Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ryan Francis
Ghostbusters II (1989)
1984 မှာထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ အဆက်ဖြစ်တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်မှာတော့ နယူးယော့မြို့တော်ကြီးကို မာ့ရှ်မယ်လို လူသားကြီးရဲ့ ရန်ကနေ ကာကွယ်ပေးခဲ့ပေမဲ့ အဆောက်အဦးပျက်စီးမှုတွေအတွက် သရဲဖမ်းသမားအဖွဲ့ကိုဖျက်သိမ်းပြီး သရဲဖမ်းတဲ့အလုပ်တွေလုပ်ခွင့်ရပ်ဆိုင်းထားပါတယ်။ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်အကြာမှာ မိတ်ဆွေဟောင်းတစ်ယောက်ရဲ့ အကူအညီတောင်းမှုကြောင့် သရဲဖမ်းသမားဟောင်းတွေ သဘာဝလွန်ဖြစ်ရပ်တစ်ခုကိုစုံစမ်းကြရင်း နယူးယော့ခ်မြို့အောက်မှု စီးဆင်းနေတဲ့ အကျိအချွဲမြစ်ကြီးကို တွေ့ခဲ့ကြပါတယ်။ ဒီအကျိအချွဲတွေက လူတွေရဲ့ မကောင်းတဲ့စိတ်ကိုတုံ့ပြန်နိုင်ပြီး လူမျိုးစုံရှိနေတဲ့ နယူးယော့ခ်မြို့လည်မှာစီးဆင်းနေတာပါ။ဒီအကျိအချွဲတွေစီးဆင်းနေကြတာကလည်း မန်ဟက်တန် အနုပညာပြတိုက်မှာရှိနေတဲ့ 17 ရာစုနှစ်က မင်းဆိုးတစ်ပါးဖြစ်တဲ့ ဗီဂိုရဲ့ပုံတူပန်းချီကားဆီဖြစ်ပြီး မြို့ထဲမှာလည်း သဘာဝလွန်ဖြစ်ရပ်ဆန်းတွေမျိုးစုံ ကမောက်ကမဖြစ်လာတာကို သရဲဖမ်းသမားတွေ ဘယ်လိုတားဆီးကြမလဲ၊ ဗီဂိုပုံတူပန်းချီကားမှာရော ဘယ်လိုသဘာဝလွန်အစွမ်းတွေရှိနေမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။File size…(1.8 GB)/(994 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre... Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
Ghostbusters II (1989)
Bodyguard Seduction (2022)
ချာလီဆိုတဲ့ အမျိုးသမီးဟာ တစ်နှစ်တာ အကောင်းဆုံးမော်ဒယ်ဆုကို သုံးကြိမ်ရရှိထားသူဖြစ်ပြီး အောင်မြင်တဲ့ ကုမ္ပဏီပိုင်ရှင် စီးပွားရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ အမြဲအထက်စီးဆန်လေ့ရှိပြီး လုပ်ချင်တာကိုပဲတဇွတ်ထိုးလုပ်တတ်သူတစ်ဦးပါ။ ချာလီတစ်ယောက် နေရင်းထိုင်ရင်းကနေ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ဆိုးရွားလာခဲ့ပြီး ကုမ္ပဏီဘုတ်အဖွဲ့က ဘယ်သူနဲ့မှ အလုပ်တွဲမလုပ်ချင်တဲ့သူ့ကို သက်တော်စောင့်တစ်ယောက် ငှားပေးခဲ့ပါတယ်။တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ချာလီဟာ သူရဲ့ သက်တော်စောင့်နဲ့အတူ ဘယ်လိုဖြေရှင်းကြမှာလဲ ရုတ်တရက် အလုပ်အတူတူတွဲလုပ်ဖို့ဖြစ်လာတဲ့ သူ့ရဲ့ သက်တော်စောင့်ကလည်း ယုံကြည်လို့ရနိုင်ရဲ့လားဆိုတာကို ကြည့်ရှုရမယ့် Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.4 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Bodyguard Seduction (2022)
