Channel Myanmar

S. Epatha Merkerson

Radio (2003) 6.9
Radio (2003)  ဘောလုံးအသင်းကို မိန်းမနဲ့ကလေးထက် ပိုပြီးတော့ ဦးစားပေးတဲ့ နည်းပြဟာရိုးဂျုံး၊ တစ်ရက်မှာ နည်းပြဂျုံးရဲ့ အသင်းသားတွေက ဉာဏ်ရည်မမှီတဲ့ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ရာကစလို့ သူ့ကို ကူညီပေးခဲ့ပါတယ်။ စစချင်းတွေ့တဲ့အချိန်မှာ ကောင်လေးဟာ စကားတောင် မပြောရဲဘဲ ကြောက်နေတဲ့အတွက် ရေဒီယိုတွေကိုချစ်တဲ့သူ့ကို ရေဒီယိုဆိုပြီးနာမည်ပေးရာကနေ အမည်တွင်ခဲ့ပါတော့တယ်။ရေဒီယိုလေးကို ကြည့်ပြီး ကူညီပေးချင်တဲ့ နည်းပြဂျုံးဟာ ရေဒီယိုကို ဘေးကနေ အဖော်လုပ်ပေးရင်း သူ့ကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ရင်းနဲ့ လူပေါင်းဆံ့လာပါတော့တယ်။ ဒီလိုနဲ့ နည်းပြဂျုံးနဲ့ ရေဒီယိုတို့ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်သွားကြမလဲ ..... ရေဒီယိုလေးဟာရော နည်းပြဂျုံးရဲ့ အကူအညီကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Football, Biography, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Radio (2003)

We Grown Now (2023) 7.1
We Grown Now (2023)  We Grown Now ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရဲ့လူမည်းအိမ်ရာစီမံကိန်းမှာ မွေးပြီး ကြီးပြင်းလာကြတဲ့ဆယ်ကျော်သက်သူငယ်ချင်းနှစ်ယောက်ရဲ့ သူတို့ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။မာလစ်နဲ့ အဲရစ်တို့သူငယ်ချင်းနှစ်ယောက်ဟာဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရိုးသားတဲ့ကလေးတွေရဲ့ စိတ်နှလုံးသားတွေအကြောင်း၊သူတို့ရဲ့ရုန်းကန်မှု၊ သူတို့ရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့ဘဝအိပ်မက်တွေအကြောင်း ထိထိမိမိမြင်တွေ့လာရတာပါ။ လက်လုပ်လက်စားမိသားစုမှာအရွယ်ရောက်လာတဲ့ တကယ့်လက်တွေ့ဘဝထဲကကလေးငယ်တွေအကြောင်း သရုပ်ဖော်တင်ဆက်ထားတာဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…1.20GB / 534MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

We Grown Now (2023)

Terminator 2: Judgment Day (1991) 8.6
Terminator 2: Judgment Day (1991) လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ ...
movie

Terminator 2: Judgment Day (1991)

1991
[18+] Black Snake Moan (2006) 6.9
[18+] Black Snake Moan (2006) Black Snake Moan (2006)~ IMDb - 6.9/10, Rotten Tomatoes - 66% ~ဒီကားကိုတော့ မူလဘူတဗုဒ္ဓဟူးမ တစ်ဖြစ်လဲ Christina Ricci နဲ့ မေမေ့အချစ်တော်ကြီး Samuel L. Jackson အပြင် Justin Timberlake တို့က သရုပ်ဆောင်ထားပါတယ်။ IMDb လည်း 6.9/10 အထိရထားတဲ့ ရုပ်ရှင်ပါ။အဓိကဇာတ်ကောင်က ငယ်စဉ်ဘဝမှာ ပထွေးအနိုင်ကျင့်ခံရပြီး လိင်စိတ်စွဲလမ်းမှုကြီးနေတဲ့ ကောင်မလေးဆိုတော့ ဒီကားမှာ အဖော်အချွတ်ခန်း တော်တော်များတာမို့ မိသားစုနဲ့တော့ မကြည့်စေချင်ပါဘူး။ ဘာနေနေ အမေ့အချစ်တုံးကြီးရဲ့ ထူးခြားတဲ့ဇာတ်ရုပ်နဲ့တကွ ရက်စက်စွာသော ချစ်စွာသော လူတွေရဲ့ဘဝတွေကို ကြည့်ရင်း ဖီးလ်ရမယ့် ရုပ်ရှင်မို့ ဒရာမာပရိသတ်တွေ ကြိုက်ကြမယ့်ရုပ်ရှင်ပါပဲ။ မယားက ညီနဲ့‌ဖောက်ပြန်သွားလို့ အရှက်တကွဲအကျိုးနည်းစွာ အားလုံးကိုရှောင်နေတဲ့ လူ့ဂွစာကြီးဟာ တစ်မြို့လုံးက အပျက်မလို့ သမုတ်ခံထားရတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ...
movie

[18+] Black Snake Moan (2006)

2006
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012