Channel Myanmar

Rukman Rosadi

Devil’s Horns (2024) 5.0
Devil’s Horns (2024)  သရဲကားကောင်းကောင်းလေးတွေမှ ကြည့်ချင်သူတွေအတွက်အင်ဒိုသရဲကား ကောင်းကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။အင်ဒိုနီးရှားသည်းထိပ်ရင်ဖိုသရဲကားတွေကလည်း အခုနောက်ပိုင်းမှာ ထိုင်းသရဲကားတွေနီးနီးလိုက်မှီလာတာကိုတွေ့ရမှာပါ။ယဉ်ကျေးမှုရိုးရာတွေကလည်း ခပ်ဆင်ဆင်ဖြစ်တဲ့အတွက် ဘာသာစကားသာ မကွာခြားဘူးဆိုရင်ထိုင်းသရဲကားလို့တောင် ထင်မိမှာအမှန်ပါပဲ။အခု တင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Tanduk Setan(Devil's Horn) ဖြစ်ပြီး ကျေးလက်ဒေသဖက်မှာ ကြုံတွေ့ရတတ်တဲ့ အဖြစ်အပျက်တွေအကြောင်းကို သည်းထိပ်ရင်ဖိုစရာကောင်းအောင်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာတစ်ရွာမှာ ဆူမီရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ကမီးဖွားခါနီးပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူရော အမေဖြစ်သူရော တစ်အိမ်လုံးအလုပ်တွေရှုပ်ယှက်ခတ်နေပါတော့တယ်။သားဖွားဆရာမရယ် ရွာထဲကအမျိုးတွေထဲကကလေးလာကြည့်တဲ့သူတွေရယ် ယောက်ျားဖြစ်သူဂျာရာရဲ့သူငယ်ချင်းတွေနဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေခဲ့ပြီး ရိုးရိုးရှင်းရှင်းညလေးတစ်ညဖြစ်ခဲ့ပါတယ်။ဒါပေမယ့် မနေ့ကမနက်ကတည်းက ဗိုက်အောင့်နေပြီး နောက်ရက်မိုးလင်းတဲ့အချိန်အထိ ကလေးမမွေးနိုင်သေးတဲ့အခါမှာတော့ ဆေးရုံကိုတန်းပြေးရပါတော့တယ်။ကားက နှစ်ယောက်တည်းစီးလို့ရတဲ့ကား ဖြစ်နေတဲ့အတွက် ဂျာရာနဲ့ဆူမီရာတို့နှစ်ယောက်တည်းမြို့မှာ ဆေးရုံပြဖို့ထွက်လာခဲ့ကြပါတော့တယ်။မြို့ကိုသွားတဲ့လမ်းမှာ ထူးဆန်းမှုတွေအများကြီးကြုံတွေ့ခဲ့ရပြီး နောက်ဆုံးရောက်သွားခဲ့ပေမဲ့ ရောက်သွားတဲ့ဆေးရုံကြီးကကြောက်မက်ဖွယ်ရာဆေးရုံကြီးဖြစ်နေတဲ့အခါမှာ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…778MB / 360MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 21m Genre ….. Drama  ,  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Devil’s Horns (2024)

Bu Tejo Sowan Jakarta (2024) 6.2
Bu Tejo Sowan Jakarta (2024)  ဒီတစ်ခါကတော့ အင်ဒိုနီးရှားဟာသကားလေးနဲ့ မိတ်ဆက်‌ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့တယ်ဂျိုတို့မိသားစုမှာ မိခင်ဖြစ်သူကတော့ရွာထဲကအမျိုးသမီးခေါင်းဆောင်လို့ ဆိုရမလားပဲ။အိမ်ထောင်သည် အမျိုးသမီးတွေကို ဦးဆောင်ပြီးတစ်နှစ်တစ်ခါခရီးထွက်မယ့် အကြောင်းတိုင်ပင်နေကြတယ်။ဘယ်မြို့ကဘယ်လိုကောင်းကြာင်း တစ်ယောက်တစ်ပေါက်တိုင်ပင်နေတုန်းမှာ သားဖြစ်သူတက်ဒီကဂျာကာတာမြို့ကနေ ပြန်လာတယ်။အနေဝေးနေတဲ့ သားအိမ်ပြန်ရောက်တော့ တစ်မိသားစုလုံးပျော်ကြတာပေါ့။ ရောက်တဲ့နေ့မှာပဲ တက်ဒီကသူအိမ်ထောင်ပြုတော့မယ့်အကြောင်းပြောပြတယ်။ အဖေဖြစ်သူကသဘောတူပေမယ့် အမေဖြစ်သူကတော့ သူသားနဲ့လက်ထပ်မယ့်သူကလူမျိုးမတူတဲ့ တရုတ်လူမျိုးဖြစ်နေတော့ သူ့အပေါင်းအသင်းဘေးပတ်ဝန်းကျင်က ဝေဖန်မှာကိုမခံနိုင်လို့သဘောမတူဘူးဖြစ်နေတယ်။ မနက်ဈေးထွက်ဝယ်တော့ တက်ဒီကသူအမေနောက်ကိုမသိမသာလိုက်သွားပြီး သူ့အမေအပေါင်းအသင်းတွေကို သူစေ့စပ်တော့မယ်ဖြစ်ကြောင်း သူ့စေ့စပ်ပွဲကဂျာကာတာမြို့မှာလုပ်မယ့်အကြောင်း လိုက်မယ်ဆိုရင်လည်းစီစဉ်ပေးနိုင်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့....  File size…2.40GB / 1.07B Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Bu Tejo Sowan Jakarta (2024)

