Channel Myanmar

Ruth Marini

Menjelang Ajal aka Nearing Death (2024) 6.7
Menjelang Ajal aka Nearing Death (2024) Menjelang Ajal 2024 Imdb 6.7အသစ်ထွက်ရှိလာတဲ့အင်ဒိုသရဲကားကောင်းကိုတင်ဆက်ပေးထားပါတယ် သရဲကားကောင်းကောင်းရှာနေသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါပဲလို့ညွှန်းဆိုလိုက်ပါတယ်မိသားစု၄ယောက်ကို စားသောက်ဆိုင်လေးဖွင့် အလုပ်ကြိုးစားပြီးရှာဖွေကျွေးမွေးနေတဲ့ဆဲခါ သားအကြီးဆုံးကို ကောလိပ်ပို့ချင်ပေမဲ့ သားဖြစ်သူကကျောင်းဆက်မတက်ဘဲ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ဆိုလို့ အိမ်ပေါ်ကနှင်ချထားတော့ အိမ်မှာသူနဲ့အငယ်လေးတွေပဲကျန်ခဲ့တာပေါ့ ဒီလိုအားကိုးမရှိချိန် ထူးဆန်းတာတွေစဖြစ်လာခဲ့ပါတယ်ဇာတ်လမ်းကတော့ စားသောက်ဆိုင်ဖွင့်ထားကြတော့ သန့်ရှင်းမှုကအဓိကပဲမလား ဒါကိုအပြင်ကလူတွေက ဆိုင်ကိုညစ်ပတ်နေတယ်လို့မြင်လာကြတယ် ပိုဆိုးတာက အခုလေးတင်ပူပူလောလောချထားတဲ့ထမင်းက ဝယ်သူဝယ်သွားပြီးတော့ သိုးနေတယ်လို့ပြန်လာကွန်ပလိန်းတက်ကြတာပါပဲ စားသောက်ဖွယ်တွေကစပြီး ပြောင်းလဲလာတဲ့သူတို့အိမ်မှာကပ်ရှားနေတာက ဘာများဖြစ်မလဲ အစားအသောက်နဲ့တင်ပြီးမလာဘဲ ဘယ်လိုတွေဆက်လက်အန္တရာယ်ပေးသွားမယ်ဆိုတာကတော့ ...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်) File size… 1.2GB / 553MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ ToMo ~ Alex
movie

Menjelang Ajal aka Nearing Death (2024)

Ratu Dansa (2022)
Ratu Dansa (2022) Ratu Dansa (2022)ငယ်ရွယ်နုပျိုတဲ့တက္ကသိုလ်ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဟန်နာနဲ့ အတိတ်ကနေ အနာဂတ်ကိုရောက်လာတဲ့ ဟန်နာရဲ့မေမေ ဟီရာတို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား အချိန်ခရီးသွားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဟန်နာဟာ အနုပညာအလုပ်မှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေရှိထားသူဖြစ်ပြီး အဖေတစ်ယောက်တည်းရဲ့အုပ်ထိန်းမှုအောက်မှာ အလိုမကျမှုများစွာနဲ့ ကြီးပြင်းလာရသူဖြစ်ပါတယ်။ အတိတ်က ဟီရာကလည်း အဆင်မပြေတဲ့မိသားစုဘဝမှာ နေထိုင်ရတဲ့အတွက် သူ့ဘဝအပေါ် စိတ်မကျေနပ်ချက်များရှိနေသူဖြစ်ပါတယ်။ တစ်နေ့မှာ ဟီရာဟာ သူ့အမေဖြစ်သူကို အဖေကရိုက်နှက်ခဲ့ပြီး အိမ်ကနေ ထွက်သွားလိုက်တဲ့အတွက် မိခင်နဲ့အတူကျန်နေခဲ့ရတဲ့ သူ့ရဲ့မိသားစုဘဝအခြေအနေကို စိတ်ကုန်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ဟီရာဟာ အနာဂတ်မှာ သူ့သမီးဖြစ်တဲ့ဟန်နာဆီကို ရောက်ရှိသွားပါတယ်။ အသက်အရွယ်တူညီကြတဲ့သူတို့နှစ်ယောက်ဟာ ခေတ်ကာလကွာခြားချက်အရ နားမလည်မှုတွေကို အချင်းချင်းလေ့လာကြရင်း သူတို့ရဲ့အနာဂတ်အတွက် အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်။ ဟီရာဟာ သူ့ကို မိခင်မှန်းသိနေတဲ့ ဟန်နာကို သူ့အပေါ် နားလည်အောင် ဟန်နာရဲ့ခံစားချက် အလိုမကျဖြစ်မှုတွေကို ဖြည့်ဆည်းနိုင်ပါ့မလား... မိခင်ရဲ့မေတ္တာကို ဟီရာကရော နားလည်ကာ သားအမိတွေ ပြေလည်သွားကြမလားဆိုတာ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… ...
movie