3 Days in Malay (2023)
Action မင်းသား Louis Mandylor သရုပ်ဆောင်ထားတဲ့ စစ်ကားတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပါတယ်ဒုတိယကမ္ဘာစစ်တုန်းက မလေးရှားနိုင်ငံမှာ ရှိတဲ့ လေယာဉ်ကွင်းမှာ စခန်းချထားတဲ့ မရိန်းတပ်တွေကို ဂျပန်တွေကဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်မှာ စစ်ကူတွေလည်းခေါ်မရတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲ ၃ ရက်ဆက်တိုက် ဘယ်လိုတွေဖြစ်လဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်............ File size…(1.6 GB)/(947 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie
3 Days in Malay (2023)
4.5
Deltopia (2023)
Deltopia (2023) ============အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက အိုင်လာဗီစတာဆိုတဲ့နေရာမှာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေ နှစ်တိုင်း လုပ်ကြတဲ့ Deltopia ဆိုတဲ့ အကြီးဆုံးပါတီကြီးအကြောင်းဖြစ်ပါတယ်။ Alcohol, Drugs သုံးစွဲမှုတွေ ကြမ်းတမ်းတဲ့စကားတွေပါတာမို့ မိသား စုနဲ့ ကြည့်ဖို့တော့မသင့်တော်ပါဘူး။ပါတီမှာသောင်းကျန်းကြပြီး အလွဲတွေဖြစ်ကုန်တဲ့ဇာတ်လမ်းမျိုးသဘော ကျရင် ကြည့်ကြည့်သင့်တယ်လို့ပြောချင်ပါတယ်။ အထက်တန်းကျောင်း သားဂျက်ခ်ဟာ ငယ်ငယ်ကတည်းကသဘောကျခဲ့တဲ့ ကျောင်းနေဖက် ကောင်မလေးဟန်နာကို ဖွင့်မပြောပဲမျိုသိပ်ထားခဲ့ရာမှာ အထက်တန်း ကျောင်းနောက်ဆုံးနေ့ကိုရောက်ခဲ့ပြီဖြစ်ပါတယ်။ ဟန်နာက ကျောင်းပြီး ရင် နယူးယောက်မြို့ကိုပြောင်းတော့မယ်ဆိုတာကို သိရတဲ့အခါ ဟန်နာ တို့သွားမယ့် Deltopia ပါတီကို အမီလိုက်ပြီး ဖွင့်ပြောဖို့ကြိုးစားရာမှာ အမေရိကန်နိုင်ငံရဲအကြီးဆုံးပါတီမှာဘာတွေကြုံရမလဲကြည့်ရမှာဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်)File Size..........(2.27 GB) / (789 MB) Quality...........WEB-DL 1080p / 720p Duration........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Pyi T. Nyein Encoder..........Zin Phyo Aung
movie
Deltopia (2023)
2023
6.1
The Adventures of Jurassic Pet 2: The Lost Secret (2023)
