Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ryuya Wakaba
6.2
Masked Hearts (2023)
Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie
Masked Hearts (2023)
It’s All My Fault (2022)
It’s All My Fault (2022)ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း ...
movie
It’s All My Fault (2022)
2022
6.7
Call Me Chihiro(2023)
Call Me Chihiro(2023)********************Netflixက ထုတ်လွှင့်ခဲ့တဲ့ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်..ချီဟီရိုဆိုတဲ့ မိန်းမလှလေးက သူ့ရဲ့ဘဝကို ပင်လယ်ကမ်းခြေနားက မြိုသေးသေးလေးတစ်ခုမှာပေါ့ပေါ့ပါးပါးနေထိုင်နေတဲ့ သူတစ်ယောက်ပါ....အသင့်စားထမင်းဘူးလေးတွေရောင်းတဲ့ ဆိုင်မှာဝင်လုပ်ရင်း မြိုလေးထဲရှိသမျှလူကြီးလူငယ်မရွေး တိရိစ္ဆာန်လေးတွေကိုက အစ ကြင်နာသနားတတ်တဲ့သူလေးပေါ့...ဒါပေမယ့် သူ့ရဲ့အတိတ်ကတော့ သိပ်မလှလှပါဘူး....အရင်က အနှိပ်ခန်းတစ်ခုမှ လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ချီဟီရိုတစ်ယောက်က တကယ့်တကယ်ဘဝကို ဇာတ်မြှုပ်ပြီး အေးအေးဆေးဆေးနေထိုင်ဖို ကြိုးစားတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ အမြင်စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့ရင်းရခဲ့တဲ့ သင်ခန်းစာတွေနဲ့တကယ်ရော အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်....File Size :(1.9GB) and (803MB) Quality :NF.Web-Dl 1080P,720p Format…mp4 Duration…01:23:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon & Thynn Encoded by Phyo Pyae
movie
Call Me Chihiro(2023)
6.0
Remain In Twilight (2021)
Remain in twilight (2021)J drama ပရိသတ်တွေနဲ့မစိမ်းတဲ့ main leadတွေ အများကြီးပါဝင်ရိုက်ကူးထားတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ပါ။ ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းတည်းက အတူတူပေါင်းပြီး ဗရုတ်ကျလာခဲ့တဲ့ သူငယ်ချင်း၆ယောက်ရှိပါတယ်။သူတို့က ကျောင်းကပွဲနေ့မှာ လန်ကွတ်တီအနီတွေဝတ်ပြီး ကြယ်မိုးရွာတာကိုတားတဲ့အကကိုတက်ကကြတဲ့အထိ ဗရုတ်သုတ်ခနိုင်တဲ့ ငချွတ်တွေပါ။ ညီအစ်ကိုလိုရင်းနှီးခဲ့ကြတဲ့သူတို့၆ယောက်ရဲ့သံယောဇဉ်က ဘယ်တော့မှမပျက်နိုင်ကြဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ကျောင်းပြီးတဲ့နောက် ၅နှစ်အကြာမှာ သူတို့သူငယ်ချင်းရဲ့မင်္ဂလာပွဲအတွက်ပြန်ဆုံဖို့ဖြစ်လာပါတယ်။ ဒီပွဲမှာလည်း အရင်လိုလန်ကွတ်တီဝတ်ပြိီးကကြဖို့စီစဉ်ထားတာပါ။ အဖွဲ့တောင့်ခဲ့တဲ့သူငယ်ချင်းတစ်စုဟာ အရင်နှစ်များလိုပဲ ဆက်လက်ရှိနေမယ်လို့ယုံကြည်ခဲ့ကြတာကြောင့် အရှိတရားကိုပါလက်မခံနိုင်ကြတဲ့အထိပါပဲ။ တချို့သောလူတွေက ဘေးမှာမရှိတော့ပေမဲ့ သူတို့နဲ့အတူရှိခဲ့ဖူးတဲ့ ဆည်းဆာချိန်တွေကတော့ အရင်အတိုင်းဆက်ရှိပြီး လှပနေကြ သတိရနေရဦးမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.9GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:36:00 Type__Comedy, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
movie
Remain In Twilight (2021)
6.2
AWAKE (2020)
