Channel Myanmar

Salvatore Ficarra

Santocielo (2023) 5.7
Santocielo (2023) Santocielo (2023) Genre – Comedyအီတလီ ဟာသမင်းသားကြီးနှစ်ယောက် ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင်ထားကြတဲ့ ဘာသာရေးဆိုင်ရာ ဟာသရုပ်ရှင်လေး ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘုရားသခင်ဆီကို ရောက်လာတဲ့ ဆုတောင်းစာတွေကို အမျိုးအစားခွဲခြားပြီး ဖိုင်စီရတဲ့ တမန်တော်တစ်ယောက် ကိုယ့်အလုပ်ကိုယ် ငြီးငွေ့စပြုနေပါပြီ။ တစ်ရက်ကျ နတ်သဘင်အစည်းအဝေး ကျင်းပကြပါတော့တယ်။ အဓိကအကြောင်းအရာ Agenda ကတော့ လူသားမျိုးနွယ်ကို သောက်မြင်ကပ်နေကြတဲ့ အဖွဲ့က တစ်မျိုးလုံး အပျောက်ဖျောက်ကြဖို့ တောင်းဆိုကြပြီး ကျန်တဲ့တစ်ဖက်ကတော့ အရင်ခေတ်တုန်းက ကယ်တင်ရှင်ယေရှုခရစ်တော် လွှတ်ခဲ့သလိုမျိုး စေလွှတ်ပြီး ကယ်တင်ဖို့ တောင်းဆိုကြပါတယ်။ဘုရားသခင်လည်း ကြားထဲက ဗျာများနေတာကြောင့် Voting စနစ်နဲ့ မဲပေးခိုင်းတဲ့အခါမှာတော့ ကယ်တင်ဖို့ တစ်မဲတည်းနဲ့ အသာရပြီး လူသားအမျိုးသမီးဗိုက်ထဲကို ဘုရားသခင်ရဲ့သားတော် သန္ဓေတည်စေဖို့ တမန်တော်တစ်ယောက် စေလွှတ်ရမယ်ပေါ့လေ။အဲဒီမှာ သူ့အလုပ်သူ ပျင်းရိနေတဲ့ ဆရာသမားက သူသွားမယ်ဆိုပြီး ကမ္ဘာပေါ်ကိုရောက်လာကာ Mission တွေလုပ်ထည့်တာ လူသားတွေကောင်းမှုနဲ့ အရက်မူး သောက်ပရမ်းပတာတွေဖြစ် ပစ်မှတ်လွဲချော်ပြီး အမျိုးသမီးဗိုက်ထဲ မထည့်နိုင်တော့ပဲ ယောက်ျားကြီးတစ်ယောက်ရဲ့ ဗိုက်ထဲ ဖြစ်သွားတဲ့အခါမှာတော့…..။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…2GB / 1GB Quality…WEB DL ...
movie

Santocielo (2023)

2023
Strangeness (or) La Stranezza (2022) 6.9
Strangeness (or) La Stranezza (2022) Strangeness (or) La Stranezza (2022) ========================== IMDb Rating – 6.9/10ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာ အဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီက အနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူး ထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြော ရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုး အလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်း ပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ် ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာ ဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊ တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။ တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့ လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ် တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင် မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။ကြားထဲမှာ ...
movie

Strangeness (or) La Stranezza (2022)

2022