Ali Topan (2023)
Ali Topan (2023)  အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာအဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားကအကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေးအဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေမိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီကသူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေးတစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်းကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီးအန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုကသူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲမွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွားကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေအကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်းအိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေကပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။  File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH ...
movie

Ali Topan (2023)

13 Bombs (2023) 6.7
13 Bombs (2023) 13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10)ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး... ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်... ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်... အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်... ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်... ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်... အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ... ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်... ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ...
movie

13 Bombs (2023)

2023
Srimulat: Hidup Memang Komedi (2023) 7.1
Srimulat: Hidup Memang Komedi (2023) Srimulat.Hidup.Memang.Komediဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကို မြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေ ကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့ အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့ တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာ ဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေ ဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင် ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Srimulat: Hidup Memang Komedi (2023)

2023
Srimulat: Hil Yang Mustahal – Babak Pertama (2022) 6.9
Srimulat: Hil Yang Mustahal – Babak Pertama (2022) Srimulat: Hil Yang Mustahal – Babak Pertama (2022)အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့ အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကို အမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်.... စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်း ရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကို နိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ် ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာ တောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲ အဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရော အောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ.... ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့ အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲ နောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 773MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Srimulat: Hil Yang Mustahal – Babak Pertama (2022)

2022
Kultus Iblis (2023) 5.9
Kultus Iblis (2023) Kultus Iblis (2023)2023 တုန်းကထွက်ရှိထားခဲ့တဲ့ အင်ဒိုနီးရှား Horror ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ Horror ကားတွေ ထွက်ခဲ့သမျှ ဇာတ်လမ်းဇာတ်ကွက်တွေ ထပ်လာပြီး Jump Scare အခန်းတွေကိုတောင် လူတွေက မကြောက်ကြတော့ပါဘူး။ နောက်ပိုင်းထွက်လာတဲ့ Horror ကားတွေမှာတော့ ကြောက်အောင်ခြောက်တာထက် တွေးရင်းကြောက်လာအောင် လုပ်တဲ့ Horror ကားပုံစံတွေ ပိုပြီးအရိုက်များလာကြပါတယ်။ ဒီလိုမျိုး Thriller/Horror ကားမျိုးတွေကို ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ကြဖို့ ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ နှစ်ယောက်ရှိပါတယ်။ တစ်နေ့ သူတို့အိမ်ကိုပြန်လာတော့ သူတို့ရဲ့ ဖခင်ဖြစ်သူက ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ တိုက်တစ်ခုလုံးလဲ သွေးတွေနဲ့ပေပွနေပါတယ်။ ဒါနဲ့ပဲ သူတို့အဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာ သူတို့ဗလီဆရာက ဒါကအောက်လမ်းပညာကြောင့် သေတာလို့ ပြောပါတယ်။ ဒါပေမဲ့ ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။ ဒါပေမဲ့ အဲ့ညမှာပဲ သူတို့အဖေရဲ့ အလောင်းပျောက်ခြင်းမလှ ပျောက်သွားပါတယ်။ ဒါနဲ့ပဲ သူတို့လဲ ကြံရာမရပဲ သူတို့အဖေအခန်းထဲ ဝင်ရှာကြည့်ကြရာကနေ အရင်က သူတို့အဖေရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ အမှာစကားကိုတွေ့သွားပြီး သူတို့အဖေက ဘာလို့သူ့ငယ်ဘဝကို ဖုံးကွယ်ထားတာလဲ သူကအောက်လမ်းပညာကို ...
movie