Ratu Dansa (2022)

The Train of Death (2024)
The Train of Death (2024)  သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Train of Death (2024)

Layangan Putus: The Movie (2023) 6.1
Layangan Putus: The Movie (2023) layangan putus (2023) (IMDb 6.1/10)ဒီတစ်ခါ အာရှကားနှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက် အင်ဒိုဒရာမာကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ အာရှကားတွေ ထုံးစံအရ ဇာတ်လမ်းလေးကတော့ သိပ်မထူးခြားဘူးဆိုပေမယ့် အာရှကားတွေဆိုတဲ့အတိုင်း ဒိုင်ယာလော့တွေ ဇာတ်လမ်းအချိုးအကွေ့တွေက ရသမြောက်တယ်ဆိုတာ ပြောပြချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဟာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီး ဇနီးကီနန်နဲ့ သမီးလေးရာယာဆိုပြီး သာယာတဲ့ဘဝလေးပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ ရုပ်ရှိရေလျှံကျားတို့ထုံးစံအရ စမောဆွဲပြီးတော့ အဲ့ဒါကို မယားကြီးကသိသွားတဲ့အခါ သူ့ကိုကွာရှင်းသွားပါတယ် အဲ့ဒါနဲ့ အဲရစ်လည်း အငယ်လေးလီဒီယာနဲ့ လက်ထပ်ပြီးတော့ အိမ်ထောင်သစ်ထူထောင်ခဲ့ပေမယ့် သူ့စိတ်က ငယ်ကချစ်မမေ့သာတဲ့ ကီနန်ဆီမှာပဲ တဝဲဝဲလည်နေတဲ့အခါမှာ အိမ်ထောင်ရေးဇာတ်လမ်းလေးဆိုပေမယ့်လည်း ဘဝသင်ခန်းစာယူတတ်ရင် ယူလို့ရတာမို့ ပရိသတ်ကြီးတို့ဆက်ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်...Genre..... Dramal, Romance Quality…. 1080p | 720p File size… 1.1GB | 565MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie

Layangan Putus: The Movie (2023)

2023
The Corpse Washer (2024) 7
The Corpse Washer (2024) The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူImdb 7.1/10ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့ အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ် ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ်လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲ ဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီး စိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့ သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့ အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေ‌‌‌ဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကို လီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီး အလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.2GB / 475MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 47m Subtitle….Myanmar ...
movie

The Corpse Washer (2024)