IMDB 6.1/10 ရရှိထားတဲ့ ဒီ Adventure/Family အမျိုးအစား ဇာတ်ကားလေးကိုတော့ လူသားကမ္ဘာနဲ့ ဒိုင်နိုဆောတို့ရဲ့ကမ္ဘာကို ခြားထားတဲ့ ဆန်းကြယ်တဲ့ တံခါးတစ်ချပ်ကနေ အစပြုထားပါတယ်။လပြည့်နေ့ပြီး နောက်တစ်ရက်ရောက်တိုင်းမှာ ဟိုဘက် ဒီဘက် ကမ္ဘာနှစ်ခုကိုဆက်ထားတဲ့ တံခါးတစ်ချပ်က တစ်ရက်တာပွင့်လာတတ်ပြီး အဲဒီတံခါးကိုစောင့်ကြပ်ရသူကတော့ ဝင်ဒီရဲ့အဘွား တက်ဒရီနာပဲဖြစ်ပါတယ်။ ဒိုင်နိုဆောတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ တစ်လတစ်ခါ သွားသွားတွေ့လေ့ရှိတဲ့ ဝင်ဒီတို့နှစ်ယောက်ရဲ့ ဘဝလေးထဲကို ကာတစ်ဆိုတဲ့ မိဘမဲ့ဂေဟာက ကောင်လေးက ခရစ်စမတ်စ်ပိတ်ရက်အချိန်မှာ အလည်ရောက်လာခဲ့ချိန်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ကမ္ဘာလေးက အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတော့တယ်။ကာတစ်သိသွားတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ ဒိုင်နိုဆောပေါက်လေး ဂျူနီယာကလည်း ဒိုင်နိုဆောကမ္ဘာဆီမပြန်ဘဲ သူတို့နောက်လိုက်လာရင်း ဒီဘက်လူသားကမ္ဘာမှာ သောင်တင်နေခဲ့ရာမှာတော့ တစ်လတာ တံခါးပြန်ပွင့်ဖို့စောင့်ရင်း ဒိုင်နိုဆောငယ်လေးအကြောင်းကို ဘယ်သူမှသိမသွားအောင် ဖုံးကွယ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်..ချစ်ဖို့ကောင်းပြီး စကားပါ ပြောတတ်တဲ့ ဒီဒိုင်နိုဆောပေါက်လေးအကြောင်း ဘယ်သူမှမသိအောင် ကာတစ်နဲ့ ဝင်ဒီတို့နှစ်ယောက် ပိပိရိရိ ဖုံးကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 Mb) Quality….Webrip ...
movie
The Adventures of Jurassic Pet 2: The Lost Secret (2023)
5.5
Her Affair to Die For (2023)
ဒီလောကထဲမှာ ယောက်ျားတွေအများကြီးရှိနေတာတောင်သူများယောက်ျား သူများရည်းစားကိုမှလိုချင်နေတဲ့ မိန်းကလေးတွေအများကြီးရှိပါတယ်။အဲ့ဒီလိုနဲ့ ပျက်စီးသွားခဲ့ရတဲ့အိမ်ထောင်ရေးတွေသမီးရည်းစားဆက်ဆံရေးတွေမှမနည်းပါဘူး။ဒီကားမှာလဲအဲ့လိုအဖြစ်အပျက်တွေကိုပေါ်လွင်အောင်ရိုက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ခရစ္စတီးနားဆိုတဲ့ကောလိပ်ကျောင်းသူလေးကလစ်ဇ်နဲ့ နိုအာတို့ရဲ့ သမီးဖြစ်သူဖြစ်ပြီးတော့ အခုအချိန်မှာ ကောလိပ်တက်ဖို့တိုက်ခန်းအတူငှားဖို့အတွက်အခန်းဖော်လိုက်ရှာနေတာဖြစ်ပါတယ်။အဖေဖြစ်သူနဲ့အမေဖြစ်သူကလဲသူ့အလုပ်နဲ့သူများနေကြတဲ့ လူတွေဖြစ်ပြီးသိပ်နွေးနွေးထွေးထွေးမရှိလှပေမဲ့ မိသားစုလေးကပျော်စရာတော့ကောင်းပါတယ်။ဒီလိုနဲ့ခရစ္စတီးနား တစ်ယောက်အခန်းဖော်လိုက်ရှာရင်းနဲ့ အလစ်ဆာဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့အဆင်ပြေသွားပြီး တိုက်ခန်းအတူတူငှားနေဖြစ်ခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒီအလစ်ဆာက သူတို့မိသားစုကိုဖြိုခွဲမဲ့ သူတစ်ယောက်ဖြစ်နေတာကိုခရစ္စတီးနားမသိလိုက်ပါဘူး။ဒီလိုနဲ့ အလစ်ဆာကသူ့အဖေဖြစ်သူနိုအာကို တဖြည်းဖြည်းနဲ့ပစ်မှတ်ထားပြီးသူနဲ့ အတူတူအိပ်အောင်ဆွဲဆောင်ပြီးသွားတဲ့နောက်မှာ သူတို့မိသားစုမှာဘယ်လိုပြဿနာတွေဖြစ်လာမလဲဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 589MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Her Affair to Die For (2023)
4.2
The Flood (2023)
The Flood (2023) ================ဒီဇာတ်ကားလေးကတော့ အမေရိကန်နိုင်ငံ လူ၀စ်စီအာနားပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်းတိုက်နေတုန်း ထောင်ဖောက်ဖို့ကြိုးစားတဲ့ဇာတ်ကား လေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးအစမှာတော့ လူနှစ်ယောက်စကားပြော နေရင်း တစ်ယောက်က မုန်တိုင်းကြောင့်ရောက်လာတဲ့ မိကျောင်း(Alligator) စားတာခံလိုက်ရပါတယ်။ တစ်မြို့လုံးက ဟာရီကိန်းမုန်တိုင်းကြောင့် ရေ တွေကြီးပြီး မိကျောင်းတွေလည်းသောင်းကျန်းနေပြီပဲဖြစ်ပါတယ်။ရှဲရစ် ဟာအမျိုးသမီးအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ရဲစခန်းဟာ လည်း ရေကြီးတဲ့ဒဏ်ကို အလူးအလဲခံစားနေရပြီး မိကျောင်းတွေရောက် ရှိလာပါတယ်။ တစ်နေ့တော့ ဟာရီကိန်းမုန်တိုင်းတိုက်နေတဲ့ကြားကနေ ထောင်သားတွေကိုရွှေ့ပြောင်းလာတဲ့အဖွဲ့တစ်ဖွဲ့က သူ့ရဲ့ရဲစခန်းကို ခိုလှုံဖို့ ရောက်လာပါတော့တယ်။ ရှဲရစ် ကတော့သူတို့ကို လက်မခံချင်ပေမယ့် မတတ်နိုင်ခဲ့ဘဲ လက်ခံလိုက်ရပါတယ်။ လာရောက်ခိုလှုံတဲ့ထောင်သား တွေကလည်း အမျိုးမျိုးဆိုးသွမ်းကြတဲ့သူတွေဖြစ်ကြောင်းကို သိလိုက် ရပါတယ်။ အဲဒီထဲကမှ ကိုဒီရက်ဆယ် ဆိုတဲ့သူကတော့ တည်ငြိမ်ပြီး တခြားသူတွေနဲ့ကွဲပြားနေပါတယ်။တစ်ဖက်မှာလည်း ကိုဒီ ကိုကယ်ချင်နေတဲ့အဖွဲ့ကရှိနေပါတယ်။ မုန်တိုင်း သဲနေတဲ့အချိန်၊ မိကျောင်းတွေအပြည့်နဲ့ ရဲစခန်းထဲမှာ အဲဒီအဖွဲ့က အထဲ ကိုဖောက်၀င်ပြီး ကိုဒီ ကိုလာရောက်ကယ်ဆယ်တဲ့အခါမှာတော့ ဘယ်လို ကြောက်လန့်ဖွယ်ရာတွေဖြစ်မှာလဲ၊ ဒီအခြေအနေကိုဘယ်လိုကျော်ဖြတ် သွားမလဲ၊ ကိုဒီ ကရောဘယ်လိုလူလဲဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.48 GB) / (565 MB) Quality............WEB-DL 1080p / ...
