Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ryota Bando
6.3
Tsugaru Lacquer Girl aka Bakanuri no Musume (2023)
Tsugaru Lacquer Girl 2023IMDb-7.3/10မျိုးနဲ့ရိုးနဲ့ လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ ယွန်းထည်လက်မှုပညာသည်မျိုးရိုး အာအိုကီတို့မိသားစု ခေတ်စနစ်ပြောင်းလဲမှုတွေကြား လက်မှုပစ္စည်းကို တန်ဖိုးထားဝယ်ယူမှုတွေကျဆင်းကုန်သလို လက်မှုပညာရှင်တွေ ရင်ဆိုင်ရတဲ့အခက်အခဲတွေကလည်း ပိုပိုများလာတယ်အာအိုကီတို့မိသားစုမှာ သားဖြစ်တဲ့သူက လူငယ်ပီပီ လွတ်လွတ်လပ်လပ်နဲ့ ဆံသပညာရှင်ဖြစ်ဖို့ပဲအားသန်တဲ့သူ ၊ အာအိုကီ့ဇနီးကလည်း အလုပ်ကိုပဲဦးစားပေးလွန်းတဲ့ ခင်ပွန်းကို စိတ်ပျက်ပြီးထားသွားတဲ့အချိန် ဒီတာဝန်တွေအားလုံးက မီယာကို့ပေါ်ပဲရောက်လာတော့တယ် ၊ ခေတ်ရေစီးကြောင်းနဲ့အညီ လက်မှုပညာလုပ်ငန်းကို အားစိုက်လုပ်ချင်စိတ်ရှိတဲ့ မီယာကိုတစ်ယောက် မိသားစုလုပ်ငန်း ၊ ဝင်ငွေနဲ့ တန်းဖိုးထားရာတွေကြား ကြိုးစားရပ်တည်ပုံကိုရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size… 1.65GB / 753MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Alex ~ ToMo
movie
Tsugaru Lacquer Girl aka Bakanuri no Musume (2023)
2023
5
Howling Village (2020)
Howling Village (2020)ဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ အိနုနခိလှိုဏ်ခေါင်းက ဂျပန်နိုင်ငံ ဖူကုအိုကာစီရင်စုမှာ အမှန်တကယ်ရှိနေတဲ့နေရာတစ်ခုပါ။ သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးပြီး ကြမ်းတဲ့နေရာတစ်ခုလို့ ဆိုလို့ရပါတယ်။ လှိုဏ်ခေါင်းထဲမှာရော အနီးတဝိုက်မှာပါ လူသတ်မှုတွေဖြစ်ခဲ့ပြီး ဂျပန်ရဲ့ကြောက်စရာအကောင်းဆုံးနေရာလို့ ပြောကြရတဲ့အထိပါပဲ။ သရဲခြောက်တဲ့ဇာတ်လမ်းတွေ ယုံတမ်းစကားတွေ လည်း ဂလူထုကြားထဲမှာ အများကြီးပြန့်နှံ့နေခဲ့တာပါ။အပြင်က အိနုနခိရွာကလည်း ဇာတ်လမ်းထဲကအတိုင်းပဲ ဆည်တည်ဆောက်မှုကြောင့် ရေအောက်ကိုရောက်ရှိသွားပါပြီ။ဇာတ်လမ်းအကျဉ်းကတော့စုံတွဲတစ်တွဲက အိနုနခိလှိုဏ်ခေါင်းရှိတဲ့နေရာကို ည၂နာရီမှာရောက်ပြီး ဗီဒီယိုရိုက်နေကြပါတယ်။ လှိုဏ်ခေါင်းနားက ဖုန်းရုံက ည၂နာရီတိတိမှာ ဖုန်းမြည်လာတာကြောင့် ကောင်မလေးဖြစ်တဲ့ အခိနက ဖုန်းကို ကိုင်လိုက်ပါတယ်။ တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့် ကောင်မလေးနဲ့ကောင်လေးလည်း ချက်ချင်းပဲ လှိုဏ်ခေါင်းထဲဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်ခြားစရာတွေ တွေ့ကြုံလိုက်ရပြီး သွေးရူးသွေးတန်းနဲ့ အိမ်ပြန်ပြေးလာကြပါတယ်။နောက်နေ့မှာတော့ အခိနက ကြောင်တောင်တောင်ဖြစ်နေပါပြီ။ မကြာခင်မှာပဲ အခိနဟာ ရေစင်အမြင့်ကြီးကနေ ခုန်ချပြီးသေဆုံးသွားခဲ့ပါတယ်။ ချစ်သူသေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ကောင်လေးဖြစ်သူ ယုမက မကျေနပ်ချက်ကြောင့် လှိုဏ်ခေါင်းထဲကို နောက်တစ်ခေါက်ထပ်သွားရင်း ပျောက်ဆုံးသွားပါတယ်။ အဲဒီလှိုဏ်ခေါင်းရှေ့ကဖုန်းရုံမှာ ဖုန်းဝင်လာတာကို ...
