Channel Myanmar

Ryan W. Garcia

No Time to Spy: A Loud House Movie (2024)
No Time to Spy: A Loud House Movie (2024) IMDb 6.5 / RT 85% ရထားတဲ့ ကာတွန်းကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ဒီကားလေးက စပိုင်ကာတွန်းကားလေးပါ။ လင်ကွန်းဆိုတဲ့ကောင်ကလေးက စပိုင်ကာတွန်းတွေကိုကြိုက်တဲ့သူဖြစ်ပြီး စပိုင်တစ်ယောက်ဖြစ်ချင်နေတဲ့ကောင်လေးပါ။ လင်ကွန်းရဲ့အဖိုးက စပိုင်အေးဂျင့်တစ်ဦးဖြစ်တဲ့ မာတယ်လ်ဆိုတဲ့အမျိုးသမီးကြီးနဲ့ ကျွန်းလေးတစ်ခုပေါ်မှာ မင်္ဂလာပွဲသွားလုပ်ဖို့ရှိနေပါတယ်။ ဒီလိုနဲ့ လင်ကွန်းနဲ့ အမျိုးအဆွေ ကလေးတစ်သိုက်လည်း အဖိုးအဖွားနှစ်ယောက်နဲ့အတူ မင်္ဂလာပွဲခရီးစဉ်ကိုလိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ခရီးစဉ်မှာ မထင်မှတ်ထားခဲ့တဲ့အရာတစ်ခုဖြစ်လာပါတယ်။ဒါကတော့ လင်ကွန်းရဲ့ အဖွားတော်စပ်လာတော့မယ့် မာတယ်လ်ရဲ့ ဟိုးအရင်ကရန်သူဟောင်းကြီးတစ်ယောက်ဟာ လက်စားချေဖို့ရာပြန်ရောက်လာခဲ့တာပါ။ ဒီလိုနဲ့ စပိုင်ဖြစ်ချင်တဲ့လင်ကွန်းနဲ့ အဖွားဖြစ်သူမာတယ်လ်တို့ဟာ ဗီလိန်ကြီးကို အားလုံးရဲ့အကူအညီနဲ့ အတူလက်တွဲနှိမ်နင်းဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ကာတွန်းကားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက စပိုင်ရုပ်ရှင်တွေထဲကလိုဖြစ်ပြီး စိတ်၀င်စားစရာလည်းကောင်း ရယ်စရာ‌လည်းကောင်းတာကြောင့် ကာတွန်းကားကြည့်ပြီးအပန်းဖြေချင်နေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။ File size…(1.5 GB)/(846 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Animation, Adventure, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie

No Time to Spy: A Loud House Movie (2024)

M.F.A.(2017) 5.9
M.F.A.(2017)  M.F.Aဆိုတာက "Master of Fine Arts"၊ အနုပညာဘွဲ့ရဲ့ အတိုကောက်ဖြစ်ပြီးဇာတ်လမ်းလေးကလည်း လူမှားပြီးချစ်မိတဲ့ အနုပညာကျောင်းသူလေးအကြောင်းရိုက်ကူးထားတာပါ....။နိုအယ်လ်ဟာ ပန်းချီပညာကိုဝါသနာပါသူလေးဖြစ်ပြီး ခပ်အေးအေးနေတတ်ကာအပေါင်းအသင်းလည်းသိပ်များသူမဟုတ်ပါဘူး....။တစ်နေ့ကျတော့ အတန်းထဲမှာ ပန်းချီဆွဲရင်းပဲ ကောင်လေးတစ်ယောက်သဘောကျမိသွားတယ်ပေါ့....။ဒါကို ကောင်လေးဖြစ်သူက သတိထားမိသွားတော့ နိုအယ်လ်ကိုပါတီပွဲလာခဲ့ဖို့ဖိတ်ပါလေရော....။ကိုယ်ကြည်တဲ့ အဆင်လေးက ကိုယ့်ကိုပါတီပွဲဖိတ်တယ်ဆိုတော့ နိုအယ်လ်ကလည်းမျှော်လင့်ချက်အပြည့်နဲ့ စိတ်ကူးလေးတွေယဥ်ပြီး သွားခဲ့တာပေါ့....။ဒါပေမဲ့ နိုအယ်လ်လေးခဗျာ အဲ့ဒီပါတီပွဲညမှာ သူကြည်တဲ့အဆင်လေးကသူ့ကို rapeလုပ်တဲ့အတွက် ကံခေသူ အချစ်ကျောင်းသူလေးဖြစ်ခဲ့ရပါတယ်....။တရားမျှတမှုကို လိုလားတဲ့ နိုအယ်လ်ဟာ ဒီအကြောင်းကို ကျောင်းအုပ်ကိုတိုင်တော့လည်းအကူအညီမရတဲ့အတွက် သူကိုယ်တိုင်ပဲ လက်စားချေဖို့ဆုံးဖြတ်လိုက်တဲ့အခါ.....နိုအယ်လ်နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးFrancesca Eastwoodရဲ့လူငယ်ဆန်ဆန် ဆွဲဆောင်မှုအပြည့်နဲ့အလှအပကိုခံစားရင်း Horror Thriller ဇာတ်အိမ်လေးကိုစီးမျှောကြည့်ရှုလို့ရပါပြီ....။   File size…1.56GB / 644MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

M.F.A.(2017)

