Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ryan Whitney Newman
Bad Sister (2015)
Bad Sister (2015)နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းပြန်ဖွင့်ချိန်မှာ စိန့်ဗဲလ်ကျောင်းက စစ္စတာဆိုဖီယာဆိုတဲ့ သီလရှင်ဆရာမလေးဟာ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းမှာ တာဝန်ချထားခံခဲ့ရတယ်။ မှတ်တမ်းကောင်းတွေနဲ့ စစ္စတာဟာ ကျောင်းအသစ်က ဂျေဆန်ဆိုတဲ့အတန်းသားတစ်ယောက်ကို စွဲလမ်းနေသူဖြစ်တယ်။ ဂျေဆန်ကတော့ အင်တာနက်ပေါ်မှာ သူ့ရဲ့သီချင်းတွေကို ဂီတာတီးကာဆိုပြလေ့ရှိပြီး ဂီတသမားဖြစ်ချင်သူတစ်ဦးဖြစ်တယ်။အတန်းပထမဆုံးနေ့ မနက်ခင်းဝတ်ပြုဆုတောင်းတဲ့အခါ အတန်းသားတွေကိုပဲတိုင်ခိုင်းပြီး စစ္စတာက လိုက်ဆိုခြင်းမရှိတာကို တစ်တန်းတည်းနေ ဂျေဆန့် ညီမလေးဇိုဝီဟာ သတိထားမိခဲ့တယ်။ ဒါတင်မက စစ္စတာဆိုဖီယာရဲ့ အခြားစစ္စတာတွေနဲ့ မတူတဲ့ထူးခြားတဲ့လုပ်ရပ်တွေကိုလည်း တဖြည်းဖြည်းနဲ့ သူမြင်တွေ့ခဲ့ရပြီး မသင်္ကာဖြစ်နေခဲ့တယ်။ အစ်ကိုဂျေဆန်ကို သတိပေးပေမဲ့လည်း ဂျေဆန်နဲ့စစ္စတာတို့ဟာ အဲဒီအချိန်မှာ လက်လွန်ကြက်သွန်ဖြစ်နေခဲ့ပါပြီ။ ဂျေဆန်ကိုယ်တိုင်လည်း ထုတ်မပြောပေမဲ့ စစ္စတာ့အပေါ် သံသယတွေရှိနေခဲ့တာတော့ အမှန်ပါပဲ။ဒီလိုနဲ့ စစ္စတာဆိုဖီယာဟာ သူ့လမ်းပေါ်ရောက်လာတဲ့ အတားအဆီးမှန်သမျှကို ရရာနည်းနဲ့ ရှင်းထုတ်ခဲ့ရာကနေ လူသတ်မှုကျူးလွန်တဲ့အထိပါဖြစ်လာခဲ့တယ်။ စိန့်အက်ဒီလင်းကတ်သစ်ကျောင်းအုပ် စစ္စတာရေဘက္ကာသိထားရတဲ့ စိတ်နှလုံးသိမ်မွေ့ပြီး မေတ္တာရှေ့ထား အုပ်ချုပ်တတ်တဲ့ စစ္စတာဆိုဖီယာနဲ့ အခုကျောင်းမှာရှိနေတဲ့ စစ္စတာဆိုဖီယာရဲ့ စည်းကမ်းတင်းကြပ်ပုံနဲ့ ထူးဆန်းတဲ့အပြုအမူတွေဟာ ...
movie
Bad Sister (2015)
2015
Zoom (2006)
Zoom (2006)ဒီတစ်ခါမိတ်ဆက်ပေးမယ့် ကားလေးကတော့ Facebook Short Clip လေးတွေမှာ ခဏခဏတွေ့နေရလေ့ရှိပြီး ကျွန်တော်တို့တွေ ငယ်ငယ်က ကြည့်ဖူးလောက်ကြမယ့် စူပါဟီးရိုးဇာတ်လမ်းလေးဖြစ်တဲ့ Zoom ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~အတိတ်က ဂမ်မာရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်ယောက် ဂျက်အဖြစ် သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်နေရာကနေ ကွန်းကားရှင်းတစ်ယောက် ကမ္ဘာမြေဆီ နှစ် ၃၀လောက် အကြာမှ ပြန်ပေါ်လာမယ်လို့ ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် ကလေးတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့သစ်ကို လေ့ကျင့်ပေးဖို့ တာဝန်ကျလာတဲ့အခါ...အဖွဲ့ဝင်သစ်တွေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ... နောက်ဆုံး အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကားလေး တစ်ကားပဲဖြစ်ပါတယ်။ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကားတွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim ...
movie
Zoom (2006)
2006
Monster House
Monster House (2006)Monster House ဆိုတဲ့ ဇာတ်ကားလေးကို ကျွန်တော်တို့ ငယ်ငယ်က ၆ကားတွဲအခွေတွေမှာ ကြည့်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီတုန်းကတော့ စာပါတာတွေရော စာမပါတာတွေရောနဲ့ အင်္ဂလိပ်လို ကြည့်ကောင်းကြည့်ခဲ့ရမှာပါ။ အခုတစ်ခါတော့ ငယ်ငယ်ကနားမလည်ပါးမလည်ကြည့်ခဲ့ဖူးတဲ့ ဇာတ်ကားကောင်းလေးကို တစ်ခါပြန်ပြီးတော့ ကြည့်လိုက်ကြရအောင်ပါ။အမြဲမှန်ပြောင်းတစ်ခုနဲ့ အလုပ်ရှုပ်နေတတ်တဲ့ DJ တစ်ယောက်က သူ့အိမ်ရှေ့အိမ်ကိုအမြဲစူးစမ်းနေတတ်ပါတယ်။ အမြဲတိတ်ဆိတ်ပြီးတော့ ကလေးတွေကို မနှစ်သက်၊ ကလေးတွေလာရင် မောင်းထုတ်တဲ့ Mr. Nebbercracker ရဲ့ အိမ်ကြီးMr. Nebbercracker က ကလေးတွေတော်တော်မုန်းတဲ့သူဗျ ကလေးတွေကလည်းသူ့ကိုကြောက်ကြ သူ့ကိုကြည့်မရတဲ့ လူဆိုးလေးတွေကလည်း အိမ်ကိုနည်းမျိုးစုံနဲ့ နှောက်ယှက်ကြနဲ့ ကလေးတွေ အများဆုံးလမ်းပေါ်ထွက်တဲ့ Holloween ကာလဆိုတာကလည်း Mr. Nebbercracker အတွက် အမုန်းဆုံးအချိန်ဖြစ်လာတော့တာပေါ့ဒါပေမယ့် သူဘာလို့ဒီလောက်တောင် ပစ်ပစ်ခါခါဖြစ်နေရတာလဲဆိုတဲ့ နောက်ကွယ်ကအကြောင်းအရင်းလေးတွေရှိသေးတယ်ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်ဖို့ အကြောင်းဖန်လာတော့ DJ တို့ ကလေးတစ်သိုက်ကဘယ်လိုတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်လိုက်ရအောင်ဗျာFile size… Quality….WEB-DL 1080p and 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia Encoder ..... August
movie
Monster House
2006