Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ryûju Kobayashi
6.4
The Eye’s Dream (2016)
The Eyes Dream 2016 အညွှန်းMystery, Fantasy, Thriller, Documentary တွေလိုမျိုး ရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Hisayasu Sato ရဲ့ ၂၀၁၆ က ထွက်ရှိခဲ့ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကတော့ ကြည့်ရတာနည်းနည်းတော့ရှုပ်ပေမယ့် ကြည့်ရတာ အဆင်ပြေတယ်ဆိုရုံလောက်ပါပဲ။ဇာတ်လမ်းထဲမှာကတော့ ဓာတ်ပုံဆရာမတစ်ယောက်က မျက်လုံးတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ပါ။ လမ်းမှာမြင်သမျှလူတွေကိုလည်း မျက်လုံးဓာတ်ပုံတွေကို လိုက်ရိုက်တတ်ပါတယ်။ တစ်နေ့မှာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်က သူ့ရဲ့ မျက်လုံးတွေကို စွဲလမ်းတတ်တဲ့ရောဂါကို ရုပ်ရှင်ရိုက်ကူးချင်တယ်လို့ ပြောလာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ။ ဒါရိုက်တာနဲ့ရော ဘယ်လိုတွေနှစ်ပါးသွားမလဲ Psycho ဆန်ဆန်လေးကို ၁၈+ တစ်မျိုးလေး ကြည့်ရှုရမှာဆိုတော့ ပုရိသတို့ အကြိုက်တွေ့စေမှာ အမှန်ပါပဲလို့ပြောရင်း ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p File size… 2.1GB | 874MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle ...
movie
The Eye’s Dream (2016)
2016
6.3
Someone (2016)
Someone (2016) ဘွဲ့ရပြီးတဲ့ ဂျပန်လူငယ်ငါးယောက်၊ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ကျွန်တော်တို့လို Third World Country တွေမှာ ပေါများသလို Japan လိုတိုးတက်ပြီးသားနိုင်ငံမှာ မရှိပါဘူးရယ်တော့ ပြောလို့မရပါဘူး၊ ဂျပန်နိုင်ငံမှာဘွဲ့ရထားပြီး အလုပ်ခွင်ဝင်ဖို့ကြိုးစားတဲ့အခါ အလုပ်လျှောက်ကြတဲ့အခါ အခက်အခဲကိုမျိုးစုံကြုံကြရပါတယ်တဲ့။ဒီလိုဘွဲ့ရပြီးသားဂျပန်လူငယ် ငါးယောက်က အလုပ်လျှောက်ဖို့ပြင်ကြတဲ့အခါ သူတို့ငါးယောက်လုံးက တိုက်ခန်းတူနေပါတယ်၊ ဒီလိုနဲ့တူတူကြိုးစားကြ တူတူအလုပ်တွေလျှောက်ဖြစ်ကြတယ်ပေါ့ဗျာ၊ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ရသွားလိုက်ကြတာ မရသွားတဲ့ကောင်လေးတစ်ယောက်ကတော့ကျန်ရစ်ဖြစ်ပြီး စွန့်ပစ်ခံရသလိုခံစားနေရတဲ့အခါ သူတို့ကြားကဆက်ဆံရေးတွေကအရင်လိုမဖြစ်နိုင်တော့ပါဘူး။ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို အနည်းအကျဉ်းဆိုသလိုထိတွေ့ခွင့်ရမယ့် ဝတ္ထုတစ်ပုဒ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ဂျပန်သိပ်မကြည့်တဲ့ သူတွေနဲ့တောင် မစိမ်းတဲ့လူတွေပါပဲ။ ကန်ရှင်းမင်းသား၊ Flying colors မင်းသမီး၊ Drive My Car ထဲက ဒုတိယမင်းသားတို့တွေပါ။ ထိပ်တန်းသရုပ်ဆောင်တွေချည်းပါပဲ။ဒီနေ့ခေတ် ဒီနိုင်ငံမှာ ဂျပန်ကိုသွားဖို့ အစီအစဉ်ရှိနေတဲ့သူတွေ များသလို ဂျပန်စာလေ့လာနေကြတဲ့သူတွေလည်း မနည်းပါဘူး။ မြင်မိသလောက် လူငယ်သုံးချိုးတစ်ချိုးလောက်နီးပါးပါပဲ။ ဒီရုပ်ရှင်ဟာ ဂျပန်မှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ ဗဟုသုတအနည်းအကျဉ်းရအောင် ကြည့်ထားသင့်တဲ့ကားပါ။ (ဇာတ်ကားနဲ့အညွှန်းကို ...