Nope (2022) 7.3
Nope (2022) Nope (2022)စိတ်ကူးတွေ ဟာသဉာဏ်တွေ အမြဲဆန်းသစ်တဲ့ ကီးနဲ့ပီလီဆိုတဲ့ ဟာသသရုပ်ဆောင်အတွဲကို အတော်များများကြည့်ဖူးကြမှာပါ။ ပီလီက သာမန် ဟာသတိုလေးတွေတင်ရိုက်တာမဟုတ်ပါဘူး။ Get Out လို ထူးဆန်းတဲ့ရုပ်ရှင်ကောင်းမျိုးကိုလည်း ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့သူပါ။ အခုတော့ သူကိုယ်တိုင်ဇာတ်ညွှန်းထပ်ရေးပြီး ရိုက်ကူးထားတဲ့ သိပ္ပံဟော်ရာ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ မင်းသားကတော့ Get Out ဇာတ်ကားကတည်းက သူနဲ့အတွဲညီခဲ့တဲ့ မင်းသားပါပဲ။ဒီဇာတ်လမ်းအကျဉ်းမှာတော့ ရုပ်ရှင်ရိုက်ဖို့မြင်းတွေကို လေ့ကျင့်ပေးတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ တိုလီမုတ်စပစ္စည်းတွေထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့သား အိုဂျေက အဲဒီမြင်းခြံကို မပြုတ်အောင် မနည်းကျားကန်ပြီးဆက်ရုန်းကန်နေရတာပါပဲ။ သူ့ရဲ့ညီမကတော့ ဒါရိုက်တာ သရုပ်ဆောင် အဆိုတော်ရူးလေးဖြစ်ပြီး မြင်းခြံကိုစိတ်မဝင်စားလှပါဘူး။ တစ်နေ့မှာတော့ အိုဂျေ ဟာ သူတို့ခြံဘက်ကနေ ပန်းကန်ပြားပျံလိုအရာကြီးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပါတယ်။ ဒီတော့ သူတို့မောင်နှမနှစ်ယောက်က အဲဒီပန်းကန်ပြားပျံကို သက်သေရိုက်ကူးပြီးသူဌေးဖြစ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒါပေမဲ့ သူတို့ထင်တာထက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ကိစ္စတွေဖြစ်လာတဲ့အခါ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Sci-fi Quality…. 1080p | 720p ...
movie

Nope (2022)

2022
Fireheart (2022) 6.3
Fireheart (2022) Fireheart (2022)ဇာတ်လမ်းအညွှန်းIMDb 6.6/10 *********************************"မိန်းက​လေးဆိုတာ မီးသတ်သမားလုပ်လို့ မရဘူး​လေ" "အဲ့ဒါက စည်းမျဥ်းနဲ့ မညီဘူး"အဲ့စကား​လေး​တွေက အ​ဖေတစ်​ယောက်က မီးသတ်သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ​ပြောလိုက်တဲ့ စကားပါ။ ​ဘယ်လိုပဲ ကျားမတန်းတူအခွင့်အ​ရေးလို့ ​ပြော​နေကြပါ​စေ လူ​တွေရဲ့ စိတ်ထဲမှာ အမျိုးသမီး​တွေဆိုရင် အားနည်းတယ်လို့ ​မြင်​နေကြသလို အလုပ်ခွင်မှာလည်း တန်းတူအခွင့်အ​ရေး ရတာနည်းပါတယ်။ဒီ ကာတွန်းကား​လေးက​တော့ မိန်းက​လေး​တွေလည်း မီးသတ်သမားလို သက်စွန့်စံဖျား အလုပ်​တွေမှာ ရဲဝံ့စွာ လုပ်နိုင်​ကြောင်း မီး​မောင်းထိုး ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းအကျဥ်း​လေးက​တော့ ဖခင်ဖြစ်သူ မီးသတ်သမား​ဟောင်းကို အားကျတဲ့ သမီး​လေးက ငယ်ငယ်ကတည်းက ဖခင်လို မီးသတ်သမားကြီးလုပ်ပြီး လူ​တွေရဲ့ အသက်ကို ကယ်တင်ချင်သူပါ။ ဒါ​ပေမယ့် မိန်းက​လေးဖြစ်​နေခဲ့​တော့ သူ့အိပ်မက်​တွေကို ​ဘေးချိတ်ထားခဲ့ရပါတယ်။ ဒါ​ပေမယ့် တစ်ရက်မှာ​တော့ မြို့​တော်မှာ ထူးဆန်းတဲ့ မီး​လောင်မှု​တွေ​ ဆက်တိုက်ဖြစ်လာပြီး မီးသတ်သမား​​တွေ တစ်​ယောက်ပြီးတစ်​ယောက် ​​​ပျောက်ခြင်းမလှ ပျောက်ဆုံးကုန်တဲ့အခါ......မင်းသမီးနဲ့ သူ့အ​ဖေတို့ ဘာ​တွေဆက်ဖြစ်ကြမလဲ.....အိပ်မက်​တွေက တကယ်ပဲခက်ခဲသလား.... အိပ်မက်​တွေ အ​ကောင်အထည်​​ပေါ်လာနိုင်မလား.....ဆိုတာ ဇာတ်ကား​လေးမှာပဲ ဆက်လက် ကြည့်ရှုအား​ပေးလိုက်ရ​အောင်.......။၁၉၈၂ ခုနှစ်မှာမှ နယူးယောက်မြို့ရဲ့ ပထမဆုံးအမျိုးသမီး မီးသတ်သမားရှိလာတဲ့ အကြောင်းကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဆိုလည်း မမှားပါဘူး။က​လေး​တွေပဲဖြစ်ဖြစ် ...
movie

Fireheart (2022)

2022