2024
The Queen of Black Magic (2019) 6.5
The Queen of Black Magic (2019)  ဒီဇာတ်ကားဟာ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့အင်ဒိုနီးရှားဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက မိဘမဲ့ဂေဟာကိုသွားရောက်လည်ပတ်ကြတဲ့ မိသားစုသုံးစု တွေ့ကြုံခဲ့ရတဲ့ သဘာဝလွန်ဖြစ်ရပ်တွေအပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Kimo Stamboel က ရိုက်ကူးပုံဖော်ထားတဲ့ rating 6.5/ 10 အထိ ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အင်ဒိုနီးရှား သရုပ်ဆောင် အကျော်အမော်များဖြစ်တဲ့ Ario Bayu,Hannah AI Tashid, Adhisty Zara, Ade Firman Hakim, Muzaki Ramdhan နဲ့Ari Irham တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး Ade Firman က အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအစမှာ Nanifတို့ မိသားစု Nanifငယ်ငယ်က ကြီးပြင်းလာခဲ့တဲ့ မိဘမဲ့ဂေဟာကကျေးဇူးရှင်အဖိုးကြီး နာမကျန်းလို့ သွားရောက်ကြည့်ရှုကြပုံနဲ့ အစပျိုးထားပါတယ်။ဒီလိုနဲ့ မိဘမဲ့ဂေဟာကို ရောက်ရှိတဲ့အခါမှာ ငယ်ငယ်က အတူတူကြီးပြင်းလာခဲ့တဲ့Anton ...
movie

The Queen of Black Magic (2019)

Asih 2 (2020) 6.2
Asih 2 (2020) Asih 2 (2020)2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB ...
movie

Asih 2 (2020)

2020
Cemara’s Family 2 (2022) 6.0
Cemara’s Family 2 (2022) Cemara's Family 2 (2022) =================== IMDb Rating - 6.0/10အာရာရဲ့ မိသားစုဟာ တစ်ချိန်က ဖြစ်ခဲ့တဲ့ အခက်အခဲကြောင့် ကြိုးစား ရုန်းကန်နေရတယ်။ အာရာရဲ့အဖေဟာ နောက်ဆုံးမှာတော့ ကြက်ခြံမှာ အလုပ်အသစ်တစ်ခုရသွားတယ်။ အလုပ်ရသွားတဲ့အ‌တွက်ကြောင့် အာရာ ကို ကိုယ့်ဘာသာကိုယ်‌ ကျောင်းက‌နေ အိမ်ပြန်တတ်အောင်ကြိုးစားရမယ် လို့မှာထားပါတယ်။ အထက်တန်းကျောင်းသူဖြစ်လာတဲ့ အာရာရဲ့အစ်မဖြစ် သူ အီးစ်ဟာ လူငယ်သဘာဝ စိတ်ကစားတတ်တဲ့အရွယ်ရောက်လာပြီဖြစ် တဲ့အတွက် အာရာနဲ့ တစ်ခန်းတည်းအတူတူသုံးစွဲရတာ သူ့အတွက်စိတ်မ လွတ်လပ်ဘူးဖြစ်နေတယ်။ တစ်နေ့ထမင်းစားဝိုင်းမှာ အီးစ်က အာရာကို ကျောင်းအလုပ်တွေလည်းရှိတဲ့အတွက် အမြဲတမ်းကျောင်းလာမကြိုနိုင် ကြောင်း ပြီးတော့ သီးသန့်အခန်းလိုချင်ကြောင်းပြောတယ်။ကလေးအရွယ် အာရာက သူ့ကိုကတိပေးထားတာတွေကိုဖျက်တဲ့အတွက် စိတ်မကောင်းဖြစ်နေတာပေါ့။ မိဘတွေလည်းအခန်းခွဲပေးလိုက်ပြီး အာရာရဲ့ အခန်းကို စနေနေ့မှာပြင်ပေးမယ်လို့ပြောထားတယ်။ ကျောင်းကအပြန်ကောက် ရလာတဲ့ကြက်ပေါက်လေးကပဲ စိတ်အားငယ်နေတဲ့အာရာအတွက်တော့ စိတ်ဖြေစရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စိတ်မကောင်းဖြစ်နေတဲ့ အချိန်မှာ အဖေဖြစ်သူကပါ ကတိပျက်တဲ့အတွက် ပိုဆိုးသွား‌ေတာ့တယ်။ ဝမ်းနည်း နေတဲ့အာရာဟာ ကြက်ကလေးကို သူ့လိုမဖြစ်အောင် မိသားစုနဲ့ပြန်တွေ့အောင် ရှာပေးမယ်လို့ကတိပေးလိုက်ပါတယ်။ အခြားသူတွေလိုကတိမပျက်ချင်တာ ကြောင့် အာရာဟာကြက်လေးရဲ့မိသားစုကိုရှာဖွေပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.82 ...
movie