movie
Someone (2016)
2016
6.8
[18+] Guilty of Romance (2011)
(Dark Side Production မွ တင္ဆက္သည္။)Guilty of RomanceIMDb (6.8)ပထမဆုံးပြောချင်တာက ဒီဇာတ်ကားက တော်တော်လေးကိုရှုပ်ထွေးတဲ့ ၁၈နှစ်အထက်မှကြည့်လို့ရတဲ့ကားပါဇာတ်ကားကို ပြန်ဖြစ်ခဲ့တဲ့အကြောင်းကတော့ ဖြစ်ရပ်မှန်မှုခင်းတွေအကြောင်းကို ဝတ္တုလေးတွေလိုပြန်ရေးတဲ့ မရွှေမိုး (ကိုရီးယား)ရဲ့ ပိုစ့်တစ်ခုကြောင့်ပါပဲ အဲ့ဒီ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံပြီးတော့ ဒီဇာတ်ကားကို ရိုက်ကူးထားတာပါမရွှေမိုးရေးထားတဲ့ ဇာတ်လမ်းကိုအကျဉ်းချုပ်ကို အရင်ပြောပြချင်ပါတယ် A ဆိုတဲ့အမျိုးသမီးဟာ ၁၉၉၇ ခုနှစ် မတ်လ ၈ရက်နေ့ အဲ့နေ့မှာအသတ်ခံလိုက်ရပါတယ် အသတ်ခံရပုံက ကာမဆက်ဆံပြီးတော့ လည်ပင်းညှစ်သတ်လိုက်တာပါ ဝမ်းနည်းဖွယ်ရာလူသတ်မှုပါပဲအသတ်ခံရတဲ့သူကိုစစ်လိုက်တဲ့အခါ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကိုင်တဲ့ ဆင်းရဲစုတ်ပြတ်တဲ့မိန်းကလေးတစ်ယောက်ပုံစံမျိုးပါ.. ဒါပေမယ့် ဆန်းကြယ်တာက သူမရဲ့အချက်အလက်တွေကိုစစ်ဆေးတော့မှ သူမဟာ ပြည့်တန်ဆာတစ်ယောက်မဟုတ်ဘဲ နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ အုပ်ချုပ်ရေးမှာ အရေးပါတဲ့ ဂုဏ်သိက္ခာရှိ ပညာတတ် လူချမ်းသာမိန်းကလေးတစ်ယောက်ဖြစ်နေတာပါပဲ။ဒါဖြင့်ရင် သူကဘာလို့ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ပြီးတော့ လမ်းပေါ်မှာ ဒီလိုပုံနဲ့လာသေနေရတာလဲ ဒါဟာ လူတိုင်းတွေးမိတဲ့မေးခွန်းတစ်ခုပါ ဒါပေမယ့် အဖြေကတော့မရှိခဲ့ပါဘူး။ဒီအမှုပိုပြီးတော့ နာမည်ကြီးသွားရတဲ့အကြောင်းရင်းကတော့ သူ့ကိုသတ်တယ်လို့ယူဆရတဲ့ နီပေါနိုင်ငံသားအလုပ်သမားကြောင့်ပါ သူများနိုင်ငံလာနေပြီး သူတို့နိုင်ငံသားကိုသတ်သွားတယ်လို့ယူဆတဲ့ ဂျပန် လူမျိုးထုကြီးကို နိုင်ငံတော်က ထိန်းသိမ်းနိုင်ဖို့ အဆင့်ဆင့်အခါခါစစ်ဆေးခဲ့ရပါတယ်။သက်သေတွေမတိကျမှုတွေကြောင့် တရားခံအစစ်မတွေ့ခင်မှာ နီပေါနိုင်ငံသားကိုပဲ တရားခံလို့သတ်မှတ်ပြီး ဖမ်းဆီးထားခဲ့တာပါ အဲ့ဒီ့နီပေါနိုင်ငံသားဟာ လက်မလျှော့ပဲ အယူခံ ခဏခဏဝင်ကာ သူ့ရဲ့ရိုးသားမှုကို ပြသနိုင်ခဲ့သွားပါတယ် ဒါပေမဲ့ နှစ်ပေါင်း ၁၅နှစ်ကို ထောင်ထဲမှာကုန်ဆုံးလိုက်ရပါတယ် အဲဒီအဖြစ်အပျက်ကြောင့် တရားခံအစစ်ကိုရှာမတွေ့နိုင်တဲ့ အမှု သေသူရဲ့အလုပ်အကိုင်အကြောင်းခန့်မှန်းနိုင်မှုမရှိတာတွေကြောင့် အခုချိန်ထိကို ဖြေရှင်းလို့မရသေးတဲ့ ထူးဆန်းတဲ့အမှုအဖြစ်နဲ့ ...
movie
[18+] Guilty of Romance (2011)
2011