Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rupert Spraul
Shirley (2024)
ဒီဇာတ်ကားလေးကတော့ ၁၉၇၂ မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သမိုင်းမှာ ပထမဆုံးသော လူမဲအမျိုးသမီး ရှာလီ ချီဆန်အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ဗဟုသုတရဖွယ် သမိုင်းကြောင်းဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရှာလီချီဆန်ဟာ ဘရွတ်ကလင်က သာမန်လူမဲကျောင်းဆရာမလေးဘဝကနေ လူထုမေတ္တာခံယူရင်းနဲ့ နယူးရော့ခ်ရဲ့ ၁၂ ကြိမ်မြောက် ဗဟိုပြည်နယ်ညီလာခံမှာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သူမဟာ လူဖြူတွေကြီးစိုးတဲ့ ကျားရဲတွင်းသဖွယ် လွှတ်တော်ထဲမှာ နိုင်ငံသားအခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု အစရှိတဲ့ အဓိကပြဿနာတွေကို ရွပ်ရွပ်ချွံချွံ ဖြေရှင်းဖို့ ကြိုးစားရင်း ပြည်သူ့အကျိုးကို ဒီထက်ပိုပြီး ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတော့တယ်။ကျားမခွဲခြားမှု ပြင်းထန်နေသေးတဲ့ခေတ်ကာလမှာ လူမဲအမျိုးသမီးဖြစ်တဲ့ သူမဟာ သမိုင်းမှာ မကြုံစဖူး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဘယ်လိုအခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမလဲ၊ အနာဂါတ်မျိုးဆက်သစ်တွေကိ ဘယ်လို လမ်းစဖောက်ပေးခဲ့လဲဆိုတာက အားတက်ဖွယ် အတုယူဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDb မှာ ...
movie
Shirley (2024)
4.5
So Cold the River (2022)
So Cold the River (2022) ====================ဝက်စ်ဘေဒန်မြို့လေးမှာ “ဘရက်ဒ်ဖော့ကျိန်စာ” ဆိုပြီးစိုးမိုးနေတဲ့အချိန် လူတွေကလည်း ဘရက်ဒ်ဖော့လို့ဆိုလိုက်တာနဲ့ အရမ်းကြောက်နေခဲ့ပါတယ်။ တကယ်တော့ သူတို့ကြောက်တာက ကမ့်ဘဲလ်ဘရက်ဒ်ဖော့ဆိုတဲ့လူကိုပါ။ သူကဘယ်လောက်ထိဆိုးသွမ်းလဲဆိုရင် ဘရက်ဒ်ဖော့မိသားစုဝင်တွေပါ အချင်းချင်းပြန်ကြောက်ရတဲ့အထိ သူ့နာမည်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ကမ့်ဘဲလ်ဘရက်ဒ်ဖော့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးပါဆိုပြီးတော့ အဲရစ်ကာကိုအလုပ်လာအပ်ခဲ့ပါတယ်။ အဲရစ်ကာကလည်း ခေသူမဟုတ်။ သဘာဝလွန်တွေနဲ့ အဆက်အသွယ်ရှိတဲ့ ထူးခြားတဲ့လူတစ်ယောက်ဆိုပြီး မှတ်တမ်းရုပ်ရှင်နယ်ပယ်မှာ နာမည်ကြီးနေတဲ့သူတစ်ယောက်ပါ။ မှတ်တမ်း ရုပ်ရှင်ရိုက်ဖို့ တစ်ခုတည်းသောသဲလွန်စအဖြစ် ကမ့်ဘဲလ်ဘရက်ဒ်ဖော့ရဲ့ မီးခံသေတ္တာထဲမှာသိမ်းထားတဲ့ ရေပုလင်းလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒါလေးကို ယူလာပြီး အဲရစ်ကာတစ်ယောက် ဝက်စ်ဘေဒန်မြို့မှာ သဲလွန်စရှာရပါတော့တယ်။ရေပုလင်းဆိုတော့လည်း ရေဆာနေတဲ့အချိန်၊ စိတ်အိုက်နေတဲ့အချိန် သောက်မိ ကြတာပေါ့နော်။ အဲ့ဒီရေပုလင်းက တကယ်တော့ မကောင်းဆိုးဝါးပါတဲ့။ ဝက်စ် ဘေဒန်မှာလည်း မြေအောက်ရေက အရမ်းအစွမ်းထက်ပါတယ်တဲ့။ အဲ့ဒါတွေကို ဆက်စပ်ကြည့်ရင်းနဲ့... အဲရစ်ကာတစ်ယောက် ဘာတွေရှာတွေ့သွားမလဲ၊ အဲ့ဒီရေ ကရော ဘာကြောင့်ကြောက်ဖို့ကောင်းနေတာလဲ၊ ဘရက်ဒ်ဖော့ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ဦးမလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်ကြည့်လိုက်ပါတော့နော် ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(983 MB) / (486 MB) Quality............WebRip 1080p / 720p Duration.........1Hr ...
movie
So Cold the River (2022)
2022
6.3
Healing River 2020
"ကမာလေးတွေက သူတို့ထဲကို သဲလေးတွေဝင်လာရင် နာလို့ မျက်ရည်နဲ့ အုပ်ကြသတဲ့။ ကြာလာတဲ့အခါ နာကျင်တဲ့အရာကနေ လှပတဲ့ ပုလဲလေးအဖြစ် ပြောင်းသွားတယ်။" အင်ဂရစ် အမ်ဘလင်းက သားတစ်ယောက် အစ်ကိုတစ်ယောက်နဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ။ သားဖြစ်သူ မိုက်ကယ်မှာ အနာဂတ်အတွက် အစီအစဉ်တွေ အပြည့်ရှိနေပါတယ်။ သို့သော် မမျှော်လင့်တဲ့ ဖြစ်ရပ်ဆိုးကြောင့် မိုက်ကယ်ဟာ ကားတိုက်ခံရတာကနေ တိမ်းပါးသွားရတဲ့။ ဒီအခါမှာ ဆောက်တည်ရာမရတော့တဲ့ မိခင်ဖြစ်သူ အင်ဂရစ်ဟာ ယူကျုံးမရ ဖြစ်ရတာ တစ်ခုတည်းမဟုတ်တော့ဘဲ နှစ်ခုဖြစ်လာတယ်။ ဘာလဲဆိုတော့ သူ့သားကို တိုက်ခဲ့သူက အသက်မပြည့်သေးတဲ့သူ ဖြစ်နေတဲ့အတွက် ပြစ်ဒဏ်ချမှတ်လို့ မရနေတဲ့ ကိစ္စပါပဲ။ သေလောက်အောင် မုန်းတီးပြီး ဘဝကြီးကို စိတ်နာနေတဲ့ အင်ဂရစ်အတွက် သူ့သားကို သတ်ခဲ့သူဟာ သူ့အတွက် ပုလဲလုံးလေး ဘယ်သို့ ဘယ်ပုံ ဖြစ်လာရတယ်ဆိုတာကို ကြည့်ရှူခံစားကြည့်ကြပါဦးနော်။ ဒီဇာတ်ကားမှာ ဘာသာရေးရဲ့ ...
movie
Healing River 2020