Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Roy Hensel
5.5
Ganymede (2024)
ဘာသာရေးအစွန်းရောက်မှုတွေ LGBT လူ့အဖွဲ့အစည်းနဲ့ပတ်သတ်လို့လွဲမှားနေတဲ့အယူအဆတွေကိုမီးမောင်းထိုးပြပေးသွားမဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ganymede ဖြစ်ပြီးသည်းထိပ်ရင်ဖိုဒရာမာပုံစံရိုက်ကူးပြသထားပါတယ်။မိဘမှန်ရင်ကိုယ့်သားသမီးကိုသဘာ၀အတိုင်းပဲဖြစ်စေချင်ကြပေမဲ့သဘာ၀နဲ့ဆန့်ကျင်တဲ့လိင်စိတ်တွေဖြစ်လာတဲ့အခါမှာလက်ခံပေးကြတဲ့မိဘတွေရှိသလို ခါးခါးသီးသီးမုန်းတီးကြတဲ့မိဘတွေလည်းရှိပါတယ်။အပြင်လောကမှာလည်းတကယ်ဖြစ်နေတဲ့ဒီလိုအရှုပ်အထွေးတွေကိုကျောင်းသားကောင်လေး ၂ ယောက်ရဲ့အချစ်ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးထားပါတယ်။လီဖလက်ချာဆိုတဲ့ ကောင်လေးက မျိုးရိုးမြင့်တဲ့ ဖလက်ချာမိသားစုကဆင်းသက်လာတဲ့သူဖြစ်ပြီး သူ့ဘ၀မှာလွတ်လပ်မှုအရသာကိုမခံစားဖူးသလို မိဘတွေပြောတဲ့အတိုင်းတသဝေမတိမ်းနေခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ လိင်တူချစ်ကြိုက်တဲ့စိတ်လေးအနည်းငယ်ရှိနေတာကိုတော့ ကိုင်လ်ဆိုတဲ့ကောင်လေးနဲ့တွေ့မှ သူကိုယ်တိုင်သိလာခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီမှာတင်လီရဲ့မိသားစုမှာ ပြဿနာအကြီးအကျယ်စဖြစ်ကြပြီးလီကိုလမ်းမှန်ရောက်အောင်ပြန်တည့်ပေးဖို့အတွက်မိဘတွေကဘာသာရေးနဲ့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့ဘာသာရေးက တော်ရုံတန်ရုံမဟုတ်ပဲအစွန်းရောက်နေတဲ့အဆင့်ဖြစ်နေတဲ့အခါမှာ လီနဲ့ကိုင်လ်တို့ရဲ့အချစ်အတွက် ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်သွားရမယ်ဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.23GB / 638MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Ganymede (2024)