Cemara’s Family 2 (2022)

2022
Kukira Kau Rumah(2022) 6.0
Kukira Kau Rumah(2022) Kukira Kau Rumah(2022)***********************နာမည်ကျော် တီးဝိုင်း bandတစ်ခုဖြစ်တဲ့Amigdala ရဲ့ Kukira Kau Rumah( I thought You were Home)ဆိုတဲ့ သီချင်းလေးကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါ။ သီချင်းလေးက တကယ်နားထောင်ကောင်းတဲ့ ဆွေးဆွေးအေးအေးလေးဖြစ်သလို ဇာတ်လမ်းကိုလည်း ထိုအတိုင်းပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဇာတ်ဆောင်မင်းသမီးဖြစ်သူဟာ စိတ်မူမမှန်ဝေဒနာကို ခံစားနေရသူပါ။ဒါကြောင့်လည်း ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေပဲရှိပြီး အားလုံးက အရိပ်တကြည့်ကြည့်နေလာသူပါ။ မင်းသားကတော့ ဂီတဘက်ကိုစိတ်ဝင်စားပြီး တသီးတသန့်နေတတ်တဲ့ ဂီတာသမားလေးပါ။ သူတို့နှစ်ယောက်ဆုံတွေ့ဖြစ်ပုံကတော့ ရိုးရိုးလေးပါပဲ။ လူငယ်သဘာဝ သူတို့နှစ်ယောက် ခင်မင်သွားကြ ပျော်ပါးကြရင်းနဲ့.....။ ဇာတ်လမ်းက ရိုးရိုးလေးပေမယ့် Acoustic Musicလေးတွေ ကြားစီးမျှောရင်းတွေးချင်ဆွေးချင်သူတွေအတွက်တော့ကွက်တိပါပဲ။ ခံစားကြည့်လိုက်ပါဦး။File Size : (1.1GB) and (528MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:53:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Kukira Kau Rumah(2022)

Perempuan Bergaun Merah (2023) 5.6
Perempuan Bergaun Merah (2023) Perempuan Bergaun Merah (2022)IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူ ကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။ အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီး ခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File ...
movie

Perempuan Bergaun Merah (2023)

2023
Hitmen (2023)
Hitmen (2023) Hitmen (2023)၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တဲ့ Hitmen ဆိုတဲ့ Action, Drama, Comedy ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ အက်ရှင်ကားကြိုက်သူတွေအနေနဲ့ လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နီနဲ့ ဖရန်ကီဟာ သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲဖက်ပြီးတော့ လုပ်ကြံရေးသမားများအဖြစ် လုပ်ကိုင်ကြတာပါ။ သူတို့နှစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ တော်သလို သောက်တလွဲတွေလည်း လုပ်တတ်ကြပါသေးတယ်။ဒါပေမယ့် မစ်ရှင်ကို ဘယ်လိုအခက်အခဲပဲရှိရှိ မစ်ရှင်ကို အောင်မြင်အောင်လုပ်ကြပါတယ်။ ဂျွန်နီကတော့ လုပ်ကြံရေးသမား ဘဝကို စိတ်ကုန်နေလို့ အနားယူပြီး ငါးခူမွေးမြူရေးလုပ်ဖို့အတွက် စိတ်ကူးယဉ်နေခဲ့ပါတယ်။ ဖရန်ကီလည်း ဂျွန်နီ အနားယူရင် သူလည်း အနားယူမယ်ဆိုပြီး လုပ်ပါတော့တယ်။ဒီလိုနဲ့ အနားမယူခင် နောက်ဆုံးအနေနဲ့ သူတို့ကို ပေးအပ်လာတဲ့ မစ်ရှင်သုံးခုကို လုပ်ဆောင်ဖို့ အကြောင်းဖန်လာချိန်မှာတော့.... သာမန် မြင်တွေ့နေကြ လုပ်ကြံရေးသမားတွေနဲ့ မတူဘဲ ဂျွန်နီနဲ့ ဖရန်ကီဟာ တကယ်ကို ရယ်ရတဲ့အတွဲပါ။ ကလိထိုးရယ်ရတဲ့ ဟာသမျိုးတွေမဟုတ်ဘဲ သူတို့ တလွဲလုပ်တာတွေကို ...
movie