movie
The Flood (2023)
2023
6.8
Hook (1991)
90 ခုနှစ်အလွမ်းပြေ မင်းသားကြီး Robin Williams ရဲ့ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်.ငယ်ဘဝရဲ့ နတ်သမီးပုံပြင်များထဲက တစ်ခုဖြစ်တဲ့ ပီတာပန် နဲ့ နတ်သမီးလေး တင်ကာဘဲလ် တို့ဇာတ်လမ်းလေးကို အားလုံးသိကြမှာပါ.ဒီဇာတ်ကားဟာလည်း ပီတာပန် ပုံပြင်ရဲ့ ဗီလိန်Captain Hook ကို အမှတ်သညာပြုပြီးအမည်ပေးထားတာ ဖြစ်ပါတယ်.ဒီဇာတ်လမ်းမှာတော့ ပီတာပန်ဟာ ကြီးပြင်းလာခဲ့ပြီးပီတာဘန်းနင်း အဖြစ်နဲ့ အိမ်ထောင်ကျ၊သားသမီးတွေ ရလာခဲ့တဲ့ နေရာကနေ အစပြုခဲ့ပါတယ်.သူ့ရဲ့ပီတာပန်ဘဝဟောင်း နဲ့ နဲဗားလန်းကိုမေ့လျော့နေခဲ့ပေမယ့် အတိတ်ကတော့ သူ့ကို သတိရဖို့မပျက်ကွက်ခဲ့ပါဘူး.အလုပ်ကိုဦးစားပေးလွန်းသူ ဖခင်တစ်ယောက်အနေနဲ့သားသမီးနဲ့ဇနီးမယားအပေါ် ပျက်ကွက်မှုတွေရှိလာခဲ့ချိန်မှာ တစ်ဖက်ကလည်း ကိုယ်တိုင်မေ့လျော့နေခဲ့တဲ့အတိတ်ဘဝကို မမျှော်လင့်ဘဲပြန်လည်ရင်ဆိုင်ရချိန်မှာတော့ပျောက်ဆုံးနေတဲ့ ဘဝဟောင်းကို ပြန်ရှာတွေ့နိုင်မလား သားသမီးအတွက်ဆို ရေမြေဆုံးထိ လိုက်မယ့်မိဘမေတ္တာကို ဘယ်လို သက်သေပြနိုင်မလဲစိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေကြား.မိသားစု နဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးဖြစ်လို့ CM ကနေပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်. File size… 3 GB / 1.5 GB Quality… Blu-Ray 1080p / ...
movie
Hook (1991)
1991
Prisoner of Love (2022)
Prisoner of Love (2022)မကြာသေးခင်ကမှ ၁၈ နှစ်ပြည့်သွားတဲ့ မေမေ့သမီးလေးတစ်ယောက် အမေကို ပုန်ကန်ချင်စိတ်နဲ့ ကလန်ကဆန်လုပ်နေတုန်း အိမ်နားကို ပြောင်းလာတဲ့ အသက် ၅၀ ကျော် ဥစ္စာပေါရုပ်ချော ဘိုးတော်ရဲ့ တော်ကီတွေအောက်မှာ မျှောပြီး သူငယ်ချင်းတွေ မိသားစုတွေကိုတောင် မမြင်တော့ပဲ လင်ထိပ်ထားစံ ဖြစ်သွားတဲ့ ကယ်လီရဲ့ ရှေ့လျောက်ကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကို ရိုက်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကယ်လီ မိဘကို ပုန်ကန်ပြီး လင်ထိပ်ထားစံမိတာကောင်းလား မကောင်းလားဆိုတာ တစ်ခေါက်လောက်ကြည့်ပြီး သင်ခန်းစာယူသင့်တဲ့ကားလေးလည်းဖြစ်တဲ့အပြင် ဘဲ ၁ ဘော် ၂ တွေလည်း ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.6GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 29Min Genre - Thriller Subtitle ...
