Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Said Faraj
7.9
True Romance (1993)
True Romance (1993)~ IMDb - 7.9/10, Rotten Tomatoes - 93% ~True Romance ဆိုတာက Boomers တို့ခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ သဲထိတ်ရင်ဖို အက်ရှင် ဒရာမာ အချစ်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်တွေအနေနဲ့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ မင်းသား Christian Slater နဲ့ Beyond Rangoon လိုကားနဲ့ မြန်မာပရိသတ်တွေ သိကြလောက်မယ့် မင်းသမီး Patricia Arquette တို့ ပါဝင်ထားတာဖြစ်ပြီး ယနေ့ခေတ်ရဲ့ ဝါရင့်ဂန္ထဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Val Kilmer, Brad Pitt, Samuel L. Jackson, Gary Oldman နဲ့ Christopher Walken တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်အားဖြည့်ထားပေးပါတယ်။ ၁၉၈၆ ထွက် Tom Cruise ရဲ့ ပထမဆုံး ...
movie
True Romance (1993)
1993
6.8
Green Zone (2010)
ဒီဇာတ်ကားက ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Matt Damonရဲ့War/actionဇာတ်ကြမ်းဖြစ်ပါတယ်။ IMDb 6.8နဲ့ RT rating 53%ရထားပြီး အီရတ်နဲ့ အမေရိကန်ကြား စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တဲ့၂၀၀၃ခုနှစ်ဝန်းကျင်ခန့်ကို ဇာတ်အိမ်တည်ထားပါတယ်။ ရွိုင်းမီလာက ယူအက်စ်ရဲ့အဖျက်လက်နက် ရှာဖွေထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အီရတ်နိုင်ငံထဲမှာ အဖျက်စွမ်းအားကြီးတဲ့လက်နက်ကြီးတစ်ခုရှိတဲ့ဆိုတဲ့ အတွင်းသတင်းကြောင့် ရှာဖွေမှုတွေနေရာအနှံ့လုပ်နေခဲ့တာပါ။ဒါပေမဲ့ သတင်းရတဲ့နေရာတွေမှာရှာတိုင်းဘာလက်နက်ကြီးမှ မတွေ့ရဘဲ လက်ဗလာနဲ့ပဲ ပြန်လာနေရတဲ့နောက် ထောက်လှမ်းရေးကရတဲ့ သတင်းက တစ်ခုခုလွဲနေတယ်လို့ သံသယဝင်လာပြီး အထက်အမိန့်ကိုဖီဆန်ပြီး သတင်းရင်းမြစ်အကြောင်းကိုထဲထဲဝင်ဝင်စုံစမ်းရာက ထင်မှတ်မထားမိတဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိသွားပြီး အဲဒီကိစ္စရဲ့နောက်ဆက်တွဲကိစ္စတွေကိုပါ ဖြေရှင်းဖို့အရေးကြုံလာပါတော့တယ်။အဲဒီလျှို့ဝှက်ချက်က ဘာဖြစ်နေမလဲ။ ဘယ်လောက်ထိကြီးမားတဲ့ပြဿနာကြီးဖြစ်နေမလဲ။ မတည်ငြိမ်မှုတွေဖြစ်နေတဲ့ အီရတ်မြေမှာမီလာတို့အဖွဲ့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာ ကြည့်ရှုခံစားရမှာပါ။ File size…2.31GB / 968MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Drama , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Green Zone (2010)
6.3
The Siege (1998)
ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာကို တိုက်ခိုက်နေခြင်း မဟုတ်ပါဘူး ၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အကြမ်းဖက်သောင်းကျန်းနေသူများကို တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်လို့ အိုဘားမား သမ္မတဖြစ်ခါစ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့ဖူးတယ် ။ ၁၉၈၀ ကျော်မှာ ဆိုဗီယက်က အာဖဂန်နစ္စတန်ကို ကျူးကျော်တုန်းက အမေရီကန် CIA တွေက ဘင်လာဒင်တို့လို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ကို တော်လှန်ရေးသမားအဖြစ် မွေးမြူခဲ့တယ် ။ CIA ရဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရီကန်ရဲ့ အကျိူးစီးပွားကို ထိခိုက်နိုင်တဲ့ ဆိုဗီယက်ရဲ့ ဩဇာအာဏာကို ဟန့်တားဖို့ပေါ့ ။ ၁၉၉၀ ကျော် အမေရီကန် သမ္မတ ဂျော့ဘုရှ် လက်ထပ်မှာတော့ အီရတ်က ဆတ်ဒမ်ဟူစိန်ကိုအမေရီကန်က ဖြုတ်ချချင်တယ် ။ အီရတ်ပြည်တွင်းမှာ ဆတ်ဒမ်ကို တော်လှန်ချင်သူတွေကို လက်နက်တွေပေးတယ် ၊ အကြမ်းဖက်နည်းတွေ သင်ပေးတယ် ၊ ဗုံးလုပ်နည်းတွေ သင်ပေးတယ် ။ အမေရီကန် သမ္မတသစ် ကလင်တန် လက်ထပ်မှာ နိုင်ငံခြားရေးမူဝါဒကပြောင်းသွားတယ် ...
movie
The Siege (1998)
1998