Channel Myanmar

Ruth Sheen

Touch (2024) 7.5
Touch (2024)  အချစ်ဆိုတာ ပျောက်ကွယ်သွားပေမယ့် ကိုယ့်ဖက်က ကြိုးစားမယ်ဆိုရင် တစ်နေ့မှာတော့ ပြန်လည်ဆုံတွေ့ခွင့်ရမှာပါ။ ရေစက်ပါလာရင် တွေ့ဆုံနိုင်ကြောင်းကို အိုက်စလန်က ကောင်လေးနဲ့ ဂျပန်က ကောင်မလေး အင်္ဂလန်မှာ ဆုံတွေ့ပြီး ဇာတ်အိမ်တည်ထားပါတယ်။မမျှော်လင့်ထားတဲ့ အရာတွေကြောင့် သူတို့နှစ်ယောက် ကွဲသွားကြပါတယ်။ ခရစ္စတိုဖာက အိမ်ထောင်ကျခဲ့ပြီး အိမ်သူကွယ်လွန်သွားတဲ့နောက် သူ့မှတ်ဥာဏ်တွေ မပျောက်ကွယ်သွားခင် လွန်ခဲ့တဲ့ နှစ် ၅၀ကျော်က ကွဲကွာသွားရတယ့် ချစ်သူကို လိုက်ရှာပါတော့တယ်။ နိုင်ငံတွေ တစ်နိုင်ငံပြီး တစ်နိုင်ငံကို ကိုဗစ်ကာလမှာ ခက်ခက်ခဲခဲလိုက်ရှာတယ့် ခရစ္စတိုဖာ သူ့ အချစ်ဟောင်းကို ပြန်ရှာတွေ့မှာလား။ တခြားရော ဘာတွေတွေ့ကြုံရမှာလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။ ဒီကားထဲက ခရစ္စတိုဖာရဲ့ ဇွဲကိုတော့ ချီးကျူးမိပါတယ် File size…(1.9 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre... Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer
movie

Touch (2024)

Imagine Me & You (2005) 6.7
Imagine Me & You (2005) Imagine Me & You (2005)IMDb – 6.7/10 Genre - Comdey, Drama, RomanceGOT စီးရီးမှာ ဆာဆီ လန်နစ္စတာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey၊ Watchmen နဲ့ The Imitation Game မင်းသား Matthew Goode နဲ့ မင်းသမီး Piper Perabo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီးချစ်မိသွားခဲ့ပါတယ်။လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင် ၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို ...
movie

Imagine Me & You (2005)

Vera Drake (2004)
Vera Drake (2004) ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Vera Drake (2004)

Mr. Turner (2014) 6.8
Mr. Turner (2014) အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie

Mr. Turner (2014)

2014
Cyrano (2022) 6
Cyrano (2022) Musical romance ကား နှစ်ခြိုက်သူတွေအတွက် ၁၇ရာစုကာလမှာ ဇာတ်အိမ်တည်ထားတဲ့ Cyrano ဆိုတဲ့ ပြင်သစ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေတစ်ခါက ပြင်သစ်ပြည်မှာ ရော့ဆန်ဆိုတဲ့ သိပ်ကိုလှပတဲ့ အမျိုးသမီးလေးတစ်ဦး ရှိခဲ့ပါတယ်။ သို့ပေမဲ့ ဒီအမျိုးသမီးလေးဟာ သနားစရာတစ်ကောင်ကြွက်လေးပါ။ သူ့ရဲ့အလှကြောင့် နယ်စားမင်းကတောင် လက်ထပ်ခွင့်တောင်းနေပေမဲ့ အချစ်ကိုပဲယုံကြည်သူ ရော့ဆန်ကတော့ အချစ်စစ်ကိုတွေ့ရှိမယ့် တစ်နေ့ကိုပဲ စောင့်နေခဲ့ပါတယ်။ဒီလိုနဲ့ ပြဇာတ်သွားကြည့်တဲ့တစ်နေ့မှာ ခရစ်ရှန်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို သူ မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ခရစ်ရှန်က တော်ဝင်အစောင့်တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လေတော့ ရော့ဆန်ဟာ သူ့ငယ်ပေါင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ အစောင့်တပ်ဖွဲ့ဝင် ဆီရန်နိုကတစ်ဆင့် ခရစ်ရှန့်ကို သူ့ဆီစာရေးဖို့ စကားပါးခိုင်းခဲ့ပါတယ်။ဆီရန်နိုဟာလည်း ရော့ဆန်ကို ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့ရသူပါ။ ရော့ဆန်ဘက်က သူ့ကို မြှားနတ်မောင်လုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့ သူ ရင်နာနာနဲ့ပဲ ချစ်သူအတွက် ကူညီပေးခဲ့ရပါတော့တယ်။ဖြစ်ချင်တော့ ခရစ်ရှန်က စစ်တိုက်ဖို့ဆိုအသင့် ဒါပေမဲ့ စာပေနဲ့တော့ ကင်းကွာနေတဲ့လူတစ်ယောက်၊ တစ်ဖက်က ရော့ဆန်ကတော့ ...
movie

Cyrano (2022)

VS. (2018) 5.5
VS. (2018) Vs (2019) ဒီဇာတ်ကားလေးက Battle တွေကို သဘောကျတဲ့ Rap ကိုချစ်ကြတဲ့ လူငယ်တွေအတွက်ပါ။ကျွန်တော် အရင်က Battle ဆိုတာ အရင်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တလှည့်စီဆဲကြတာလို့ထင်ခဲ့တာပါ။ဒီဇာတ်ကားကြည့်ပြီးတော့မှ Battle Rap ဆိုတာ လူငယ်တွေ ဘောင်တွေစည်းတွေမထားဘဲ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ရင်းဖျော်ဖြေရတဲ့ လူငယ်ယဉ်ကျေးမှု အနုပညာတစ်ရပ်လို့ နားလည်လာပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေက လူမှုကူညီရေးအသင်းမှာ စွန့်ပစ်ခံသွားရတဲ့ကောင်လေး Adam တစ်ယောက် ပြဿနာ အမျိုးမျိုးတက်ပြီး နေရာအမျိုးမျိုးပြောင်းနေရပါတယ်။ဇာတိမြို့ကိုပြန်ရောက်လာပြီး မမျှော်လင့်တဲ့ ပုံစံနဲ့ Makayla ဆိုတဲ့သူငယ်ချင်း အသစ်တစ်ယောက်ရလာပြီး Battle တွေ စပြီးတွေ့ခဲ့ရပါတယ်။မျှော်လင့်မထားတဲ့ Battle တစ်ခုကို ရင်ဆိုင်ခဲ့ရပြီးနောက်မှာ နာမည်ကြီးလာတဲ့ Adam တစ်ယောက်တကယ့် Battle တွေမှာ ရင်ဆိုင်တိုက်ခိုက်ရင်း ...
movie

VS. (2018)

2018