Awake (2020)၂၀၂၀ ခုနှစ်ကထွက်ရှိလာထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဂိမ်းတွေ၊ပရိုဂရမ်တွေနဲ့ အဓိကဇာတ်ကောင်ကိုပဲဦးတည်ရိုက်ကူးထားတာကြောင့် ဇာတ်ကားရဲ့ Genre ကိုတော့အတိအကျမသတ်မှတ်နိုင်ပေမယ့် စိတ်ဝင်စားစရာကောင်းတာကတော့ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောရရင် Shogi ကစားနည်းမှာတစ်ဖက်ကမ်းခတ်ကျွမ်းကျင်ဖို့အိပ်မက်တစ်ခုရှိနေတဲ့ Eiichi ဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျပန် Shogi အသင်းအဖွဲ့ရဲ့အတတ်သင် ကျောင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပါတယ်။ Shogi ဆိုတာကတော့ဂျပန်ရိုးရာစစ်တုရင်ကစားနည်းတစ်မျိုးပါ။ သူအမြဲကြိုးစားသင်ယူနေပေမယ့်လည်းကျောင်းရဲ့ဆရာတစ်ဆူဖြစ်နေတဲ့ Riku ဆိုတဲ့ကစားသမားကိုတော့ ဘယ်လိုမှမယှဥ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ Eiichi တစ်ယောက်စိတ်ကုန်လာပြီး သူ့ရဲ့ Shogi ကစားသမားဖြစ်ချင်တဲ့အိပ်မက်ကလည်းတဖြည်းဖြည်းဝေဝါးလာခဲ့ပါတော့တယ်။အဲဒီနောက် သူဟာတက္ကသိုလ်တစ်ခုကိုဝင်လျှောက်ပြီး သာမန်ဘဝနဲ့နေဖို့ဆုံးဖြတ်လိုက်ပေမယ့်သူ့ဘဝတစ်လျှောက်လုံးနီးပါး Shogi အပေါ်မှာပဲစိတ်နှစ်ထားခဲ့တာကြောင့် ပေါင်းသင်းဆက်ဆံမှုလည်းအားနည်းတဲ့အတွက်မိတ်ဆွေအပေါင်းအသင်းတွေမရှိလာခဲ့ပါဘူး။ တစ်နေ့မှာတော့ Eiichi တစ်ယောက် မထင်မှတ်ပဲ AI ကိုအခြေခံထားတဲ့ Shogi ကွန်ပျူတာပရိုဂရမ်တစ်ခုကိုတွေ့ရှိခဲ့ပြီး အဲဒီပရိုဂရမ်ဟာသူထင်ထားတာထက်ကိုအဆင့်မြင့်နေခဲ့ပါတယ်။ အဲဒီကနေစပြီးတော့ Eiichi လည်းကွန်ပျူတာပရိုဂရမ်တွေ အထူးသဖြင့်Shogi နဲ့ပတ်သက်တဲ့ဂိမ်းတွေကို စိတ်ဝင်စားလာပါတော့တယ်။ အဲဒါကြောင့် AI လေ့လာရေးအဖွဲ့ကိုရောက်သွားပြီးစီနီယာကျောင်းသား Isono နဲ့ဆုံခဲ့ပါတယ်။ Isono ဆီကနေ AI ပရိုဂရမ်တွေအ ...
movie
AWAKE (2020)
6.4
Gantz(2010)
GantZ (2010)--------------------------၂၀၀၄ခုနှစ်မှာ Animeအဖြစ်ထွက်ရှိထားခဲ့တဲ့ ဂန့်ဇ်ဆိုတဲ့စီးရီးဟာ လူငယ်တွေကြား အတော်လေးကြိုက်နှစ်သက်ခဲ့ကြပါတယ်.၂၀၁၀ခုနှစ်မှာတော့ ဂန့်ဇ်ဟာ ပထမဆုံး ရုပ်ရှင်အဖြစ် ထွက်ရှိလာခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ ၂၀၁၁မှာ ဂန့်ဇ်ရဲ့နောက်ဆက်တွဲရုပ်ရှင်အဖြစ်Perfect Answerကို ပြသခဲ့တဲ့အပြင် Another Gantzဆိုတဲ့ ရုပ်ရှင်တခုကိုပါဆက်စပ်ထုတ်ဝေပေးခဲ့ပြီး ၂၀၁၆မှာတော့ GantZ Oဆိုတဲ့ Animationရုပ်ရှင်တခုကိုပါရိုက်ကူးတင်ဆက်ခဲ့ပါတယ် .............ဇာတ်လမ်းအကျဉ်း ---------------------- ကာတိုက တနေ့ ရထားဘူတာမှာ လူတစ်ယောက်ရထားလမ်းပေါ်ကို ပြုတ်ကျနေတာကြောင့်ဝင်ရောက်ကယ်ဆယ်ရင်း ကာ့တိုကို ကူညီတဲ့သူငယ်ချင်းဖြစ်သူ ခဲအိပါ ရထားတိုက်ခံခဲ့ရပါတယ်......ပုံမှန်ဆို သူတို့နှစ်ဦးဟာ သေဆုံးရမှာဆိုပေမယ့်သေရမယ့်အစား အခန်းငယ်တခုထဲကို ရောက်ရှိသွားခဲ့ပါတယ်...အခန်းထဲမှာလဲ သူတို့လိုဘဝတူလူတချို့ရှိနေပြီး ထူးဆန်းတဲ့စက်ဝန်းပုံ အလုံးတလုံးပါ အတူရှိနေပါတယ်....သိပ်မကြာခင်မှာပဲ အဲ့ဒီစက်လုံးကနေ သူတို့ကို မစ်ရှင်တခုခိုင်းခဲ့ပါတယ်..အဲ့ဒီမစ်ရှင်ကတော့ သူတို့ကို ကမ္ဘာပေါ်ရဲ့နေရာတခုက ဂြိုလ်သားတကောင်ကိုသတ်ခိုင်းတာဖြစ်ပြီး သတ်နိုင်တဲ့လူကို အမှတ်ပေးမှာဖြစ်ပါတယ်...သူတို့တွေ ဘာမှန်းမသိတဲ့ မစ်ရှင်တခုကို တူတူလုပ်ကြရင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကို အတော်လေးစိတ်ဝင်စားဖို့ကောင်းအောင်လဲ ဇာတ်အိမ်ဆောက်ထားပြီး ဂျပန်နိုင်ငံရဲ့၂၀၁၀လောက်က Effectတွေဟာလဲ မညံ့ကြောင်းမြင်ရမှာပါ...ဒါကြောင့်မို့ ကျွန်တော်တို့ Channel MyanmarကနေGantzရဲ့ ရုပ်ရှင်လေးကားလုံးကို Qualityအကောင်းဆုံးနဲ့ တင်ဆက်ပေးလိုက်ပါတယ် File size…1.96GB Quality…BluRay ...
