Channel Myanmar

Royce Cronin

Bohemian Rhapsody (2018) 8.0
Bohemian Rhapsody (2018) Bohemian Rhapsody (2018) IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ...
movie

Bohemian Rhapsody (2018)

2018
4K HEVC
Gran Turismo(2023) 7.4
Gran Turismo(2023) Gran Turismo(2023)******************* ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီးအကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကိုတကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ  မယုံကြည့်ခဲ့ပေမဲ့ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။ဒါရိုက်တာကတော့ Elysium တို့ District 9 ...
movie

Gran Turismo(2023)

2023
4K HEVC