Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sam Dede
5.5
The Black Book (2023)
ဟောလီးဝုဒ်တွေ ဘောလီးဝုဒ်တွေနာမည်ကြီးနေတဲ့အချိန်မှာနောလီးဝုဒ်လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်တွေကလည်းအဆင့်မြင့်လာပြီးတော့ဘောင်ဝင်တန်းဝင်လာကြပါပြီ။အခုလဲ Netflix တန်းဝင် The Black Book လို့ခေါ်တဲ့နိုက်ဂျီးရီးယားရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အကျင့်ပျက်ခြစားမှုတွေဆိုတာကနိုင်ငံတိုင်းနေရာတိုင်းမှာရှိနေကြပါတယ်။အဲ့ဒီထဲမှာနိုက်ဂျီးရီးယားအစိုးရလဲအပါအဝင်ဖြစ်ပြီးအဲ့လိုအကျင့်ပျက်ခြစားမှုတွေကိုတိုက်ဖျက်နေတဲ့လူတွေလည်းရှိကြပါတယ်။တစ်နေ့မှာတော့ အဲ့လိုအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနမှာလုပ်ကိုင်နေတဲ့ပါမောက္ခခရေ့ဂျ်ရဲ့ မိသားစုကိုပြန်ပေးဆွဲသွားခဲ့ပြီး သူ့ကိုနှုတ်ထွက်ဖို့ အကြပ်ကိုင်ခဲ့ပါတော့တယ်။ပြီးတော့ ပြန်ပေးသမားတွေက သူတို့လိုချင်တာရပြီးသွားတဲ့အခါမှာအဲ့ဒီအမှုကို ပိတ်သိမ်းဖို့အတွက် ကောင်လေးတစ်ယောက်ကိုသတ်ပြီးတော့အပြစ်ပုံချလိုက်ပါတော့တယ်။ဒါပေမယ့် ဖြစ်ချင်တော့ အဲ့ဒီကောင်လေးရဲ့အဖေကနယ်နယ်ရရမဟုတ်ပဲ သွားမထိသင့်တဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့သားဖြစ်သူမတရားသေဆုံးရခြင်းအတွက် အဖေတစ်ယောက်အနေနဲ့တရားမျှတမှုကိုရှာဖွေပုံကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.39GB / 890MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 4m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Black Book (2023)
5.0
Here Love Lies (2023)
Here Love Lies (2023) =================“ဒီနေရာတွင် အချစ်ရှိသည် ဒီနေရာတွင် အချစ်သည် အလိမ်အညာဖြစ်သည်. ဒီနေရာတွင် အချစ်သည် ထာဝရအိပ်စက်နေသည်.” ဆိုသလိုပဲ. အချစ်ဆိုတာက အပျော်ကစားတတ်တဲ့သူတွေအဖို့ သေဆုံးပြီလို့ သတ်မှတ်ကာ မြှုပ်နှံထားတဲ့မြေပုံလေး တစ်ခုသာ သာ ဖြစ်ပြီး ဆန်းကြယ်နက်နဲတဲ့အရာအဖြစ် ယုံကြည်ထားသူတွေ အတွက် တစ်နေ့တော့ ရောက်လိမ့်မယ်လို့ တွန်းအားပေးနေတဲ့ လမ်းပြမြေပုံလေးတစ်ခုပါပဲ။ငယ်ရွယ်စဉ်အတိတ်က ရူးမိုက်မှုတွေကြောင့် Single Mother ဘဝနဲ့ သမီးလေးတစ်ယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ပြီး ပြုစုပျိုးထောင်လာခဲ့သူ အမန်ဒါ၊ မေတ္တာစစ်ကိုရှာဖွေရင်း အပေါ် ယံအချစ်တွေကိုသာ ရှာတွေ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှ တွေ့ဆုံခဲ့သူ မိုက်ကယ့် အပေါ် မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိမှန်းမသိ တွယ် လာခဲ့တယ်ပေါ့။ အဲနောက် ရေမြေခြားသူ မိုက်ကယ့်ကို တွေ့ဆုံ နိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး နှစ်ယောက်သား စတွေ့တွေ့ချင်း အခက်အခဲ၊ အတားအဆီးများကြားမှ နားလည်မှုကို ရှာတွေ့သွား ချိန်၊ သူ ကျားကုတ်ကျားခဲ ရှာဖွေခဲ့ရတဲ့ Mr.Right ဖြစ်သူ မိုက် ကယ့်ရဲ့ စကားလုံးတွေနောက်ကွယ်က အမှန်တရားကို မမြင်နိုင် တော့ဘဲ အကြာကြီးမျှော်မှန်း ခဲ့ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ စိတ်ကူးနေမိသူ အမန်ဒါကို ...
movie
Here Love Lies (2023)
2023
5.0
Brotherhood (2022)
ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြသေးရဲ့လား.. မုန်တိုင်းကြောင့် အသိုက်ကနေလွင့်ပြီး တစ်နေရာစီ ရောက်သွားကြတဲ့ ကျေးညီနောင်လေးဟာ တစ်ကောင်ကအဖြူဘက် တစ်ကောင်က အမည်းဘက် ဒုစရိုက်ခြမ်းနဲ့ သုစရိုက်ခြမ်း တစ်ကွဲတစ်ပြားစီ ရောက်သွားခဲ့ကြရတာလေ...ဒီ IMDB 8.1/10 ရရှိထားတဲ့ နိုင်ဂျီးရီးယား crime-action thrillerကားလေး Brotherhood (2022)ကလည်း အလားတူ အခြေအနေမျိုးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်.."ဇာတ်လမ်းအကျဉ်း" ငယ်စဉ်က နှစ်သစ်ကူးညမှာ ဓားပြတိုက်ခံခဲ့ပြီး မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့် ဝါလေ နဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ နေ့ချင်းညချင်း မိဘမဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ရပါတယ်.. မိဘမဲ့ဂေဟာရောက်သွားတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာတော့ လီဂိုပြည်နယ်ရဲ့ လမ်းမများပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားရင်း အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်ဖြစ်ခဲ့ကြပါတော့တယ်.. အဖြူ အမည်း လားလားကြီးကို ဆန့်ကျင်နေတဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်စွာ ဝါလေက ရဲအရာရှိဖြစ်၊ အာကင်းက ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုကူးနေတဲ့ ဒုစရိုက်သမားဖြစ်ခဲ့တာကြောင့် တဇောင်းစေးနဲ့ မျက်ချေးလို တစ်ယောက်နဲ့တစ်ယောက်ကြည့်မရ ဖြစ်နေကြတော့တာပေါ့.. ဒီလိုနဲ့ တစ်နေ့မှာတော့ ဝါလေလိုက်နေတဲ့ ရာဇဝတ်မှုထဲ အာကင်းက တရားခံတွေထဲကတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့... အလုပ်နဲ့ ညီအစ်ကိုသံယောဇဉ်ကြား ဝါလေတစ်ယောက် ဘယ်အရာကိုရွေးချယ်မှာလဲ.. အာကင်းကရော ဘယ်လိုဖြစ်ပြီး အဲဒီရာဇဝတ်မှုကြီးထဲ ပါသွားခဲ့တာလဲ.. နှစ်ယောက်သား ထိပ်တိုက်တွေ့ကြတဲ့အခါ ခါတိုင်းလို အသေအလဲ ...
movie
Brotherhood (2022)