movie
Gantz(2010)
2010
6.2
Gantz: Perfect Answer(2011)
Gantz :Perfect Answer (2011)--------------------------၂၀၀၄ခုနှစ်မှာ Animeအဖြစ်ထွက်ရှိထားခဲ့တဲ့ ဂန့်ဇ်ဆိုတဲ့စီးရီးဟာ လူငယ်တွေကြား အတော်လေးကြိုက်နှစ်သက်ခဲ့ကြပါတယ်.၂၀၁၀ခုနှစ်မှာတော့ ဂန့်ဇ်ဟာ ပထမဆုံး ရုပ်ရှင်အဖြစ် ထွက်ရှိလာခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ ၂၀၁၁မှာ ဂန့်ဇ်ရဲ့နောက်ဆက်တွဲရုပ်ရှင်အဖြစ်Perfect Answerကို ပြသခဲ့တဲ့အပြင် Another Gantzဆိုတဲ့ ရုပ်ရှင်တခုကိုပါဆက်စပ်ထုတ်ဝေပေးခဲ့ပြီး ၂၀၁၆မှာတော့ GantZ Oဆိုတဲ့ Animationရုပ်ရှင်တခုကိုပါရိုက်ကူးတင်ဆက်ခဲ့ပါတယ် .............ဇာတ်လမ်းအကျဉ်း ---------------------- ကာတိုက တနေ့ ရထားဘူတာမှာ လူတစ်ယောက်ရထားလမ်းပေါ်ကို ပြုတ်ကျနေတာကြောင့်ဝင်ရောက်ကယ်ဆယ်ရင်း ကာ့တိုကို ကူညီတဲ့သူငယ်ချင်းဖြစ်သူ ခဲအိပါ ရထားတိုက်ခံခဲ့ရပါတယ်......ပုံမှန်ဆို သူတို့နှစ်ဦးဟာ သေဆုံးရမှာဆိုပေမယ့်သေရမယ့်အစား အခန်းငယ်တခုထဲကို ရောက်ရှိသွားခဲ့ပါတယ်...အခန်းထဲမှာလဲ သူတို့လိုဘဝတူလူတချို့ရှိနေပြီး ထူးဆန်းတဲ့စက်ဝန်းပုံ အလုံးတလုံးပါ အတူရှိနေပါတယ်....သိပ်မကြာခင်မှာပဲ အဲ့ဒီစက်လုံးကနေ သူတို့ကို မစ်ရှင်တခုခိုင်းခဲ့ပါတယ်..အဲ့ဒီမစ်ရှင်ကတော့ သူတို့ကို ကမ္ဘာပေါ်ရဲ့နေရာတခုက ဂြိုလ်သားတကောင်ကိုသတ်ခိုင်းတာဖြစ်ပြီး သတ်နိုင်တဲ့လူကို အမှတ်ပေးမှာဖြစ်ပါတယ်...သူတို့တွေ ဘာမှန်းမသိတဲ့ မစ်ရှင်တခုကို တူတူလုပ်ကြရင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကို အတော်လေးစိတ်ဝင်စားဖို့ကောင်းအောင်လဲ ဇာတ်အိမ်ဆောက်ထားပြီး ဂျပန်နိုင်ငံရဲ့၂၀၁၀လောက်က Effectတွေဟာလဲ မညံ့ကြောင်းမြင်ရမှာပါ...ဒါကြောင့်မို့ ကျွန်တော်တို့ Channel MyanmarကနေGantzရဲ့ ရုပ်ရှင်လေးကားလုံးကို Qualityအကောင်းဆုံးနဲ့ ...
movie
Gantz: Perfect Answer(2011)
2011
HEVC 1080p 5.1