movie
Howling Village (2020)
6
Inubu: The Dog Club (2021)
Inubu: The Dog Club (2021)~ MyDramaList - 7.5/10, IMDb - 6/10 ~ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ၂၀၂၁ ခုနှစ်ထွက် ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ခွေးချစ်သူဖြစ်ဖြစ် ကြောင်ချစ်သူဖြစ်ဖြစ် တိချစ်သူတိုင်းအတွက် ရင်ထဲရောက်စေမယ့် ကြည့်သင့်တဲ့အကြည်ဓာတ်ကားလေးဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းကတော့...တိုဝါဒါ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ဆေးကျောင်းသားဖြစ်သူ "ဟနိုင်း-ဆိုတ"ဟာ တိရစ္ဆာန်တွေကို အလွန်အမင်း ကရုဏာရှိတဲ့သူတစ်ယောက်ပါ။ သူတို့ကိုချစ်တဲ့စိတ်ကြောင့် တိမွေးကုဆရာဝန်တစ်ယောက် ဖြစ်လာအောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။၂၀၀၀ခုနှစ် နွေရာသီမှာ ဂျပန်ရဲ့ တိရစ္ဆာန်ဂေဟာတစ်ခုကနေ ခွေးတစ်ကောင်ကိုမွေးစားဖို့ သွားရင်းနဲ့ သူ့လိုပဲ ခွေးချစ်သူ သူငယ်ချင်းတွေရလာခဲ့ပါတယ်။ လေလွင့်ခွေးလေးတွေကို သူ့တိုက်ခန်းကျဉ်းထဲမှာစုမွေးထားပြီး သူငယ်ချင်းတစ်သိုက်က အတူတူစောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လမ်းပျောက်နေတဲ့ခွေးလေးတစ်ကောင်ကို သူ့ထုံးစံအတိုင်းကယ်လာခဲ့ပါတယ်။ အစကတော့ ဆေးကုပေးပြီး ပိုင်ရှင်လက်ထဲပြန်အပ်ဖို့ပါပဲ။ ဒါပေမဲ့ ပိုင်ရှင်က သူတို့ဆေးတက္ကသိုလ်ရဲ့သုတေသနဌာနက ပါမောက္ခကြီးမှန်းသိရတော့ ဟနိုင်းတွေဝေသွားပါတယ်။အကြောင်းရင်းကတော့ သုတေသနခန်းက ခွေးတွေဟာ ...
movie
Inubu: The Dog Club (2021)
2021
8
Honey Lemon Soda (2021)
Honey Lemon Soda (2021)ဂျပန်ကျောင်းသား အချစ်ဇာတ်လမ်းတွေရဲ့ရိုးရာအတိုင်း စော်ကြည်ဘဲမင်းသားနဲ့ အူတူတူမင်းသမီးလေးတွေရဲ့ ကြောင်နဲ့ကြွက်လိုဆက်ဆံရေးကနေ နောက်ဆုံးကြိုက်သွားကြတာမျိုးမဟုတ်ဘဲနဲ့ ဒီ Honey Lemon Soda ဆိုတဲ့ကားလေးမှာတော့ လူကြောက်တတ်ပြီး အနိုင်ကျင့်ခံရတဲ့ ဇာတ်လိုက်မင်းသမီး Uka ဆိုတဲ့အူကြောင်ကြားလေးကို ကျောင်းမှာနာမည်ကြီးရေပန်းစားတဲ့ Kai ဆိုတဲ့ ကောင်လေးက အစပိုင်းတည်းကစိတ်ရင်းအမှန်နဲ့ချစ်ပြီး လိုက်ကာကွယ်ပေးရာကနေ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးပါသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလည်းပါပေမယ့် သူငယ်ချင်းအချင်းချင်းမနာလိုပြီး အကောက်ကြံတာမျိုးတွေလည်းမပါလို့ အပျင်းပြေ ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality….WEB-DL 1080p and 720p and 360p File size… 1.1 GB and 680B and 259MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August
movie
Honey Lemon Soda (2021)
2021
6.5
Wife of a Spy(2021)
ယေဘုယျအနေနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ သက်တမ်းကြာရှည်လေ သူ့မှာထွန်းကားတဲ့ အနုပညာတွေ မြင့်မားလေပါပဲ။ ရုပ်ရှင်လောကမှာ ဂျပန်ဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသွေးနဲ့ ရပ်တည်နေပြီး အနောက်နိုင်ငံတွေက သူ့ကို ဆင့်ပွားကူးယူ ခံရနေကျ ဆရာတစ်ဆူပါပဲ။ ဂျပန်ရုပ်ရှင်တွေဟာ အသားမကျရင် အ၀င်နည်းနည်း ခက်ပေမဲ့ ရင်ထဲရောက်သွားတဲ့အခါ သူ့အရသာဟာ တသသကို စွဲထင်ကျန်ရစ်တတ်တယ်။ ရုပ်ရှင်အကြောင်းမပြောခင် ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာခိရိုရှိ ခူရိုဆ၀အကြောင်း အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။ သူက တိုကျို အနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ။ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာနဲ့ ဝေဖန်ရေး ဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ဒါရိုက်တာက မညံ့သလို ဒီရုပ်ရှင်ဟာလည်း ၂၀၂၀ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်တစ်ကားလို့ ဝေဖန်ရေးဆရာတွေ ချီးကျုးခံခဲ့ရတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ငွေခြင်္သေ့ဆုရထားပါတယ်။အကောင်းဆုံးဒါရိုက်တာဆုပါ။ Cinematographyဟာလည်း အတော် သိမ်မွေ့လှပတယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ အဓိကဇာတ်ဆောင်ကတော့ ဂျပန်ကားတွေနဲ့ သိပ်မစိမ်းတဲ့လူတွေ သိကြတဲ့ မမ ယုအအို့အိပါပဲ။ ဘော်ဒါတစ်ယောက်ပြောသလိုပြောရရင် ဟန်နီနွေဦးဂျပန်ဗားရှင်းပေါ့။ တကယ်တော့ ဒီရုပ်ရှင်ဟာ သူနဲ့တင်တန်နေပါပြီ။ ဇာတ်လမ်းကတော့ စစ်တွင်းကာလက အဖြစ်အပျက်တစ်ခုကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ 1940 ဒုတိယကမ္ဘာစစ် အကြိုကာလလောက်မှာ ...
movie
Wife of a Spy(2021)
2020