Hitmen (2023)

2023
Ben & Jody (2022) 5.4
Ben & Jody (2022) Ben & Jody (2022) ဘန်ကတော့ သူ့ရဲ့  မွေးရပ်ဇာတိလေးမှာပဲ အေးအေးလူလူနဲ့ ကော်ဖီလုပ်ငန်းလေး လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကုမ္ပဏီကြီးတစ်ခုက ဘန်တို့ ရွာသားတွေ လယ်သမားတွေရဲ့  မြေတွေကို အတင်းအဓမ္မ သိမ်းယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘန်က လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။ဒီလိုတွေဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး ဘန် ကို ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ရိုက်နှက်ပြီး ဖမ်းဆီး ထားလိုက်ပါတော့တယ်။ ဘန်လိုပဲ အခြား ဖမ်းဆီး ရီုက်နှက်ခံရတဲ့ ရွာသားတွေကလည်း အများကြီး ... တစ်နေ့မှာတော့ ဘန် တစ်ယောက် သူ့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို မရောက်လာလို့ ဆိုပြီး ဘန်ရဲ့ သူငယ်ချင်း ဂျိုဒီက ရွာကို လာပြီး အကျိုးအကြောင်း စုံစမ်းမေးမြန်းတော့မှ ဖြစ်ကြောင်းကုန်စင် သိသွားပြီး ဘန်နဲ့ အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ ...
movie

Ben & Jody (2022)

2022
Photocopier (2022) 7.5
Photocopier (2022) အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူက‌ရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ‌ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie

Photocopier (2022)

May the Devil Take You: Chapter Two (2020) 7.3
May the Devil Take You: Chapter Two (2020) Alfie အဖေဟာ အဖျားကြီးပြီး သူ့ကုတင်ပေါ်မှာဘဲ သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်း Alfie တွေ့ရှိခဲ့တာက သူမအဖေဟာ သူ့မိသားစုတစ်ခုလုံးကို မာရ်နတ်နှင့် လွန်ခဲ့တဲ့နှစ်များစွာက ကျိန်စာတိုက်ခဲ့ပြီး အခုချိန်မှာ သူတို့မိသားစုဆီပြန်လာနေပါပြီ ။ Alfie နှင့်သူ့အပေါင်းအပါတွေက ဒီကျိန်စာက လွတ်မြောက်အောင် သူ့အဖေအိမ်ဟောင်းကို သွားရောက်စုံစမ်းမှုပြုလုပ်ရာ ကြောက်ရွံ့စရာ အတိတ်ကဖြစ်ရပ်အမှန်တရားကို သိရှိခဲ့တဲ့အချိန်မှာတော့ ….. ကဲ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သရဲကားကိုမှ ကြမ်းကြမ်းလေး ကြိုက်သူတွေတွက်အကြိုက်တွေ့စေမှာပါ။    File Size -  1.2 gb Quality - web-dl 1080p Subtitle -  burmese Translator - Yawng Yawng Encoder - Thit San Khant
movie

May the Devil Take You: Chapter Two (2020)