Kultus Iblis (2023)

2023
Sleep Call (2023) 6.7
Sleep Call (2023)  ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစားအင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကိုခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲမနေနိုင်အောင် မြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲကရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ...။အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲအလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်...။အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ်နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံးနေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်းညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာရှိပါတယ်...။ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်းအမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ...သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ...စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…1.20GB / 520MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sleep Call (2023)

Kajiman: Iblis Terkejam Penagih Janji (2023) 7.4
Kajiman: Iblis Terkejam Penagih Janji (2023) Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Kajiman: Iblis Terkejam Penagih Janji (2023)

2023
Pamali (2022) 5.5
Pamali (2022)  ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game "Pamali"ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ...အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ်ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ"Pamali"ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့်မလုပ်အပ်သည်ကို ညွှန်းချင်တာပါ...။ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ...ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ်သုံးခါရွတ်တို့ ဘာတို့ပေါ့....။မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့....။ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ...။အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ... File size…1.51 GB / 554 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Pamali (2022)

Autobiography (2022) 7.4
Autobiography (2022) Autobiography (2022)အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီး ကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို "ကိုယ်တိုင်ရေး ရာဇဝင်" ပေါ့။ ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။ တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက် အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီး ကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB ...
movie

Autobiography (2022)

2022
Hitmen (2023)
Hitmen (2023) Hitmen (2023)၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တဲ့ Hitmen ဆိုတဲ့ Action, Drama, Comedy ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ အက်ရှင်ကားကြိုက်သူတွေအနေနဲ့ လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နီနဲ့ ဖရန်ကီဟာ သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲဖက်ပြီးတော့ လုပ်ကြံရေးသမားများအဖြစ် လုပ်ကိုင်ကြတာပါ။ သူတို့နှစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ တော်သလို သောက်တလွဲတွေလည်း လုပ်တတ်ကြပါသေးတယ်။ဒါပေမယ့် မစ်ရှင်ကို ဘယ်လိုအခက်အခဲပဲရှိရှိ မစ်ရှင်ကို အောင်မြင်အောင်လုပ်ကြပါတယ်။ ဂျွန်နီကတော့ လုပ်ကြံရေးသမား ဘဝကို စိတ်ကုန်နေလို့ အနားယူပြီး ငါးခူမွေးမြူရေးလုပ်ဖို့အတွက် စိတ်ကူးယဉ်နေခဲ့ပါတယ်။ ဖရန်ကီလည်း ဂျွန်နီ အနားယူရင် သူလည်း အနားယူမယ်ဆိုပြီး လုပ်ပါတော့တယ်။ဒီလိုနဲ့ အနားမယူခင် နောက်ဆုံးအနေနဲ့ သူတို့ကို ပေးအပ်လာတဲ့ မစ်ရှင်သုံးခုကို လုပ်ဆောင်ဖို့ အကြောင်းဖန်လာချိန်မှာတော့.... သာမန် မြင်တွေ့နေကြ လုပ်ကြံရေးသမားတွေနဲ့ မတူဘဲ ဂျွန်နီနဲ့ ဖရန်ကီဟာ တကယ်ကို ရယ်ရတဲ့အတွဲပါ။ ကလိထိုးရယ်ရတဲ့ ဟာသမျိုးတွေမဟုတ်ဘဲ သူတို့ တလွဲလုပ်တာတွေကို ...
movie

Hitmen (2023)

2023
Miracle in Cell No. 7 (2022) 7.8
Miracle in Cell No. 7 (2022) Miracle in Cell No.7 (2022)Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ ...
movie

Miracle in Cell No. 7 (2022)

2022
Satan’s Slaves 2: Communion (2022) 7.4
Satan’s Slaves 2: Communion (2022) Satan's Slaves 2: Communion (2022)2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror, History Quality…. 1080p | 720p | 480p File size… 1.86GB | 822MB | 430MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle ...
movie

Satan’s Slaves 2: Communion (2022)

2022
Yuni (2021) 7.7
Yuni (2021) Yuni (2021)"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ ...
movie

Yuni (2021)

2021
Photocopier (2022) 7.5
Photocopier (2022) အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူက‌ရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ‌ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie

Photocopier (2022)