Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ruth McCabe
Inside I’m Dancing / Rory Oshea Was Here (2004)
မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာ "Rory O'Shea Was Here" ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ လူ့ဘဝရဲ့ အားမာန်နဲ့ ပြည့်စုံမှုကို ရင်ထိုးရင်နာဖြစ်စေမယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Michael (Steven Robertson) ဟာမွေးစဥ်ကတည်းကမသန်စွမ်းသူ ဖြစ်ပြီး အပြင်းအထန်ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဘဝကို ကြုံကြုံဆန်ဆန် ရင်ဆိုင်နေသူတစ်ဦးပါ။ သူဟာ တစ်ချိန်မှာ Rory O'Shea (James McAvoy) နဲ့ တွေ့ဆုံခဲ့ပြီး အကျွမ်းတဝင်ဖြစ်လာပါတော့တယ်။Rory ကသွားလာရခတ်တဲ့ဒုက္ခတတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ စိတ်အားမာန်နဲ့ ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဝကို အခွင့်အရေးရဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ဦးပါ။ Rory ရဲ့ ကူညီမှုနဲ့ Michael က ပိုမိုလွတ်လပ်တဲ့ ဘဝကို ရယူဖို့ကြိုးစားပါတော့တယ်။ သူတို့အခက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝရဲ့ အနုပညာနဲ့ ...
movie
Inside I’m Dancing / Rory Oshea Was Here (2004)
7.8
My Left Foot: The Story of Christy Brown (1989)
ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ အယ်လင်ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, ...
movie
My Left Foot: The Story of Christy Brown (1989)
Wake Wood (2009)
IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်။စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ (သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်) File size…(1.5 GB)/(713 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Wake Wood (2009)
7.6
Philomena(2013)
Genre – Biography, Drama IMDB – 7.6/10နှစ် ၅၀ ကျော် ပျောက်ဆုံးနေတဲ့သားကို လိုက်ရှာရတဲ့မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို ဖီလိုမီနာဆိုတဲ့ကောင်မလေးဟာ ပွဲခင်းတစ်ခုမှာ ကောင်လေးရပြီး လူငယ်သဘာဝ ကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ သို့သော်လည်း ဒါကိုလက်မခံနိုင်တဲ့ ဖခင်က သမီးဖြစ်သူကို သီလရှင်ကျောင်းမှာစွန့်ပစ်ခဲ့ပါတော့တယ်။ သီလရှင်ကျောင်းမှာပဲ ဒီသားလေးကိုမွေးခဲ့တဲ့ ဖီလိုမီနာဟာ အဝတ်လျှော်ဌာနမှာနေရင်း တစ်နေကုန်တစ်နာရီပဲ သားလေးနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်ကျ ကားအကောင်းစားကြီးရောက်လာပြီး သူတို့တောင်သိခွင့်မရှိပဲသားဖြစ်သူကလေးလေးကို လူကုံထံတချို့က မွေးစားသွားကြပါရော….။ဒီလိုနဲ့ နေထိုင်လာတာ အနှစ် ၅၀ ရှိလို့နေပါပြီ တစ်ရက်မှ သူ့သားလေးကို မမေ့ခဲ့ပါဘူး ဒါကြောင့် နောက်ပိုင်းမှ မွေးတဲ့သမီးဖြစ်သူကိုရင်ဖွင့်မိတော့ သမီးဖြစ်သူက လောကကြီးကိုစိတ်ကုန် ဘဝနာနေတဲ့ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပြီး အမေဖြစ်သူရဲ့ နှစ် ၅၀ ကြာပျောက်ဆုံးနေတဲ့သားဖြစ်သူကို လိုက်ရှာဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီမှာ သီလရှင်ကျောင်းထွက် အဘွားကြီးတစ်ယောက်နဲ့ ဘုရားသခင်ဆိုတာ ...
