Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Roy Taylor
6.7
Safe House (2012)
Safe House (2012)Denzel Washington နဲ့ Ryan Reynolds တို့ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Action Thriller အမျိုးအစား ဇာတ်ကြမ်းကားဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ Ryan Reynolds ကို CIA Agent အငယ်လေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီးDenzel ကိုတော့ အထာကျကျ ဉာဏ်ကစားမယ့် ဆရာကြီးအဖြစ် မြင်တွေ့ရမှာပါ။No One is Safe ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ လုံခြုံအောင်လုပ်ထားထားတစ်နေရာရာကနေတော့ ယိုပေါက်က ရှိလာတတ်တာပါပဲ။တစ်ယောက်ကိုတစ်ယောက်ထိုးချပြီး အမှားမခံနိုင်ဘဲ ဘဝပျက်သွားနိုင်တဲ့ ကစားပွဲမှာအပြိုင်အဆိုင်ဉာဏ်ကစားရင်းနဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာ...။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:54:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Safe House (2012)
7.2
Harry Brown(2009)
Harry Brown (2009)================တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin
movie
Harry Brown(2009)