Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sadhu Kokila
Mr. Bachelor (2023)
Mr.Bachelor (2023) "၃၁ယောက်မြောက် သတို့သမီး"ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.3GB / 1.14GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mr. Bachelor (2023)
2023
8.3
Ondu Sarala Prema Kathe (2024)
Ondu Sarala Prema Kathe (2024) "ရိုးရှင်းသော အချစ်ဇာတ်လမ်းတစ်ပုဒ်" IMDb - 8.4/10ဇာတ်လမ်းနာမည်အတိုင်းပါပဲ အချစ်ဇာတ်လမ်းရိုးရိုးလေး တစ်ပုဒ်ကို အလှပအသေသပ်ဆုံးနဲ့ တင်ဆက်သွားတဲ့ ကန်နာဒါရုပ်ရှင်တစ်ကားပေါ့။မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်း အဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသား ဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။ သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီး သံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့ အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~ Zwe ~ Saii ~ KKKZ ~ Yunniတို့ဖြစ်ပါတယ်) File size…2.14GB / 1.03GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Ondu Sarala Prema Kathe (2024)
2024
7.7
Upadhyaksha (2024)
Upadhyaksha (2024) "ဒုဥက္ကဌ" IMDb - 7.8/10Adyaksha (2014)ရဲ့ sequelအနေနဲ့ ဒါရိုက်တာအာနေးလ်ကူးမား ရိုက်ကူးပုံဖော်ထားတဲ့ ကန်နာဒါးစကားပြော အိန္ဒိယ အချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ Adyaksha (2014)မှာတုန်းကတော့ ချီသူဆိုတဲ့အသင်းကြီးရဲ့ ဥက္ကဌရဲ့ အချစ်ရေး နိုင်ငံရေးပေါ့။ အခုရုပ်ရှင်လေးမှာတော့ မြို့လေးမှာကျန်ခဲ့တဲ့ အသင်းကြီးရဲ့ ဒုဥက္ကဌရဲ့အကြောင်း။ ရှေ့ကကားကြည့်မထားလည်း ကြည့်လို့ရပါတယ်ဗျ။အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူက မြို့မှာမရှိတော့ဘဲ တနယ်တကျေးမှာ မိသားစုနဲ့အခြေချသွားပေမဲ့ ဒုဥက္ကဌဖြစ်သူ နာရာယာနာကတော့ ဥက္ကဌနေရာကိုမယူဘဲ ဒုဥက္ကဌနေရာကပဲ အသင်းကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။သူ့ပြိုင်ဘက်ကတော့ ဥက္ကဌရဲ့ယောက္ခထီးဖြစ်သူ တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မြို့မျက်နှာဖုံး ရှီဗာရူဒရာဂိုဒါရူ။ သူတို့တွေ မြို့လေးအပေါ်ဩဇာအာဏာသက်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ယှဉ်ပြိုင်ကြတာကို ဟာသနှောလို့ တသောသောရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုအပန်းဖြေကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.73GB / 1.4GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Upadhyaksha (2024)
2024
5.3
Love Birds (2023)
Love Birds (2023)"အချစ်ငှက်ကလေးတွေ" =================================မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင် တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Love Birds (2023)
2023
8.4
Kick (2023)
Kick (2023)IMDb-8.5/10ဟာသမင်းသားစူပါစတား Santhanam ခေါင်းဆောင်ပါဝင်ထားပြီး ရှာရွတ်တို့ခေတ်တည်းက ဟာသဇာတ်ပို့အနေနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား အန်ကယ်ကြီး Brahmanandam လည်း ပါဝင်ထားပါတယ်။ ဒီကားထဲက ရှီဗာနီ့ဘော့စ်နေရာမှာ ပါဝင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး Manobala မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်သွားတဲ့ကားလည်းဖြစ်ပါတယ်။ဆိုတော့ ဒီကားက ရိုက်ကွင်းရိုက်ကွက်ထက် ဒီဟာသအကျော်အမော်တွေရဲ့ ကြိုးစားမှုနဲ့ အမှတ်တရအဖြစ် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းအညွှန်း ရှီဗာနီနဲ့ ဆန်တို့ရှ်ဆိုတာ အပြိုင်ကြော်ငြာအေဂျင်စီ ကုမ္ပဏီနှစ်ခုမှာ လုပ်ကြသူတွေ ၊ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင်တော်ကြချဲကြသူတွေပေါ့ ဆန်တို့ရှ်က အမြဲဉာဏ်များပြီးနှာတဖျားသာနေတာကြောင့် ရှီဗာနီက ကြော်ငြာကောင်စီကို တိုင်စာတင်တာကအစပြု သူတို့တွေ့ကြတော့တာပါပဲဒီနယ်ပယ်အတွင်းက အတော်ဆုံးလူနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့ပွဲကို အရယ်အမောအလွဲအချော်လေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Dee ~ Alex ~ Yoon ~ KKKZ တို့ပဲဖြစ်ပါတယ် File size…3.18GB / 1.35GB Quality…1080p WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ...