movie
Philomena(2013)
7.2
Breakfast on Pluto (2005)
Breakfast on Pluto (2005)ပီကီဘလိုင်းဒါမှာ စပယ်ရှယ်ကြမ်းတဲ့ ကျွန်တော်တို့အားလုံးရဲ့အချစ်တော် တွမ်မီ ဖာ့ခ်ကင်း ရှယ်လ်ဘီ ကြီးကို ဒီလိုပုံစံနဲ့မြင်တွေ့လိုက်ရလို့ အားလုံးပဲ ပါးစပ်အဟောင်းသားဖြစ်သွားကြမယ်ထင်ပါတယ်။အစကတော့ သူ့လိုလူနဲ့ ဒီလိုဇာတ်ကောင်ဘယ်လိုမှမလိုက်ဖက်မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကြည့်ပြီးချိန်မှာတော့ သိပ်ကိုနွဲ့ပြီးလှပတဲ့ 'ကစ်တန်' ဆိုတဲ့ သူ့ရဲ့ မိန်းမလျာဇာတ်ရုပ်ကို ချစ်မိသွားတဲ့အထိ သရုပ်ဆောင်ပီပြင်တဲ့ Cillian Murphy ရဲ့အနုပညာစွမ်းရည်ကတော့ သြချလောက်စရာပါပဲ။ဇာတ်လမ်းအကျဥ်းပြောရရင်တော့ သူ့ကိုယ်သူ ကစ်တန်လို့ နာမည်ပေးထားတဲ့ ပတ်ထရစ် ဆိုတဲ့ကောင်လေးဟာ မွေးကင်းစအရွယ်မှာတင် စွန့်ပစ်ခြင်းခံခဲ့ရပြီး အဖေ အမေ ဘယ်သူမှန်း သိခွင့်မရခဲ့သူလေးပါ။မွေးစားမိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ပတ်ထရစ်ဟာ ငယ်ငယ်ကတည်းက ဂါဝန်တွေ မိန်းကလေးအသုံးဆောင်တွေကိုပဲ သဘောကျခဲ့ပြီး သူ့ကိုယ်သူ ဘာဆိုတာ သိခဲ့ပေမယ့် ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုကြောင့် ပေါ်ပေါ်ထင်ထင် နေချင်တိုင်းနေလို့ မရခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့လိင်ခံယူချက်အတိုင်း ပေါ်တင်ပဲနေထိုင်ပါတော့တယ်။ဒါပေမဲ့ မိန်းမလျာတွေကို လုံးဝလက်သင့်မခံတဲ့ သူ့အသိုင်းအဝိုင်းကြောင့် တစ်နေ့မှာတော့ အိမ်ပေါ်ဆင်းပြီး သူ့အမေအရင်းရှိတယ်ဆိုတဲ့ လန်ဒန်မြို့ကြီးကို ရှာတော်ပုံတော်ခရီးစဥ် ထွက်လာတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပတ်ထရစ် (ခ) ကစ်တန်တစ်ယောက် ...
movie
Breakfast on Pluto (2005)
2005
6.0
Joyride (2022)
Joyride (2022)မူလီ ဆိုတဲ့ကောင်လေးဟာ အဖေတစ်ခုသားတစ်ခုနေရတဲ့သူပါ။ ဒါပေမယ့် သိပ်ကောင်းတဲ့ အဖေတစ်ယောက် ရထားတာတော့မဟုတ်ဘူး။တစ်ရက်မှာ မူလီတစ်ယောက် သူ့အဖေဆီက ထွက်ပြေးပြီး လူအလစ်မှာ ရပ်ထားတဲ့ တက္ကစီတစ်စီးပေါ်တက်ပြီး မောင်းထွက်လာလိုက်တယ်။ကံဆိုးချင်တော့ အဲ့ တက္ကစီ ပေါ်မှာ ခရီးသည် မိန်းမကြီးတစ်ယောက်နဲ့ မွေးကင်းစကလေးငယ်လေးတစ်ယောက် ပါနေတာပါပဲ။ မူလီကလည်း သူ့အကြောင်းနဲ့သူ ကားပေါ်ပါလာတဲ့ ဂျွိုင်းဆိုတဲ့ မိန်းမကြီးနဲ့ ရင်သွေးငယ်လေးကလည်း သူတို့အကြောင်းနဲ့သူတို့ ...အဲ့ character ၃ယောက် လမ်းခရီးမှာ ဘယ်လိုတွေ ဆက်ပြီးခရီးဆက်ရမလဲ?သီချင်းလေးတွေကလည်း country song လေးတွေဆိုတော့ country vibe လေးလည်းရ High way လမ်းတွေမှာ ကားပတ်မောင်းရတဲ့ ရသလေးပါရတော့ Joyride ဆိုတဲ့အတိုင်း Joy နဲ့ Mully တို့နဲ့အတူ တပျော်တပါး လိုက်စီးကြည့်ရအောင်။(ဇာတ်လမ်းအညွှန်းကို ကို Hein That Naing က ရေးပေးထားပါတယ်။)File ...
movie
Joyride (2022)
2022