Channel Myanmar

Roy Allen III

I Spit on Your Grave: Deja Vu (2019)
I Spit on Your Grave: Deja Vu (2019) I Spit on Your Grave: Deja Vu ကတော့ကြားထဲက remake တွေနဲ့မသက်ဆိုင်ပဲ မူလ ၁၉၇၈ ကားကိုပဲ တိုက်ရိုက်ချိတ်ဆက်ထားပြီး မူလဒါရိုက်တာနဲ့မူရင်းမင်းသမီးတို့ပဲပြန်လည်ပါဝင်ထားတာဖြစ်ပါတယ်။၁၉၇၈ အဖြစ်အပျက်တွေအပြီး နှစ် ၄၀ အကြာမှာ ဂျနီဖာဟာသူ့ရဲ့ခြောက်ခြားဖွယ်အတွေ့အကြုံတွေကိုစာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ရာကနေအောင်မြင်မှုတွေရရှိနေပြီး မုဒိမ်းမှုသားကောင်တွေကိုပညာပေးဆွေးနွေးတာတွေ၊ ဟောပြောပွဲတွေ၊စာအုပ်မိတ်ဆက်ပွဲတွေနဲ့အလုပ်များနေပါတယ်။သူ့သမီးဖြစ်သူခရစ်စတီကတော့ထိပ်သီးမော်ဒယ် တစ်ဦးအဖြစ်ရပ်တည်နေပြီး မဆုံဖြစ်တာကြာတဲ့အတွက် သားအမိနှစ်ဦးတွေ့ဆုံစကားပြောပြီး စားသောက်ဆိုင်က အထွက်မှာ နှစ်ဦးလုံးလူတစ်စုရဲ့ပြန်ပေးဆွဲမှုကိုခံခဲ့ရပါတယ်။ အဲ့ဒီလူတွေကတော့ လွန်ခဲ့တဲ့နှစ် ၄၀ က ဂျနီဖာ သတ်ဖြတ်ခဲ့တဲ့ မုဒိမ်းကောင်တွေရဲ့မျိုးဆက်တွေဖြစ်ပြီး သူတို့ရဲ့အမုန်းအငြိုးတွေနဲ့ကလဲ့စားချေဖို့စောင့်ဆိုင်းနေခဲ့ကြတာပါ။ဒီတစ်ကြိမ်မှာရော ဂျနီဖာထပ်ပြီးလွတ်မြောက်နိုင်ဦးမလား? သူ့သမီး ခရစ်စတီရော သူ့လိုကြမ္မာဆိုးကြုံတွေ့ရဦးမှာလား ဆိုတာ ဆက်လက်ရှုစားကြပါ။ ထုံးစံအတိုင်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေနဲ့စကားလုံးကြမ်းကြမ်းတွေ ဖောဖောသီသီပါဝင်ထားပါတယ်။ File size…(3.5 GB )/(1.7 GB) Quality….BluRay 1080p / 720p Format…mp4 Duration….02:28:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

I Spit on Your Grave: Deja Vu (2019)

Angels & Demons (2009) Angels and Demons 6.7
Angels & Demons (2009) Angels and Demons တလောကလုံးကို ကိုင်လှုပ်ခဲ့တဲ့ Dan Brown ရဲ့ စာအုပ်တွဲအစကတော့ Angels & Demons ဆိုတဲ့ ဒီရုပ်ရှင်ကားရဲ့ စာအုပ်ပါပဲ။ဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။နာမည်ကျော်လျှို့ဝှက်ဂိုဏ်း Illuminati ဂိုဏ်းနဲ့ သန့်ရှင်းသောမြို့တော်(ဗာတီကန်စီးတီး) တို့ကိုအကြောင်းပြုလို့သမိုင်းအချက်အလက်စုံစုံလင်လင်နဲ့ တင်ဆက်ထားတာမလို့ ဝတ္ထုကိုရိုက်ကူးထားတယ် မထင်ရဘဲသမိုင်းနဲ့ချီလာတဲ့ အဖြစ်အပျက်တစ်ခုလို သည်းထိတ်ရင်ဖို ခံစားရမှာပါ။ File size…(3.6 GB)/(2 GB)/ (1 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:18:37 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung
movie

Angels & Demons (2009) Angels and Demons

2009