Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ryushin Tei
5.9
Lumberjack the Monster (2024)
Lumberjack the Monster (2023)Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | ...
movie
Lumberjack the Monster (2024)
2024
5.5
Yakuza Apocalypse (2015)
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie
Yakuza Apocalypse (2015)
6.6
Character (2021)
CHARACTER 2021IMDb rating - 6.6/10 Genre - Psychological Thriller, Familyကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ...ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဲဒီကစလို့ ...
movie
Character (2021)
6.4
Kaiji: The Ultimate Gambler (2009)
Kaiji (2009)IMDb - 6.4/10ဈေးပေါတဲ့အခန်းလေးတစ်ခုမှာ ငှားနေပြီး ဘ၀ကို ရေလိုက်ငါးလိုက်နေနေတဲ့ ကိုင်ဂျီ ဆိုတဲ့ လူငယ်တစ်ဦး။တစ်နေ့မှာတော့ သူ အာမခံပြီးချေးပေးလိုက်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ချေးငွေတွေကို အတိုးပေါင်း မြောက်မြားစွာနဲ့ ပြန်ဆပ်ပေးဖို့ အကျပ်ကိုင်ခံလာရတဲ့အခါ ကိုင်ဂျီတစ်ယောက် အကြွေးတွေပြန်ဆပ်နိုင်ဖို့ "မျှော်လင့်ချက်" လို့ အမည်ရတဲ့ ထူးခြားဆန်းကြယ်တဲ့ သဘ်ောပေါ်က ဂိမ်းတစ်ခုကို ဆော့ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီဂိမ်းကို နိုင်ရင် အကြွေးတွေအားလုံးကို ဆပ်နိုင်မှာဆိုပေမယ့် ရှုံးရင်ရော ဘာတွေ ပေးဆပ်လိုက်ရမှာလဲ????? ကိုင်ဂျီ အကြွေးတွေကို ပြန်ဆပ်နိုင်မှာလား????? သူ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပါ။ ဒီဇာတ်ကားဟာ နာမည်ကြီး Anime series တစ်ခုဖြစ်တဲ့ Kanji ကို Live-Action အဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာဂိမ်းတွေနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Aung Tayza ပဲ ဖြစ်ပါတယ်။Genre..... Drama Quality….WEB-DL 1080p and 720p and 480p File size… 1.8GB and 1.1GB and ...
movie
Kaiji: The Ultimate Gambler (2009)
2009
5.9
[18+] Wet Woman in the Wind (2016)
Dark Side Production အနေနဲ့ ဂျပန် Adult ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်... ဇာတ်ကြောင်းကတော့... မိန်းမဆိုတာတွေကို စိတ်နာပြီးတော့လား လိုတာမရ ရတာမလိုတာကြောင့်ပဲလား ဘာအကြောင်းကိစ္စရယ် မသိ ကိုဆူကီဆိုတဲ့ ဘဲတစ်ဗွေက လူသူမသိတဲ့တောထဲမှာ တစ်ယောက်တည်း နေနေပါတယ်... စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲတယ်ပြောရမလားပဲ.. သူနေတဲ့တောနဲ့မနီးမဝေးမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်က စော်တစ်ဗွေနဲ့ သူနဲ့ ဆုံတော့တာပဲ ဘဲကြီးကိုချိတ်သာချိတ်တာ စော်ကလဲခပ်ချေချေနော် ဘဲကြီးကလည်းမိန်းမတွေကိုစိတ်ကုန်နေတဲ့သူ စော်ကလဲ ဘဲကြီးသူ့အပေါ်စိတ်လည်လာအောင် ဘယ်လိုတွေတောင်ရွဲ့ပြီး တခြားဘဲတွေနဲ့ဝုန်းပြမလဲ ဆိုတာရယ် တစ်ချိန်ကရှေးဟောင်းနှောင်းဖြစ်ပတ်သတ်ရာပတ်သတ်ကြောင်းဖြစ်တဲ့ နောက်စော်တစ်ဗွေကလဲ ထပ်ရောက်လာပြီး ဘယ်လိုတွေတောင် ဖြစ်ကြတယ် ဆိုတာကတော့ဖြင့့်......။(ဘာသာပြန် Xian မှတင်ဆက်ထားသလိုဇာတ်လမ်းအညွှန်းကတော့ BGR ဖြစ်ပြီး RGB မှ Encode ထားပါတယ်။)Cast Tasuku Nagaoka as Kosuke Takasuke Yuki Mamiya as Shiori File Size…(800 MB)Quality…HD Rip 720pFormat…mp4 Duration…01:18:00 Subtitle…Myanmar Subtitle(Hardsub) Encoder…RGBTranslated by Dark Side Xian
movie
[18+] Wet Woman in the Wind (2016)
2016