movie
Kick (2023)
2023
7.3
Avatara Purusha: Part 1 (2022)
2022 မေလ ၆ ရက်နေ့မှာမှ ရုံတင်ခဲ့တဲ့ Avatara Purusha ဆိုတဲ့ ကန်နာဒါဒေသိယ စကားပြော ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ မျိုးရိုးစဉ်စက် အာယုဗီဒ ကျွမ်းကျင်တဲ့ ပညာအမွေကို လက်ဆင့်ကမ်း ဆက်ခံလာတဲ့ " ရမ် ဂျိုရီ " သူ့ရဲ့ စိတ်ထားကောင်းပြီး တစ်ကိုယ်ကောင်းမဆန်တတ်တာကြောင့် တစ်ရွာလုံးရဲ့ လေးစားမှုကို ရရှိထားသူ ...... ရှေ့သွားနောက်လိုက်ညီစွာနဲ့ ခင်ပွန်းသည်ကို ပါရမီဖြည့်ပေးသူ ဇနီးသည် "ဆူရီးလာ" သူတို့နှစ်ဦးဟာ ဉာဏ်လဲကောင်း အဆော့လဲသန်တဲ့ "ကာနာ " ဆိုတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားကြပါတယ် ရယ်ရှိုဒါကတော့ ရမ် ရဲ့ အချစ်ဆုံး ညီမလေးပေါ့ ... တစ်နေ့မှာတော့ ရယ်ရှိုဒါတစ်ယောက် ကိုယ်ဝန်ရှိလာတဲ့ အကြောင်း သတင်းကောင်းကို အစ်ကို့ ပြောပြချင်လို့ အိမ်ပြန်ခဲ့တဲ့အချိန် ..... အစ်ကို့အိမ်က အပြန် ဘုရားကျောင်း ပွဲတော် သွားဖို့ စီစဉ်ထားတဲ့အခါ တူဖြစ်သူ ကာနာကလည်း လိုက်မယ်ဆိုပြီး အတင်းကို ပူဆာပါတော့တယ် ဒီလိုနဲ့ ရယ်ရှိုဒါတစ်ယောက် ...
movie
Avatara Purusha: Part 1 (2022)
2022
9.5
James(2022)
James(2022) အညွှန်း******************IMDb...9.5"လူတွေထင်တာက နိုင်ငံကိုအုပ်ချုပ်တာ နိုင်ငံရေးသမားတွေလို့ထင်နေကြတယ်...တကယ်က စီးပွားရေးသမားတွေအုပ်ချုပ်နေတာဗျ "အိန္ဒိယပြည်မှာ နိုင်ငံရေးသမားတွေနဲ့ ခရိုနီတွေကြီးစိုးနေတဲ့အချိန်...တကယ်လည်းငွေက အရာရာအရေးပါခဲ့တယ်.... ဂိုဏ်းတွေအသီ:သီးနဲ့ နည်းမျိုးစုံနဲ့စီးပွားရှာတယ်...နိုင်ငံရေးပိုင်းကလူတွေနဲ့ အကျွမ်းတဝင်ရှိကြပြီးတော့ စီးပွားရေးကိုလိုသလိုချဲ့ထွင်နေကြတယ်...ဒီစီးပွားသမားကြီးအမည်ခံ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတွေဟာ လိမ်မာပါးနပ်စွာ သူ့စည်းကိုယ့်စည်းနဲ့နေခဲ့ကြပေမဲ့ တစ်နေ့တော့ ပြဿနာတစ်ခုက စပြီး အဖွဲ့အချင်းတွေ ပြန်သတ်ဖို့ဖြစ်လာကြတယ်...သွေးချောင်းတွေစီးမဲ့အချိန်မှာ လူဆိုးဂိုဏ်းကြီးတစ်ခုကအားလုံးကိုတုန့်ပြန်ဖို့" သေနတ် အလက် ၁၀၀နဲ့ လက်မရွှံ အယောက် ၁၀၀ အစားသေနတ်တစ်လက်နဲ့တူတဲ့လူတစ်ယောက်ကိုငါ့ကိုရှာပေး"James ဆိုတဲ့ လူတစ်ယောက် ပေါ်လာတဲ့အချိန်မှာတော့ဒီကားက ဘက်ဂျက်အများကြီးသုံးထားပြီ:ရိုက်ထားတာတွေ အတော်မိုက်တယ်..အက်ရှင်အမိုက်စားတွေအပြင် .Car Chases ခန်းတွေ ဆိုင်ကယ်တွေ အလန်းစားတွေသုံးထားသလိုSetting Dance တွေ လှပြီး မြိုင်ဆိုင်နေရော...မင်းသမီးလေးကလည်း ချေ့စရာလေးမို့ကြည့်လိုက်ကြပါဦးဗျို့.. File Size :(1.4GB) and (520 MB) Quality : WEB-DL 720P Format…mp4 Duration…02:29:00 Genre : Action , Drama,Comedy Subtitle : Myanmar Subtitle (Hard ...
movie
James(2022)