2020
One Day We’ll Talk About Today (2020) 8.0
One Day We’ll Talk About Today (2020) " တစ်နေ့ ကျ ငါတို့ အားလုံး ဒီနေ့အကြောင်းကို ပြန်ပြောဖြစ်ကြအုံးမယ် " ခုတလော ရုပ်ရှင်ကောင်းကောင်း မကြည့်ရတာ ကြာပြီ ရုပ်ရှင်ငတ်နေတာပေါ့လေ ဒီလို နဲ့ Netflix က အာရှ ရုပ်ရှင်တွေထဲ အင်ဒိုနီရှား နဲ့ မလေးရှား ရုပ်ရှင်တွေ လိုက်မွှေ ကြည့်မိတယ် အဲ့ဒီ ထဲက မှ ဒီရုပ်ရှင်ကားကို ကြည့်မိတဲ့ အချိန် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတယ် ရုပ်ရှင်က ဘာမှ သိပ်မဟုတ်ဘူး ထင်ရတယ် ရိုးရိုးရှင်းရှင်းလေး ပါ ဒါပေမဲ့ အဲ့ဒီရိုးရှင်းတာကိုက ကိုယ်တွေကို ရင်ခုန်စေတာပဲ... ဒီရုပ်ရှင်ကတော့ အချစ် နဲ့ ပတ်သက်တာပါ ရိုမန့် မဟုတ်ပါဘူး မိသားစု အချစ်ပါ ဇတ်လမ်းထဲမှာတော့ မိသားစု ၅ ယောက်ပေါ့ အဖေ အမေ နဲ့ သားကြီး သမီးလတ် သမီးငယ် မိသားစု တစ်ခု အကြောင်းပေါ့ သားကြီးက အန်ကာဆာ တဲ့ သမီးလတ် က အော်ရိုရာ သမီးငယ်လေးကတော့ အာဝမ် ဒီမိသားစု က အင်ဒိုနီရှားနိုင်ငံရဲ့ မွတ်စလာမ် မိသားစု ကို ပြထားတယ် သေချာ ဘာသာရေးတွေ လူမျိုးရေးတွေ ဖယ်ပြီး ...
movie

One Day We’ll Talk About Today (2020)

2020
May The Devil Take You (2018) 7.2
May The Devil Take You (2018)   Demon ဆိုတဲ့ မိစ္ဆာတွေအကြောင်းရိုက်တဲ့ ကားတော်တော်များများ ကြည့်ဖူးကြမှာပါ ကျွန်တော်သိသလောက်ပြောရ ရင် Conjuring Universe ရှိမယ် The Nun ရှိမယ် 2015 ကရိုက်ထားတဲ့ Poltergeist ဆိုတဲ့ကားလဲရှိမယ် ဒါပေမယ့် ဒီကားတွေတော်တော်များများ သူ့ဟာနဲ့ သူတော့ ကောင်းကြပေမယ့် Demon ဆိုတဲ့ သရုပ်ကိုတော့ ပီပြင်အောင်မပြနိုင်ဘူး ထင်မိပါတယ် အခုကျွန်တော် review ရေးတဲ့ May The Devil Take You မိစ္ဆာခေါ်ဆောင်ခြင်းခံရပါစေ ဆိုတဲ့ အင်ဒို ကားလေးကတော့ Demon ဇာတ်ရုပ်ကိုတော်တော်လေး အသားပေးဖော်ပြ ထားပါတယ် နတ်ဆိုးတစ် ကောင်ရဲ့ ရုပ်လုံးရုပ်ထည် သူ့တန်ခိုးစွမ်းအား တွေကို သေချာမြင်ရမှာပါ ဇာတ်လမ်း အစမှာ လတ်စမန် ဆိုတဲ့ လူတစ် ယောက်က နတ်ဆိုးတစ်ကောင်ကို အနက်ရောင်သီလရှင်ဆိုတဲ့ ကိုယ်စားလှယ် တစ်ယောက်အကူညီနဲ့ ဆင့်ခေါ်ခဲ့ပါတယ် ပြီးတော့ အပေးအယူတစ်ခု လုပ်ခဲ့ပါတယ် ဒါပေမယ့် နတ်ဆိုးဆိုတဲ့အမျိုးက သူ့ဘက် ကတစ်ဗန်းမသာပဲ အပေးအယူမလုပ်တတ် ဘူးဆိုတာ သိတဲ့သူတွေသိကြမှာပါ ဒီလိုနဲ့ လတ်စမန်ကအရမ်းအောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်လာတယ် ပြီးတော့သူ့အရင် ဇနီးမယားနဲ့ သမီးလေးကို ...
movie


2018