movie
Prisoner of Love (2022)
2022
5.6
A Baby at Any Cost (2022)
A Baby at Any Cost (2022) ====================ငယ်ငယ်က မတော်တဆမှုတစ်ခုကြောင့် ကလေးမရနိုင်တော့တဲ့ မော်နီကာဆိုတဲ့ ရှေ့နေ့အမျိုးသမီးနဲ့ သူ့ခင်ပွန်းဘရက်တို့ဟာ လီလီ ဆိုတဲ့ အငှားကိုယ်ဝန်ဆောင်မိန်းကလေးကျေးဇူးနဲ့ အိုလစ်ဗီယာဆိုတဲ့ သမီးလေးတစ်ယောက်ရလာခဲ့ပြီး မိသားစုဘဝမှာ အရာအားလုံး ပြီးပြည့်စုံနေခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ သူ့ရဲ့ညီမဖြစ်သူ ဂျန် နဲ့သူ့ခင်ပွန်းတို့ ကွာရှင်းဖို့လုပ် နေပြီး ကလေးအုပ်ထိန်းခွင့်အတွက် ရှေ့နေ့လိုက်ပေးပြီး တရားရင်ဆိုင် နေရတာပေါ့။မော်နီကာက တည်ငြိမ်ပြီး ထက်မြက်သလောက် ညီမဖြစ်သူ ဂျန် ကတော့ အမြဲလိုလို ဒေါသကြီးပြီး သူ့စိတ်သူမထိန်းနိုင်တဲ့ ဆန့်ကျင်ဘက်ညီအစ်မ နှစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ညီမရဲ့အပြုအမူတွေကို သဘော မကျတဲ့ မော်နီကာဟာ သူတို့အတွက် ကလေးထိန်းလုပ်ပေးဖို့ကို ဂျန် ကို မခေါ်တော့ဘဲ အငှားကိုယ်ဝန်ဆောင်မိန်းကလေး လီလီ့ကို ခန့်လိုက်ပါ တော့တယ်။သူ့အစ်မမိသားစုနဲ့ လီလီနဲ့ အဆင်ပြေနေတာကို မြင်ရတဲ့အခါမှာတော့ သမီးဖြစ်သူနဲ့ ခွဲနေရပြီး အိမ်ထောင်ရေးဘဝ မသာယာခဲ့တဲ့ ဂျန် တစ်ယောက် မနာလိုစိတ်နဲ့အတူ ပူလောင်နေတော့တာပေါ့။ဒီလိုနဲ့ပဲ ကလေးနဲ့မိသားစုဘဝကို လိုချင်တဲ့ ဒီမိခင်သုံးယောက်ကြားက လျှို့ဝှက်ချက်တွေနဲ့အတူ ကလေးကိုရဖို့ တစ်ယောက်က စည်းကျော်မိသွားတဲ့အခါတော့ .....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Robin ဖြစ်ပါတယ်)File Size..........(1.74 ...
movie
A Baby at Any Cost (2022)
2022
5.0
The Inhabitant (2022)
Tara ဟာအားကစားထူးချွန်ပြီး အ၀တ်အထည်ချုပ်ရာမှာပါရမီပါတဲ့ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးပါ။ဆယ်ကျော်သက်မိန်းကလေးထုံးစံအတိုင်း မိသားစုနဲ့ကတောက်ကစဖြစ်တတ်သလို ရည်းစားဖြစ်သူကလည်းအဝေးမှာကျောင်းသွားတက်တော့မှာဖြစ်လို့ အဆင်မပြေဖြစ်နေရလို့ ရင်ဖွင့်စရာသူငယ်ချင်းတစ်ယောက်ပဲရှိပါတယ်။အဲဒီအချိန်မှာ Tara ရဲ့ပတ်၀န်းကျင်ကလူတစ်ယောက်ပြီးတစ်ယောက်ပျောက်ခြင်းမလှ ပျောက်သွားကြပြီး Tara ရဲ့ခေါင်းထဲမှာလည်းထိတ်လန့်စရာအတွေးတွေပေါ်ပေါ်လာပါတယ်။ Tara လည်း သူ့ဘ၀ထဲကျရောက်လာတဲ့ဒုက္ခ တွေကိုရင်ဆိုင်ရင်း သူအရင်ကမသိခဲ့တဲ့မိသားစုကျိန်စာက သူ့အနောက်ကနေအရိပ်လိုလိုက်လာပါတော့တယ်။Jump scare သိပ်မရှိဘဲ Tempo တဖြည်းဖြည်းတက်လာမယ့် Horror ကားလေးပါ။File size…1.14GB/ 635MB/ 428MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:37:00 Genre...Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Inhabitant (2022)