Channel Myanmar

Roxy Rivera

Hit Man (2023) 7.2
Hit Man (2023)  IMDb 7.2 Tomato 97%ဒီရုပ်ရှင်ကတော့ ဟာသအက်ရှင်အမျိုးအစားပါ၊ Netflix ရဲ့ပေါကားတွေကြားထဲမှာ ရှားရှားပါးပါး စိတ်ဝင်စားစရာကားကောင်းလေးပါပဲ။ ဒါရိုက်တာက Before Trilogy ရဲ့ဖန်တီးရှင် Richard Linklater ဆိုတော့ ဒိုင်ယာလော့လန်းလန်းတွေ ပါတာပေါ့။ဇာတ်လမ်းကတော့ နာမည်အတိုင်း ကြေးစားလူသတ်သမားတစ်ယောက်အကြောင်းလို့ ထင်မိရင် မှားမယ်။မဟုတ်ပါဘူး။ ဒီဇာတ်လမ်းအရဆိုရင် ကြေးစားလူသတ်သမားဆိုတာ တကယ်မရှိပါဘူး။ ဘယ်ကောင်မှသေဒဏ်ကျနိုင်တဲ့ကိစ္စကို ငွေလေးနှစ်ပဲတစ်ပြားနဲ့မလုပ်ပါဘူးတဲ့။ ဒီတော့ လူတစ်ယောက်ကို သတ်ချင်လို့လိုက်ငှားတဲ့သူတွေကို ရဲက စုံစမ်းမိပြီဆိုရင်သူတို့ရဲ့လက်ရွေးစင် အသွင်ယူ ကြေးစားလူသတ်သမားကြီးကိုခေါ်လိုက်ပါတယ်။ သူက ကလိုင်းယန့်တွေကိုလေ့လာပြီးသူတို့ယုံမဲ့ပုံစံ စကားတွေနဲ့ အလုပ်အပ်တာကိုလက်ခံပြီးမှရဲတွေက သက်သေနဲ့ တစ်ခါတည်း ဖမ်းပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ယောကျာ်းကိုသတ်ဖို့ အလုပ်လာအပ်တဲ့ကောင်မလေးတစ်ယောက်ကို မဖမ်းဘဲ ဆုံးမပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီကောင်မလေးနဲ့ ပြန်တွေ့ရကနေနောက်ဆက်တွဲတွေ ရှုပ်ကုန်ပြီး တကယ့် လူသတ်သမားတွေအဖြစ် ဘယ်လိုပြောင်းသွားလဲ ကြည့်ရမှာပါ။အစအဆုံး ဘာဖြစ်မလဲ သိချင်စိတ်ဖြစ်စေတဲ့ရုပ်ရှင်မျိုးမို့သေချာပေါက် ကြည့်လိုက်ကြပါဦး။   File size…2.84GB / 873MB Quality…WEB-DL 1080p ...
movie

Hit Man (2023)

The Idea of You (2024) 6.6
The Idea of You (2024)  Trailer မှာကတည်းက hit ဖြစ်နေတဲ့ မင်းသမီးချော Anne Hathaway နဲ့ မင်းသား Nicholas Galitzine တို့ရဲ့ အချစ်ဇာတ်လမ်းလေး လာပါပြီ။အသက် ၄၀ အရွယ် အိမ်ထောင်ကွဲ။ သမီးတစ်ယောက်မိခင်ဖြစ်သူ Solene ဟာ တစ်နေ့တော့ သူ့သမီးနဲ့ သူငယ်ချင်းတွေကို Coachella ပွဲ လိုက်ပို့ရင်း Hayes ဆိုတဲ့ နာမည်ကျော် လူငယ်အဆိုတော်အဖွဲ့က ၂၄ နှစ်အရွယ် ကောင်‌လေးနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပါတယ်။ခဏတာ အမှတ်မထင် တွေ့ဆုံမှုလို့ ထင်ခဲ့ပေမဲ့ အဆိုတော်ကောင်လေးဘက်က လက်မလျှော့ဘဲ Solene ရှိရာ နောက်ကို မရမက လိုက်လာခဲ့ချိန်မှာ အချစ်တစ်ခု ပေါက်ဖွားလာပါတော့တယ် ....အသက်အရွယ်က အလွန်ကွာခြားပြီး လူသိခံလို့ မဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။ File size…(5.3 GB)/ (2.4 GB)/(970 ...
movie

The Idea of You (2024)

4K HEVC
Jerry And Marge Go Large (2022) 6.9
Jerry And Marge Go Large (2022) Jerry And Marge Go Large (2022) ~ IMDb - 6.9/10, Rotten Tomatoes - 62% ~အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ ...
movie

Jerry And Marge Go Large (2022)

2022