်ပါပဲ။ဟော်ရာပရိသတ်တွေအကြိုက်တွေ့တာမို့ rating လည်းအတော်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းတက္ကဆက်ရဲ့ လူမနေတော့သလောက်ဖြစ်နေတဲ့ ဟာလိုမြို့လေးကိုအင်တာနက်ပေါ်က နာမည်ကြီးလူငယ်တစ်သိုက်က ပရိုမိုးရှင်းဆင်းပြီးဆိုင်ခန်းတွေ အိမ်ခန်းတွေ ရောင်းချဖို့ ကြိုးစားလာပါတယ်။ အဲဒီမှာသူတို့ပထမဆုံး ဝယ်ထားတဲ့ အိမ်က အကြွေးမပေးနိုင်လို့ ဘဏ်က သိမ်းထားတဲ့အိမ်ဖြစ်နေပြီမူလအိမ်ပိုင်ရှင်အဘွားကြီးတစ်ယောက်နေထိုင်ပါတယ်။ အဘွားကြီးမှာတော့ထူးဆန်းတဲ့ သားတစ်ယောက် ရှိတာပေါ့။ လူငယ်အဖွဲ့ရောက်လာပြီးအဘွားကြီးကို နှင်ထုတ်ဖို့ ကြိုးစားရင်နဲ့ မထင်မှတ်တာတွေ ဖြစ်လာတဲ့အခါ... File size…571MB / 1,5GB Quality…720p AAC 2.0CH / 1080p AAC 5.1CH Format…mp4 Duration….1h 21min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie
Texas Chainsaw Massacre (2022)
2022
8.3
Snatch(2000)
Snatch(2000)IMDb....8.3,,,,Rotten....73%Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်... ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင် ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင် အခုလည်း လက်ရှိ မူလကျောရိုးအတိုင်းရိုက်ပေမယ့် အောင်မြင်မှုရနေတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်....ပြောရရင်အထက်ပါ ၂ကားဟာ ပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်း ရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့... ဒီ Snatch ကားကလည်း ့ စိန်တုံးကြီးတစ်တုံးကအခြေ တည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သ ည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြား က စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်....ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....File Size : (950MB) and (390 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Snatch(2000)
2000
6.4
Colombiana (2011)
movie
Colombiana (2011)
2011
6.4
How to Lose Friends & Alienate People (2008)
ကျနော်တို့ ဘဝမှာ ဘာများအရေးအကြီးဆုံးလဲ မိသားစုလား ငွေလား ပျော်ရွှင်မှုလား ရာထူးလား နာမည်ကြီးမှုလားငယ်စဉ်အခါတုန်းကရော တစ်နေ့ လူကြီးတစ်ယောက် ဖြစ်လာခဲ့ရင် ကိုယ်ဘာဖြစ်ချင်တယ် ဘာကကိုယ့်အတွက် အရေးကြီးတယ် ဘာကတော့ ကိုယ့်ကို ပျော်ရွှင်စေနိုင်တယ်လို့များ တွေးကြည့်ခဲ့ဖူးပါသလား။အားလုံးတစ်ပြိုင်တည်းမရနိုင်ရင် သင်အလိုချင်ဆုံးကရော ဘာဖြစ်မလဲ။ ငွေတွေအများကြီးပိုင်ဆိုင်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ရင်ရော တကယ့်ပျော်ရွှင်မှုအစစ်ကို ရနိုင်ပါ့မလား။ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ အများမိုးခါးရေသောက် သလို ကိုယ်လိုက်သောက်မှ အောင်မြင်မှုရနိုင်မယ့်အခြေအနေမျိုးတွေ ဘယ်လောက်များ ကြုံဖူးခဲ့ကြပါပြီလဲ။မိုးခါရေဟာ မြိုချလို့ရော အဆင်ပြေခဲ့ရဲ့လား။ ကိုယ့်ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ ကျနော်တို့ သေသေချာချာစဉ်းစားဖူးခဲ့ပါသလား။ကျနော်ကတော့ ခုထိ ဇဝေဇဝါပါပဲ။အညွှန်းကို ဒီလိုကြီးရေးချလိုက်လို့ ဒီဇာတ်လမ်းဟာ အရမ်းကိုလေးနက်ပြီး အနှစ်သာရပြည့်ဝလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ (အဆဲခံရမှာစိုးလို့ကြိုပြောရတာပါ)ဒီဇာတ်လမ်းဟာ ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ အဆင်ပြေရုံပဲရှိပါတယ် ကြည့်ရင်းနဲ့ ပျင်းလာမယ့်ဇာတ်လမ်းမျိုး မဟုတ်ပါဘူးလို့တော့ အာမခံပါရစေ မိတ်ဆွေအေးစက်စက်လေတွေ တိုက်နေတဲ့ ဆောင်းညမှာ အဝတ်နွေးနွေးလေးဝတ်ပြီး ဒီဟာသ အချစ် ဇာတ်မြူးလေးကို ခံစားကြည့်လိုက်ပါဦး။Megan Fox ၊ Simon Pegg ၊ Kirsten Dunst တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အပြင်အခြားဇာတ်ရံတွေလဲပါဝင်ထားတဲ့လက်လွတ်မခံသင့်တဲ့ Romance Comedy ဇာတ်ကားမျိုးပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။) File ...
movie
How to Lose Friends & Alienate People (2008)
2008
7.6
Batman (1989)
movie
Batman (1989)
1989
7.4
Eyes Wide Shut (1999)
Eyes Wide Shut (1999) IMDb - 7.4/10_____Rotten - 75% ဒီဇာတ်ကားကတော့ နာမည်ကြီး ဒါရိုက်တာ Stanley Kubrick ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Drama/Mystery/Thriller ပါ။ အက်ရှင်ကားတွေမှာပဲ ကျွန်တော်တို့ အတွေ့များတဲ့ မင်းသား Tom Cruise ကို ဒီကားမှာ ဆရာဝန်'ဘေးလ် ဟားဖို့ဒ်' အဖြစ်နဲ့ အဓိက သရုပ်ဆောင်နေရာမှာ တွေ့ရမှာဖြစ်ပါတယ်။ လူမသိသူမသိ လျှို့ဝှက်ကျင်းပတဲ့ အုပ်စုလိုက်ဆင်နွဲကြတဲ့ လိင်အပျော်အပါးပါတီတစ်ခုကို မလိမ့်တပတ်လုပ်ပြီး ဝင်ရောက်သွားတဲ့ ဆရာဝန်'ဘေး ဟားဖို့ဒ်' ရဲ့ တစ်ညတာ ကြုံတွေ့ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားရဲ့ အရသာမျိုးကို အရင်က တခါမှ မခံစားခဲ့ဖူးပါဘူး။ တခြားကားတွေနဲ့ မတူတဲ့ ခံစားမှုမျိုးကို ဒီကားမှာ မိတ်ဆွေတို့ ထိတွေ့ခွင့်ရပါလိမ့်မယ်။ ပြကွက်တိုင်းကိုက အဓိပ္ပါယ်ရှိပါတယ်။ IMDB rating (7.4) နဲ့ Rotten Tomatoes (75%) ...
movie
Eyes Wide Shut (1999)
1999
6.5
Valerian and the City of a Thousand Planets (2017)
Valerian and the City of a Thousand Planets (2017) IMDb - 6.5/10_____Rotten - 48% 2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့ ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 ...
movie
Valerian and the City of a Thousand Planets (2017)
2017