Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Rryla McIntosh
7.1
Longlegs (2024)
အောက်ကားတွေပဲ ရိုက်နေရာကနေ နာမည်ပြန်ပြန်ရလာပြီဖြစ်တဲ့နစ်ကလက်ကေ့ဂျ်ရဲ့ နောက်ဆုံးထွက် ဟော်ရာရုပ်ရှင်လာပါပြီ။ဒီရုပ်ရှင်က အင်ဒီ ဟော်ရာရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးအဖြစ် သန်း ၁၀၀ ရပြီး စံချိန်တင်သွားခဲ့တာပါ။ ရုပ်ရှင်ရဲ့ ဘက်ဂျက်က၁၀ သန်းတောင်မပြည့်ခဲ့ပါဘူး။A24 ရဲ့ Talk To Me နဲ့ ၄၈ သန်းရခဲ့တဲ့ စံချိန်ကို နှစ်ဆ ချိုးသွားတာပါ။Neon ကုမ္ပဏီက ဖြန့်ချီပေးခဲ့ပြီး နစ်ရဲ့ Saturn Films productioncompany က ပရိုဂျူဆာအဖြစ် ပါဝင်ခဲ့တာပါ။ ဒါရိုက်တာကတော့ဟော်ရာဒါရိုက်တာ Osgood Perkins ပါပဲ။ဇာတ်လမ်းအမျိုးအစားကတော့ သဘာဝလွန် ဆိုက်ကို ဟော်ရာအမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်း ***************အက်ဖ်ဘီအိုင် အေးဂျင့် လီဟာကာ ကို ကွင်းဆက်လူသတ်သမားတစ်ယောက်ကိုလိုက်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။အဲဒီလူသတ်သမားက နှစ် ၃၀ အတွင်း မိသားစု ၁၀ စုကို သတ်ခဲ့တာပါ။ဒါပေမဲ့ ပြဿနာက လူသတ်မှုတွေအားလုံးက မိသားစုဝင်အချင်းချင်းသတ်ပစ်ကြပြီး နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အမှုတွေချည်းဖြစ်နေတာပါပဲ။ သူ့လက်ချက်ပါလို့ သိသာစေတဲ့စာတစ်စောင်ချန်ခဲ့လို့သာ ...
movie
Longlegs (2024)
4K HEVC
The Painter (2024)
The Painter (2024)ဒီကားကို "The Painter" လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ့် ပန်းချီဆရာမဟုတ်ဘဲ ပန်းချီဆရာလို့တင်စားခံရလောက်အောင် လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ပီတာဘယ်ရက်ဆိုတဲ့လူဟာ ငယ်စဉ်ဘဝ အက်ဆီးဒင့်တစ်ခုဖြစ်ကတည်းက သူ့ရဲ့အကြားအာရုံတွေဟာ ပုံမှန်လိုမဟုတ်တော့ဘဲ အလွန်အမင်းအားကောင်းလာခဲ့ပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ပီတာလေးကို သူ့မိဘတွေရဲ့ သူငယ်ချင်းလည်းဖြစ် စီအိုင်အေဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဘန်းဆိုတဲ့သူက ပီတာ့ကိုမွေးစားပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ပီတာကြီးလာတော့လည်း စီအိုင်အေက အေးဂျင့်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ပီတာ့မိန်းမဟာ ကိုယ်ဝန်တစ်ဖက်နဲ့ ထောက်လှမ်းရေးလုပ်နေသလို ပီတာကလည်းသူ့စစ်ဆင်ရေးနဲ့သူနဲ့ပေါ့။ ဒီလိုနဲ့ ပီတာတစ်ယောက် စစ်ဆင်ရေးအရောက် သူ့ပစ်မှတ်ကို လုပ်ကြံလုဆဲဆဲမှာပဲ တစ်ဖက်ကနေ ပီတာ့ပစ်မှတ်ကိုဖမ်းဖို့လုပ်နေတဲ့ သူ့မိန်းမကရောက်လာခဲ့ပါတယ်။ အဲဒီအခါ ရုတ်တရက်ဆိုလို ပစ်မှတ်ဘက်ကနေတုံ့ပြန်မှုကြောင့် ပီတာ့မိန်းမဒဏ်ရာရပြီး ရေမွှာပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံအပြေးရောက်သွားခဲ့ပေမယ့် ပီတာနဲ့အယ်လီနာတို့ရဲ့ကလေးဟာ မွေးမွေးချင်းဆုံးသွားလို့ လင်မယားနှစ်ယောက်စိတ်ဒဏ်ရာရပြီး ကွဲသွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ပီတာ့ကို ကလေးတစ်ယောက်လာရှာပါတယ်။ သူ့ရဲ့သမီးလို့အမည်ခံပြီး သူ့မိန်းမအကြောင်းပြောလာတဲ့အခါမှာ ပီတာတစ်ယောက်မခံမရပ်နိုင်ဖြစ်ပြီး ...
movie
The Painter (2024)
2024
5.4
Under Wraps 2 (2022)
Under Wraps 2 (2022)2021မှာ Disney+က ထွက်ရှိခဲ့တဲ့ Under Wrapsဟာ အခုဆို Under Wraps 2အဖြစ် ဟောလိုးဝင်းကာလအကြို ထွက်ရှိလာပါပြီ။ ပထမကားမှာ မံမီကြီးဟာရိုးဒ်ရဲ့ အရှုပ်တွေကို ဂေးဘတ်မာရှယ် နဲ့ အေမီတို့ သူငယ်ချင်း၃ယောက် လိုက်ရှင်းပေးခဲ့ရသလို ဒုတိယကားမှာတော့ ဟာရိုးဒ်ကိုယ်တိုင်မရှုပ်ခဲ့တဲ့ အန္တရာယ်ကြီးကနေ ကလေးတစ်သိုက်က ကယ်တင်ခန်း ဖွင့်ရဦးမှာပါ။မံမီကြီးဟာရိုးဒ်ရဲ့ တစ်ချိန်ကမိတ်ဆွေဟောင်း လက်ရှိမှာတော့ ရည်းစားလုဘက်ဖြစ်တဲ့ တန်ခိုးကြီးမံမီ ဆိုဘက်ဟာ တစ်ညမှာ မတော်တဆကိစ္စတစ်ခုကြောင့် အသက်ဝင်လာပြီး ချစ်ရသူကို လုသွားတဲ့ ရန်သူတော်ဟာရိုးဒ်ကို ရှင်းဖို့ကြိုးစားပါတော့တယ်။ ဒါကိုသိသွားတဲ့ ဂေးဘတ်တို့ ဘော်ဒါ ၃ယောက်ဟာ ဟာရိုးဒ်နဲ့ရို့စ်နှစ်ယောက်လုံးကို ဆိုဘက်လက်ထဲက ကယ်ဖို့ ကြိုးစားရင်း လူငယ်သဘာဝ ကတောက်ကဆတွေကိုပါ ဖြေရှင်းရမယ့်ကိန်း ဆိုက်လာပါတော့တယ်။Disney+ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ Drama Romance Comedyတွေအစုံ ပါတာဖြစ်လို့ မိသားစုနဲ့အတူ အနားယူရင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် Family Fantasy ဇာတ်ကားပဲ ဖြစ်ပါတယ်။ IMDbကတော့ 6.5ရရှိထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Family, ...
movie
Under Wraps 2 (2022)
2022